Skip to main content

လိုရာခရီးကို ဘေးကင်းစွာရောက်ရှိနိုင်ကြစေဖို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာကြပါစို့

စီးပွားရေးမြို့တော် ရန်ကုန်နှင့် မြန်မာ့ယဉ်ကျေးမှုတို့ စုဝေးရာ၊ အိမ်နီးချင်း နိုင်ငံများနှင့် ကူးသန်းသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေးတို့တွင် အချက် အချာကျသည့် မန္တလေးမြို့တို့သည် ၃၈၅ မိုင် ကွာဝေးသည်။ ယခင်က ရန်ကုန်မှ မန္တလေးကို ရထား၊ ကားတို့ ဖြင့် ၁၀ နာရီကျော် အချိန်ပေး၍ သွားလာခဲ့ရသည်။

ဖွင့်လှစ် ၂၀၀၅ ခုနှစ်တွင် အများပြည်သူ လွယ်ကူမြန်ဆန်စွာ သွားလာနိုင်ရေး အတွက် နိုင်ငံတော်အစိုးရက ရန်ကုန်နေပြည်တော်အမြန်လမ်း စတင် ဖောက်လုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်နေ့၌ ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

ထို့အတူ ၂၀၀၇ ခုနှစ်တွင် နေပြည် တော်မှ မန္တလေး စကားအင်းအဝိုင်း အထိ အမြန်လမ်းစီမံကိန်း စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက်နှင့် ၂၀၁၁ ခုနှစ် မတ်လ၂၃ ရက်တို့တွင် ထပ်မံ ဖွင့်လှစ်ပေးခဲ့ရာ ရန်ကုန်မှ မန္တလေးကို ကားဖြင့် အချိန်တိုအတွင်း အလွယ် တကူသွားလာနိုင်ကြပြီဖြစ်သည်။

ထိုသို့ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန် အမြန်လမ်းမကြီး၌ စီမံဆောင်ရွက်လျက်ရှိ သည်များကို စာရေးသူအနေဖြင့် လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့သို့ သွားရောက်၍ တာဝန်ရှိသူများကို တွေ့ဆုံမေးမြန်းခဲ့ သလို လုပ်ငန်းခွင်ရှိရာ အမြန်လမ်းမ ကြီးတစ်လျှောက်သို့လည်း သွားရောက် လေ့လာဖြစ်ခဲ့သည်။

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး သည် ရန်ကုန်အမှတ် ၃ လမ်းဆုံမှ မန္တလေးတံခွန်တိုင်အထိ လမ်းမိုင် ၃၆၆ မိုင် ၃ ဖာလုံရှိပြီး အလယ်ကျွန်းနှင့် တစ်ဖက်စီတွင် ၂၅ ပေအကျယ် ယာဉ် သွားလမ်းပါရှိသော ကွန်ကရစ်လေးလမ်း သွား ခွဲခြားလမ်းမကြီးဖြစ်သည်။

အမြန်လမ်းဟု ခေါ်သော်လည်း လမ်းအင်ဂျင်နီယာများနှင့် တာဝန်ရှိသူ တို့က သတ်မှတ်ပေးသည့် အမြန်နှုန်းဖြင့်သာ တစ်နာရီလျှင် မိုင် ၆၀ နှုန်းဖြင့် မောင်းရမည်ဟု သတ်မှတ်ထားသည်။ အန္တရာယ်ရှိနိုင်သဖြင့် အချို့နေရာတွင် ကီလိုမီတာ၁၀၀အထိမောင်းနှင်နိုင်သည်။ အချို့နေရာတွင် ကီလိုမီတာ ၈၀ ဖြင့်သာ မောင်းပါဆိုသည့်သတိပေးဆိုင်းဘုတ်များကို စိုက်ထူထားသည်။

အထူးအနေဖြင့် “သတ်မှတ်ပေးထား သော မိုင်ထက် ကျော်လွန်မောင်းနှင်ပါက အသက်ဆုံးရှုံးနိုင်ပါသည် ဆိုသည့် ဆိုင်းဘုတ်များကိုလည်း ယာဉ်မောင်းသူများ ဆင်ခြင်သတိပြုနိုင်ကြစေရန် အလို့ငှာ စိုက်ထူထားသည်ကို တွေ့ရသည်။

