ရာသီမရွေးသွားလာနိုင်သည့် လမ်းတံတားများကြောင့် မြို့ပြနှင့် ကျေးလက်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာသည့် ကရင်ပြည်နယ်
ကရင်ပြည်နယ်သည် တောင်ကုန်းတောင်တန်း ပေါများ၍ မြေပြန့်လွင်ပြင်နည်းပါးပြီး သစ်တော များ ဖုံးလွှမ်းလျက်ရှိသည်။ ပြည်နယ်၏ မြို့တော်ဖြစ်သည့် ဘားအံမြို့နယ်တွင် ကမ္ဘာကျော်ဇွဲ ကပင်တောင်ကြီးရှိသည့်အပြင် ပြည်နယ်အတွင်း ဒေါနတောင်တန်းကြီး တည်ရှိသဖြင့် တောင်တန်းများ၏ သဘာဝအလှအပကို ခံစားနိုင်ရန် ခရီးသွားတို့ စိတ်ဝင်တစား လာရောက် လည်ပတ်လေ့ရှိသည့် ပြည်နယ် တစ်ခုဖြစ်သည်။
ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၁၁၇၃၀ ဒသမ ၈၅၁ စတုရန်းမိုင် ကျယ်ဝန်း၍ ပြည်နယ်အတွင်း ဘားအံ၊ ကော့ကရိတ်၊ မြဝတီနှင့် ဖာပွန် ဟူ၍ ခရိုင် ၄ ခရိုင်၊ မြို့နယ် ၇ မြို့နယ်၊ မြို့ ၁၁ မြို့၊ ရပ်ကွက် ၈၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၇၆ အုပ်စု၊ ကျေးရွာ ၂၀၉၇ ရွာနှင့် လူဦးရေ ၁၆၈၈၆၅၃ (တစ်ဆယ့် ခြောက်သိန်းကျော်) ရှိသည့်အနက် ကျေးလက်နေလူဦးရေမှာ ၁၄၂၇၄၃၀ ရှိသည်။
မြစ်ချောင်းများပေါများပြီး ၎င်းတို့အနက် သောင်ရင်းမြစ်သည် မြဝတီမြို့ အနီးမှ ဖြတ်သန်း၍ တောင်မှမြောက်သို့ စီးဆင်းလျက်ရှိသည်။ ထို့အတူ ဂျိုင်းမြစ်မှာလည်း အရှေ့မှအနောက်သို့ စီးဆင်း၍ သံလွင်မြစ်နှင့် ပေါင်းဆုံသွားသည်။ ဂျိုင်း၊ အတ္တရံ၊
သောင်ရင်း စသည့်ဒေသတွင်းမှ မြစ်တို့မှာ ရေချို မြစ်များဖြစ်၍ စိုက်ပျိုးရေးနှင့် သောက်သုံးရေ အဖြစ် အသုံးပြုနိုင်သည်။ ။
လမ်းတံတားများ တည်ဆောက် ကရင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ၇၀ ရာခိုင်နှုန်း ကျော်သော ကျေးလက်ပြည်သူများ၏ ကျေးလက်နှင့် မြို့ပြကွာဟမှု နည်းနိုင်သမျှ နည်းစေရန် လမ်းတံတားများ တည်ဆောက် ဖောက်လုပ်ပေး၍ ကျေးလက်ပြည်သူများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားတိုးတက်ရေးတို့ကို မြှင့်တင်ပေးနိုင်ရန် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် နိုင်ငံတော်အစိုးရက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအား ဖွဲ့စည်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လုပ်ကိုင်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ကရင်ပြည်နယ်ရှိ ယခင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DRD)ထံမှ ကျေးရွာ ၁၂၇၅ ရွာနှင့် ကွန်ကရစ်လမ်း ၁၈/၆ မိုင်၊ ကတ္တရာလမ်း ၈၄/၁ ( မိုင်၊ ကျောက်လမ်း ၁၅၅/၄ မိုင်၊ ဂဝံမြေနီလမ်း ( ၁၁၆/၀ မိုင်၊ မြေသားအမာခံလမ်း ၈၁၃/၇ မိုင် စုစုပေါင်းလမ်းမိုင် ၁၁၈၈/၂ မိုင်နှင့် ကွန်ကရစ် တံတား ၃၂၆ စင်း၊ မြောင်းကူးတံတား ၅၂၂ စင်း တို့ကို လွှဲပြောင်းယူခဲ့သည်။
ထိုသို့လွှဲပြောင်းရယူပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွင်း ကွန်ကရစ်လမ်း ၅၇/၄ ဒသမ ၅ မိုင် | ကတ္တရာလမ်း ၇၅/၆ဒသမ၃ မိုင်၊ ကျောက်ချောလမ်း ၂၁/၃ မိုင်နှင့် မြေသားအမာခံလမ်း ၄၁/၃ ဒသမ ၉၇ မိုင်နှင့် ကွန်ကရစ်တံတား ၆၉ စင်း အရှည်ပေ ၂၉၅၅ ပေနှင့် မြောင်းကူးတံတား၆၅ စင်း၊ အရှည်ပေ ၃၂၅ ပေကို တည်ဆောက်ပေးနိုင်ခဲ့သည်။
