ဥပဒေပြုရေးရာဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း(ထိုင်းနိုင်ငံ)
နိဒါန်း
ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် လူဦးရေအားဖြင့် ၆၉ ဒသမ ၆၃ သန်းရှိ၍ မဲပေးပိုင်ခွင့်ရှိသူ ၅၁ ဒသမ ၄ သန်းကျော် ရှိပါသည်။ မြို့တော်သည် ဘန်ကောက်မြို့တော်ဖြစ်ပြီး အသုံးပြုသည့် ငွေကြေးမှာ ဘတ် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာသည် အများဆုံး ကိုးကွယ်သည့်ဘာသာဖြစ်ပြီး ဧရိယာအကျယ်အဝန်း ၁၉၈,၁၁၅ စတုရန်းမိုင် ကျယ်ဝန်းပါသည်။
ထိုင်းနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ် ပေါ်တွင် အခြေခံထားသည့် စည်းမျဉ်းခံဘုရင်စနစ် ကိုကျင့်သုံးသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ၁၉၃၂ ခုနှစ်၌ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းပြီးနောက် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိုင်းပြည်သူ ပြည်သားများထံ အပ်နှံခဲ့ပြီး ဘုရင်မင်းမြတ်သည် တိုင်းပြည်၏ အကြီးအကဲအဖြစ်သာ ရပ်တည်လျက် ရှိပါသည်။ အုပ်ချုပ်ရေးအာဏာကို စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံး၍ ဆောင်ရွက်ပါသည်။ ဘုရင် မင်းမြတ်သည် တိုင်းပြည်၏ အကြီးအကဲဖြစ်ပြီး ဘုရင်တစ်ပါး နန်းသက်ကုန်ပါက ၎င်း၏နေရာကို ဘုရင်မင်းမြတ်၏ ဆွေမျိုးသားချင်းတို့သာ ဆက်ခံ ပိုင်ခွင့်ရှိပါသည်။ နိုင်ငံတော်အာဏာကို အစိုးရ အဖွဲ့မှသာ အပြည့်အဝကျင့်သုံးခွင့် ရှိသော်လည်း ဘုရင်မင်းမြတ်သည် ပြည်သူများ၏ ချစ်ခင်လေးစားယုံကြည်မှုဖြင့် နိုင်ငံရေး ပဋိပက္ခများတွင် ဝင်ရောက်ဖြေရှင်းနိုင်စွမ်းရှိရာ နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် အရေးပါသည့် ပြယုဂ်တစ်ခု ပင် ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် ပြည်နယ်အုပ်ချုပ် ရေးမှူးများခန့်အပ်၍ အုပ်ချုပ်စေသည့် ပြည်နယ် ၇၇ ပြည်နယ်ရှိပြီး ပြည်နယ်တစ်ခုချင်းစီအလိုက် ခရိုင်၊ ခရိုင်ခွဲနှင့် ကျေးရွာများအဖြစ် ပိုင်းခြား သတ်မှတ်ဖွဲ့ စည်းထားပါသည်။
ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အကြီးအကဲဖြစ်ပြီး ဥပဒေရေးရာ အကောင်အထည်ဖော်ခြင်းများ အပါအဝင် အုပ်ချုပ်ရေးအာဏာကို အပြည့်အ၀ ကျင့်သုံးပိုင်ခွင့်ရှိပါသည်။ ၂၀၁၇ ခုနှစ် ဧပြီလတွင် ပြင်ဆင်ခဲ့သည့် ဥပဒေပြင်ဆင်ချက်အရ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် မဟုတ် သည့်သူများသည်လည်း ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခံပိုင်ခွင့်ရှိပြီး သက်တမ်း တစ်ခုလျှင် လေးနှစ် တာဝန်ထမ်းဆောင်ရပါသည်။ ဘုရင်မင်း မြတ်သည် အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်၏ ထောက်ခံ အတည်ပြုချက်ဖြင့် ခန့်အပ်ပါသည်။
ဥပဒေပြုရေးအာဏာ ထိုင်းနိုင်ငံရှိဥပဒေပြု လွှတ်တော်ကို အမျိုးသား ညီလာခံ ( National Assembly )ဟု ခေါ်ဆိုသည့် လွှတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းထားပါသည်။ ။
အမျိုးသားညီလာခံတွင် ၂၀၁၇ ခုနှစ် ဧပြီလ၌ ပြဋ္ဌာန်းခဲ့သည့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ( ထိုင်းတော်ဝင် စစ်တပ်မှခန့်အပ်ထားသော ငါးနှစ်
သက်တမ်းထမ်းဆောင်ရမည့် ကိုယ်စားလှယ် ၂၅၀ ပါဝင်သည့် အထက်လွှတ်တော်နှင့် ပြည်သူများ မှမဲပေးရွေးချယ်ထားသော လေးနှစ် သက်တမ်း ထမ်းဆောင်ရမည့် ကိုယ်စားလှယ်၅၀၀ ပါဝင်သည့် အောက်လွှတ်တော်တို့ ပါဝင်ပါသည်။
အောက်လွှတ်တော်တွင် မဲဆန္ဒနယ် ၃၅၀မှ မဲဆန္ဒနယ်တစ်နယ်လျှင် ကိုယ်စားလှယ်တစ်ဦးနှုန်း ဖြင့် တိုက်ရိုက်ရွေးကောက် တင်မြှောက်သည့် ကိုယ်စားလှယ် ၃၅၀နှင့် အချိုးကျ ကိုယ်စားပြု စနစ်ဖြင့် ရွေးချယ်ထားသည့် ပါတီကိုယ်စားပြု ကိုယ်စားလှယ် ၁၅၀ ပါဝင်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင် ရွေးကောက်ပွဲ Mixed Member Apportionment System - MMA စနစ်ကို အသုံးပြုရန် အတည်ပြုပြဋ္ဌာန်းခဲ့ပါ သည်။ ထိုင်းနိုင်ငံတွင် ၁၉၃၂ ခုနှစ်၌ သက်ဦးဆံ ပိုင်ဘုရင်စနစ်ကို ဖျက်သိမ်းပြီးနောက် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်း ၂၀ ရှိပါသည်။
တာဝန်နှင့်လုပ်ပိုင်ခွင့်များ
အောက်လွှတ်တော် အောက်လွှတ်တော်သည် ထိုင်းနိုင်ငံ၏ အဓိက ဥပဒေပြုရေး အဖွဲ့အစည်းဖြစ်ပြီး လွှတ်တော်နှစ်ရပ်တွင် လုပ်ပိုင်ခွင့်အာဏာ ပိုကြီးမားသည့် လွှတ်တော် ဖြစ်ပါသည်။ ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး အတွက်ကနဦးတင်သွင်း ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေမူကြမ်းများအား စိစစ်ရွေးနွေး နိုင်ရေး ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ပေါ်ပေါက်သည့် ကိစ္စရပ်များအလိုက်ဝန်ကြီးများမှ လွှတ်တော် တွင်း တာဝန်ယူတင်ပြ နိုင်ရေးကိစ္စရပ်များ အပါအဝင်ဝန်ကြီးချုပ်နှင့်၎င်း၏ အစိုးရအဖွဲ့ ဝန်ကြီးများကို စွပ်စွဲပြစ်တင်ပိုင်ခွင့် အာဏာလည်း ရှိပါသည် အထက်လွှတ်တော် အထက်လွှတ်တော်သည် ဥပဒေကြမ်းများ ဆွေးနွေးခြင်း အပါအဝင် လွတ်လပ်သော အဖွဲ့ အစည်းများနှင့် တရားစီရင်ရေးအဖွဲ့၏ အဖွဲ့ဝင်ခန့် ထားရွေးချယ်ခြင်းအပေါ် အကြံပြုခွင့် အာဏာကို လည်း အပ်နှင်းခြင်း ခံထားရပါသည်။ အရည်အချင်းသတ်မှတ်ချက်များ အောက် လွှတ်တော် မွေးဖွားစဉ်တွင် ထိုင်းနိုင်ငံသားဖြစ်သူ၊ အသက် ၂၅ နှစ်ပြည့်ပြီးသူ၊ သက်မှတ် ချက်နှင့်အညီ နိုင်ငံရေး ပါတီဝင်ဖြစ်သူ ဖြစ်ရမည်။