ပြည့်ပြည့်စုံစုံဆောင်ရွက်ထား ထို့ပြင် “ရှေ့တွင် လမ်းကွေ့ရှိသည်။ အရှိန်လျှော့မောင်းပါဆိုသည့် ဆိုင်းဘုတ်များ၊ လမ်းကွေ့လမ်းညွှန် အမှတ်အသားများ၊ ညအခါလင်းလက်ပြီး ကွေ့ရန် လမ်းညွှန်ပြသပေးသည့် အလိုအလျောက် မီးလုံးများ၊ မီးခြောက်များ၊ ရောင်ပြန် လမ်းညွှန်များ စသည်ဖြင့် လမ်းအသုံးပြု သွားလာနေသော မော်တော်ယာဉ်များ အန္တရာယ် မကြုံတွေ့စေရန်အတွက် တာဝန်ရှိသူများက ပြည့်ပြည့်စုံစုံ ဆောင်ရွက်ထားသည်ကို အမြန်လမ်း အသုံးပြုသွားလာကြသူများ မြင်တွေ့ကြမည်ဖြစ်သည်။

ယခုအခါ အဆိုပါအမြန်လမ်းမကြီး၏  လမ်းအကျယ်ချဲ့ခြင်း၊ ကွန်ကရစ်လမ်းပေါ်၌ အဆင့်မြင့်နိုင်လွန်ကတ္တရာခင်းခြင်း လမ်းလယ်ကျွန်း နှိမ့်ချပြုပြင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ မြေသားလမ်း ပခုံးမြှင့်တင်ခြင်း၊ အမြန်လမ်းမကြီးအနီးရှိ ကျေးလက်ပြည်သူအတွက် ကျေးရွာကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်းတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ဆောင်ရွက်လျက်ရှိသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အမြန်လမ်းမကြီးတစ်လျှောက် ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းအတွက် ၁ဝမိုင်၃ ဖာလုံ၊ ကတ္တရာကွန်ကရစ်လမ်း မျက်နှာပြင်ပျက်စီးနေသောနေသော နေရာများအား  Milling Machine ဖြင့် ခြစ်ထုတ်ခြင်းနှင့် ခြစ်ထုတ်ပြီးသော နေရာများအား က ကွန်ကရစ် ပြန်ခင်းခြင်းလုပ်ငန်း ၁၁ မိုင် ၆ လံ၊ ကျေးရွာချင်းဆက် ကုန်ထုတ်ဆက်သွယ်ရေလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ၁၄ မိုင် ၂ ဖာလုံ၊ ယာဉ်သွားလာမှုအန္တရာယ် ကင်းရှင်းစေရန် လမ်းလယ်ကျွန်း Depressede နေရာများတွင် Guard Rail ကာရံခြင်း လုပ်ငန်း ၂၂ မိုင်ခန့်အပြင် Road Safety လုပ်ငန်းစဉ်ဖြစ်သော ဘယ်ကွေ့/ညာကွေ့ Sign Chevron U-Turn Sign Object Markeri သတိပေးဆိုင်းဘုတ်၊ အသိပေးဆိုင်းဘုတ် တပ်ဆင်ခြင်းလုပ်ငန်း၊ ရောင်ပြန် မီးခြောက်တပ်ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်ခြင်းနှင့်အတူ အမြန်လမ်းမကြီး ကောင်းမွန်ရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း အသီးသီးကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ကြီးကြပ်ရေးအဖွဲ့က လူအင်အား၊ စက်ကိရိယာအင်အားများနှင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိခဲ့သည်။

ကတ္တရာကွန်ကရစ်ခင်း

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး သည် ယခင်ကွန်ကရစ်ဒုအခြေခံလွှာ ခြောက်လက်မဒုနှင့် အခြေခံလွှာ ၁၂ လက်မဒု တည်ဆောက်ပြီးဖြစ်၍ ယခုအခါ အပွန်းခံလွှာအဖြစ် Riding Quality ကောင်းမွန်စေရန် ကတ္တရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို အဆင့် မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အမြန်လမ်းမကြီးတွင် ယာဉ်မောင်းများ တစ်နာရီလျှင် တစ်ကြိမ်နားနေနိုင်ရန် ယာဉ်ရပ်နား စခန်းနှင့် အများသုံးသန့်စင်ခန်းများ ကိုလည်း ဆောင်ရွက်ထားရှိသည်။ မိုင် ၃၉/ ၄ (ဘောနတ်ကြီး ယာဉ်ရပ်နား စခန်း)၊ မိုင်၇၆/ ၀ (၇၆-မိုင် Mini Rest | Camp)၊ မိုင် ၁၁၅/၀ (ဖြူးယာဉ်ရပ်နားစခန်း)၊ မိုင် ၂၀၁/၃ (နေပြည်တော်ယာဉ်  ရပ်နားစခန်း)၊ မိုင် ၂၈၄/၄ (သီးကုန်းယာဉ်ရပ်နားစခန်း)နှင့် မိုင် ၃၅၂/၆ (စကားအင်းယာဉ်ရပ်နားစခန်း) တို့ကို ဖွင့်လှစ်ထားရှိသည်။