အဆင့်မြှင့်တင်ဆောင်ရွက် အလားတူ ကျေးလက်နေ ပြည်သူလူထုအတွက် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူမြန်ဆန်စေရန် ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း ၄၆/၄ မိုင်၊ ကတ္တရာလမ်း ၃၁/၅ ဒသမ ၅ မိုင်၊ ကတ္တရာထပ်ပိုးလွှာ ၁/၀ မိုင်၊ ကျောက်လမ်း ၁၀/၂ မိုင်၊မြေသားအမာခံ ၁၅/၇ ဒသမ ၃၂ မိုင်၊ ကွန်ကရစ် တံတား ၃၈ စင်းနှင့် မြောင်းကူးတံတား ၁၈ စင်း တို့ကို ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက် နေလျက်ရှိရာ ယခုအခါ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။
ဘားအံမှ သာမညတောင်သို့တိုက်ရိုက်သွားလာ နိုင်သည့် ဘားအံမြို့နယ် မဲဘောင် - နောင်ပလိန်မိသရောင်-ဝင်းစိန်လမ်းအား ယခင်မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် ၁၉/၅ မိုင် ဆောင်ရွက် အကောင်အထည်ဖော်နိုင်ခဲ့ပြီး အကျိုးပြုကျေးရွာ ၂၀ ၊ အိမ်ခြေ ၁၆၁၃ အိမ်၊ လူဦးရေ ၁၃၂၈၀ က အသုံးပြုလျက်ရှိသည်။
ဈေးကွက်သို့ အချိန်မီပို့ဆောင် ထို့ပြင် ဘားအံမြို့နယ်ထုံးအိုင်-မိန်းမလှကျွန်းတောင်သူကုန်း - ခြံကလေးလမ်းကို နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာ လမ်းမိုင် ၁၃/၂ မိုင်ရှိသည့်အနက် ၇/၁ မိုင်အား ကွန်ကရစ်ခင်းခြင်းနှင့် အရှည်ပေ ၃၆၀ ရှိ သံကူကွန်ကရစ် တံတားအသစ်တို့ကို တည်ဆောက် ပေးနိုင်ခဲ့၍ ဒေသခံ ပြည်သူများအနေဖြင့် အဆိုပါလမ်းကို အသုံးပြုကာ ရာသီမရွေး ဒေသထွက်ကုန်သီးနှံများကို ဈေးကွက်သို့ အချိန်မီပို့ဆောင်နိုင်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံ၏၂၀၀၅ ခုနှစ်အိမ်ထောင်စုစားဝတ် နေရေးအခြေအနေ ဘက်စုံလေ့လာမှုစစ်တမ်း (IHLCA Survey) အရ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း ၃၂ ဒသမ ၁ ရာခိုင်နှုန်းရှိနေခဲ့ရာမှ ၂၀၁၀ ပြည့်နှစ် တွင် ၂၅ ဒသမ ၆ ရာခိုင်နှုန်းသို့ လျော့ကျလာသော် လည်း ဆင်းရဲနွမ်းပါးမှုအများဆုံး ခံစားရသည့် ဒေသများမှာ ကျေးလက်ဒေသများပင်ဖြစ်သည်။ ထို့အတူ ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက် များအရ နိုင်ငံများ၏ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်းကို ထက်ဝက်ဖြစ်သည့် ၁၆ ရာခိုင်နှုန်းသို့ လျှော့ချရမည်ဖြစ်ရာ နိုင်ငံတော်အစိုးရက ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးလျက် ရှိသည်။
ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနသည် ပြည်နယ်အတွင်းရှိ ကျေးလက်လမ်း တံတားများ တည်ဆောက်ဖောက်လုပ်ရာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု နှင့် ပြည်နယ်ရန်ပုံငွေမှ ငွေကျပ် ၁၁၈၂ ဒသမ ၃၀၂၅ သန်း၊ ၂၀၁၈ - ၂၀၁၉ (၆-လ) ဘဏ္ဍာရေး နှစ်တွင် ပြည်နယ်နှင့် ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ် ၂၃၅၂ ဒသမ ၈၁၅၈ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေမှ ငွေကျပ် ၆၂၈၄ ဒသမ ၁၈၂ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး | နှစ်တွင် ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ် ၁၉၃၃ | ဒသမ ၇၂၇သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် - ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ် ၄၈၅ ဒသမ ၀၄၈ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ် ရန်ပုံငွေမှ ငွေကျပ် ၁၈၈၃၃ ဒသမ ၈၅၁ သန်း၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေမှ ငွေကျပ် ၃၈၆၅ ဒသမ ၅၇၂ သန်း၊ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ် သန်း ၁၉၁၀ ၊ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် | ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ်သန်း ၄၀ ၊ ၂၀၂၁| ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေမှ ငွေကျပ် ၂၁၁၁၃ ဒသမ ၁၇ သန်း၊ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် တံတားရန်ပုံငွေ(ပြည်နယ်)မှ ငွေကျပ် ၃၀၀၉ သန်းတို့ကို အကုန်ကျခံ သုံးစွဲ၍ လမ်းနှင့် တံတားများ တည်ဆောက် ပေးခဲ့သည်။
သွားလာမှု လွယ်ကူအဆင်ပြေ ထို့ပြင် ကျေးလက်နေပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေ စေရန် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာ ရေးနှစ်မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ လမ်းတံတားများ တည်ဆောက်ဖောက်လုပ်ပေးနိုင် မှုကို နှိုင်းယှဉ်ကြည့်ပါက ကျေးလက်များတွင် မူလကတ္တရာ လမ်း ၈၄/၄မိုင်ရှိရာမှ ယခု ၁၅၇ မိုင်၊ မူလကွန်ကရစ်လမ်း ၁၈/၆ မိုင်ရှိရာမှ ယခု ၈၅/၄ မိုင်အထိ ရှိလာပြီး မူလကျောက်လမ်း ၁၅၅/၄ မိုင် ရှိရာမှ ယခု ၁၂၅/၅ မိုင်သာရှိပြီး ဂဝံမြေနီလမ်းမှာ မူလ ၁၁၆ မိုင်ရှိရာမှ ယခု ၁၁၀/၁ မိုင်သာရှိပြီး မြေသားလမ်းမှာ မူလ ၈၁၃/၇ မိုင်ရှိနေရာမှ ယခု မိုင် ၇၁၀ သာရှိသည်ဟု သိရသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ မဟာ ဗျူဟာ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်၌ မြန်မာတစ်ပြည်လုံးရှိ ကျေးရွာများ၏ ၈၀ ရာခိုင် နှုန်းနှင့် ကျေးလက်လူဦးရေ ၉၀ ရာခိုင်နှုန်းကို ရာသီ မရွေး သွားလာနိုင်သော ကျေးလက်လမ်းများ အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ မြန်မာနိုင်ငံရှိ ကျေးရွာများ၌ လူဦးရေ ၁၀၀၀ နှင့် အထက်ရှိကျေးရွာများကို ၂၀၂၀ ပြည့်နှစ် တွင်လည်းကောင်း၊ လူဦးရေ ၅၀၀ နှင့် အထက် ရှိကျေးရွာများအားလုံး၏ ၉၅ ရာခိုင် နှုန်းနှင့် လူဦးရေ ၂၅၀ အောက်ရှိ ကျေးရွာအားလုံး၏ ၅၀ ရာခိုင်နှုန်း တို့ကို ၂၀၂၅ ခုနှစ်တွင် ရာသီမရွေးသွားလာနိုင်သော လမ်းများကို ဆောင်ရွက်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
အရှိန်အဟုန်မြှင့်ဆောင်ရွက်
မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ကျေးရွာပေါင်း ၅၇၂၂၈ ရွာ၏ ၅၀ ရာခိုင်နှုန်းနှင့် လူဦးရေ ၁၄ သန်း တို့အတွက် ရာသီမရွေးသွားလာနိုင်သော လမ်းများ မရှိသဖြင့် ကျေးရွာအားလုံး ရာသီမရွေး သွားလာ နိုင်သော လမ်းများဖြစ်ပေါ်လာရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ ရရာသီမရွေး သွားလာနိုင်သည့် လမ်းများကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခြင်း ဖြင့် ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန် လာစေမည်ဖြစ်သကဲ့သို့ မြို့ပြနှင့် ကျေးလက် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝများ တိုးတက်လာမည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။ ။
ချမ်းမြေ့မောင်