အမှန်တရားကို နှုတ်ဆိတ်နေသလား
စာချစ်သူ
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ရွှေညောင်ပင်လမ်း အထက (၁) ကျောင်းရှေ့မှာ ဇွန် ၁၆ ရက် နံနက်က လူတစ်ယောက် သွေးအိုင် ထဲမှာ လဲကျသေဆုံးနေတယ်။ ဘေးမှာ ထမင်းချိုင့် လေးက ထောင်လျက် သားလေး။ ယာဘက်ရင်အုံ က သွေးတို့က တစိမ့်စိမ့်ယိုစီးကျလျက်။ အကြမ်း ဖက်သမားနှစ်ဦးက ဆိုင်ကယ်ပေါ် ကနေ ၃၈ ဘို့ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက် ရသူက အသက် (၅၃)နှစ် အရွယ်ရှိ ဒုတိယမြို့နယ် ပညာရေးမှူး ဦးအေးထွန်း ဖြစ်ပါတယ်။ နေအိမ်က နေ အလုပ်သွားစဉ်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရ ခြင်းဖြစ်ပါ တယ်။ သူ့မှာ ဘာအပြစ်ရှိလို့လဲ။ အမှန် တရားဟာ နှုတ်ဆိတ်နေတယ်။
အသက်ပေးဆပ်ခဲ့ရ
ဆရာဦးအေးထွန်းသို့နှယ် အကြမ်းဖက်သမား ရဲ့ လက်ချက်ကြောင့် ကြမ်းတမ်းတဲ့မြန်မာ့နိုင်ငံရေး ယဇ်ပလ္လင်မှာ အသက်ပေးဆပ်ခဲ့ရတဲ့အပြစ်မဲ့ပြည်သူ တွေ အများအပြားရှိခဲ့တယ်။
၁၉၆၇ ခုနှစ် မတ်လ ဒုတိယပတ် မြောင်းမြ ခရိုင် ဝါးခယ်မမြို့နယ်ကြုံလတာရွာမှာ ဇနီးမောင်နှံ နှစ်ဦး မြေပဲနှုတ်နေကြတယ်။ ရုတ်တရက် ဒိုင်းခနဲ သေနတ်သံနဲ့အတူမမြညွန့်ဟာ ရပ်နေရာမှ ချက်ချင်း လဲကျသွားတယ်။ ကိုကံကျော်ဟာ ဇနီးသည်ကို ပွေ့ယူစဉ်မှာပဲ “ကျုပ်ကို မကယ်နိုင်တော့ဘူးလား။ ကယ်ပါဦး”လို့ပြောရင်း မမြညွန့်ဟာ ဇက်ကျိုးကျ သွားတယ်။
“ဟေ့ကောင် မြညွန့်သေတာ မတော်တဆ သေတာလို့ ပြောရမယ်။ ဘယ်သူမှလည်း မငိုရဘူး။ ငိုတဲ့ လူကိုသတ်ပစ်မယ်”
ကရင်ပြည်သူ့ပြောက်ကျား တပ်မတော် (ကေပီဂျီအက်ဖ်) တပ်ရင်း(၆)တပ်ရင်းမှူး ကွက်ကော့ ရဲ့တပည့် မွေပါဟာ ကိုကံကျော်အနီးကိုလာပြီး ကြိမ်းဝါးလိုက်တယ်။ ကိုကံကျော်နဲ့သားသမီးများ ဟာ ကြိတ်၍ကြိတ်၍သာ ပူဆွေးငိုကြွေးခဲ့ရတယ်။
၁၉၆၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့။ အချိန် က သက်ကြီးခေါင်းချချိန်။ ကြုံ လတောရွာဟာ တိတ်ဆိတ်ငြိမ်သက်နေတယ်။
“ဟေ့... လှတင်၊ ဟေ့.. လှတင် ” ၊