ထို့ပြင်မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ် လောင်းဖြစ်ပါက ဝင်ရောက်ယှဉ်ပြိုင်မည့် ခရိုင်တွင် မွေးဖွားသူ၊ ယင်းခရိုင်တွင် အနည်းဆုံး ငါးနှစ် ( တစ်ဆက်တစ်စပ်တည်း နေထိုင် လျက်ရှိသည့် အိမ်ထောင်စုဇယားရှိသူ၊ ယင်းခရိုင်ရှိ ပညာရေး အဖွဲ့ အစည်း တစ်ခုခုတွင် အနည်းဆုံး ငါးနှစ် တစ်ဆက်တစ်စပ်တည်း ပညာသင်ကြားဖူးသူ။
ယင်းခရိုင်ရှိ အစိုးရအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် အစိုးရ အသိအမှတ်ပြု အဖွဲ့အစည်း တစ်ခုခုတွင် တာဝန်ယူဖူးသူ ဖြစ်ရမည်။
အထက်လွှတ်တော် မွေးဖွားစဉ်တွင် ထိုင်းနိုင်ငံသားဖြစ်သူ၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၄၀ ပြည့်ပြီးသူ၊ သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်ပြည့်စုံပြီး အတွေ့အကြုံရင့် ကျက်သူ၊ သက်ဆိုင် ရာနယ်ပယ်တွင် အသိပညာပြည့်၀သူ၊ သက်ဆိုင်ရာ ဥပဒေနှင့်အညီ ဝင်ရောက်အရွေးခံမည့်ဒေသတွင် မွေးဖွားသူ သို့မဟုတ် အမြဲတမ်းနေထိုင်သူ သို့မဟုတ် အလုပ်လုပ်ကိုင်သူ ဖြစ်ရမည်။
ကျင်းပခဲ့သည့်ရွေးကောက်ပွဲများနှင့်
ရွေးကောက်ပွဲစနစ်များ ထိုင်းနိုင်ငံသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ် အတွင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအပါအဝင် ရွေးကောက်ပွဲ ၁၉ ကြိမ် ပြုလုပ်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်တစ်နယ်လျှင် ကိုယ်စားလှယ်တစ်ဦးနှုန်း ရွေးကောက်တင်မြှောက် သည့် မဲဆန္ဒနယ်၃၇၅နယ်အတွက်ရွေးကောက်ပွဲကို Mixed Member Majoritarian System - MMM စနစ်ကို အသုံးပြု၍ ကျင်းပခဲ့ပြီး ပါတီကိုယ်စားပြု ကိုယ်စားလှယ်နေရာ ( Party-List ) ၁၂၅ နေရာ | အတွက် ရွေးကောက်ပွဲကို အမျိုးသားမဲဆန္ဒနယ် odawodgora Proportional Representation (အချိုးကျ ကိုယ်စားပြုစနစ်) အသုံးပြု၍ ကျင်းပပေး ခဲ့ပါသည်။ ။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲသည်ရွေးကောက်ပွဲကျင်းပသည့်နေ့၌ မဲရုံများသို့ မဲလာပေးသူများအား နှောင့်ယှက် ဟန့်တားမှုများနှင့် ခရိုင်အားလုံးတွင် မဲပေးခြင်း
