မိုးဖြိုင်ဖြိုင် ရေစိုစို မြေစိုစိုမှာ သစ်ပင်ရှင်အောင် စိုက်ကြစို့
ရွှေယွန်း
“မေမေ ပိုးစုန်းကြူးက မီးလင်းတယ်ဆို၊ သားကြည့်ချင်တယ်”ဟု သားက ဆိုလေသည်။ “သားက ပိုးစုန်းကြူးကို ဘယ်လိုသိလာသလဲ” မေးတော့ သူငယ်ချင်းက ပြော၍သိသည်ဟု ဆိုပါသည်။ “သား သူငယ်ချင်းက မြင်ဖူးတယ်ပေါ့”ဟူသော ကျွန်မ၏ ထပ်ဆင့်မေးခွန်းကို “သူ့ ဘွားဘွား ပြောပြတာ”ဟု သားက ခပ်မြန်မြန် ပြန်ဖြေပါသည်။ သားက ပိုးစုန်းကြူးအကြောင်းသာသိရန် စိတ်စောနေသည့်ပုံ။
ကျွန်မသိသမျှ ပိုးစုန်းကြူးအကြောင်း သားကို ပြောပြရသည်။ ကျွန်မတို့ ငယ်ဘဝက ပိုးစုန်းကြူးလေးများကို ပြေးလွှားလိုက်ဖမ်း ရင်း ကစားခဲ့ကြသည်ကိုလည်း သတိတရဆိုမိသည်။ “ပိုးစုန်းကြူးကို မြင်ဖူးချင်တယ်” ဟု သားက ဆိုပြန်သည့်အခါ မြို့ပြဆန်နေပြီဖြစ် သည့် ကျွန်မတို့ မြို့လေးမှာ ပိုးစုန်းကြူး မတွေ့သည်မှာ ကြာခဲ့ပြီ။
ကျွန်မတို့ ငယ်ဘဝကရှိခဲ့သည့် တောရိပ် တောင်ရိပ် ပတ်ဝန်းကျင်နေရာများတွင် မြို့ကွက်သစ်က အစားထိုးနေရာယူခဲ့ပြီး လူနေထူထပ်နေပြီဖြစ်သည့်အတွက် ပိုးစုန်းကြူးလေးများကို မတွေ့ နိုင်တော့ပေ။ လူမှုဝန်းကျင်၏ ပြောင်းလဲတိုးတက်မှုများကြားတွင် ပိုးစုန်းကြူးလေးများကို တခုတ်တရ မရှိတော့ပေ။ ပိုးစုန်းကြူးများ မတွေ့ရတော့ခြင်းသည် ပတ်ဝန်းကျင် ပြောင်းလဲလာမှုကြောင့် ဖြစ်သော်လည်း ဂရုမပြုနိုင်ကြ တော့ပေ။ ထို့အတူ သဘာဝဝန်းကျင် ယိုယွင်းလာမှုကြောင့် ကမ္ဘာပူနွေးလာမှု၊ နှစ်စဉ် အပူချိန် မြင့်တက်လာ မှု၊ ရေခဲတောင်များ အရည်ပျော်လာမှု၊ တောရိုင်းတိရစ္ဆာန်များ ရှားပါး လာမှု စသည့်ကိစ္စရပ်များကို ကြားသိနေရသော်လည်း လူနေမှုဘဝနှင့် ထိစပ်နေသလို မခံစားမိခဲ့။
ထိုသို့ မခံစားမိသည့်အတွက် ၅ နှစ်အရွယ် သားလေး၏ ပိုးစုန်း ကြူး တွေ့ချင်သည့် စိတ်ဆန္ဒမှာ ခဏနေ မေ့မေ့ပျောက်ပျောက် ဖြစ် သွားမည်ဟုသာ ထင်မိခဲ့သည်။ အလုပ်အားလပ်သည့်အခါမှ youtube က ရှာပြမည်ဟုသာ တွေးတောခဲ့သည်။ ထို့ကြောင့် ပိုးစုန်းကြူး မြင်ဖူးချင်လျှင် ပတ်ဝန်းကျင်မှာ သစ်ပင်များများစိုက်၊ သစ်ပင်တွေ အများကြီးရှိနေသည့်နေရာတွင် ပိုးစုန်းကြူးက ပျော်သည်ဟု သားကို လွယ်လွယ်ကူကူ ဆိုခဲ့မိပါသည်။
