မြန်မာပြည်ရဲ့ရတနာ ဧရာဝတီလင်းပိုင်ကိုကာကွယ်ပါ
အောင်သပြေ
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထိုနိုင်ငံ၏ဂုဏ်ကို ကိုယ်စားပြုသော အမှတ်သင်္ကေတများစွာ ရှိကြသည်။ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ရှေးဟောင်းအမွေအနှစ်၊ သယံဇာတ၊ သစ်တောနှင့် တောရိုင်းတိရစ္ဆာန်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိုနိုင်ငံ၏ ထင်ပေါ် ကျော်ကြားမှုအဖြစ် ဂုဏ်ယူပြသလေ့ရှိသည်။ မြန်မာပြည်သည် သယံဇာတပေါကြွယ်သောနိုင်ငံ ဖြစ်သည့်အပြင် ရေသယံဇာတ ကြယ်ဝသောနိုင်ငံအဖြစ် ကမ္ဘာက သိရှိပြီးဖြစ်သည်။ မြန်မာနိုင်ငံသည် ပင်လယ်ပြင်၊ ကမ်းရိုးတန်းနှင့် နိုင်ငံကို ဖြတ်သန်းစီးဆင်း နေသော မြစ်ကြီးများကို ပိုင်ဆိုင်ထားသောကြောင့် ရေသယံဇာတ ပေါကြွယ်ဝသောနိုင်ငံလည်းဖြစ်သည်။ ထိုရေသယံဇာတတို့တွင် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ရှိခဲ့သော မြန်မာပြည်၏ ရတနာတစ်ပါးဖြစ်သည့် ဧရာဝတီလင်းပိုင်လည်း ပါဝင်သည်။
ဧရာဝတီလင်းပိုင် သမိုင်းကြောင်း
အေဒီ ၁ ရာစုမှ ၅ ရာစုတွင် ဗိဿနိုး မြို့ဟောင်းအတွင်း မြေအရိုးပြာအိုး၏ အပေါ်နှုတ်ခမ်း ပတ်လည်၌ ဧရာဝတီ လင်းပိုင်ရုပ်တုများဖြင့် တန်ဆာဆင်ထား သည်ကို တွေ့ရှိခဲ့ရာမှ မြန်မာပြည်၌ ဧရာ ဝတီလင်းပိုင်သည် အေဒီ ၈ ရာစုထက် စော၍ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့် ကပင် ဧရာဝတီမြစ်အတွင်း ကျက်စားခဲ့ သည်ကို သမိုင်းအထောက်အထားအဖြစ် တွေ့ရှိရမည်ဖြစ်သည်။ အေဒီ ၈ ရာစုတွင် တရုတ်ပြည် တန်မင်းဆက်သမိုင်း မှတ် တမ်း(New Tang History)ကို အကိုး အကားပြု၍ ပါမောက္ခ လုစ်က ခေတ် ဟောင်း ပျူစာတမ်းတွင် တရုတ်လူမျိုး များနှင့် ပျူလူမျိုးများသည် ဧရာဝတီ လင်းပိုင်များကို မြစ်ဝက်(River Pig)ဟု ခေါ်ဆို၍ ကုန်ဖလှယ် ကူးသန်းမှုများရှိခဲ့ ကြောင်း ရေးသားဖော်ပြခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် လွန်ခဲ့သော နှစ် ပေါင်း ၁၂၀၀ ကလည်း ဧရာဝတီမြစ် အတွင်း လင်းပိုင်များ ကျက်စားနေထိုင် ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ထိုအထောက် အထားတို့မှာ ရှေးကျသော သမိုင်း အထောက်အထားလည်း ဖြစ်သည်။
အဏ္ဏဝါလင်းပိုင် မျိုးစိတ်ဝင်
ဧရာဝတီလင်းပိုင်သည် ရေတွင် ကျက်စားနေထိုင်သော်လည်း လူသားတို့ ကဲ့သို့ နို့တိုက်သတ္တဝါပင် ဖြစ်သည်။ ရေနေ နို့တိုက်သတ္တဝါအုပ်စုကြီးအတွင်း ဝေလငါး၊ လင်းပိုင်၊ လင်းရှူးတို့သည်အုပ်စု တစ်စုတည်းအဖြစ် ရပ်တည်လျက် ရှိရာ မျိုးစိတ် ၈၀ ကျော် ပါဝင်သော ကြောင့် ယင်းတို့ကိုခြုံငုံ၍ စီတာရှန်(Cetacean)ဟု ခေါ်ဆိုကြသည်။ စီကာရှန် ဟူသော စကားသည် ဂရိနှင့် လက်တင် ဘာသာစကားတို့မှ ဆင်းသက်လာခြင်း ဖြစ်ပြီး