စည်းကမ်းဟူသည် လူ့တန်ဖိုး
ကျွန်တော်တို့ လူမှုနယ်ပယ် ပတ်ဝန်းကျင်တွင် စည်းကမ်းနှင့် ပတ်သက်၍ ပြောဆိုဆုံးမသည့် စကားများကို မကြာခဏ ကြားရတတ်သည်။ အများအားဖြင့် ပျက်စီးဆုံးရှုံးမှုကြုံသည့်အခါများ တွင် စည်းကမ်းမရှိခြင်း၏ အကျိုးအပြစ်များကို ထောက်ပြ၍ ပြောဆိုဆုံးမသည့် စကားများမှာ ကြားရအများဆုံးစကားများ ဖြစ်သည်။
"စည်းကမ်းမှမရှိတာ ဖြစ်ပြီပေါ့"၊ "စည်းကမ်း မရှိတော့ တစ်နှစ်သုံးရမယ့်နေရာမှာ တစ်လတည်း နဲ့ ပျက်စီးသွားပြီ"၊ "ဆိုင်ကယ်ကို စည်းကမ်းတကျ မထားတော့ အခုတော့ ပါသွားပြီ"၊ "အမှိုက်မပစ်ရ ရေးထားတာကို စည်းကမ်းမဲ့သွားပစ်တော့ ဒဏ်ငွေအရိုက်ခံရမှာပေါ့"စသည့် စကားများသည် တစ်ခု မဟုတ်တစ်ခု နိစ္စဓူဝ နေ့စဉ်ကြားနေရသည့် စကားများ ဖြစ်လေသည်။
ကွမ်းတံတွေးမထွေးရနေရာတွင် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမိသဖြင့် ဒဏ်ရိုက်ခံရသည့် သတင်း၊ ဆေးလိပ်မသောက်ရနယ်မြေတွင် ဆေးလိပ်သောက်မိသဖြင့် လူအများက ဝိုင်းဝန်းဖယ် ကြဉ်ပြောဆိုမှု ခံရသည့်အကြောင်းများလည်း မပ မဖြစ်ပင်။
သို့ဖြစ်ရာ ကျွန်တော်တို့ လူ့ဘောင်လောကတွင် အရေးအပါဆုံး လိုက်နာကျင့်သုံးရမည့် ယဉ်ကျေးမှုတစ်ခုမှာ 'စည်းကမ်းလိုက်နာခြင်း' ကျင့်ဝတ်တစ်ခု ပင်ဖြစ်သည်။ စည်းကမ်းနှင့် ပတ်သက်၍ ကျွန်တော်တို့ ငယ်စဉ်ကပင် ဆရာ ဆရာမများ၏ ဆိုဆုံးမ မှုများနှင့် သင်ကြား ရင်းနှီးခဲ့ကြပြီး နောက်ပိုင်းတွင် လူတို့၏ အလေးမထားလျော့ရဲမှုများကြောင့်သာ တစ်ဦးမှစ၍ လူအများအထိ ကျင့်သုံးမှုနည်းပါးနေခြင်းဖြစ်သည်။
"အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက" ဟူသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းနှင့်ပတ် သက်၍ ဆရာ ဆရာမများက အလေးထား သင်ကြားပေးခဲ့သည်။ ကျောင်းတက်ချိန် မှန်ကန် ရေး၊ ကျောင်းပိုင်ပစ္စည်း၊ အများပိုင်ပစ္စည်းများကို စည်းကမ်းရှိစွာ ရိုရိုသေသေ ကိုင်တွယ် အသုံးပြုနိုင်စေရေး၊ ကျောင်းစည်းကမ်း လမ်းစည်းကမ်းများကို သိရှိမှတ်သား နားထောင်စေရေး တို့ကို ပုံပြင်၊ ဇာတ်နိပါတ်၊ သင်ခန်းစာများဖြင့် ရိုးသားဖြောင့်မတ် စည်းကမ်းရှိစွာ လိမ္မာလာ အောင် ဂရုတစိုက် သင်ကြားပေးခဲ့ကြသည်။ ။
ထို့အပြင် ကျွန်တော်တို့ငယ်ငယ်ကသင်ကြား ခဲ့ရသည့် "ခွင့်တောင်းပါ" ကဗျာလေးတွင်လည်း | လူငယ်လူရွယ်များ၏ ဂါရဝတရား၊ နိဝါတတရားများကို စည်းကမ်းတရားများဖြင့် ဘောင်ကွတ် ကာ ဆုံးမသွန်သင်ပြသခဲ့ပါသည်။ "ခွင့်တောင်းပါ။ မိဦးဖဦး ဆရာ့ဦးကို ခူး၍အလျင် မစားနှင့်။ မိဘဆရာ ထားသည့်ဟာကို မျက်နှာကွယ်လျှင် မယူငင်နှင့်။ လိုချင်သောအား စားချင်ငြားက ဝပ်တွားခယ တောင်းပါကြ... ။
အထက်ပါ ကဗျာလေးတွင် လူငယ် လူရွယ်များကို စည်းကမ်းမဲ့ မပြုကြဖို့နှင့် စည်းကမ်းတကျ ခွင့်တောင်းပြီးမှသာ ယူငင်သုံးစွဲကြဖို့ ဆုံးမပြသ ခဲ့ခြင်းဖြစ်သည်။
ကလေးသူငယ်များ နုနယ်ငယ်ရွယ်စဉ်ကပင် စည်းကမ်းနှင့် ပတ်သက်၍ မိဘဆရာများက အခါ
အခွင့်သင့်တိုင်း သွန်သင်ဆုံးမကြရန် လိုအပ်သည်။ အိမ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ကျောင်း စည်းကမ်းများကို ကလေးသူငယ် လူငယ်လူရွယ်များစိတ်ထဲ စွဲမှတ်သွားအောင် ပြောဆို ဆုံးမကြသည်။ "အသိယှဉ်တွဲ၊ စည်းကမ်းမဲ့ စွဲထင်မကွာ တစ်သက်တာ။
ကြောက်လို့လိုက်နာ၊ စည်းကမ်းမှာ ခဏတာသာမြဲ.." ဆိုသည့် လင်္ကာအရ အသိတရားဖြင့် ယှဉ်သော စည်းကမ်းကသာလျှင် မြဲမြဲခိုင်မာပြီး အကြောက်တရားလွှမ်းမိုးသော စည်း ကမ်းမှာမူ ခဏတာသာ ခိုင်မြဲကြောင်း မှတ်သားသိရှိရသည်။
ထိုကဲ့သို့ မဖြစ်စေရန်ငယ်ရွယ်စဉ်ကပင် စည်း ကမ်းမဲ့ခြင်း၏ ဆိုးကျိုးအပြစ်များနှင့် စည်းကမ်း ရှိခြင်း၏ တန်ဖိုး ကောင်းကျိုးများကို ခွဲခြားသိမြင် လာအောင် ဂရုတစိုက် စိတ်ရှည်သည်းခံ၍ သွန်သင် | ဆုံးမလမ်းညွှန်ပြသပေးရန်လည်း အရေးကြီးသည်။
မျက်မှောက်ခေတ်ကာလတွင် ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဖြစ်လာပြီး ဖွံ့ဖြိုးတိုးတက်လာ သည့် နိုင်ငံများသည်လည်း တိုးပွားလာခဲ့လေသည်။ လူဦးရေထူထပ်သည့် မြို့ပြများတွင် စည်းကမ်းနှင့် ပတ် သက်၍ လိုက်နာကြရန် အထူးတင်းကျပ်ထားကြပါသည်။
စည်းကမ်းရှိသောနိုင်ငံသည် ဖွံ့ဖြိုးတိုးတက် မှုလျင်မြန်ကြောင်းကို ဂျပန်နိုင်ငံက သက်သေထူ လျက်ရှိသည်။ ဂျပန်နိုင်ငံ၏ နေရာဒေသအများအပြားနှင့် လူစည်ကားရာနေရာများ၌ အမှိုက် ကင်းစင် သန့်ရှင်းနေလေသည်။ လမ်းမကြီးများတွင်လည်း အမှိုက်တစ်စပင် မရှိချေ။ အမှိုက်မရှိ၍ အမှိုက်ပုံးရှိသလားဟုဆိုရလျှင် အမှိုက်ပုံးလည်း မရှိချေ။ လူတစ်ဦးချင်းစီက မိမိအမှိုက်များကို မိမိကိုယ်တိုင်သိမ်းဆည်း၍ အမှိုက်ပုံးရှိရာတွင် စည်းကမ်းတကျ စွန့်ပစ် တတ်ကြသည့် အသိတရားဖြင့် ယှဉ်သော မြင့်မြတ်သော စိတ်ဓာတ်ပိုင်ရှင်များပင် ဖြစ်လေသည်။ လေးစားဖွယ် ကောင်းပေစွ။
အမှိုက်စွန့်ပစ်သူများကိုလည်း စည်းကမ်းမဲ့ အမှိုက်မပစ်ကြရန် မှတ်ချက်ပြု သုံးသပ်ပေးကြ လေသည်။
