Skip to main content

ဖြတ်သန်းပြီးမြောက်ခဲ့သည့် လေးလတာခရီး…….

 

(ယမန်နေ့မှ အဆက်)

ပြည်သူ့အတွက် အခြေခံအဆောက်အအုံများပြည့်စုံရေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၁၇ ရက်နေ့က ရတနာပုံခန်းမ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အဖွင့် အမှာစကားပြောကြားရာတွင် ရတနာပုံ ခန်းမကြီးသည် မန္တလေးနှင့်အနီး ဝန်းကျင်တွင် နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့် အခန်းကဏ္ဍများအတွက် လူနေမှုအဆင့်အတန်း ပိုမို မြင့်မားတိုးတက်စေပြီး ကောင်းမွန်သော ဝန်ဆောင်မှု လုပ်ငန်းများကို အဆင့်မီဆောင်ရွက်ပေးနိုင်သော ခန်းမအဆောက်အအုံကြီးတစ်ခု ဖြစ်ကြောင်း၊ ရတနာပုံခန်းမကြီးသည် လူဦးရေ ၁၂၀၀ ဝင်ဆံ့ပြီး စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေး များ၊ ရှင်ပြု ရဟန်းခံ နားထွင်းနားသ အလှူပွဲ၊ မင်္ဂလာဆောင်ပွဲ၊ အထိမ်းအမှတ် ညစာစားပွဲ၊ အငြိမ့်ပွဲ၊ ပဒေသာကပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ စသည့်အခမ်း အနားပွဲများအပြင် ဒေသဖွံ့ဖြိုးရေး ကိစ္စများ၊ ဈေးရောင်းပွဲတော်များနှင့် နိုင်ငံတကာ ကုန်စည်ပြပွဲများကိုပါ ကျင်းပဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ။

ယခုကာလအတွင်း ပြည်သူတို့ လိုအပ်နေသောဓာတ်အားလိုအပ်ချက်ကို ပြည့်စုံလုံလောက်စေရေးနှင့် လာမည့်နှစ် များတွင် ပိုမိုလိုအပ်လာမည့် လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကိုလည်း ပြည့်မီ အောင် ဖြည့်ဆည်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအမံများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် လည်း သဘာဝအရင်းအမြစ်နှင့် လူမှု ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေ မည့် စီမံကိန်းများ ဆောင်ရွက်နိုင်စေရေး စသည်ဖြင့် ဆွေးနွေးလျက်ရှိသည်ကိုလည်း မေလ ၁ ရက်က ကျင်းပသည့်  လျှပ်စစ်ကဏ္ဍ၏ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာ နှစ် ဒုတိယသုံးလပတ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးမှ သိရပါသည်။

၂၀၂၁ ခုနှစ် မိုးရာသီတွင် နိုင်ငံ တစ်ဝန်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် ရေးအတွက်သစ်တောဦးစီးဌာနအနေဖြင့် ပျိုးပင် ၃၃၁၃၄၁၁၁ ပင်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအနေဖြင့် ၂၆၈၂၃၇၅ ပင်နှင့် မြန်မာ့သစ်လုပ်ငန်း အနေဖြင့် ၄၄၆၃၀၁ ပင် စုစုပေါင်း ပျိုးပင် ၃၆၂၆၂၇၈၇ ပင် စိုက်ပျိုးသွား မည်ဟု မေလ ၁၈ ရက်တွင် ကျင်းပသည့် ၂၀၂၁ ခုနှစ် မိုးရာသီ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် လမ်းဘေးဝဲယာ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးခြင်း ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