အလွန်ကြီးမားသောရေသတ္တဝါ” ဟုအဓိပ္ပာယ်ဖော်ဆောင်သည်။ စီတာရှန်း အုပ်စုအတွင်း ပါဝင်သော ဝေလငါးပြာ (Blue Whale) မျိုးစိတ်သည် အရှည် ၈၀ ကျော်၊ အလေးချိန် တန် ၁၂၀ အထိ ရှိပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး ရေ သတ္တဝါဖြစ်သည်။ ဝေလငါး၊ လင်းပိုင်။ လင်းရှူး မျိုးစိတ်အများစုသည် ပင်လယ် သမုဒ္ဒရာပိုင်းတွင် နေထိုင်ကျက်စားပြီး လင်းပိုင်မျိုးစိတ် ငါးမျိုးသာ ရေချိုမြစ်တွင် ကျက်စားကြသည်။ ဧရာဝတီလင်းပိုင် မျိုးစိတ်သည် ရေချိုမြစ်နှင့် ပင်လယ် ကမ်းရိုးတန်း ရေတိမ်ပိုင်းနေရာနှစ်ခုတွင် နေထိုင်သောကြောင့် ထိုသို့ နေထိုင်မှု အပေါ်မူတည်၍ ဧရာဝတီလင်းပိုင်တို့မှာ မြစ်လင်းပိုင်အုပ်စုတွင် မပါဝင်ဘဲ အဏ္ဏဝါ လင်းပိုင်မျိုးစိတ်များ (Marine dolphins) အုပ်စုငယ်အတွင်း ပါဝင်ခဲ့သည်။
ဘရီဗိုင်ရိုစထရစ်
ဧရာဝတီမြစ်ကြီးသည် မိုင်ပေါင်း ၁၃၇၃ မိုင် ရှည်လျားပြီး မြန်မာပြည်နှင့် ဧရာဝတီမြစ်သည် အစဉ် ဒွန်တွဲလျက်ရှိ သည်။ မြန်မာ့ ဧရာဝတီလင်းပိုင်ကို အစွဲ ပြု၍ ဒေသတွင်းနိုင်ငံရှိရေချိုနှင့်ကမ်း ရိုးတန်းရေတိမ်ပိုင်းမှ လင်းပိုင်တို့ကို စရာ ဝတီလင်းပိုင်ဟု ယနေ့တိုင် ခေါ်ဆိုခြင်း သည် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ပင်ဖြစ် ဧရာဝတီလင်းပိုင်များကို မြစ်အတွင်း သည်။၁၉ ရာစုကသဘာဝဗေဒပညာရှင် ဂျွန်အန်ဒါဆင်(၁၈၇၁-၁၈၇၉)မှာ ဧရာ ဝတီမြစ်အတွင်း လင်းပိုင်များကို တွေ့ရှိ လေ့လာခဲ့ပြီး စီတာရှန် မျိုးစိတ်အသစ် တွေ့ရှိမှု စာတမ်းကို အင်္ဂလန် သတ္တဗေဒ အသင်းကြီးသို့တင်သွင်းခဲ့ရာမှယေဘုယျ အမည်အဖြစ် ဧရာဝတီလင်းပိုင် (Irrawaddy/ Ayeyarwadylop ဟုအမည်ပေးခဲ့ခြင်းဖြစ်သည်။ ဧရာဝတီလင်းပိုင်ကို သိပ္ပံ နည်းကျ အဆင့်ဆင့်မျိုးခွဲခြားပြီး နောက် ရရှိခဲ့သော သိပ္ပံအမည်မှာ အော်စေလာ ဘရီဗိုင်ရိုစထရစ်(Orcaella brevirostris)ဖြစ်သည် brevirostris (ဘရီဗိုင်ရိုစထရစ်)သည် ဂရိဘာသာစကားဖြစ်ပြီး *နှုတ်သီးမဲ့ခြင်းဟု အဓိပ္ပာယ်ရသည်။
ဧရာဝတီလင်းပိုင်၏ဘဝ
ဧရာဝတီလင်းပိုင်တို့မှာ ကျောဘက် ပိုင်းတွင် မီးခိုးပြာရောင်ရှိပြီး ဝမ်းဗိုက် ပိုင်းတွင် ဖြူဖျော့သော မီးခိုးရောင်ရှိကာ ဦးခေါင်းတွင် နှုတ်သီးမပါချေ။ ဦးခေါင်း ပေါ်တွင် အသက်ရှူရန် အဆုတ်နှင့်ဆက် သွယ်ထားသည့် နှာခေါင်းပေါက် တစ် ပေါက် ပါသည်။ စက္ကန့် ၃၀ မှ၆၀ အတွင်း ရေပြင်ပေါ်တွင် အသက်ရှူလေ့ရှိပြီး ၁၅ မိနစ်ကြာသည်အထိ ရေငုပ်နေထိုင်လေ့ရှိသည်။