ကိုလှတင်ဟာ အဖျားကျသွားလို့ အိပ်မောကျ နေတယ်။
“လှတင် ထွက်ခဲ့၊ ထွက်ခဲ့” အော်ဟစ်သံ ကြောင့် ဇနီးဖြစ်သူ မအေးကြည်နဲ့အတူ အိမ်ရှေ့ကို ထွက်လာတယ်။ “လှတင်ကို မေးစရာရှိလို့ လာခေါ် တာ” ကွက်ကော့၏တပည့် မွေပါကပြောလိုက်တယ်။
“အခု ကိုလှတင် နေမကောင်းလို့ အဖျားကျပြီး ခါစရှိပါသေးတယ်။ မနက်မှ လာပါရစေ အစ်ကိုကြီး တို့ရယ်” မအေးကြည်ဟာ ဒူးနှစ်ဖက်ကို ပုဆစ်တုပ် လျက် အကြိမ်ကြိမ်ရှိခိုးပြီး မျက်ရည်စက်လက်နဲ့ တောင်းပန်နေတယ်။ “ဟေ့ --မရဘူး၊ အခုချက်ချင်း လိုက်ခဲ့ရမယ်” ဟုဆိုကာ ကိုလှတင်ကို အတင်းဆွဲခေါ်သွားကြ တယ်။ ကိုလှတင်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ နေတဲ့ သားကြီးနဲ့ သမီးလေးကို ငဲ့စောင်းကြည့်ရင်း မွေပါတို့ အတင်းဆွဲခေါ်ရာသို့ ယိုင်ထိုးယိုင်ထိုးနဲ့ ပါသွားရတယ်။ မအေးကြည်ဟာ သောကမီး တောက်လောင်လျက် သတိလစ်လုနီးပါးဖြစ်၍ ကျန်ရစ်ခဲ့တယ်။
မကြာမီမှာ ကိုလှတင်ရဲ့ မချိမဆန့် အော်သံ တွေ ကြားရတော့တယ်။ မွေပါနဲ့ အဖွဲ့ဟာ ကိုလှတင် ရဲ့ နှလုံးကို ဓားမြောင်နဲ့ ထိုးစိုက်၊ ရင်ကို ထက်ခြမ်းခွဲ၊ အသည်းနှလုံးကိုထုတ်ယူပြီး အလောင်းကိုကြုံလတာ ချောင်းထဲမျှောလိုက်ကြတယ်။
ကိုလှတင်ရဲ့ ရှစ်နှစ်သားအရွယ်ရှိ သားကြီး မောင်သန်းအေးဟာ ဖခင်အကြောင်းကိုသိတော့ မြေမှာ လူး၍လူး၍ ငိုလေတော့တယ်။ အသက်လေးနှစ်အရွယ်သမီးလတ် မကြည်ကြည်ဝင်းက တော့ “ငါ့အဖေမြို့ကို မုန့်သွားဝယ်တယ်”ပြောပြီး ညနေတိုင်း မျှော်နေရှာတယ်။ ကိုလှတင်ရဲ့ချစ်ဇနီး မအေးကြည်ဟာ တစ်နှစ်ကျော်သာရှိသေးတဲ့ သမီးထွေးလေး ကြည်ကြည်သင်းကိုပွေ့ပိုက်လျက် သားကြီးနဲ့သမီးလတ်တို့ရဲ့ အဖြစ်ကို ကြည့်၍ ဖြေမဆည်နိုင် ဖြစ်နေရှာတယ်။
ကွက်ကော့နည်းတူ ဗိုလ်သန်းရှိန်ဟာလည်း ရက်ရက်စက်စက် လူသတ်ရဲတဲ့အရာမှာ နာမည် ကျော်တယ်။ ရက်ပိုင်းလပိုင်းအတွင်းမှာ လူလေး၊ ငါး၊ ခြောက်ဆယ်အထိ သတ်ဖြတ်ခဲ့တယ်။ ကွင်းကြီးရွာက ကိုရှိန်၊ ပိန်းဂယက်မှ ဦးတင်လေး၊ စွန်ပါရွာမှ ဂျိုးငတင်နဲ့သုံးဦး၊ ကျောင်းကုန်းမြို့မှ ဆိုက်ကားသမား မောင်ချို၊ တူးမောင်ရွာမှ ကျောင်း ဆရာ ဦးစိန်နဲ့သား စောချစ်မောင်၊ ဂျုံးဂျုံးကျအင်းမှ အင်းလုပ်သား ခြောက်ဦး၊ မင်းမနိုင်ရွာမှ ဖိုးထောင်၊ ကျောင်းကုန်းမြို့မှ ဦးမောင်သန်း၊ တောင်ယာတန်း ရွာမှ ဦးခင်ကြည်နဲ့ ကိုမြစိုး၊ ကိုလှမောင်၊ ပိန်းဂယက် ကြီးမှ ဦးလောပေါ် ကညင်သုံးဆင့်ရွာမှ ကိုပွ စသဖြင့် အသတ်ခံရသူများမှာ များပြားလွန်း၍ စာရင်းအတိ အကျကောက်ရန်ပင် မလွယ်ခဲ့ဘူး။
သမိုင်းဟာတစ်ခါတလေမှာ ချောင်ထဲမှာ အိပ်ပျော်နေတယ်။
ကျမ်းအိပ်များဟာ ပြန်လည်နိုးထ နှစ်ပရိစ္ဆေဒကြာညောင်းလာတဲ့အခါမှာ မှုန်ဝါး လာတတ်တယ်။ သမိုင်းကို လေ့လာတတ်သူတွေနဲ့ ကြုံကြိုက်ခဲ့ရင်တော့ ကျမ်းအိပ်များဟာ ပြန်လည် နိုးထလာတယ်။
မြောင်းမြခရိုင် ဝါးခယ်မမြို့ရဲ့မြောက်ဘက်ရှိ ဘာဘူချောင်းကျေးရွာဟာ အိမ်ခြေ ၆၀ ခန့်ရှိပြီး ဆွေစုမျိုးစုများ စုစည်းနေထိုင်ကြတယ်။ ။
ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကေအင်ယူပါတီ တို့ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု (မဒညတ) အဖွဲ့ဟာ ဘာဘူချောင်း ကျေးရွာကို စိုးမိုးအုပ်ချုပ်ခဲ့တာနှစ်ပေါင်း ၂၀ ကျော်ခဲ့ ပြီ။ ဒေသခံပြည်သူတွေဟာ ဖိနှိပ်မှုအမျိုးမျိုးကိုခံခဲ့ ရတယ်၊ ဆက်ကြေးပေးရ၊ ထမင်းထုပ်ပေးရ၊ စပါး မရောင်းရဟု ပိတ်ပင်၍ စပါးများပျက်စီးဆုံးရှုံးရ၊ အလုအယက်ခံရ၊ အသတ်ခံရနဲ့ တထိတ်ထိတ် တလန့်လန့်နဲ့ နေခဲ့ကြရတယ်။
နောက်ဆုံးတော့ ဘာဘူချောင်းကျေးရွာလူထု ဟာ မခံမရပ်နိုင်ဖြစ်လာကြပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်နဲ့ ပါတီယူနစ်သို့ ပြည်သူစစ်ဖွဲ့စည်းရေး ကို တင်ပြခဲ့ကြတယ်။ ၁၃၃၀ ပြည့်နှစ် တန်ခူးလဆန်း မှာ ပြည်သူစစ် ၈၀ ခန့်နဲ့ သောင်းကျန်းမှု ဆန့်ကျင် ရေးအဖွဲ့ ကို စနစ်တကျ ဖွဲ့စည်းလိုက်ကြတယ်။