လုပ်ငန်းစဉ်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဟူသော စွဲချက်များဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသည်အထွေထွေထွေရွေးကောက်ပွဲအား ပယ်ဖျက်ကြောင်း ၂၀၁၄ ခုနှစ် မတ်လ ၂၁ ရက်နေ့ တွင် ကြေညာခဲ့သည့်အတွက် ပျက်ပြယ်ခဲ့ပါသည်။
ယင်းနောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပကာ ရေးဆွဲထား သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကိုလည်း
ကောင်း၊ အထက်လွှတ်တော် ကိုယ်စားလှယ်များနှင့် အောက်လွှတ်တော် ကိုယ်စားလှယ်များမှ ဝန်ကြီး ချုပ်အား ပူးပေါင်းရွေးချယ်ခွင့်ကိုလည်းကောင်း သဘောတူညီမှု ရှိ/မရှိပြည်သူ့ ဆန္ဒခံယူ ခဲ့ပါသည်။
၂၀၁၄ ခုနှစ်တွင် ကျင့်သုံးခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထက်လွှတ်တော်အား ၊ တပ်မတော်မှ ခန့်အပ်ထားသော ကိုယ်စားလှယ် ၇၄ ဦးနှင့် single Non-Transferable Vote (SNTV)ဖြင့် ရွေးချယ်ထားသည့် ကိုယ်စားလှယ် ၇၆ ဦး စုစုပေါင်း ကိုယ်စားလှယ် ၁၅၀ဖြင့် ဖွဲ့စည်းရမည် ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်တွင်မူ အထက်လွှတ်တော် ကိုယ်စားလှယ် အားလုံးကို ထိုင်းတော်ဝင်စစ်တပ်မှခန့်အပ်ရန် ပြင်ဆင်ရေးဆွဲ ခဲ့ပြီး ကိုယ်စားလှယ်နေရာ ခြောက်နေရာကိုလည်း တပ်မတော်အကြီးအကဲများအတွက် သတ်မှတ်ရန် ပြဋ္ဌာန်းခဲ့ပါသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ၂၀၁၇ ခုနှစ် ဧပြီလ တွင် အတည်ပြုခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါသည်။ ၎င်းရွေးကောက်ပွဲတွင် Mixed Member Apportionment System - MMA စနစ်ကို ပထမဆုံးအကြိမ်အဖြစ် ကျင့်သုံးခဲ့ပါသည်။ Mixed Member Apportionment System
- MMA | ထိုင်းနိုင်ငံ၏ MMA စနစ်မှာ အခြားသောရောစပ် ရွေးကောက်ပွဲများကဲ့သို့ မဲဆန္ဒရှင်များအနေဖြင့် ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအား တစ်ကြိမ် ဆန္ဒမဲပေးရခြင်းမဟုတ်ဘဲ ပေါင်းစပ်မဲ (Fused Ballot) odlaganoco:qops Gool သည်။ မဲဆန္ဒရှင်မှ ဆန္ဒပြုလိုက်သော အဆိုပါ ဆန္ဒမဲ တစ်ပြားသည် ကိုယ်စားလှယ်လောင်းအတွက် သာမက ယင်းကိုယ်စားလှယ်လောင်း ကိုယ်စားပြု
သောပါတီအတွက်ပါ အကျုံးဝင်မည် ဖြစ်ပါသည်။ ပါတီတစ်ခုချင်းစီမှ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ရရှိလာသော စုစုပေါင်းဆန္ဒမဲအရေအတွက်ပေါ်မူ တည်၍ ယင်းပါတီရရှိနိုင်မည့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်နေရာအရေအတွက်ကို သတ်မှတ် ပေးခြင်း ဖြစ်ပါသည်။ ။
