မဲမသမာမှုများ ဖြစ်ခဲ့သည့် ငြင်း၍ မရနိုင်သော အချက်များ
မင်းခန့်
ခေါင်းစဉ်မှာ ဒီလိုပြောလို့ စာရေးသူက ယခုအသစ်ဖွဲ့ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ကိုယ်စားပြုပြီးရေးသား တယ်လို့တော့မထင်လိုက်ပါနဲ့။ မဲမသမာ မှုဖြစ်ခဲ့တဲ့ အချက်တွေကို ဖော်ပြမှာဖြစ် လို့ တပ်မတော်ထောက် ခံသူလို့လည်း မထင်စေချင်ပါဘူး။ စာရေးသူက ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဘယ်လို ဖြစ်ပွားခဲ့တယ်ဆိုတာကို စိတ်ဝင်စားလို့ UEC အသစ်ရဲ့ စစ်ဆေး တွေ့ရှိမှု - ထုတ်ပြန်ချက်တွေကို စောင့်ကြည့်လေ့လာနေတဲ့ သာမန် ပြည်သူတစ်ဦးပဲဖြစ်ပါတယ်။
ယနေ့မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကရွေးကောက်ပွဲမသမာ မှုကြောင့်လို့ဆိုပါတယ်။ ရွေးကောက်ပွဲ မှာတကယ်ရောမသမာမှုတွေရှိခဲ့သလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သိချင်စိတ် ပြင်းပြတဲ့အတွက် အခုလိုစောင့်ကြည့်ခဲ့ တာလည်းဖြစ်ပါတယ်။ယခု ရွေးကောက် ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေကို လေ့လာကြည့်ရင် မြို့နယ်တစ်ခုချင်းစီ အလိုက် စစ်ဆေးတွေ့ရှိချက်တွေကို စာရင်းဇယားတွေအသေး စိတ်ဖော်ပြချက် တွေနဲ့ ကာလကြာရှည်စွာ ထုတ်ပြန်ခဲ့တဲ့ အချက်တွေထဲက ပြည်သူလူထုကြီး ရှင်းရှင်းလင်းလင်း နားလည်သဘော ပေါက်အောင် ထင်သာမြင်သာရှိတဲ့ မဲမသမာမှုများကို မီးမောင်းထိုးပြသွားမှာဖြစ်ပါတယ်။
ဒါကြောင့်လည်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၀၂၁ ခုနှစ် ဇွန် ၈ ရက်အထိ UEC အသစ်ထုတ်ပြန် ထားတဲ့ အချက်အလက်တွေအရ စာရေးသူလေ့လာတွေ့ရှိရတဲ့အချက်များ ကို အများနားလည် သိရှိစေချင်တဲ့ စေတနာနဲ့ ဒီဆောင်းပါးလေးကို ရေးသား လိုက်ရတာဖြစ်ပါတယ်။ စာရေးသူရဲ့ ရေးသားချက်တွေဟာ ပါတီတစ်ခုကို ဝေဖန်တိုက်ခိုက်လိုတဲ့သဘောမဟုတ်ဘဲ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအကြို ကာလနဲ့ ရွေးကောက်ပွဲကာလတွေမှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ အခြေအနေမှန် တွေကို UECရဲ့ စစ်ဆေးချက်နှင့် ချိန်ထိုး ပြီး ပုဂ္ဂိုလ်ရေးအမြင်နဲ့ ရေးသားဖော်ပြ ခြင်းသာဖြစ်ကြောင်း ရိုးသားစွာဝန်ခံ လိုပါတယ်။