၁၉၆၉ ခုနှစ် မေလ၁၇ရက်၊ အချိန်ကား နွားရိုင်း သွင်းချိန်၊ စစ်ယူနီဖောင်းများ ဝတ်ဆင်၍တပ်မတော် တံဆိပ်များ တပ်ဆင်ထားတဲ့စစ်ကြောင်း သုံးကြောင်း ဟာ ဘာဘူချောင်းကျေးရွာကို ခွဲ၍ဝင်လာတယ်။ စစ်ကြောင်းများ ရွာထဲလာနေတာကို အဝေးက မြင်တွေ့လိုက်ကြတဲ့ ဘာဘူချောင်းပြည်သူစစ်တွေ ဟာ ကြိုဆိုဖို့အတွက် စုဝေးနေကြတယ်။ ရွာနဲ့ နီးကပ်လာတဲ့အချိန်မှာတော့ နောက်ကျောမှာ လျှို့ဝှက်ဝင်လာတဲ့စစ်ကြောင်းက မောင်းပြန်သေနတ် များဖြင့် တရစပ်ပစ်ခတ်ဝင်လာတယ်။ ရွာထိပ်မှာ ဆီးကြိုနေတဲ့ ပြည်သူစစ်တပ်ဖွဲ့ဝင်များဟာ အလစ် အငိုက် ခံလိုက်ရတယ်။
တပ်မတော်ဟန်ဆောင်၍လာခဲ့ကြသူတွေဟာ မဒညတအဖွဲ့ခေါင်းဆောင် အောင်သန်းနဲ့ နောက် လိုက် ၆၀ ကျော်အဖွဲ့ ဖြစ်တယ်။ အောင်သန်းဟာ အိမ်တွေကို မီးရှို့ဖို့ အမိန့်ပေးလိုက်တယ်။ နောက် လိုက်များက အိမ်များကို ရေနံဆီလောင်း၍ မီးရှို့ လိုက်ကြတယ်။ ဖမ်းဆီးမိတဲ့ ပြည်သူစစ်အဖွဲ့ဝင် ၃၀ကျော်ကို လက်ပြန်ကြိုးများ တုပ်နှောင်လိုက်ကြ တယ်။ မဒညတ ဆက်ကြေးတာဝန်ခံ စောစေးနဲ့ နောက်လိုက်များက ပြည်သူစစ်တွေရဲ့ ဂုတ်ဆက် များကို သေနတ်ဒင်နဲ့ တအားလွှဲရိုက်နှက်ကြတယ်။ အရိုက်ခံရသူအချို့ဟာ မြေပေါ်ပုံလျက်သား ကျသွား ခဲ့ကြတယ်။
ထိုနောက်မှာတော့ ပြည်သူစစ်ခေါင်းဆောင် များဖြစ်တဲ့ဦးဟန်တိန်အသက်(၄၅)နှစ်၊ ဦးမောင်အေး အသက်(၅၀)ကျော်၊ ဦးခွေး အသက်(၆၅)နှစ်၊ ဦးသောင်းကျော် အသက်(၆၇)နှစ်၊ ကိုစိုးတင့် ( အသက် (၂၀)ကျော်၊ ဦးဟန်သိန်း အသက်(၅၀) ကျော်တို့ ခြောက်ဦးကို ဝါးရင်းတုတ်များ၊ ဓားမြှောင် များနှင့် ရိုက်နှက်ထိုးသတ်ခဲ့ကြတယ်။
မသေမရှင်ဖြစ်နေတဲ့ဦးဟန်တိန်နဲ့ ဦးမောင်အေး တို့ကို မီးပုံထဲပစ်ထည့်ပြီး မီးရှို့ သတ်လိုက်တယ်။
ထိုသို့ သတ်ဖြတ်ခံရသူများထဲမှာ ကိုစိုးတင့်ဟာ အသက်အငယ်ဆုံးဖြစ်၍ အချိန်ပိုယူရိုက်နှက်ကြ တယ်။ သင်ပေါင်းသားတုတ်ပင် ကြေမွသွားတဲ့အထိ လည်မြို့ကို ရိုက်နှက်ခဲ့ကြတယ်။
“ဟေ့...ဒီအကောင်ရဲ့ အသည်းကမှ ကြော်စား လို့ကောင်းတာကွ။ ဟိုအကောင်ကြီးတွေက အိုပြီး ရွတ်တွနေကြပြီ။ စားလို့မကောင်းတော့ဘူး။ အခု ကောင်းတာကိုပဲ အရက်နဲ့ မြည်းရအောင်” မဒညတကျောရိုးခွာဆိတ်ဟာ ပြောပြောဆိုဆို ကိုစိုးတင့်ကို ပက်လက်လှန်၊ ရင်ဘတ်ကို ဓားမြှောင် နဲ့ ထက်ခြမ်းခွဲကာ တလှုပ်လှုပ်ဖြစ်နေဆဲ နှလုံးနဲ့ အသည်းကို လှီးထုတ်ယူလိုက်ကြတယ်။