အမှိုက်စွန့်ပစ်သူများအနေဖြင့်လည်း မိမိတို့ အလွယ်တကူစွန့်ပစ်လိုက်သော အမှိုက်သရိုက် များသည် အခြားသူများအတွက် ဝန်ထုပ်ဝန်ပိုး ကြီးမားမှုရှိသည်ကို တွေ့မြင်ရပြီး ရေမြောင်း ပိတ်ဆို့ ခြင်းမှစ၍ ခြင်ယင်နှင့် အနံ့အသက်ဆိုးများ ရှူရှိုက်မိကာ ကျန်းမာရေးထိခိုက်မှုကို မိမိတို့သာလျှင် ခံစားရကြောင်း မျက်မြင်ဒိဋ္ဌ တွေ့မြင်ရလေသည်။ စည်းကမ်းမဲ့အမှိုက်စွန့်ခြင်း၏ ဆိုးကျိုးများပင် ဖြစ်သည်။
ထို့ကြောင့် အိမ်နောက်ဖေးတွင် ဥယျာဉ်ပန်းခြံ ကလေးများတည်ဆောက်၍ ကလေးများဆော့ ကစားနိုင်ရန်နှင့်အနားယူအပန်းဖြေနိုင်ရန် ပူးပေါင်းပါဝင်လာကြလေသည်။ စည်းကမ်းမဲ့ အမှိုက်ပစ် ခြင်းသည် ရှက်စရာအဖြစ် ရှုမြင်လာကြလေသည်။
လူမှုပတ်ဝန်းကျင် လှုပ်ရှားသွားလာနေထိုင် မှုတွင်လည်း စည်းကမ်းလိုက်နာခြင်းသည် လုံခြုံ မှုရှိလေသည်။ မိမိနှင့် မသက်ဆိုင်သော၊ မကျွမ်း ကျင်သော နယ်ပယ်ဒေသများတွင်လည်း ကာလ ဒေသ ဥပဒေများအတိုင်း စည်းကမ်းတကျ နေထိုင် သင့်ပေသည်။ အစားအသောက်၊ အပြောအဆို၊ အနေအထိုင်မှအစ ယဉ်ကျေးမှု နယ်ပယ်အဆုံး စည်းကမ်းအတိုင်းပင် ပြောဆိုစားသောက် နေထိုင် ရန် အရေးကြီးပါသည်။
"တန်ဆေး လွန်ဘေး"၊ "ကြမ်းကျွံတာ နှုတ်လို့ ရသည်၊ စကားကျွံလျှင် နှုတ်၍ မရပါ"၊ "ပစ္စည်း ဟူ သမျှ ရိုသေကြ" စသည့် ဆိုရိုးစကား ဆုံးမစကားများသည် စည်းကမ်းမဲ့ပြုကျင့်ခြင်း မပြုကြရန် ဆုံးမသတိပေး ထားသည့် မှတ်သားစရာ စကားလုံးများဖြစ်သည်။
ရှေးလူကြီးသူမများသည် မိမိတို့ကြုံဆုံခဲ့သည့် စည်းကမ်းမဲ့ခြင်း၏ အကျိုးအပြစ်များကို နှောင်း လူတို့ သိရှိနိုင်စေရန် စကားပုံများဖြင့် စည်းကမ်း သတ်မှတ် ဆုံးမထားခဲ့လေသည်။ "စည်းအတွင်းမှာနေ ကင်းပေလိမ့်ရန်ဘေး စည်းပေါ်ကျော် အော်ကာကျ
များလှရန်ဘေး" ဟူသည့် ဆုံးမစာသည်လည်း စည်းကမ်းမဲ့ပြုလုပ်မှု၊ စည်းကမ်းကိုကျော်၍ ဆောင် ရွက်မှုများသည် ဘေးအန္တရာယ်များလှကြောင်း အသိပေးထားသည့် ဆုံးမစာ လင်္ကာလေးတစ်ပုဒ် ဖြစ်သည်။
သို့ဖြစ်လေရာ စည်းကမ်းရှိခြင်းနှင့် စည်းကမ်းမဲ့ခြင်း၏ ကောင်းကျိုးဆိုးကျိုးရလာဒ်များကို မပြုလုပ်ခင်ကပင် ကြိုတင်ကြံစည်တွေးတော၍ စည်းကမ်းရှိသော အနာဂတ်ဘဝများစွာဖြင့် စည်းကမ်း ပြည့်ဝသော နိုင်ငံတော်သစ်ဆီသို့ အတူလျှောက် လှမ်းကြိုးစားကြပါစို့ဟု တိုက်တွန်း နှိုးဆော်ရင်း ရေးသားတင်ပြလိုက်ရပေသည်။ ။
ဇင်းမင်းစိုး(ဗိုလ်ကလေး)