မြန်မာ့ ပညာရေးစာပေ ( ၈ )
“ဘုန်းတော်ကြီးကျောင်းတွေမှာ စာပေ သင်ကြားနိုင်ဖို့ လိုအပ်တဲ့ပိဋကတ်စာပေကျမ်းဂန် တွေ လုံလုံလောက်လောက်ရှိအောင် အလှူရှင် တွေက လှူဒါန်းကြတာဟာ ပုဂံခေတ်ကတည်းက တွေ့ရတဲ့အစဉ်အလာပဲဆိုတာ သမီးကိုပြောခဲ့ တယ်နော်” “ဟုတ်ကဲ့ပါ”
“အင်းဝခေတ်မှာလဲ အဲဒီလိုလှူဒါန်းတဲ့ အကြောင်းထင်ရှားတဲ့ အထောက်အထားတစ်ခုရှိ တယ်။ ပုဂံဝက်ကြီးအင်းမှာ တက်နွှဲကျောင်းဆိုတဲ့
ကျောင်းကို တောင်တွင်းမင်းသီရိဇေယျသူရ ဇနီး မောင်နှံ ဆောက်လုပ်လှူဒါန်းတဲ့အကြောင်း ရေးထိုးထားတဲ့ ကျောက်စာပဲ။ တက်နွှဲကျောင်း ကျောက်စာလို့ ထင်ရှားတယ်” “ဪ.. ဟုတ်ကဲ့ပါ” “တောင်တွင်းမင်း ဇနီးမောင်နှံဟာ ပုဂံမြို့ ဟောင်းမှာကျောင်းဆောက်ပြီး သံဃာတော်တွေကို လှူဒါန်းရာမှာ ကျောင်းမှာ စာလာသင်တဲ့ စာသင် သားတွေ သင်ကြားနိုင်ဖို့ ကျမ်းပေါင်း ၂၉၄ ကျမ်း လှူဒါန်းတယ်။ ကျမ်းနာမည်တွေကိုပါ အပြည့်အစုံ ဖော်ပြထားတဲ့ အတွက် အင်မတန် တန်ဖိုးကြီးမား တာပေါ့ကွယ်”
“ဟုတ်တာပေါ့နော် ဘဘ၊ အထောက်အထား ခိုင်မာတာပေါ့”
“ဟုတ်တယ်။ အဲဒီကျမ်းစာရင်းမှာ အရင်ဘဘ ပြောခဲ့ဖူးတဲ့ ပိဋကတ်တော်ဆိုင်ရာ ကျမ်းတွေ အကုန်ပါတယ်။ ပါဠိအဋ္ဌကထာဋီကာ စတဲ့ကျမ်း တွေရော၊ မြန်မာလို နိဿယပြန်ထားတဲ့ ကျမ်းတွေ ရော ပါတာပေါ့” “ဟုတ်ကဲ့ပါ”
“ပိဋကတ်တော်တွေအပြင် ဘာကျမ်းတွေ ပါသေးလဲ ဆိုတော့ ဓမ္မသတ်ကျမ်း၊ ဆေးကျမ်း၊ သဒ္ဒါကျမ်း၊ အလင်္ကာကျမ်းတွေလဲပါတယ်။ အဲဒီ ကျမ်းတွေထဲမှာ နိဿယကျမ်းတွေ ၂၃ ကျမ်းပါဝင်ကြောင်း၊ ပါဠိမြန်မာနိဿယကျမ်းတွေရော၊ သက္ကတမြန်မာနိဿယ ကျမ်းတွေတွေ့ရ
ကြောင်း ပါဠိပညာရှင် ပါမောက္ခဆရာကြီး ဦးတင်လွင်က စာတမ်းတစ်စောင်ထဲမှာ ရေးသား ထားတယ်ကွဲ။ ပါဠိမြန်မာနိဿယကျမ်းများဆိုတဲ့ စာတမ်းပဲ”
“ဟုတ်ကဲ့၊ သမီးမှတ်ထားပါ့မယ် ဘဘ” “ဒီကျမ်းတွေနဲ့ပတ်သက်ပြီး ဆရာဇော်ဂျီ မိန့်ဆိုထားတာလဲ မှတ်သားစရာကောင်းတယ်။ တက်နွှဲကျောင်းကျောက်စာဟာ အင်းဝခေတ် မြန်မာသက္ကရာဇ် ၈၀၄ ခုနှစ်မှာ ရေးထိုးခြင်း သက္ကရာဇ်ပါတယ်။ ဒါပေမဲ့ ဒီကျမ်းတွေဟာ ပုဂံ မပျက်ခင်၊ ပုဂံခေတ်အတွင်းမှာ ကတည်းက မြန်မာနိုင်ငံကို ရောက်နေပြီလို့ ယူဆနိုင်ပါတယ်။ ဒီကျမ်းတွေဟာ အိန္ဒိယနိုင်ငံက ရောက်လာတာ ဆိုတော့ ပုဂံခေတ်နောက်ပိုင်းမှာ အိန္ဒိယနဲ့ နှစ် တော်တော်ကြာကြာ အဆက်အသွယ်ပြတ်ခဲ့တာမို့ အဲဒီလိုအဆက်အသွယ်မပြတ်ခင်ပုဂံခေတ်ကတည်းက ရောက်နေတာဖြစ်မယ်လို့ ဆရာဇော်ဂျီက ယူဆတာ လေ”