ရှေ့ရင်ဘတ်တွင် ရေယက်တစ်စုံနှင့် ကျောဘက်တွင် သေးငယ်သော တြိဂံပုံ ရေယက်တစ်ခု ပါရှိသည်။ အမြီးသည် ရေပြင်ညီ တည်ရှိပြီး ဦးခေါင်းတစ်ဖက် တစ်ချက်တွင် မျက်စိပါရှိသည်။ ဦးခေါင်း ထိပ်တွင် အရာဝတ္ထုတို့ကို ခွဲခြားဆုံးဖြတ် နိုင်သည့် အသံလှိုင်းထုတ်ယူ ဖမ်းယူသော လေ့လာကြည့်ရှုနေသည့် နိုင်ငံခြားသား ခရီ စနစ်လည်း ပါရှိသည်။ အဖျားပိုင်းချွန်၍ သေးသွယ်သောသွားများ ပါရှိပြီး အရွယ် ရောက် လင်းပိုင်တစ်ကောင်သည် ခုနစ် ပေကျော်အထိ ရှည်လျားကြီးမားသည်။ မွေးကင်းစတွင် သုံးပေကျော်အရှည်ရှိပြီး လင်းပိုင်တစ်ကောင်၏ သက်တမ်းမှာ နှစ် ၃၀ ခန့်ဖြစ်ရာ ခုနစ်နှစ်မှ ကိုးနှစ် အတွင်း အရွယ်ရောက်လေ့ရှိသည်။
လင်းပိုင်တစ်ကောင် မွေးဖွားနိုင်ရန် ( ၁၄ လကြာ ကိုယ်ဝန်ဆောင်ရလေ့ရှိပြီး အကောင်လိုက်မွေးဖွားခြင်းဖြင့် ရာသီ မရွေး တစ်နှစ်ပတ်လုံး မွေးဖွားလေ့ရှိသည်။ တစ်ကြိမ်လျှင် တစ်ကောင်သာ မွေးဖွား လေ့ရှိသော်လည်း တစ်ခါတစ်ရံ၌ အမြွှာ မွေးဖွားတတ်သည်။ မိခင်ကသားပေါက် ငယ်ကို ၁၈လအထိ နို့တိုက်၍သုံးနှစ်တိုင် စောင့်ရှောက်လေ့ရှိကာ ယင်းတို့ နေထိုင် ကျက်စားရာဒေသတွင် အစာအဖြစ် ငါး နှင့် ပုစွန်ကို စားလေ့ရှိသည် ။
မှတ်တမ်းပြုစု
ဧရာဝတီလင်းပိုင်ကို သဘာဝဗေဒ ပညာရှင် ဂျွန်အန်ဒါဆင်က ဧရာဝတီ မြစ်အောက်ပိုင်း ပြည်မြို့ နှင့် ရေနံချောင်း မြို့ အထက်ပိုင်း ဗန်းမော်မြို့ ဝန်းကျင် (ပထမမြစ်ကျဉ်းအနီး)အထိ တွေ့ရှိရ ကြောင်း မှတ်တမ်းတွင် ရေးသားဖော်ပြ ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် သစ်တော ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန် တက္ကသိုလ် (သတ္တဗေဒဌာန)၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS)တို့ ပူးပေါင်းပြီး ဧရာဝတီမြစ်၏ မေခနှင့် မလိခမြစ်ဆုံမှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကယက်ကြီးကျွန်း အထိ သိပ္ပံနည်းကျ ဧရာဝတီလင်းပိုင် လေ့လာရေး ပြုလုပ်ပြီး မှတ်တမ်းတင်နိုင် ခဲ့သည်။ ဧရာဝတီမြစ်အစမှအဆုံးထိ လင်းပိုင်လေ့လာရေးတွင် ဧရာဝတီ လင်းပိုင်အုပ်စုကို မန္တလေးမြို့မှ ဗန်းမော် မြို့ကြားတွင်သာ အများဆုံး တွေ့ရှိရ သည်။ ထို့ကြောင့် ငါးလုပ်ငန်း ဦးစီးဌာန နှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့ (WCS) တို့ ပူးပေါင်း၍ မန္တလေးမြို့မှ ဗန်းမော် ကြား ဧရာဝတီလင်းပိုင် သုတေသနပြု စာရင်းကောက်ယူခြင်း သီးသန့် ခရီးစဉ် ကို တစ်နှစ်လျှင်တစ်ကြိမ် နှစ်စဉ် ဆောင်ရွက်ခဲ့ရာ ၂၀၀၄ ခုနှစ်က(၂ကောင် ၂၀၁၁ ခုနှစ်တွင် ၇၂ ကောင်၊ ၂၀၁၈ ခုနှစ် တွင် ၇၆ ကောင်၊ ၂၀၁၉ ခုနှစ်တွင် ၇၂ ကောင် တွေ့ရှိခဲ့ပြီး အကောင်ရေအများ ဆုံး တွေ့ရှိရသောနှစ်များ ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်တွင် ဧရာဝတီလင်းပိုင် ၇၉ ကောင်အထိ တိုးတက်လာမှုကို ( မှတ်တမ်းတင်နိုင်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်း စောင့်ရှောက်မှု အဆင့်သတ်မှတ်