အမျိုးမျိုးဖိနှိပ်ညှဉ်းပန်းသတ်ဖြတ် မြစ်ဝကျွန်းပေါ်ဒေသဟာ စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေးတို့မှာ အချက်အချာကျတဲ့တိုင်းတစ်တိုင်း ဖြစ်တဲ့အတွက် တစ်ချိန်က မဒညတတို့ အခြေစိုက် ရာ ဗဟိုမဏ္ဍိုင်တစ်ခု ဖြစ်ခဲ့တယ်။ သို့ရာတွင် မဒညတ ဟာ ဒေသခံ ကရင်-ဗမာ တိုင်းရင်းသားတို့အပေါ် “သေနတ်ပြောင်းဝက အာဏာထွက်တယ်” ဟု ကြွေးကြော်ကာ အမျိုးမျိုးဖိနှိပ်ညှဉ်းပန်းသတ်ဖြတ် ခဲ့လေသောအခါ ၁၉၆၇ ခုနှစ် မေလတွင် မြောင်းမြ ခရိုင် ဝါးခယ်မမြို့နယ်နှင့် ငါးမိုင်ကျော် ကွာဝေးတဲ့ လမ်းသမိုင်ကျေးရွာကအစပြု၍ သောင်းကျန်းသူ များကို ဆန့်ကျင်တွန်းလှန်ခဲ့ကြတယ်။
အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးကြီး စိန်လွင်နဲ့ နယ်မြေခံတပ်ရင်း မှူးနဲ့အဖွဲ့ဟာ လမ်းသမိုင်ရွာကိုချက်ချင်းသွားရောက် ပြီး တိုင်းရင်းသားပြည်သူများနဲ့ တွေ့ဆုံဆွေးနွေးကာ ပြည်သူစစ်တို့ကို စနစ်တကျဖွဲ့စည်းပေးခဲ့တယ်။
လမ်းသမိုင်ကျေးရွာက လုပ်သားပြည်သူတွေ ဟာ တိုက်ပွဲတိုင်းမှာ အောင်ပွဲရခဲ့တဲ့အတွက် နှစ်ပေါင်း နှစ်ဆယ်ကျော်စိုးမိုးခဲ့တဲ့မဒညတတို့ဟာ လမ်းသမိုင် ကျေးရွာ ပတ်ဝန်းကျင်မှာ ခြေချရန် နေရာပင်မရှိ တော့ဘဲ ပြုတ်ပြုတ်ပြုန်းကုန်ခဲ့တယ်။
သို့ကလို အပြစ်မဲ့ဒေသခံတိုင်းရင်းသားပြည်သူ တွေကို နှိပ်စက်ညှဉ်းပန်း လုပ်ကြံသတ်ဖြတ်ခဲ့ကြတဲ့ မဒညတသောင်းကျန်းသူတွေဟာ နိုင်ငံတော်၊ ပြည်သူ နှင့် တပ်မတော်တို့ ပူးပေါင်းဆင်နွှဲခဲ့ကြတဲ့ ရွှေလင်းယုန်၊ မိုးဟိန်းစစ်ဆင်ရေး ဒီလှိုင်းအောက်မှာကြေမွပျက်စီးပျောက်ကွယ်သွားခဲ့ရတယ်။ ပြည်သူ စွမ်းအားနဲ့ အတူ ပူးပေါင်းဆင်နွှဲခဲ့တဲ့ ရွှေလင်းယုန်၊ မိုးဟိန်းစစ်ဆင်ရေးအပြီးမှာတော့ မြစ်ဝကျွန်းပေါ် ဒေသဟာ သောင်းကျန်းမှု ကင်းစင်တဲ့ အဖြူရောင် ( နယ်မြေအဖြစ် ဒုံးယိမ်းသံ၊ ဒိုးပတ်သံ၊ သံတို့နဲ့ ဝေစည်ပြီး အေးချမ်းစည် ပင်လာတော့တယ်။