“ဘဘ၊ အရင်အပတ်ကပြောတဲ့ သိင်္ဃဝီရိ သူ့ဗိုလ် ကျောက်စာက သက္ကရာဇ် ၅၀၀ ကျော် ပုဂံခေတ်မှာ ရေးထိုးတာဆိုတော့ ပုဂံခေတ်မှာကတည်းက ပိဋကတ်စာပေတွေ မြန်မာနိုင်ငံကို ရောက်နေပြီလို့ အခိုင်အမာဆိုနိုင်တယ် မဟုတ်လား”
“ဟုတ်တယ်လေ။ ဒါပေမဲ့ ဆရာဇော်ဂျီ ဒီစကား ကို မိန့်ဆိုတုန်းက အဲဒီကျောက်စာကို မတွေ့ သေး ဘူးလေ။ ဒေါက်တာသန်းထွန်းဖော်ထုတ်တော့မှ ပေါ်ပေါက်လာတာမဟုတ်လား။ ဒီအထောက်အထား နှစ်ခုကို ဆက်စပ်ကြည့်ရင် ဆရာဇော်ဂျီရဲ့ ယူဆချက် မှန်ကန်တယ်ဆိုတာကို အဲဒီသိင်္ဃဝီရ်ကျောက်စာက သက်သေခံနေတယ်လို့ ဆိုရမှာပေါ့ကွယ်” “နားလည်ပါပြီ ဘဘ”
“ဘဘပြောခဲ့တဲ့အတိုင်း နိဿယကျမ်းတွေဟာ စာသင်သားတွေ အထောက်အကူဖြစ်ဖို့ ရည်ရွယ်ပြီး စာပေကျမ်းဂန်တတ်ကျွမ်းတဲ့ ဆရာတော်ကြီးတွေက ပြုစုခဲ့ကြတာလေ။ ဒီတော့ အင်းဝခေတ်မှာ ဘုန်းတော်ကြီးကျောင်းတွေရဲ့ ပညာသင်ကြားရေး ဟာ တော်တော်ဖွံ့ဖြိုးနေပြီဆိုတာ ထင်ရှားတာပေါ့ ကွယ်”
“နားလည်ပါပြီ ဘဘ” “အခုပြောခဲ့တဲ့ ပိဋကတ်စာပေသင်ကြားရေး ကိစ္စတွေကတော့ သာမဏေတွေကစပြီး ရဟန်း စာသင်သားတွေ အဆင့်ဆင့်သင်ကြားရတဲ့ ကိစ္စတွေပေါ့။ ရှေးမင်းတွေ လက်ထက်ကစပြီး ကျင်းပတဲ့ ပါဠိပထမပြန်စာမေးပွဲတွေမှာ အဲဒီစာသင်သားတို့ အဆင့်ဆင့် သင်ကြားထားတာကို စစ်မေးပြီး ပထမ ငယ်၊ ပထမလတ်၊ ပထမကြီးစသည်ဖြင့် အတန်းတွေ သတ်မှတ်ပေးတယ်။ ဓမ္မာစရိယ စာမေးပွဲတွေဟာ အင်းဝခေတ် မြန်မာသက္ကရာဇ် ကြောင်း သက္ကရာဇ်ပါတယ်။ ဒါပေမဲ့ ခင်၊ ပုဂံခေတ်အတွင်းမှာ ကတည်းက ပြီလို့ ယူဆနိုင်ပါတယ်။ ဒီကျမ်းတွေ ဝတာဆိုတော့ ပုဂံခေတ်နောက်ပိုင်းမှာ တကြာ အဆက်အသွယ်ပြတ်ခဲ့တာမို့ ခင် ပုဂံခေတ်ကတည်းက ရောက်နေ က ယူဆအထိပေါ့ အောင်မြင်တဲ့ ရဟန်းတော်တွေကို ဓမ္မာစရိယဘွဲ့တွေ ဆက်ကပ်တယ်။ သမီးလဲ ဒီ အကြောင်းတွေ ဖတ်ရှုနေရတာပဲ မဟုတ်လား”