ဘယ်လိုကြိုတင်ပြင် ဆင်ခဲ့ကြပါသလဲ
NLD အစိုးရအနေနဲ့ တကယ်ပဲ မဲလိမ်မဲခိုးဖို့ ကြိုတင်ပါဝင်ဆောင်ရွက်ခဲ့ ပါသလားလို့မေးလာရင် သုံးသပ်တွေ့ရှိ ချက်တွေအရ ဆောင်ရွက်ခဲ့ပါတယ်လို့ပဲ တိုတိုပြတ်ပြတ် အဖြေပေးရမှာပါ။ အထင်ရှားဆုံးသက်သေကတော့ UEC ဟောင်းအဖွဲ့ဝင်တွေကိုယ်တိုင်သက်သေ ထွက်ဆိုချက်တွေအရUEC အဟောင်းက လွတ်လပ်တဲ့ကော်မရှင် မဖြစ်ခဲ့ဘဲ အာဏာရအစိုးရရဲ့ ချုပ်ကိုင်မှုအောက်မှာ လုပ်ဆောင်ခဲ့ရတယ်ဆိုတာ ဘယ်လို့မှ ငြင်းမရနိုင်ပါဘူး။ ကြိုတင်ကြံစည် ဆောင်ရွက်ချက်တွေထဲက ဥပဒေ ချိုးဖောက်ပြီး လုပ်ဆောင်ခဲ့တဲ့လုပ်ရပ် တစ်ခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ လ၀ကအတွက် ဥပဒေပြုခွင့်ကို တိုင်းနှင့်ပြည်နယ်တွေမှာ ပေးမထားပေ မယ့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးတွေကို တိုင်းနဲ့ပြည်နယ်တွေမှာ ခန့်အပ်ပြီး တိုးချဲ့ဖွဲ့စည်းခဲ့တာပါ။ နောက်ကွယ်က ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲစာရင်းနဲ့ လဝကမှာရှိတဲ့ စာရင်းကိုမကွာခြားရလေအောင်ထိန်းညှိ ဖို့ကြိုးစားခဲ့တာပါ။ သို့သော်လည်း တိုင်း နဲ့ပြည်နယ်လဝ ကမှာ ရှိတဲ့ စာရင်းဆိုတာ ပြည်ထောင်စုအဆင့်မှာလည်းရှိပြီးဖြစ် လို့ အလွယ်တကူပြင်ဆင်လို့မရနိုင်ပါဘူး။ ဒါက NLD အစိုးရအတွက် အားနည်းချက် တစ်ခုဖြစ်ခဲ့တာပေါ့။
နောက်တစ်ချက်ကတော့ NLD အမာခံတွေကို ရပ်/ကျေး ဥက္ကဋ္ဌနဲ့ ရွေးကော်အဖွဲ့ဝင်တွေအဖြစ် ကြိုတင် အစားထိုးထားတဲ့ကိစ္စပါ။ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေက ဦးစီးပြီး ဆောင်ရွက်ကြတာကိုရုံးစာအထောက် အထားတွေနဲ့တွေ့ရပါတယ်။ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းက သူ့ရဲ့ တူမ NLD အမာခံ ဒေါ်စန်းစန်းမြတ်ကို ရွေးကော်အဖွဲ့ဝင်အဖြစ် ထည့်ဖွဲ့ထား သလိုမျိုးတွေပေါ့။ ရပ်/ကျေး ဥက္ကဋ္ဌနဲ့ ရွေးကော်အဖွဲ့ဝင်တွေက ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်တွေကို လက်တွေ့ မြေပြင် မှာ ဆောင်ရွက်ရတဲ့နေရာနဲ့ အဆုံးအဖြတ် ပေးတဲ့နေရာ မှာ အဓိကကျတဲ့သူတွေ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ကြိုတင်မဲတွေ ကောက်ခံတဲ့နေရာမှာ NLD ပါတီအောင် နိုင်ရေး လှုပ်ရှားတဲ့အဖွဲ့တွေကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပါတီအလံတွေ၊ အမှတ်တံဆိပ်တွေသုံးပြီး ကြိုတင်မဲ ကောက်ခံခဲ့တဲ့ ကိစ္စရပ်မျိုးတွေဖြစ် ခဲ့တာ ပါ။ မဲစာရင်းပြုစုဖို့ မည်သူမည်ဝါဆိုတာ ကို အတည်မပြုနိုင်တဲ့ ကွန်ပျူတာ ကျွမ်းကျင်နှစ်ဦးကို မြို့နယ်ရွေးကော် တွေမှာ တစ်လသီးသန့်ခန့်အပ်ခဲ့တဲ့ကိစ္စ တွေ၊ ဒီကွန်ပျူတာတွေနဲ့ ဆက်စပ်ပစ္စည်း Gozris International Foundation of Electoral System (IFES) က လှူဒါန်းခဲ့ တာတွေကိုတော့ အများသိပြီးဖြစ်လို့ ( အကျယ်တဝင့် မပြောလိုတော့ပါဘူး။ ဒီမဲစာရင်းတွေကို တပ်မတော်က စစ်ဆေးတော့ မဲမသမာမှုဖြစ်နိုင်ခြေ စာရင်း ၁၀ သန်းကျော် တွေ့ရှိရတာပါ။ လက်ရှိမြေပြင် စစ်ဆေးတွေ့ရှိချက်တွေ အရလည်း စစ်ဆေးပြီးသမျှ၃၀၉ မြို့နယ် မှာ မြို့နယ်ရွေးကော် စာရင်းအရ ဆန္ဒမဲ ပေးသူ ၃၈၀၄၄၃၇၈ (၃၈ သန်းကျော် ) ဖြစ်ပြီး လဝကရဲ့ စာရင်းအရ မဲပေးနိုင်သူ ၃၁၇၅၁၇၅၉ (၃၁သန်းကျော် ဖြစ်နေလို့ မဲပေးနိုင်သူဦးရေ ၆ ဒသမ ၂ သန်း ပိုမိုများပြီး ဖောင်းပွနေတာ တွေ့ရှိ ရပါတယ်။ မှတ်ပုံတင်တစ်ခုတည်းနဲ့ နှစ်ကြိမ်ပါနေတဲ့ မဲစာရင်းက ၃၅၇၃၆၇၂ (၃၅သိန်းကျော်)၊ သုံးကြိမ် မဲစာရင်းထဲ ပါနေတာက ၂၉၃၉၆၀ (၃ သိန်းနီးပါး) တွေ့ရှိခဲ့ကြောင်း UEC အသစ်က ဌာန ဆိုင်ရာပေါင်းစုံနဲ့ UEC အဟောင်း အဖွဲ့ ဝင်တွေပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးဖော်ထုတ် ထားပါတယ်။
ဒါတွေက မဲစာရင်းတွေကို သာမန် ထက် ပိုပြီးဖောင်းပွအောင်လုပ်ဖို့၊ လက်တွေ့ဆောင်ရွက်ရာမှာ ကိုယ့်လူ တွေနဲ့ စိတ်ချလက်ချဆောင်ရွက်နိုင်ဖို့ ကို ကြို တင်ကြံစည် ပြင်ဆင်ထားခဲ့ကြ တယ်ဆိုတာ အထင်အရှားမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ။
ဘာကြောင့် မဲစာရင်းတွေဖောင်းပွအောင် လုပ်ထားရသလဲ