လက်ရှိ ဧရာဝတီလင်းပိုင် အရေ အတွက်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မှုအပေါ် မျိုးသုဉ်းရန်အန္တရာယ်ရှိ သော တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင် ပန်းမန်မျိုးစိတ်များ နိုင်ငံတကာကူးသန်း ရောင်းဝယ်ခြင်းဆိုင်ရာ သဘောတူညီချက် (The Convention on International Trade in Endangered Species of Wild Fauna and Flora-CITES) အဆင့်-၁(Appendix-1)အဖြစ် ကာကွယ် ထားသည့်တိရစ္ဆာန် ဖြစ်သည့်အပြင် အပြည်ပြည် ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအဖွဲ့ (Intemational Union for the Conservation of Nature - IUCN) ၏ အနီရောင်အဆင့်ဝင် စာရင်းစာအုပ် (Red List Book) တွင်း မျိုးသုဉ်းရန် အလွန် နီးစပ်သောအဆင့်(Critically Endangered)အဖြစ် သတ်မှတ်ထားသည်။
ထို့ကြောင့် ဧရာဝတီလင်းပိုင်သည် အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်း စောင့် ရှောက်မှုအဆင့် သတ်မှတ်ခံထားရခြင်း ဖြစ်ကာမြန်မာနိုင်ငံအနေဖြင့် ဧရာဝတီ လင်းပိုင်ကို တန်ဖိုးမြင့် ရေထွက်ပစ္စည်း တစ်ခုဖြစ်သော ပုလဲရတနာကဲ့သို့ တန်ဖိုး ထား ကာကွယ်စောင့်ရှောက်နေသည်။
ထိန်းသိမ်းကာကွယ်ရေး နယ်မြေ-၁
ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS)တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ၂၀၀၆ ခုနှစ်မှ စတင်၍ ဧရာဝတီလင်းပိုင်မော်တော်ဖြင့် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး ဧရိယာတွင် လစဉ်ကွင်းဆင်းကာ သုတေသနပြု မှတ် တမ်းတင်ခြင်း၊ ကျေးလက်ပြည်သူတို့ထံ ကွင်းဆင်း အသိပညာပေးခြင်းနှင့် နည်း လမ်းအသွယ်သွယ်ဖြင့် ပညာပေးဖြန့်ဝေ ခြင်း လုပ်ငန်းများကို ဧရာဝတီလင်းပိုင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး ဧရိယာ-၁ တွင် နှစ်စဉ်ဆောင်ရွက်လျက် ရှိသည်။ ဧရာဝတီလင်းပိုင် ဘေးအန္တရာယ် ကျရောက်မှု လျော့နည်းပပျောက်စေရန် ငါးလုပ်ငန်းဦးစီးဌာနသည် ရဲတပ်ဖွဲ့၊ ရေ ကြောင်းရဲတပ်ဖွဲ့ (မန္တလေး)တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ လျော့ နည်းလာသော ဧရာဝတီလင်းပိုင်များကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန်၊ ဧရာဝတီလင်းပိုင်အမည်ကို ထိန်းသိမ်း ရန်၊ မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသော လက်ကွန်ပစ် ရေလုပ်သားနှင့် ဧရာဝတီ လင်းပိုင်တို့ ပူးပေါင်းငါးဖမ်းသည့် ရိုးရာ ဓလေ့ကိုလည်း အနာဂတ် မျိုးဆက်သစ် တို့ထံလက်ဆင့်ကမ်း သယ်ဆောင်သွား နိုင်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကိုင်း မင်း ကွန်းမှမန္တလေးကျောက် မြောင်းရေတော် ဘုရားထိ ဧရိယာကို ဧရာဝတီလင်းပိုင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး နယ်မြေ-၁(Ayeyarwady Dophin Protected Area)အဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်သတ်မှတ်ခဲ့သည်။