အမြန်လမ်းမကြီးတွင် ဖြစ်ပွားနေသည့် ယာဉ်မတော်တဆမှုများကို ဆန်းစစ်ကြည့်ပါက အရှိန်များ၍သော် လည်းကောင်း၊ ဘီးပေါက်၍သော် လည်းကောင်း၊ ယာဉ်မောင်းအိပ်ငိုက်၍ သော်လည်းကောင်း စသည်တို့ကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိရာ လမ်းလယ်ကျွန်းအမြင့် (Raised Median) ကြောင့်ပါ ကားတစ်စီးနှင့် တစ်စီး ကျော်တက်ရာတွင် လမ်းလယ် ကျွန်းရှိ Road Curb ကို တိုက်မိပြီး မတော်တဆမှုများ ဖြစ်ပေါ်ခြင်း မဖြစ် ရအောင် လမ်းလယ်ကျွန်းပုံစံကို Raised Median မှ Depressed Median ပြောင်းလဲတည်ဆောက်လျက်ရှိသည်။

လမ်းများကို အဆင့်မြှင့်တင် ဆောင်ရွက်လာခြင်းနှင့်အတူ အမြန် လမ်းမကြီးတွင် အိမ်စီးကားများအတွက် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀၊ ကုန်တင် ယာဉ်များအတွက် တစ်နာရီလျှင် ၆၀ ကီလိုမီတာ၊ ခရီးသည်တင် Express ယာဉ် ကြီးများအတွက် တစ်နာရီလျှင် ၉၀ ကီလို မီတာထက် ပိုမမောင်းရန် အရှိန်နှုန်း သတ်မှတ်ထားသည်။

ယာဉ်မောင်းသူအများစုသည် မိမိမောင်းနှင်နေသောကား၏ တစ်စက္ကန့်လျှင် သွားသည့်အမြန်နှုန်းကို သတိမပြု မိကြဘဲ မောင်းနှင်နေကြသည်ကိုလည်း လေ့လာတွေ့ရှိရသည်။ ကီလို ၁၀၀ နှုန်း  မောင်းပါကတစ်စက္ကန့်နှုန်းသည် ပေ ၉၀၊ ကီလို၁၁၀ နှုန်းမောင်းပါကတစ်စက္ကန့် သွားနှုန်းသည် ပေ ၁၀၀၊ ကီလို ၁၂၀ နှုန်း မောင်းပါက တစ်စက္ကန့်သွားနှုန်းသည် ပေ ၁၁၀၊ ကီလို ၁၃၀ နှုန်း မောင်းပါက တစ် စက္ကန့်သွားနှုန်းသည် ပေ ၁၂၀ ကီလို ၁၄၀ နှုန်းမောင်းပါက တစ်စက္ကန့်သွားနှုန်းသည် ၁၂၆ ပေ၊ ကီလို ၁၅၀ နှုန်းမောင်းပါက တစ်စက္ကန့်သွားနှုန်းသည် ၁၃၅ ပေ၊ ကီလို ၁၆၀ နှုန်းမောင်းပါက တစ်စက္ကန့်သွားနှုန်းသည် ၁၄၄ ပေခန့် သွားနိုင်ကြောင်းတို့ကို ယာဉ်မောင်းသူတို့သိရှိကာ ဆင်ခြင်သတိပြုနိုင်ရန် လိုအပ်သည်။

အမြန်လမ်းအသုံးပြုသူများအတွက် သတိပေးဆိုင်းဘုတ်များဖြင့် မည်သို့ပင် လမ်းညွှန်နေစေကာမူ လမ်းကောင်းသည်၊ ကားရှင်းသည်ဆိုကာ အရှိန်နှုန်းကို သတိမပြုမိဘဲ သတ်မှတ်ထားသည် ထက် ပိုမိုမောင်းနှင်နေကြသည်များလည်း ရှိနေသည်။ ကြိုတင်မှန်းဆ၍မရသည့် အခြေအနေတစ်ခုခုကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားနိုင်ရာ ယာဉ်မောင်းများအနေဖြင့် သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို အတိအကျလိုက်နာခြင်းဖြင့် လိုရာခရီးကိုဘေးကင်းစွာရောက်ရှိ နိုင်ကြစေရန် ရေးသားတင်ပြလိုက်ရခြင်း ဖြစ်သည်။ ။

ချမ်းမြေ့မောင်