“ဟုတ်ပါတယ် ဘဘ” “ကဲ... ကျောင်းသားလူငယ်တွေ သင်ကြားရေး နဲ့ပတ်သက်ပြီး တစ်လှည့်ပြန်ကြည့်ရအောင်။ ဆယ်စောင်တွဲ အကြောင်းတို့၊ ဆုံးမစာတွေမှာ ဆုံးမထားတဲ့ လမ်းညွှန်ချက်တွေအကြောင်းတို့ ဘဘတို့ ပြောပြီးကြပြီ။ အဲဒီမှာ လူငယ်တွေအတွက် အရေးကြီးတဲ့ ကျမ်းတစ်ကျမ်းရှိတယ်။ အဲဒါက “လောကနီတိပဲဘွဲ့”
“ဆယ်စောင်တွဲစာအုပ်မှာပါတဲ့ လောကနီတိ ပေါ့နော် ဘဘ”
“ဟုတ်တယ်။ လောကနီတိက ပင်းယခေတ်မှာ စတုရင်္ဂဗလအမတ်ကြီး ပါဠိဘာသာနဲ့ ရေးတဲ့ကျမ်း ပဲ။ နောက်ခေတ်တွေမှာ လောကနီတိကို နိဿယ ပြန်တာတွေ၊ မြန်မာဘာသာပြန်တာတွေ ပေါ်ပေါက် လာတယ်။ ကုန်းဘောင်ခေတ်မှာ နေမျိုးမင်းထင် ကျော်ခေါင်က “လောကနီတိပျို့) ဆိုပြီး ပျို့တစ်စောင်တောင်၊ ဖွဲ့ထားသေးတယ်” “မှတ်ထားပါ့မယ် ဘဘ”
“လောကနီတိမှာ ကဏ္ဍခုနစ်ခုပါတယ်။ မြန်မာ လိုပြောရင် ပညာရှိဆိုင်ရာအပိုင်း၊ သူတော်ကောင်း ဆိုင်ရာအပိုင်း၊ လူမိုက် လူယုတ်မာဆိုင်ရာအပိုင်း၊ မိတ်ဆွေဆိုင်ရာအပိုင်း၊ မိန်းမဆိုင်ရာအပိုင်း၊ မင်းအစိုးရဆိုင်ရာအပိုင်းနဲ့ အထွေထွေပိုင်းဆိုပြီး ( အပိုင်းတွေခွဲထားတာပေါ့”
“ဟုတ်ကဲ့ပါ” “လောကနီတိကို ခေတ်အဆက်ဆက်
ကျောင်းသားလူငယ်တွေ သင်ကြားရတယ်။ ခုခေတ်အထိ လောကနီတိကို ခုခေတ်ပုံစံနဲ့ ဖွဲ့တဲ့ | ကဗျာတွေ၊ လောကနီတိကို အခြေခံပြီး အကျယ် ဖွင့်တဲ့ကျမ်းတွေ ပေါ်ထွက်တယ်။ ပြောဆိုရေးသား တဲ့အခါမှာလဲ လောကနီတိကို ကိုးကားပြီးပြောကြ ရေးကြတယ်” “ဟုတ်ကဲ့ပါ”
“လောကနီတိပျို့ကတော့ ကဗျာဆိုတော့ | ကျက်မှတ်ထားရင် စိတ်ထဲမှာစွဲသွားတာပေါ့။
ဘဘတို့ ငယ်ငယ်ကကျက်ခဲ့တဲ့ အပိုဒ်ကလေး | တစ်ပိုဒ် သတိရနေတယ်”
“ပြောပြပါ ဘဘ”
“နှုတ်မှုလက်မှု၊ အတတ်စုကို၊ ငယ်နုသောအား၊ | မမေ့နှင့်၊ ရင်းဖျားကုန်စင်၊ တတ်မြော်မြင်က၊ တစ်ခုမျှလျက်၊ အသက်မွေးကြောင်း၊ ဖြစ်တုံ ရှောင်း၏” တဲ့”
“ဟုတ်ကဲ့ပါ”
“အတတ်ပညာသင်တဲ့အခါ ဒီအတတ်ပညာ ကတော့ အသေးအဖွဲပဲ၊ အရေးမကြီးပါဘူးဆိုပြီး
မေ့မပစ်နဲ့တဲ့၊ အထင်မသေးနဲ့တဲ့၊ ဘယ်အတတ် ပညာပဲဖြစ်ဖြစ် အစအဆုံး အကုန်အစင် တတ်မြောက်ရင်ကိုယ့်အတွက် အသက်မွေးနိုင်တဲ့ ပညာအဖြစ် လုံလောက်တယ်တဲ့”
“မှတ်သားစရာကောင်းလိုက်တာနော် ဘဘ”
“အဲဒီလို အဆုံးအမတွေလမ်းညွှန်ချက်တွေဟာ ဒီနေ့ခေတ်အထိ အကျိုးပြု နိုင်တာပေါ့ကွယ်။ ကဲ..
လောကနီတိအကြောင်း၊ ဆက်ကြသေးတာပေါ့”
မောင်ခင်မင်( ဓနုဖြူ)