ထိန်းသိမ်းကာကွယ်ရေး နယ်မြေ-၂
ဧရာဝတီလင်းပိုင်ကို ပိုမိုထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန် စစ်ကိုင်း တိုင်းဒေသကြီး ထီးချိုင့်မြို့နယ် အနောက် ဘက်ကမ်း ကျွန်းကြီးကျေးရွာနှင့် အရှေ့ ဘက်ကမ်း မောင်းကုန်းကျေးရွာမှ ကချင် ပြည်နယ် ရွှေကူမြို့နယ် တူးချောင်းရွာ အထိ၁၁၈ ဒသမ ၅ ကီလိုမီတာ ဧရိယာ ကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးဧရိယာ-၂ အဖြစ် သတ် မှတ်ကြေညာနိုင်ရန် သက်ဆိုင်ရာ တိုင်း ဒေသကြီးနှစ်ခုနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ရာ ၂၀၁၈ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ နယ်မြေ-၂ အဖြစ် သတ်မှတ်နိုင်ခဲ့သည်။
အနာဂတ်စိန်ခေါ်မှု
ဧရာဝတီလင်းပိုင်တို့သည် လူတို့၏ ပယောဂကြောင့် သေဆုံးရမှုကို နှစ်စဉ် ရင်ဆိုင်ရလျက်ရှိသည်။ လူ့အဖွဲ့ အစည်း တိုးတက်ပြောင်းလဲလာမှုနှင့်အတူ မြစ် အတွင်း ပိုက်ဖြင့် ငါးဖမ်းဆီးသည့်အစား ဘက်ထရီရှော့ခ်တိုက် ဖမ်းဆီးခြင်းနှင့် ဆေးခတ် ဖမ်းဆီးခြင်းကြောင့် လင်းပိုင် များ ထိခိုက်သေဆုံးမှုကို ပိုမိုဖြစ်ပေါ်စေ သည်။ လင်းပိုင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မှု ဧရိယာအတွင်း၌ ငါးဖမ်း ပိုက်တို့မှာ လင်းပိုင်တို့အတွက် တိုက်ရိုက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ကြုံတွေ့နေရ သလို ရွှေတူးဖော်ခြင်းမှထွက်လာသော ပြဒါး၊ ဆိုင်ယာနိုက်၊ စိုက်ပျိုးရေးသုံး ပိုး သတ်ဆေး၊ ပေါင်းသတ်ဆေး၊ စက်ရုံနှင့် ရေယာဉ်ကြီးများမှ စွန့်ပစ်ရေနှင့်အကြွင်း အကျန်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာ သော ဧရာဝတီမြစ်ရေ အရည်အသွေး ယုတ်လျော့မှုတို့သည် သွယ်ဝိုက်သော နည်းဖြင့် လင်းပိုင်သားပေါက်ငယ်များနှင့် ကိုယ်ဝန်ဆောင်လင်းပိုင်မတို့ သေဆုံး မှုကို ဖြစ်ပေါ်စေလျက်ရှိသည်။ အထူး သဖြင့် ဧရာဝတီမြစ်အထက်ပိုင်းတွင် ရွှေ တူးဖော်မှုမှ စွန့်ထုတ်သော စွန့်ပစ်ရေ များသည် လူနှင့် ရေနေသတ္တဝါတို့၏ အသက်အန္တရာယ်ကို ထိခိုက်စေသည်။
အဆိုပါ စိန်ခေါ်မှုတို့သည် မြန်မာ့ ရတနာဖြစ်သည့် ဧရာဝတီလင်းပိုင်တို့၏ ဘဝရှင်သန်နေထိုင်မှုအတွက် အနာဂတ် စိန်ခေါ်မှုများပင်ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်မှု၏အကျိုးရလဒ်