 ပြည်သူများကျန်းမာကြံ့ခိုင်ရေး

ဆေးတက္ကသိုလ်ဘွဲ့လွန်၊ ဘွဲ့ကြို သင်တန်းများ ဖွင့်လှစ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး များကိုလည်း မေလအတွင်း ကျင်းပခဲ့ပြီး ကိုဗစ်ရောဂါ၏ ဗီဇပြောင်းလဲသည့် အခြေအနေများ၊ လက်ရှိရောဂါဖြစ်ပွားမှု အခြေအနေများနှင့် ကာကွယ်ရေး၊ ကုသ ရေး စသည့်လုပ်ငန်းအစီအစဉ်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြသည့်အပြင် အနယ်နယ် အရပ်ရပ်တွင်လည်း Mask တပ်ဆင်ရေးကမ်ပိန်းများ ပြန်လည် ကျင်းပခြင်း၊ အသိပေးစာစောင်များ ဖြန့်ဝေခြင်းများနှင့် ကြိုတင်ပြင်ဆင်မှု များကို ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဌာနများ ပူးပေါင်းဆောင်ရွက်သဖြင့် ကိုဗစ်၏ လှိုင်းအသစ် မဖြစ်ပွားစေဖို့ ယခုတိုင် ထိန်းချုပ်ထား နိုင်ခဲ့သည်မှာ သက်သေပင် ဖြစ်ပါသည်။

မေလဆန်းအတွင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးတို့ အပါအဝင် မန္တလေးဗဟိုအမျိုးသမီးဆေးရုံ၊ မော်လမြိုင်နှင့် မုံရွာ၊ သားဖွား မီးယပ်ရောဂါ အထူးကုဆေးရုံကြီး နေပြည်တော်စသည့် ပြည်သူ့ဆေးရုံ ကြီးများ၊ တိုက်နယ်နှင့် ခရိုင်အသီးသီး တို့မှ ပြည်သူ့ဆေးရုံကြီးများသည် လည်းကောင်း အသီးသီး ပြန်လည် ဖွင့်လှစ်ခဲ့သည်ကို ဝမ်းမြောက်ဖွယ် မြင် တွေ့ရမည်ဖြစ်ပါသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး sar-Cov-2 (Vero Cell) ဆေး အလုံးရေ ငါးသိန်းကိုမေလ၂ ရက်နေ့တွင်  လေကြောင်းမှတစ်ဆင့် ပေးပို့ထောက်ပံ့ ခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။ ကာကွယ်ဆေးများအား တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ ဖြန့်ဝေထိုးနှံပေးခဲ့ သည့်အပြင် တပ်မတော်တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုး မရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်  အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများ နှင့် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်နေသည့် ကာလ အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင် ရန်နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးရှိ ဝန်ထမ်းများအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက လှူဒါန်း သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ဆေးပစ္စည်းများကို မေလ ၁၈ရက်နေ့က အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းမှ အထူးလေယာဉ်နှစ်စင်းတို့ဖြင့် နေပြည်တော်လေဆိပ်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှ သွားရောက်ပို့ဆောင်လှူဒါန်းခဲ့သည်ကိုလည်း မြင်တွေ့ရသည်။ အဆိုပါလေယာဉ်များ တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ပြန်လည်ထွက်ခွာရန် အခက်အခဲရှိနေ သည့် အိန္ဒိယနိုင်ငံသား ၂၅ဦးတို့လိုက်ပါ သွားနိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံတွင် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံ သို့ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသည့် သံဃာတော်၊ သီလရှင်၊ လူပုဂ္ဂိုလ် မြန်မာ နိုင်ငံသား ၁၂၈ ဦးတို့ကို ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့သည်ကိုလည်း သိရှိရပါသည်။