ပါတီများအနေဖြင့် ၎င်းတို့ ရရှိထားသည့် မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ်နေရာ အရေအတွက်သည် သတ်မှတ်ပမာဏမပြည့်မီသေး သည့် အခြေအနေမျိုးတွင်သာ ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်နေရာ အရေအတွက်ကို ရရှိနိုင်မည် ဖြစ်ပါသည်။
ထို့အတွက်ကြောင့် ပါတီတစ်ခုအနေဖြင့် အနိုင်ရရှိထားသည့် မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စား လှယ်နေရာ အရေအတွက်သည် ပထမ အဆင့်ရေတွက်ချိန်တွင် အရည်အချင်းပြည့်မီ၍ သတ်မှတ်ပမာဏထက် ကျော်လွန်နေပါက ပါတီကိုယ်စားပြု ကိုယ်စားလှယ်နေရာ ရရှိခွင့်မရှိ ပေ။ ပါတီကိုယ်စားပြု ကိုယ်စားလှယ်နေရာတွက်ချက်ခြင်း Mixed Member Apportionment System -MMA စနစ်အရ မဲဆန္ဒရှင်များ ဆန္ဒပြုလိုက်သည့် ပေါင်းစပ်ဆန္ဒမဲတစ်မဲချင်းစီ (Fused Ballot) သည် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် လောင်း အတွက်သာမက ယင်းကိုယ် စားလှယ်လောင်း ကိုယ်စားပြုသည့် ပါတီအတွက်ပါ ရေတွက်ခြင်း ဖြစ်ပါသည်။
ပထမအဆင့်အနေဖြင့် ပါတီတစ်ခုချင်းစီ အလိုက်ရရှိမည့် ကိုယ်စားလှယ် အရေအတွက်ကို ၎င်းပါတီ၏နိုင်ငံတစ်ဝန်းရရှိသော စုစုပေါင်း ဆန္ဒမဲ ( အရေအတွက်ပေါ်မူတည်၍ သတ်မှတ်ပေးပါသည်။ ပါတီကိုယ်စားပြု ကိုယ်စားလှယ်အရေအတွက် ရရှိရန်အတွက် နိုင်ငံရေးပါတီများသည် အနိမ့်ဆုံး
ထောက်ခံမဲအရေအတွက် (Threshold ) ရရှိရမည် ဖြစ်ပါသည်။ အနိမ့်ဆုံး ထောက်ခံမဲ အရေအတွက် ( Threshold ) တွက်ချက်ပုံမှာ တစ်နိုင်ငံလုံး၏ ခိုင်လုံမဲအရေအတွက်စုစုပေါင်းကို တင်မြှောက်မည့်ကိုယ်စားလှယ်အရေအတွက် ၅၀၀ ဖြင့် အချိုးချခြင်း နည်းဖြင့် ရရှိလာခြင်း ဖြစ်ပါသည်။
ဒုတိယအဆင့် ပါတီကိုယ်စားပြု ကိုယ်စားလှယ် နေရာခွဲဝေခြင်းကို ပါတီတစ်ခုချင်းစီ အလိုက် ရရှိသည့် ပေါင်းစပ်ဆန္ဒမဲ ( Fused Ballot ) ရရှိမှု အနည်းအများအပေါ် မူတည်၍ ဆောင်ရွက်ပါသည်။
ပထမအဆင့် တွက်ချက်ရာမှ ထွက်ပေါ်လာ သော ပါတီတစ်ခုချင်းစီအလိုက် ရရှိနိုင်မည့် ကိုယ်စားလှယ်အရေအတွက်မှ ၎င်းပါတီ အနိုင်ရရှိ ထားပြီးဖြစ်သည့် မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ်အရေအတွက်ကို နားလိုက်ပါက ပါတီအနေဖြင့်ရရှိမည့် ပါတီကိုယ်စားပြု ကိုယ်စား လှယ်နေရာအရေအတွက်ကို ရရှိမည်ဖြစ်ပါသည်။ ( ဥပမာ - ပါတီ A သည် တစ်နိုင်ငံလုံး၏ မဲဆန္ဒရှင် စုစုပေါင်း ၂၀ ရာခိုင်နှုန်းရရှိပြီး မဲဆန္ဒရှင်ကိုယ်စားပြု ကိုယ်စားလှယ် နေရာ ၇၀ နေရာ အနိုင်ရရှိထားပါက ပထမအဆင့်အနေဖြင့် A ပါတီအတွက် ကိုယ်စား လှယ်နေရာ ၁၀၀ နေရာ (၅၀၀၏ ၂၀ ရာခိုင်နှုန်း) ရရှိမည်ဖြစ်ပါသည်။ ဒုတိယအဆင့် ဆက်လက် တွက်ချက်ရာတွင် ရရှိထားသည့် ကိုယ်စားလှယ် နေရာ ၁၀၀ နေရာမှ မဲဆန္ဒနယ် ကိုယ်စားပြု ကိုယ်စားလှယ်နေရာ ၇၀ကို ခြားနားလိုက်ပါက ပါတီကိုယ်စားပြု ကိုယ်စား လှယ်နေရာ ၃၀ နေရာ ရရှိလာမည် ဖြစ်ပါသည်။