နောက်တစ်နေ့ နံနက်တွင် သားလေး၏ အပြုအမူကြောင့် ခပ်ပေါ့ပေါ့ဆိုခဲ့မိသည်မှာ မှားခဲ့သည်။ အိမ်ရှေ့ရှိ ပန်းအိုးကလေးများ တွင် နေကြာစေ့လှော်များကို ထိုးစိုက်ရင်း ပိုးစုန်းကြူးလေးများ နေထိုင်ရန် သစ်ပင်စိုက်နေသည်ဟု သားက ဆိုပါသည်။ မြို့ပြလူနေမှု စနစ်ထဲတွင် ကျွန်မနှင့်သား၏ ဖခင်တို့မှာ ရုန်းကန်ရှင်သန်နေရသည့် အတွက် သားကိုပါ သဘာဝပတ်ဝန်းကျင်နှင့် ဝေးကွာနေစေခဲ့သည်။ ရာသီဥတုပြောင်း လဲမှုကြောင့် ဖြစ်ပေါ်လာသည့် အပူချိန်မြင့်မားလာမှု ကို လေအေးပေးစက်ဖြင့် ဖြေဖျောက်ရန်သာ သင်ကြားပေးခဲ့ပြီး သဘာဝလေ၏ သန့်ရှင်းမှု အေးမြမှုကို မခံစားစေခဲ့ပေ။
အသိတစ်ခုကို သားက လှုပ်နှိုးပေးခဲ့ စားဝတ်နေရေးအတွက် အချိန်ပေးရင်း မေ့လျော့နေခဲ့သည့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည့် အသိတစ်ခုကို သားက လှုပ်နှိုးပေးခဲ့သည်။ ထိုအသိကို သားထံသို့လည်း လက်ဆင့် ကမ်းရမည် ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို သိရှိလေ့လာလိုသည့်၊ နှစ်သက်ခံစားလိုသည့် ကလေးငယ်တစ်ဦး၏ ဆန္ဒကို ပြုစုပျိုးထောင် ပေးရမည်ကို သတိပြုမိခဲ့သည်။ သစ်တောသစ်ပင်များကို ချစ်ခင် တတ်သူ၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တတ်သူ တစ်ဦး ဖြစ်လာစေရန်အတွက် သင်ကြားပေးရမည်သာ။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် မြင့်တက်လာသည့် အပူချိန်ကို မိသားစုတစ်စုစီ လေအေးပေးစက်ဖြင့် ခုခံမည့်အစား ကမ္ဘာပေါ်ရှိ သက်ရှိသက်မဲ့ ဂေဟစနစ်အားလုံးအတွက် မျှော်မှန်းပြီး ကုစားဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့အတွက် သစ်ပင်စိုက်ကြရမည် ဖြစ်သည်။
သစ်တော သစ်ပင်များကို ထိန်းသိမ်းရမည် မည်သည့်အတွက်ကြောင့်ဆိုလျှင် ဥတုရာသီသည် တောကို မှီသောကြောင့်ပင်။ ရာသီဥတုကောင်းမွန်ခြင်းသည် သစ်တော သစ်ပင် များအပေါ်တွင် များစွာမူတည်နေသည်။ သစ်တောသစ်ပင်ကောင်းမှ မိုးရွာမည်၊ မိုးရွာမှ အပင်၊ တိရစ္ဆာန်နှင့် ဇီဝမျိုးစုံ ဖြစ်ထွန်းမည်။ တစ်ခု နှင့် တစ်ခုမှီတည်နေသည့် ဂေဟစနစ်အတွက် သစ်တော သစ်ပင် များကို ထိန်းသိမ်းရမည်ဖြစ်သည်။