“မဲစာရင်းတွေဖောင်းပွအောင်လုပ်ရ တဲ့ အဓိက အကြောင်းရင်းကတော့ မဲလက်မှတ်တွေ အပိုရိုက်ထုတ်ဖို့ ဖြစ်ပါ တယ်။ မဲလက်မှတ်များ ရိုက်ထုတ်ခြင်း သည် မဲပေးပိုင်ခွင့်ရှိသူ အရေအတွက်ပေါ် မှာ မူတည်ပြီး ရိုက်ထုတ်ရ တာဖြစ်လို့ မဲပေးပိုင်ခွင့်ရှိသူစာရင်း ဖောင်းပွနေခြင်း သည် မဲလက်မှတ်များ ဖောင်းပွခြင်းကိုဖြစ် စေပြီး မဲလက်မှတ်အပိုများ ထွက်ပေါ်လာ ပါတယ်။ ဒီမဲလက်မှတ်အပိုတွေကို အသုံး ပြုပြီး ကြိုတင်မဲတွေ၊ အခြားသော နည်း လမ်းတွေနဲ့ လိုအပ်တဲ့နေရာတွေကို NLD ထောက်ခံမဲလက်မှတ်များ ဖြည့်တင်းနိုင် အောင်နဲ့ လိုအပ်သလို လှည့်နိုင်အောင် ဆောင်ရွက်ခဲ့ပါတော့တယ်။ မကွေးမှာ NLD တံဆိပ်တွေနဲ့ ချိတ်ပိတ်ထားတဲ့ မဲလက်မှတ်စာလာ အိတ်တွေ NLDရုံးတွေ ကနေတစ်ဆင့် ပို့ထားတာ တွေ့နေရတာ မျိုးတွေပေါ့။ ဒါကြောင့် ယခုမြေပြင် စစ်ဆေးတွေ့ရှိချက်တွေမှာ မှတ်ပုံတင် မရှိဘဲ မဲစာရင်းတွင်ပါဝင်သူက ၄၉၀၁၀၄၃ (၄၉ သိန်းကျော်)၊ ပျောက်ဆုံးနေတဲ့ မဲလက်မှတ်က ၁၄၂၀၇၄၇ (၁၄ သိန်း ကျော်)နဲ့ ပိုနေတဲ့မဲလက်မှတ်က၄၃၅၆၆၉ (၄ သိန်းကျော်) တွေ့ရှိနေရပါတယ်။ ပျောက်နေတဲ့ မဲလက်မှတ်တွေက အခြား ပါတီတွေကို မဲပေးထားတဲ့ မဲလက်မှတ်တွေဖြစ်ဖို့ “သေချာသလိုပိုနေတဲ့ မဲလက်မှတ်တွေက လည်း စာရင်းမရှိ အင်းမရှိ NLD ထောက်ခံမဲတွေ ဖြစ်နေတော့တာပါပဲ။
နောက်ထပ် အရေးအကြီးဆုံး တစ်ချက်က မဲပုံးထဲက ဆန္ဒပြုမဲလက်မှတ် အရေအတွက်သည် လက်ခံဖြတ်ပိုင်း အရေအတွက်နဲ့ ကိုက်ညီနေရပါမယ်။ -စစ်ဆေးတွေ့ရှိချက်တွေအရ မြို့နယ် တိုင်း၊ မဲရုံတိုင်းမှာ ထုတ်ယူမဲ လက်မှတ်၊ အသုံးပြုမဲလက်မှတ်နှင့်မြေပြင်လက်ကျန် မဲလက်မှတ်များ ကိုက်ညီမှုမရှိဘဲ စစ်ဆေးပြီးတဲ့၃၀၉ မြို့နယ်မှာ ထုတ်ယူ မဲလက်မှတ် ၄၂၇၄၂၇၈၃ (၄၂ သန်း ကျော်)၊ အသုံးပြုမဲလက်မှတ် ၂၆၉၆၁၈၀၁ (၂၆သန်း ) ဖြစ်လို့လက်ခံဖြတ်ပိုင်းတွေအရ ကျန်ရှိရမယ့် မဲလက်မှတ် အရေအတွက်က ၁၅၇၈၀၉၈၂ (၁၅ သန်းကျော်) ကျန်ရှိရမှာဖြစ်ပေမယ့် မြေပြင်လက်ကျန်ဆန္ဒမဲလက်မှတ်အရေ အတွက်က ၁၄၇၉၅၉၀၄ (၁၄ သန်း ကျော်) ဖြစ်နေပါတယ်။ ဒါကြောင့်ထုတ်ယူ တဲ့မဲအရေအတွက်နဲ့ အသုံးပြုတဲ့ မဲအရေ အတွက် နားလိုက်ရင်မြေပြင်ကျန်ရှိ ရမယ့် မဲအရေအတွက်များ မကိုက်ညီ သလို လက်ခံဖြတ်ပိုင်းနဲ့ မဲပုံးထဲက မဲလက်မှတ်အရေအတွက်တွေ မကိုက်ညီ ဘဲ ပျောက်ဆုံးတာတွေ၊ အပိုဖြစ်နေတာ တွေဟာ မဲမသမာမှုလုပ်ထားတဲ့ ခိုင်မာ တဲ့စစ်ဆေးတွေ့ရှိချက်များ ဖြစ်ပါတယ်။ မဲရုံတွေအားလုံး စစ်ဆေးပြီးရင်တော့ တပ်မတော်က စစ်ဆေးတွေ့ရှိထားတဲ့ မဲမသမာမှု ဖြစ်နိုင်ခြေ ၁၀ ဒသမ ၄ သန်း ကျော်တောင်မကဘဲ မဲလိမ်မဲခိုးထားတဲ့ စာရင်းထွက်ပေါ်လာမှာ သေချာပါတယ်။