ကမ္ဘာ့နိုင်ငံအချို့တွင် ဝေလငါးနှင့် လင်းပိုင်တို့ကို သွားရောက်ကြည့်ရှု လေ့ လာသော ခရီးသွားလုပ်ငန်းမှာ ဆယ်စုနှစ် များစွာ ပေါ်ထွန်းခဲ့ပြီး လင်းပိုင်နှင့်ဝေလ ငါးတို့ ကျက်စားနေထိုင်ရာ နိုင်ငံတို့မှာ ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိလျက်ရှိ သည်။ ရှေးနှစ်ပေါင်းများစွာက တည်ရှိ ခဲ့သော ဧရာဝတီလင်းပိုင်သည် မြန်မာ နိုင်ငံအဖို့ တန်ဖိုးကြီးမားသောပိုင်ဆိုင်မှု တစ်ခုကို ရရှိထားခြင်းပင်ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်ကျော်က ဧရာဝတီလင်းပိုင်ကို မန္တလေး-ကသာ၊ မန္တလေး-ဗန်းမော်ရေကြောင်းခရီးစဉ်နှင့် လက်ကွန်ပစ်ရေလုပ်သားနှင့် ဧရာဝတီ လင်းပိုင်တို့ ပူးပေါင်း ငါးဖမ်းဆီးသော ရိုးရာဓလေ့တို့ကို ပြသသည့် မန္တလေး ကျောက်မြောင်း သီးသန့်ခရီးစဉ်တို့မှာ နိုင်ငံခြားသားခရီးသွားတို့ အထူးကြိုက် နှစ်သက်သော ခရီးစဉ်များအဖြစ် ဒေသ တွင်းခရီးသွားလုပ်ငန်းကို အကျိုးပြုခဲ့ သည်။ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေသို့ သီးသန့်လာရောက်ကြည့်ရှု ကြသည့်နိုင်ငံခြားသား ခရီးသွားဦးရေမှာ နှစ်စဉ်၁၀၀၀ ခန့် ရှိနေသည်။ ထို့ကြောင့် အဆိုပါ အောင်မြင်မှုသည် ဒေသခံတို့၏ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်မှုနှင့် ဧရာ ဝတီလင်းပိုင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြသည့် သက်ဆိုင်သော ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးရလဒ်ပင်ဖြစ်သည်။
လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေ
ဧရာဝတီလင်းပိုင်နှင့် လက်ကွန်ပစ် ရေလုပ်သားတို့ ပူးပေါင်းငါးဖမ်းဆီးသော ရိုးရာဓလေ့ကို အနာဂတ်သို့ လက်ဆင့် ကမ်းနိုင်ရန် ၂၀၁၂ ခုနှစ်တွင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ တို့က မန္တလေးတိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီး ဌာန၊ ဧည့်လမ်းညွှန်များအသင်းနှင့် ပြည် တွင်း ပြည်ပ အဖွဲ့ အစည်းများ ညှိနှိုင်း ဆွေးနွေး၍ လင်းပိုင်ပြသသော သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းကို ဖော်ဆောင် ခဲ့ရာရေလုပ်သားရွာ မြောက်ရွာဖြင့် စတင် ခဲ့ပြီး ယခုအခါ ရှစ်ရွာအထိ ဖော်ဆောင် ထားပြီးဖြစ်သည်။
ဧရာဝတီလင်းပိုင်များကို ပြသသော ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းသာ မကကျေးလက်ဒေသ၏ လက်မှုလုပ်ငန်း တို့ကိုလည်း တွဲဖက်ပြသနိုင်ခဲ့ရာ ဒေသခံ မိသားစုဝင်တို့မှာ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိခဲ့သည်။ လင်းပိုင်ကြည့်ရှု သောနိုင်ငံခြား ခရီးသွားများ တည်းခိုနိုင် ရန် ဝက်လက်မြို့နယ် အင်းဒေါင်းရွာ၌ တည်းခိုဆောင်လည်းတည်ဆောက်ခဲ့ပြီး ဧရာဝတီလင်းပိုင်တို့ကကွင်းဆက်စီးပွား ရေးကို ဖန်တီးပေးနိုင်မှုသည် နိုင်ငံ အတွက် အကျိုးဖြစ်ထွန်းစေရုံသာမက ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွား ကိုလည်း ဖွံ့ဖြိုးတိုးတက်စေသောကြောင့် မြန်မာပြည်၏ ရတနာတစ်ပါးဖြစ်သော ဧရာဝတီလင်းပိုင်ကို အစဉ် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။