၂၀၁၉ ခုနှစ်ရွေးကောက်ပွဲ ထိုင်းနိုင်ငံတွင် မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ် ၃၅၀နှင့် ပါတီကိုယ်စားပြု ကိုယ်စားလှယ် ၁၅၀ စုစုပေါင်း ၅၀၀ အား သတ်မှတ်ထားပါသည်။ မဲဆန္ဒနယ် တစ်နယ်လျှင် ကိုယ်စားလှယ်တစ်ဦးနှုန်းဖြင့် မဲဆန္ဒနယ် ၃၅၀မှ မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ် ၃၅၀အား ( တိုက်ရိုက်ဆန္ဒမဲပေး ရွေးချယ်ပြီး ပါတီကိုယ်စားပြု
ကိုယ်စားလှယ် ၁၅၀ကို ပါတီတစ်ခုချင်းစီ | အလိုက်ရရှိသည့် ဆန္ဒမဲအရေအတွက် အနည်း အများပေါ်မူတည်၍ သတ်မှတ်ချက်များနှင့် အညီ ရွေးချယ်ပါသည်။ ။
၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် ခိုင်လုံမဲ ( အရေအတွက် စုစုပေါင်း ၃၅ ဒသမ ၆၃ သန်း ရှိခဲ့ပါ
သည်။ ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စား | လှယ်အရေအတွက် စုစုပေါင်း ၅၀၀ ရှိသဖြင့် | ကိုယ်စားလှယ်တစ်ဦးအနေဖြင့် အနိမ့်ဆုံးထောက်ခံ
မဲအရေအတွက် ( Threshold ) ၇၁၀၆၅ ရရှိရန် ( လိုအပ်ပါသည်။ အနိမ့်ဆုံးထောက်ခံမဲအရေအတွက် (Threshold) ၇၁၀၆၅ ရရှိသည့် ပါတီများကို ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်နေရာများ ခွဲဝေပေး ပြီးနောက်ကျန်ရှိနေသေးသည့် ကိုယ်စားလှယ် နေရာ များအား ၇၁၀၆၅ အောက် လျော့ နည်းသော ပါတီ ငယ်များသို့ ခွဲဝေပေးပါသည်။ လွှတ်တော်တွင်း ပါတီငယ်များပါဝင်ခွင့် ပိုမိုရရှိရေးအတွက် အနိမ့်ဆုံး
ထောက်ခံမဲ အရေအတွက် ( Threshold) ၇၁၀၆၅ မရရှိ၍ ပါတီကိုယ်စားပြု ကိုယ်စား လှယ်နေရာ မရရှိသော ပါတီငယ်များအတွက် သတ်မှတ်ချက်ကို ( ၃၀,၀၀၀ ခန့်သို့ လျှော့ချပေးခဲ့ပါသည်။
၎င်းတွက်ချက်မှုပုံစံသည် “ပါတီများအနေဖြင့်ယင်းတို့ ရရှိသင့်သည့် အရေအတွက်ထက် ပိုမို၍ မရရှိသင့်” ဟူသော အချက်အပေါ် ထိခိုက် စေနိုင်သည်ဟု ဝေဖန်ထောက်ပြခဲ့ကြပြီး အစိုးရဖွဲ့စည်းမှု အပေါ်ဆိုးကျိုးများသက်ရောက် မည်ကို စိုးရိမ်မှုများ ရှိခဲ့ကြပါသည်။ ဒီမိုကရေစီလိုလားသော ပါတီများမှ ပါတီကိုယ်စားပြု ကိုယ်စားလှယ်နေရာကို အနိမ့် ဆုံး ထောက်ခံမဲအရေအတွက် ( Threshold ) ၇၁၀၆၅ ရရှိသော ပါတီများသို့သာ ခွဲဝေပေးရန် တင်ပြခဲ့ကြပါသည်။ ယင်းကိစ္စအား ဖြေရှင်းရန် အတွက် အစိုးရအရာရှိ (အစိုးရဌာနများ နှင့်စပ်လျဉ်းသည့် ပြဿနာများကို စုံစမ်းတင်ပြရန် ခန့်အပ်ထား သောအစိုးရအရာရှိ) က ရွေးကောက်ပွဲကော်မရှင်၏ ပါတီကိုယ်စားလှယ်နေရာ တွက်ချက်မှု ပုံစံအပေါ် အငြင်းပွားမှုများ ဖြစ်ပွားစေသည့် ဝိဝါဒကွဲပြားနေသော အထက်ဖော်ပြပါ ပုံစံနှစ်ခုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြဆောင်ရွက်ခဲ့ပါသည်။
ကိုယ်စားလှယ်တစ်ဦးနှုန်းဖြင့် မဲဆန္ဒနယ် ၃၅၀မှ မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ် ၃၅၀အား ( တိုက်ရိုက်ဆန္ဒမဲပေး ရွေးချယ်ပြီး ပါတီကိုယ်စားပြု
ကိုယ်စားလှယ် ၁၅၀ကို ပါတီတစ်ခုချင်းစီ | အလိုက်ရရှိသည့် ဆန္ဒမဲအရေအတွက် အနည်း အများပေါ်မူတည်၍ သတ်မှတ်ချက်များနှင့် အညီ ရွေးချယ်ပါသည်။ ။
၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် ခိုင်လုံမဲ ( အရေအတွက် စုစုပေါင်း ၃၅ ဒသမ ၆၃ သန်း ရှိခဲ့ပါ
သည်။ ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စား | လှယ်အရေအတွက် စုစုပေါင်း ၅၀၀ ရှိသဖြင့် | ကိုယ်စားလှယ်တစ်ဦးအနေဖြင့် အနိမ့်ဆုံးထောက်ခံ
မဲအရေအတွက် ( Threshold ) ၇၁၀၆၅ ရရှိရန် ( လိုအပ်ပါသည်။ အနိမ့်ဆုံးထောက်ခံမဲအရေအတွက် (Threshold) ၇၁၀၆၅ ရရှိသည့် ပါတီများကို ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်နေရာများ ခွဲဝေပေး ပြီးနောက်ကျန်ရှိနေသေးသည့်ကိုယ်စားလှယ်နေရာ များအား ၇၁၀၆၅ အောက် လျော့ နည်းသော ပါတီ ငယ်များသို့ ခွဲဝေပေးပါသည်။ လွှတ်တော်တွင်း | ပါတီငယ်များပါဝင်ခွင့် ပိုမိုရရှိရေးအတွက် အနိမ့်ဆုံး
ထောက်ခံမဲ အရေအတွက် ( Threshold) ၇၁၀၆၅ | မရရှိ၍ ပါတီကိုယ်စားပြု ကိုယ်စားလှယ်နေရာ | မရရှိသော ပါတီငယ်များအတွက် သတ်မှတ်ချက်ကို ( ၃၀,၀၀၀ ခန့်သို့ လျှော့ချပေးခဲ့ပါသည်။ - ၎င်းတွက်ချက်မှုပုံစံသည် “ပါတီများအနေဖြင့်
ယင်းတို့ ရရှိသင့်သည့် အရေအတွက်ထက် ပိုမို၍ မရရှိသင့်” ဟူသော အချက်အပေါ် ထိခိုက် စေနိုင်သည်ဟု ဝေဖန်ထောက်ပြခဲ့ကြပြီး အစိုးရဖွဲ့စည်းမှု အပေါ်ဆိုးကျိုးများသက်ရောက် မည်ကို စိုးရိမ်မှုများ ရှိခဲ့ကြပါသည်။ ဒီမိုကရေစီလိုလားသော ပါတီများမှ ပါတီကိုယ်စားပြု ကိုယ်စားလှယ်နေရာကို အနိမ့် ဆုံး ထောက်ခံမဲအရေအတွက် ( Threshold ) ၇၁၀၆၅ ရရှိသော ပါတီများသို့သာ ခွဲဝေပေးရန် တင်ပြခဲ့ကြပါသည်။ ယင်းကိစ္စအား ဖြေရှင်းရန် အတွက် အစိုးရအရာရှိ (အစိုးရဌာနများနှင့်စပ်လျဉ်း သည့် ပြဿနာများကို စုံစမ်းတင်ပြရန် ခန့်အပ်ထားသောအစိုးရအရာရှိ) က ရွေးကောက်ပွဲကော်မရှင်၏ ပါတီကိုယ်စားလှယ်နေရာ တွက်ချက်မှု ပုံစံအပေါ် အငြင်းပွားမှုများ ဖြစ်ပွားစေသည့် ဝိဝါဒကွဲပြားနေသော အထက်ဖော် ပြပါ ပုံစံနှစ်ခုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြဆောင်ရွက်ခဲ့ပါသည်။