အခြားသောလုပ်ဆောင်ချက်များ
အထက်မှာဖော်ပြထားသလို ရပ်/ ကျေး ဥက္ကဋ္ဌတွေနဲ့ ရွေးကော်အဖွဲ့ခွဲ အဖွဲ့ဝင်တွေက NLD အမာခံတွေဖြစ်နေ လေတော့ ကြိုတင်မဲကောက်ယူရာမှာ နည်းလမ်းမျိုးစုံနဲ့ ညစ်ခဲ့ကြပါတော့ တယ်။ ကြိုတင်မဲပေးရတဲ့ သက်ကြီး ရွယ်အိုတွေအားလုံးနီးပါးသည် အမြင် အာရုံချို့တဲ့နေကြပြီဖြစ်ပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး NLD ကိုယ်စားလှယ် နေရာမှာ အမှန်ခြစ်ဖို့၊ တံဆိပ်တုံးထုစေဖို့ နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်တဲ့ကိစ္စတွေ ဖြစ်ခဲ့ကြတော့ တာပေါ့။ ပါတီအလံတွေ၊ တံဆိပ်တွေနဲ့ ကြိုတင်မဲလာကောက်ကြ တဲ့နေရာတွေမှာ ပြည်သူအများစုက NLD ပါတီအတွက် မဲတွေလာကောက်တယ် လို့ပဲထင်မြင်ယူဆနေကြပါတော့တယ်။ ဒီလိုဥပဒေချိုးဖောက်မှုနဲ့ ရလာတဲ့ မဲလက်မှတ်တွေအားလုံးကို ဘောင်ဝင် အောင် ဆောင်ရွက်ဖို့ UEC တံဆိပ်မပါ သည့် အမှန်ခြစ်၊ ဘောပင်ဖြင့်ခြစ် ထား သည့်အမှန်ခြစ် စတဲ့မဲလက်မှတ်တွေကို ခိုင်လုံမဲတွေဖြစ်လာဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားခဲ့ပါတယ်။ အကြောင်းပြ ချက်ကတော့ တံဆိပ်တုံးအတုထွက် တယ်လို့ဆိုခဲ့တာပေါ့။ COMID-19 ကြောင့် ရောက်ရာအရပ်က နေကြိုတင် မဲပေးထား တဲ့သူတွေကို ရွေးကောက်ပွဲနေ့မှာ မဲထပ် ပေးလို့ရအောင်လုပ်ထားတဲ့ ညွှန်ကြား ချက်မျိုးတွေ လည်း ရှိပါသေးတယ်။ ဒါကြောင့် နှစ်ကြိမ်၊ သုံးကြိမ်မဲလာပေးတဲ့ ကိစ္စတချို့ တွေ့ရှိနေရတာ ဖြစ်ပါတယ်။
မဲပေးဖို့အတွက်အချက်အလက်မခိုင် လုံဘဲ၊ မစုံလင်ဘဲ မဲပေးခွင့်ပြုခဲ့တဲ့ အထောက်အထား များစွာကိုလည်း တွေ့ရပါတယ်။ဥပမာလက်ဗွေ/လက်မှတ် မပါဘဲမဲလက်မှတ်တွေထုတ်ပေးထားတဲ့ ကိစ္စမျိုးတွေပေါ့။ အမှန်တော့ မဲလက်မှတ် အပိုတွေကို ဘောင်ဝင်အောင် အဲဒီလို နည်းမျိုးစုံဆောင်ရွက်ခဲ့ပေမယ့်လက်တွေ့ မှာ ပမာဏများပြားလှခြင်း၊ အောက်ခြေ က