ကျွန်မတို့ နိုင်ငံတွင်လည်း မိုးဖြိုင်ဖြိုင်ကျသည်နှင့်၊ မိုးရာသီ ရောက်သည်နှင့် ရပ်ကွက်အလိုက်၊ မြို့ရွာအလိုက်၊ ဌာနအလိုက်၊ အဖွဲ့ အစည်းအလိုက် သစ်ပင်စိုက်ကြသည့် အလေ့မှာ စွဲမြဲနေပြီဖြစ်သည်။ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲဟု ခေါ်ဆိုသုံးနှုန်းကြပြီး နိုင်ငံတော် အကြီး အကဲမှ သာမန်ပြည်သူအထိ တပျော်တပါး သစ်ပင်စိုက်ပျိုးကြသည်။ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ရည်ရွယ်ချက်ပင်။ ရာသီဥတု သမမျှတရေးအတွက်ပင်။
နှစ်စဉ်နှစ်တိုင်း မိုးရာသီရောက်သည်နှင့် နိုင်ငံတစ်ဝန်း လူထု လှုပ်ရှားမှုအသွင်ဖြင့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ခရေ၊ တမာ၊ မဲဇလီစသည့် အပင်များကို အဓိက စိုက်ပျိုးကြသည်။ စားပင်သီးပင်၊ အရိပ်ရပင်၊ ပန်းအလှပင်၊ လေကာတန်းပင်၊ ရတနာတန်းဝင် အဖိုးတန် သစ်တောသစ်ပင်စသည်ဖြင့် အမျိုးမျိုးသောသစ်ပင်များကို စိုက် ပျိုးကြသည်။ မည်သည့် အပင်စိုက်သည်ဖြစ်စေ သစ်ပင်စိုက်ပျိုးခြင်း သည် ကောင်းမွန်သော အလေ့အထဖြစ်သည်။ မိုးရာသီ မြေဆီစိခိုက် တွင် သဘာဝပတ်ဝန်းကျင်စိမ်းစိုအောင် အားထည့်စိုက်ပျိုးသည့် သဘောလည်း ဖြစ်သည်။
ရွေးချယ်စိုက်ပျိုးကြရမည် မြေဆီစိုချိန်တွင် ပျိုးပင် သိန်းနှင့် ချီ၍ စိုက်ပျိုးကြသည်။ သစ်ပင် စိုက်သည့်အခါ စိုက်ပျိုးမည့်နေရာဒေသနှင့် ကိုက်ညီမည့် သစ်ပင်မျိုး၊ ရေ၊ မြေ အနေအထားတို့ကို ပညာရှင်များ၏ အကြံပြုချက်ဖြင့် ရွေးချယ်သင့်သည်။ သစ်ပင်စိုက်ပျိုးသည့် နေရာဒေသ၏ ရာသီဥတု၊ မိုးရေချိန်၊ မိုးရွာသွန်းမှုပုံစံ၊ မြေဆီလွှာ အခြေအနေနှင့် စိုက်ပျိုးမည့် သစ်မျိုးတို့အပေါ်မူတည်ပြီး စိုက်ပျိုးနည်း စနစ်တို့ကို ရွေးချယ်စိုက်ပျိုး ကြရမည်။
ထို့အတူ စိုက်ပျိုးပြီး ရှင်သန်အောင် ဆက်လက်စောင့်ရှောက်ရပေမည်။ စိုက်သည့် သစ်ပင်တိုင်း ရှင်သန်ရေးလှုပ်ရှားမှုများလည်း နိုင်ငံ အတွင်း ရှိလာသည်။ ထိုလှုပ်ရှားမှုများကိုလည်း အားပေးရမည်ဖြစ် သည်။ စိုက်သည့် သစ်ပင်သည် တာဝန်အရ စိုက်လိုက်ခြင်း မဖြစ်သင့် ဘဲ ဥယျာဉ်မှူး၏ စေတနာကို ပေါ်လွင်စေရမည်ဖြစ်သည်။ သို့မှသာ ကမ္ဘာမြေပေါ်တွင် ရှင်သန်နေမည့်သစ်ပင်များ ဖြစ်လာမည်ဖြစ်သည်။ သစ်ပင်များကို ရှင်အောင် စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင် ထိန်းသိမ်းရမည်ဟု ဆိုကြသည်။
ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိ မိုးရရာသီ သစ်ပင်စိုက်ပျိုးကြလျှင် သစ်တောဦးစီးဌာန၏ ပြည်သူ နှင့်အတူ ပါဝင်ဆောင်ရွက်မှုများကိုလည်း မေ့ထား၍မရ။ သစ်ပင်စိုက် ( ပွဲတော်များ ကျင်းပသည့် မိုးလရာသီရောက်တိုင်း သစ်တောဦးစီးဌာန က ပြည်သူများထံ ပျိုးပင်များ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိသည်။ သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူများ သစ်ပင်သစ်တော ချစ်ခင် စိတ်တိုးပွားလာစေရေး၊ သစ်တောသစ်ပင် ထိန်းသိမ်းရေး အသိ စိတ်ဓာတ်များ ပိုမိုမြင့်မားလာစေရေးနှင့် သစ်တောများမှ ထောက်ပံ့ ပေးသော ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ပိုမိုသိရှိ နားလည်လာစေရေးတို့အတွက် မိုးလရာသီသစ်ပင် စိုက်ပျိုးပွဲတော် များကို ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သစ်စေ့မြေလုံး “Seed Ball”များ ရဟတ်ယာဉ်ဖြင့် ကြဲချ စိုက်ပျိုးခြင်း၊ စူးထိုးစိုက်ပျိုးခြင်း၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင် မှုဖြင့် သစ်စေ့မြေလုံးများ ဖြန့်ကြဲစိုက်ပျိုးခြင်းတို့ကို ဓာတ်သတ္တု စွန့်ပစ်မြေများ၊တောင်ကတုံးများ၊ ဖုန်းဆိုးတာများ၊တောနိမ့်တောပျက် များတွင် ဆောင်ရွက်လျက်ရှိသည်။
“သစ်ပင်စိုက်ပါ တို့ကမ္ဘာ သာယာလှပ စိမ်းမြမြ” ဟူသည့်ဆောင်ပုဒ်နှင့်အညီ သစ်ပင်စိုက်ခြင်းသည် စိတ်ပင်ပန်းမှုကို ပြေပျောက်စေနိုင်သကဲ့သို့ သစ်တော သစ်ပင်များသည် သဘာဝ ဝန်းကျင်းကို အေးမြစိမ်းလန်းစေသည်။
ထို့အတူ “သစ်တောနှင့် သစ်ပင်၊ ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကို စိုး” ဟူသော ဆောင်ပုဒ်အရ သစ်တောသစ်ပင် သည် အရိပ်အာဝါသကောင်း၊ ရာသီဥတုကောင်းစသည့် ကောင်းကျိုး များအပြင် သစ်ပင်စိုက်ခြင်းသည် ရွှေတိုက်တည်းဟူသည့် ကောင်း
သော လက်ဆောင်ကို အနာဂတ်မျိုးဆက်များထံ လက်ဆင့်ကမ်းခြင်း လည်း ဖြစ်သည်။ တစ်နည်းအားဖြင့် ကျန်းမာသောကမ္ဘာကြီး အဖြစ် ( အနာဂတ် မျိုးဆက်ထံ အမွေပေးခြင်းလည်းဖြစ်ပါကြောင်း တင်ပြ ရေးသားလိုက်ရ ပါသည်။