ပစ္စက္ခမှာ သမိုင်းဟာ တစ်ပတ်ပြန်လည်လာ တယ်။ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်အပေါ် မလိုလားသူအချို့ရဲ့ အကြမ်းဖက်လုပ်ရပ်များ ကြောင့်ကျောက်တန်းမြို့နယ်မှ ဒုတိယပညာရေးမှူး ဦးအေးထွန်းသို့နှယ် အပြစ်မဲ့ပြည်သူအများ အပြားဟာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခံနေကြ ရပြန်ပါတယ်။
- ၁၉၆၇ ခုနှစ် မေ ၂၉ ရက် ညက မြောင်းမြ ခရိုင်၊ လပွတ္တာမြို့နယ်၊ ရွေးမြစ်ကမ်းဘေးမှာ တော်လှန်ရေးကောင်စီအစိုးရကနယ်မြေ ဖွံ့ဖြိုးရေး အတွက်ရွာသစ်အိမ်သစ်တည်ပေးထားတဲ့ အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ ရွှေပြည်သာရွာ၊ ၁၉၆၉ ခုနှစ် အောက်တိုဘာလမှာ သာပေါင်းမြို့နယ် ကြက်သွန် ခင်းကျေးရွာနှင့် ကြို့ကုန်းကျေးရွာတို့ကို သောင်းကျန်းသူများက မီးရှို့ ဖျက်ဆီးခဲ့သလိုမျိုး ၂၀၂၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က မကွေးတိုင်း ဒေသကြီး ပေါက်မြို့နယ် ကင်းမရွာမှာလည်း အကြမ်းဖက်သူများရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် မီးဟုန်းဟုန်း တောက်လောင်ခဲ့ရပြန်တယ်။
မြန်မာနိုင်ငံအပေါ် ခေတ်အဆက်ဆက်တစိုက်မတ်မတ် လုပ်ကြံဖန်တီး ထိုးနှက်နေကြတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာအချို့နဲ့ အနောက် နိုင်ငံကြီး အချို့က သံရုံးအချို့ရဲ့ လက်ဦးမှုရယူစွပ်စွဲမှု ကြောင့် ကင်းမရွာရဲ့ ဖြစ်စဉ်မှာလည်း အမှန်တရား ဟာ နှုတ်ဆိတ်နေရတယ်။ ဖြစ်ရပ်မှန်သမိုင်းဟာ လတ်တလောမှာ ချောင်ပိတ်မိနေတယ်။ သို့ပေမယ့် သမိုင်းဟာ အချိန်ကာလတစ်ခုအထိ အိပ်ပျော် နိုင်ပေမယ့် အချိန်တန်ရင် ပြန်လည်နိုးထစမြဲပါ။ ထိုသောအခါ သမိုင်းကို ဖန်တီးသူတို့ရဲ့ လုပ်ရပ်က သမိုင်းကောင်းလား၊ သမိုင်းဆိုးလားဆိုတာကို သမိုင်းက ဆုံးဖြတ်အဖြေပေးပါလိမ့်မယ်လို့ပဲ ဆိုပါရစေ။
ကိုးကား ။ ။ ၁၉၇ဝ ပြည့်နှစ် ဩဂုတ်လထုတ် မြစ်ဝကျွန်းပေါ်တိုင်း၊ ရွှေလင်းယုန်၊ မိုးဟိန်းစစ်ဆင်ရေး အတွေ့အကြုံ များကိုလေ့လာမှတ်သားရေးသား ထားသော “ပြည်သူ့စစ် ဒို့စစ် ဒို့စစ်” စာအုပ်မှ