ထို့ပြင် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများအား ကိုဗစ်-၁၉  ရောဂါစစ်ဆေးခြင်း၊ ကွာရန်တင်းထား ရှိခြင်းနှင့် လိုအပ်သည်များ ဆောင်ရွက် ပေးခြင်းများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော် ဆေးရုံမှဆရာဝန်များ၊ ပါရဂူများ၊ဘေးမှူး များ နှင့် သူနာပြုများက မေလအတွင်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိနေ သည်ကိုလည်း မြင်တွေ့ရပါသည်။  ထို့အတူ တပ်မတော်၏ ပြည်သူ့အကျိုး ပြုလုပ်ငန်းများအနက် ပြည်သူလူထု အတွက် အဓိကအကျဆုံးဖြစ်သည့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးရန် တပ်မတော်သားပါရဂူများ၊ ဆရာဝန်များ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် တပ်မတော်ဆေးရုံများတွင် သာမက နယ်လှည့်ဆေးကုသရေးအဖွဲ့များ အဖြစ် ပါဒေသခံပြည်သူများ၏ ကျန်းမာရေးကို  စောင့်ရှောက်ပေးလျက်ရှိရာလိုအပ်သည့် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ခွဲစိတ် ကုသပေးခြင်း၊ ဆေးရုံတက်မည့်လူနာ များကို ဆေးရုံသို့ပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ကုသမှုအား ဖြင့် ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၂၆၆၆၆ ဦးနှင့် အတွင်းလူနာပေါင်း ၆၈၁၈၈ ဦးတို့ကို ကုသပေးနိုင်ခဲ့ပြီဖြစ်ပါသည်။

တပ်မတော်ကုသရေးမှ ကျန်းမာရေး စောင့်ရှောက်ခံလူနာများအနက် အကြီး စား ခွဲစိတ်ကုသရန်လိုအပ်သူ ၁၀၅၈၀၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၅၄၀၁ ဦး စုစုပေါင်း ၁၅၉၈၁ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ် ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူ များ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ထို့ပြင်ကလေး မီးဖွားလူနာ ၅၄၁၅ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၇၉၀၇ ဦးကို သာမန်ဖြင့် လည်း ကောင်း မွေးဖွားပေးနိုင်ခဲ့သဖြင့် ယနေ့ အထိ ကလေးငယ် ၁၃၃၂၂ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် ပူးပေါင်း ဆောင်ရွက်နေသည်ကိုလည်း အားရဖွယ် မြင်တွေ့ရပါသည်။

ကျန်းမာကြံ့ခိုင်စေရေးနှင့် အားကစား စိတ်ဓာတ် မြင့်မားလာစေရေးအတွက် မေလတစ်လတာအတွင်းဘောလုံးပြိုင်ပွဲ နှင့် အခြားအားကစားပြိုင်ပွဲများကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကျင်းပလျက်ရှိသည်ကိုလည်း မြင်တွေ့ရ ပါသည်။

ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပြီး အောင်မြင်မှုရရှိပြီး နိုင်ငံ့ ဂုဏ်ဆောင်နိုင်ရေးအတွက် နေပြည် တော်တော်နှင့် ရန်ကုန်မြို့များတွင် စခန်းသွင်း လေ့ကျင့်နေကြပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ အားကစားနည်း ၁၈ မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရှိရပါသည်။

ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုနှင့်အနုသုခုမ

(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိ ကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲကို ကမ္ဘာအေးကုန်းမြေ မဟာပါသဏလိုဏ်ဂူ သိမ်တော်ကြီး၌ မေ ၁၇ ရက်မှ ၂၁ ရက်အထိ ငါးရက်တိုင် တိုင်ကျင်းပခဲ့သည်ကိုလည်း မြင်တွေ့ရမည်ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်း ဒေသကြီး အသီးသီးရှိဘုရား၊ စေတီပုထိုးများနှင့် ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာ သာဝင်များ၏ ဘာသာအလိုက် ဘာသာရေးကျောင်းများ၊ ဝတ်ပြုကျောင်းများတွင် စိတ်အေးချမ်းသာစွာ ဖူးမြော်နေကြ သည်ကိုလည်း မေလအတွင်း မြင်တွေ့ရ မည်ဖြစ်ပါသည်။ ထို့ပြင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ အပါအဝင် အခြားမြို့များရှိ ပန်းခြံများ၊ အားကစားကွင်းများ၊ ဈေးများ၊ ဆေးရုံ များ၊ လေကြောင်းလိုင်းများ၊ မီးရထားနှင့် သင်္ဘောခရီးစဉ်များ၊ မော်တော်ယာဉ် လိုင်းများကို မေလအတွင်းမှာပင် ပြန်လည်ဖွင့်လှစ်ခဲ့သည့်အတွက် ယခုအခါ ပုံမှန်လည်ပတ်နိုင်ခဲ့ပြီဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် မန္တလေးမြို့ ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား မေလ၁၈ရက် နံနက်ပိုင်းတွင် သွားရောက် ဖူးမြော်ကြည်ညိုခဲ့သည်။ ဘုရားကြီးအား  ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ  ကပ်လှူပူဇော်ခဲ့ပြီး၊ ဘုရားကြီးအတွင်းရှိ ရှေးမူလက်ရာများ စနစ်တကျထိန်းသိမ်း ထားရှိရေးတို့ကိုလမ်းညွှန်မှာကြားခဲ့ပါသည်။

ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် ရှေးမူလက်ရာ မပျက်စေရေး အလေးထားဆောင်ရွက် သွားရန်လိုအပ်ကြောင်းကို သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက မေလ ၁ ရက်နေ့က  စစ်ကိုင်းမြို့နှင့်အင်းဝမြို့ တို့ရှိ ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးစဉ်တွင် တာဝန်ရှိသူများအား ပြောကြားခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

 ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix သတင်းဌာနမှ နိုင်ငံရေးဆိုင်ရာ အကြီး တန်းသတင်းထောက်နှင့် Talk with World Leaders အစီအစဉ် တင်ဆက်သူ Ms. Fu Xiao Tiana): con jo qedes က Video Conferencing မှတစ်ဆင့် လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ် ပေါ်ပြောင်းလဲမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ် ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးချက်များနှင့်  ဆက်လက်လုပ်ဆောင်သွားမည့် အခြေ  အနေများ၊ ရခိုင်ပြည်နယ်အရေး ကိစ္စရပ်များ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအပေါ် ထိန်းသိမ်းဆောင်ရွက်နိုင်မည့်  အခြေအနေများ၊ နှစ်နိုင်ငံ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့် အခြားသိရှိလိုသည့် မေးမြန်းမှုများအား ပြည့်ပြည့်စုံစုံ ပြန်လည်ဖြေကြားခဲ့ကြောင်းကို နိုင်ငံ ပိုင်သတင်းဌာနများတွင်ဖော်ပြပါရှိခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၅/၂၀၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို မေလ၁၅ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်နှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာ များ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားပေးခဲ့သည်ကိုလည်း တွေ့ရှိရသည်။

သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုး တက်ရေးအတွက် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီအဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ ရွေးချယ် ရေးအဖွဲ့ဝင်များနှင့် မေလ ၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင် က တွေ့ဆုံဆွေးနွေးခဲ့ပြီး သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာ လောကအတွက်  တည့်မတ်မှန်ကန်စွာဖြင့် ဘက်မလိုက်ဘဲ တရားမျှတစွာကြိုးစားရန်နှင့် ရဲဝံ့စွာ ရပ်တည် လုပ်ဆောင်ကြမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အပတ်စဉ် သတင်းစာရှင်းလင်းပွဲကို မေလ ၇ ရက် နေ့က Video Conferencing ဖြင့် ကျင်းပ ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗိုလ်မှူး ကောင်းထက်စံက သတင်း မီဒီယာများ စတုတ္ထမဏ္ဍိုင် ပီသစေရေး၊ ကျောင်းသား ကျောင်းသူများ ပညာသင် ကြားခွင့်ရရှိစေရေး၊ ပြည်သူများ၏ ကျန်းမာရေး၊ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အခြေအနေများ နှင့် စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

တရားမဝင် အဖွဲ့အစည်းများနှင့်  သတင်းဌာနအချို့သည် ဂြိုဟ်တုစလောင်းများမှတစ်ဆင့် ရုပ်သံလိုင်းများတွင် နိုင်ငံတော်က အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် နေစဉ်ကာလအတွင်း နိုင်ငံတော်လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ အများ ပြည်သူအေးချမ်းသာယာရေးကို ထိခိုက် စေသော အကြောင်းအရာများနှင့် နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ပုန်ကန် မှုကျူးလွန်နေသူများအား အားပေးကူညီ ရာရောက်သည့် အကြောင်းအရာများကို ထုတ်လွှင့်လျက်ရှိသဖြင့် တရားမဝင် ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်များကို တပ်ဆင်အသုံးပြု ဖမ်းယူကြည့်ရှုသူများ ကိုတည်ဆဲဥပဒေအရအရေးယူသွားမည် ဖြစ်ကြောင်း မေလ၄ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန် ထားသည်။

မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေး ကို ရှေးရှု၍လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်၏ မေတ္တာရပ်ခံချက်များကို အလေးထား၍လည်းကောင်း ဂျပန်သတင်းထောက် Mr. Yuki Kitazumi ကို အမှုပိတ်သိမ်း၍ ပြန်လည်စေလွှတ်ပေးကြောင်း မေ ၁၃ ရက်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဂျပန်သတင်းထောက်သည် CDM လှုပ်ရှားမှု များနှင့် ဆူပူဆန္ဒပြမှုများအား ဆက်လက် ပြုလုပ်နိုင်ရန် ထောက်ပံ့ပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဧပြီ ၁၈ ရက်တွင် တရားစွဲဆို အမှုဖွင့်ထားခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်များ ရွေးချယ်တင်မြှောက် ရေးအဖွဲ့သည် သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လစ်လပ်သွားသော သတင်းမီဒီယာကောင်စီဝင်များ နေရာ၌ အစားထိုးရွေးချယ်မှုကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးခဲ့ကြပြီး ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှစ်ဦး၊ အတွင်းရေး မှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်တစ်ဦး တို့ကို ရွေးချယ်ပေးခဲ့ကြောင်း သိရှိရ သည်။

မြန်မာပြည်အနှံ့အပြားခြေဆန့်နိုင်ကြပြီ

မြန်မာ့မီးရထားမှ ခရီးသွားပြည်သူများ အဆင်ပြေစေရန် ယခင်နေ့စဉ် ခရီးသည် လိုက်ပါစီးနင်းမှုများသော ရန်ကုန် - မန္တလေး စာပို့ရထားခရီးစဉ်ကို ( မေလ ၆ ရက်နေ့နှင့် ရန်ကုန် - ပဲခူး RBE ခရီးသည်တင်ရထားကို မေလ ၈ ရက်နေ့ တို့တွင် စတင်ပြေးဆွဲခဲ့သည့်အပြင် ပျဉ်းမနား - တောင်တွင်းကြီး - ပျဉ်းမနား အမှတ် (၁၀၃) အဆန်၊ အမှတ် (၁၀၄) အစုန် RBE ရထားကို မေလ ၁၅ ရက်နေ့ တွင် စတင်ပြေးဆွဲခဲ့သည်ကိုလည်း မြင်တွေ့ရသည်။

ကော့သောင်းခရိုင် မြိတ်ကျွန်းစု ဒေသ မြန်မာ့ပင်လယ်ရေပြင်တွင် Snorkeling ပြုလုပ်နိုင်ခြင်း Scuba Diving ပြုလုပ်နိုင်ခြင်း၊ ဒီရေတောများ အတွင်း လေ့လာအပန်းဖြေနိုင်ခြင်းနှင့် ကျွန်းပေါ် ကမ်းခြေများတွင် အနားယူ အပန်းဖြေခြင်းစသည့် အဏ္ဏဝါခရီးသွား လုပ်ငန်းများဖြင့် ဧည့်သည်များ ရွေးချယ် လည်ပတ်နိုင်စရာ ခရီးစဉ်ဒေသအသစ် များကို ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ဆောက်လုပ်ရေးဝန်ကြီး ဌာနမှလည်း ဒေသတွင်း လမ်း၊ တံတား များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့အတွင်းရှိ လမ်းတံတားများကို လည်းကောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လမ်း  တံတားများ၊ အိမ်ရာများ၊ ရေရရှိရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ကိုင် ပေးလျက်ရှိနေပြီဖြစ်သည်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆီသို့

၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်နှင့် မူလတန်းအဆင့်ကျောင်းများ ၌ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများ၌ မေ၂၄ ရက် နံနက်ပိုင်းမှ စတင်၍ မေလ ၃၁ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ လက်ခံဆောင် ရွက်ပေးလျက်ရှိသည်ကိုလည်း မြင်တွေ့ ရပါသည်။

ကျောင်းများ လာရောက်အပ်နှံစဉ် ကျောင်းသား/ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ ပေးအပ်သည့် စာရေးကိရိယာများ၊ ကျောင်းသုံးစာအုပ်များနှင့် COVID-19 ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက် ပေးသည့်အပြင် COVID-19 ရောဂါ ကာကွယ်ကုသမှုကာလအတွင်း Quarantine ဆောင်များအဖြစ် အသုံးပြုခဲ့သော စာသင်ဆောင်များကိုလည်း နယ်မြေခံ ဆေးတပ်ရင်းများမှ  တပ်မတော်သားများက လိုအပ်သည့် ဆေးဖျန်းခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးနေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ၏ ပါရဂူဘွဲ့ကြိုသင်တန်းများ၊ မဟာဘွဲ့ (ရေး)သင်တန်းများနှင့်  နောက်ဆုံးနှစ် ဘွဲ့ကြိုသင်တန်းများကို မေလ ၅ ရက်နေ့တွင် တစ်ပြိုင်တည်းပြန်လည်ဖွင့်လှစ်ခဲ့ပြီ ဖြစ်ပါသည်။ ယင်း သို့ဖွင့်လှစ်ရာတွင် အဆင့်မြင့်ပညာဦးစီး ဌာနအောက်ရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၉ ကျောင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်ကျောင်း ၆၀၊ ပညာရေးဒီဂရီ ကောလိပ် ၂၅ ကျောင်း စုစုပေါင်း ၁၃၄ ကျောင်းတွင် ပါရဂူဘွဲ့ကြိုသင်တန်းများ၊ မဟာဘွဲ့ (ရေး)သင်တန်းများ၊ မဟာ အရည်အချင်းစစ်သင်တန်းများ၊ ဂုဏ်ထူးတန်း ဒုတိယနှစ်၊ တတိယနှစ်သင်တန်းများ၊ နောက်ဆုံးနှစ်ဘွဲ့ကြို သင်တန်းများ၊ ဒုတိယနှစ် ပညာရေးဒီပလိုမာသင်တန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဖွင့်လှစ်လျက်ရှိသော ဘွဲ့လွန်ဒီပလိုမာ သင်တန်းများနှင့် မဟာဘွဲ့ နောက်ဆုံးနှစ် သင်တန်းများကိုလည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်း ပညာကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ စုစုပေါင်း ကျောင်း ၇၀ ရှိ A.G.T.I (၃)နှစ် ဒီပလိုမာသင်တန်းများ၏ နောက်ဆုံးနှစ်ဖြစ်သည့် တတိယနှစ်သင်တန်းများ၊ GTHS (၂)နှစ် သင်တန်း များ၏ နောက်ဆုံးနှစ်ဖြစ်သည့် ဒုတိယ နှစ်သင်တန်းများအား ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများကို လိုက်နာစေလျက် မေ  ၅ ရက်တွင် တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူ များ ပညာသင်ယူမှု အခွင့်အလမ်းနှင့် အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းများ ပွင့်လန်းလာခဲ့ပြီဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် မနေမနား အကျိုးဆောင်လျက်ရှိနေခြင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စတုတ္ထလဖြစ်သည့် မေလအတွင်း ပိုမိုထူးကဲစွာ မြင်တွေ့ရမည်ဖြစ်ရာ မိမိတို့ပြည်သူများလည်း နိုင်ငံတော်အစိုးရနှင့်  တစ်စိတ်တစ်ဝမ်းတည်းထားရှိ၍ နိုင်ငံ နှင့် ပြည်သူ့အကျိုးစီးပွားအတွက် လက်တွဲဖော်ဆောင်ကြပါစို့ ဟူ၍ တိုက်တွန်း ရေးသားလိုက်ရပါတော့သည်။

ကနောင်