လက်လွန်ခြေလွန်ဆောင်ရွက်ကြတဲ့ ကိစ္စတွေများလွန်းတော့ မဖုံးနိုင်မဖိနိုင် ဖြစ်ခဲ့ရတဲ့ကိစ္စရပ်တွေပါ။ ကြို့ပင်ကောက် က NLD အမတ် ဇော်ပွယ်စေးရဲ့ မဲတွေမှာ ၂၀၁၅ က မဲလက်မှတ်တွေပါ ထည့်သွင်း ရေတွက်ထားတဲ့ကိစ္စ၊ ရေစကြိုမှာ မဲပေး ရမယ့်အမတ်စာရင်းက မကွေးက အမတ် တွေရဲ့ စာရင်းနဲ့မှားနေတဲ့ကိစ္စလိုမျိုးတွေ၊ နိုင်ငံကျော်ဟစ်ဟော့ပ်အဆိုတော် NLD အမတ်က social media ပေါ်မှာ ဝမ်းသာ အားရတင်လိုက်တဲ့ မဲရလဒ်တွေက ထုတ်ပြန်ထားတဲ့ မဲပေးပိုင်ခွင့်ရှိသူအရေ အတွက်ထက်များနေလို့ ပြန်ဖျက်ရတဲ့ ကိစ္စမျိုးတွေ၊ သဲကုန်းမှာ စာအုပ်နံပါတ် မတပ်ထားတဲ့ မဲစာအုပ်အသစ် ကိုးအုပ် တွေ့ရတာမျိုးတွေ ဖြစ်ခဲ့ရတာပေါ့။
ငါန်းဇွန်၊ တောင်သာမြို့နယ်မှာ မဲလက်ခံဖြတ်ပိုင်းတွေနဲ့ မဲလက်မှတ်တွေ ပြန်မအပ်တဲ့ ကိစ္စတွေ၊ ရမည်းသင်းမှာ နောက်တိုးမဲပေးသူ ၁၁ ယောက်ကိုရပ်/ ကျေး UEC ကလက်ရေးနဲ့ ဖြည့်ပြီး ခွင့်ပြု ပေးခဲ့တာတွေ၊ သပိတ်ကျင်း၊ ညောင်ဦး၊ မတ္တရာနဲ့ မိုးကုတ်ကကျေးရွာအုပ်စု တချို့မှာ မဲလက်မှတ်လက်ခံဖြတ်ပိုင်း ပြန်မအပ်တဲ့ကိစ္စရပ်တွေ စသဖြင့် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်ခဲ့ ရတာပေါ့။ ဒါတောင် မဲဆွယ်စည်းရုံးခွင့် ကာလမှာ COVID-19 အကြောင်းပြချက် မျိုးစုံနဲ့ အခြားပါတီတွေကို ပိတ်ပင်ထား ပြီး NLD ပါတီအနေနဲ့ ကိုဗစ်ကြောင့် မွန်းကျပ်နေတဲ့ လူထုရဲ့ စိတ်ထွက်ပေါက် ကိုတစ်နေရာတည်းမှာ ဖွင့်ပေးပြီး တရားဝင်လို မဲဆွယ်ပွဲတွေ၊ လှည့်လည်ပွဲ တွေ ခြိမ့်ခြိမ့်သဲဆင်နွှဲခဲ့တဲ့ကိစ္စတွေ၊ အခြားပါတီတွေရဲ့ ရုပ်သံထုတ်လွှင့်ချက် တွေကို ဆင်ဆာဖြတ်တောက်ခဲ့တဲ့ အချက်တွေအပြင် NLDပါတီ နိုင်ခြေ မရှိတဲ့ ရခိုင်နှင့် ရှမ်းပြည်နယ်မြို့နယ် အချို့ကိုလုံခြုံရေးအကြောင်းပြချက်နှင့် ရွေးကောက်ပွဲမလုပ်ပေးခဲ့လို့ နိုင်ငံသား ၁ ဒသမ၂သန်းကျော်က နိုင်ငံသားအခွင့် အရေးဆုံးရှုံးပြီး မဲပေးခွင့်မရခဲ့တာ အားလုံးအသိဖြစ်ပါတယ်။