မေလ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ ( အခြေခံ ဥပဒေဆိုင်ရာခုံရုံးက လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ ပါတီကိုယ်စားပြု ကိုယ်စားလှယ်နေရာ သတ်မှတ်သည့်ပုံစံနှင့် စပ်လျဉ်း ၍ အငြင်းပွားမှုသည် ၂၀၁၇ ခုနှစ်ပဋိညာဉ်နှင့်သွေဖည်ခြင်း မရှိစေရဟု အမိန့်ချမှတ်ခဲ့ပါသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံရေးသမိုင်းတွင် စံချိန်သစ်အနေဖြင့် နိုင်ငံရေးပါတီစုစုပေါင်း ၂၇ ပါတီသည် လွှတ်တော် တွင်း ကိုယ်စားလှယ်နေရာများ ရရှိလာခဲ့ပါသည်။
ထိုင်းနိုင်ငံသည် တိုင်းပြည်နှင့်ကိုက်ညီမည့် အချိုးကျကိုယ်စားပြုစနစ် ပုံစံအမျိုးမျိုးပြောင်း အသုံးပြု၍ ရွေးကောက်ပွဲများ ကျင်းပပေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူတိုင်း၏ ဆန္ဒမဲများကို အလေး ထား ( ခွဲဝေပေးသည့်အတွက် ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု များပြား လာကာ ဒီမိုကရေစီလမ်းစဉ် အောင်မြင်ရန် အထောက်အပံ့ ဖြစ်စေခဲ့ပါသည်။ နောက်တစ်ကြိမ် ရွေးကောက်ပွဲ အား ၂၀၂၃ ခုနှစ် မတ်လတွင် ပြုလုပ်သွားမည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၌ တပ်မတော်မှ အာဏာ သိမ်းမှု ၂၂ကြိမ်ပေါ်ပေါက်ခဲ့ပြီး နိုင်ငံရေး အခြေအနေ ရှုပ်ထွေးမှု အမျိုးမျိုး ကြုံတွေ့ခဲ့ရသော်လည်း ထိုင်းပြည်သူ ပြည်သားတို့၏သည်းခံနိုင်စွမ်းရှိမှု၊ ဘဝပေး အသိရှိမှုနှင့် ပြဿနာများအား ငြိမ်းချမ်းစွာ ( အဖြေရှာခြင်း နည်းလမ်းများဖြင့် ဖြေရှင်းမှုများ ကြောင့် နိုင်ငံကို အကောင်းဆုံးတည်ဆောက်လျက် ရှိကြောင်း နိဂုံးချုပ် ဖော်ပြအပ်ပါသည်။
နေခြည်
ရည်ညွှန်းကိုးကား Election Guide by IFES ( Thailand) Constitutional Design in Thailand: the Management of Electoral Process in an
Emergent Democracy - Electoral Politics in Thailand
Thailand's Puzzling 2019 Election: How the NCPO Junta has Embedded itself in Thai Politics Thai Election For Dummies: HOW, WHEN, WHERE TO Cast Your Vote - Thailand in Brief by Royal Thai Embassy
Washington DC