NLD ပါတီကနေ ထွက်ပေါ်လာတဲ့ အတွင်းသတင်းတွေအရ NLD အစိုးရနဲ့ NLDပါတီအနေနဲ့ ညွန့်ပေါင်း လိုအစိုးရမျိုးပေါ်လာမှာကို လက်မခံနိုင်ဘဲ တစ်ပါတီတည်း သောင်ပြိုကမ်းပြိုနိုင်ပြီး မြန်မာ့ မဲလိမ်မဲခိုးဖို့ ဆောင်ရွက်ခဲ့ကြတဲ့ကိစ္စတွေ ပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိသည့် နိုင်ငံရေးကို အုပ်စီးထားချင်တာကြောင့် မလုပ်သင့် မလုပ်အပ်တဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း အထက်မှာ စာရေးသူ ထောက်ပြထားတဲ့ ကြိုတင်ကြံစည်မှုနဲ့ဟာ မည်သည့်နိုင်ငံရေး စနစ်ကျင့်သုံး တဲ့နိုင်ငံမှာဖြစ်စေ၊ မည်သည့်ရွေး ကောက် ပွဲစနစ်ကျင့်သုံးတဲ့ နိုင်ငံမှာဖြစ်စေ ဘယ်လိုမှ လက်ခံလို့မရတဲ့ ကိစ္စရပ်မျိုး တွေဖြစ်ပါတယ်။ နိုင်ငံတကာ ကို အသာ ထားလို့ ဒေသတွင်းအာဆီယံနိုင်ငံများ ထဲမှာတောင်ဒီလိုစည်းတ်ဘောင်လွတ် နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ မဲမသမာမှုမျိုး ဘယ်နိုင်ငံမှာမှမရှိပါဘူး။ စာရေးသူတို့ နိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းမှာလည်း မရှိခဲ့ဖူးပါဘူး။
စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ဖို့အတွက် ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲရလဒ်ဟာ အသက်တမျှ အရေးကြီးလို့၂၀၂၀ပြည့်နှစ်ရွေးကောက် ပွဲဟာ ပါတီတစ်ခုရဲ့ နိုင်ငံရေးအာဏာ ရမ္မက်ကြောင့် အကျည်း တန်ခဲ့ရပြီလို့ပဲ စိတ်မကောင်းစွာနဲ့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ အကြံပြုလိုတာက ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ဖြစ်ခဲ့တဲ့ ဥပဒေချိုးဖောက်မှုတွေနဲ့ မဲလိမ်မဲခိုးမှုတွေသည် အသေအချာစနစ်တကျနဲ့ တစ်ဆင့်ချင်း မှတ်တမ်းရုပ်ရှင်တွေရိုက် ပြီး ပြည်သူကို ချပြရမယ့်ကိစ္စရပ်တွေဖြစ် ပါတယ်။
ဒီလိုဖော်ပြတဲ့နေရာမှာလည်းသာမန်ပြည်သူလူထုကြီး နားလည် သဘောပေါက်နိုင်တဲ့ပုံစံနဲ့ အဆင့်ဆင့် ချိတ်ဆက်သုံးသပ်တင်ပြဖို့ကအင်မတန် မှအရေးကြီးလှပါတယ်။ ၎င်းအချက်အလက် များနဲ့ မှတ်တမ်းရုပ်ရှင်များသည် မြန်မာ့ သမိုင်းမှာ မှတ်ကျောက်ဖြစ်လာမယ့်၊ သင်ခန်းစာယူစရာများဖြင့် ပြည့်နှက်နေ မည့် အချက်အလက်အထောက်အထား များ ဖြစ်လာလိမ့်မည်ဟု တင်ပြရင်း စာရေးသူရဲ့ ဆောင်းပါးကို နိဂုံးချုပ်လိုက် ရပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။