ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့၊ သစ်ပင်စိုက်ပျိုးကြပါစို့
သစ်တောမောင်
မိုးလရာသီ မိုးသံလေသံလေးတွေ ကြားနေပြီ၊ ရွက်နုလေး များလို့ အပင်လေးတွေ စိမ်းလန်းစိုပြည်လာ လေပြီ၊ တချို့မြို့ရွာတွေမှာ ပုလဲလုံးလေးတွေလို တဖွဲဖွဲရွာလေပြီ၊ တချို့ နေရာတွေမှာ ဒေါသမာန် ဟုန်တင်း ခပ်ပြင်းပြင်းလေးရွာချေပြီ၊ မိုးကိုမျှော်သော တောင်သူဦးကြီးများလည်း ပျော်နေပြီ၊ မိုးကို မျှော်ပြီး စိုက်ပျိုးကြရမည့် သစ်တောသမားများ၊ သစ်တောသစ်ပင် ချစ်ခင်သူများလည်း ပျော်လေပြီ။
ရေကိုမျှော်သော ပြည်သူများလည်း ပျော်ကြရသည်။ တစ်နွေလုံး ခြောက်သွေ့ခဲ့ရသည့် သစ်ပင်လေးများ လည်း ကြည်နူးရွှင်လန်းပြုံးပန်းများ ငှား စွင့်စွင့် ပွင့်ဖူးကြလေပြီ။ မိုးလရာသီမှာ တောတောင် သစ်တောသစ်ပင်များဖြင့် ပတ်ဝန်းကျင်တစ်ခွင်လုံး စိမ်းလန်းသာယာလျက်ရှိသည်။ မိုးဖြိုင်ဖြိုင်ရွာသွန်း သည်နှင့် မြေဆီစိုခိုက် သစ်ပင် စိုက်ရန် ဆောင်ရွက် ကြရမည် ဖြစ်သည်။ ။
သစ်တောသစ်ပင် အကျိုးကျေးဇူးစုံလင် သစ်တော သစ်ပင်တွေက ထောက်ပံ့သော အကျိုးကျေးဇူးကား များပြား လှသည်။ ငွေကြေး အားဖြင့် တန်ဖိုးဖြတ်နိုင်သော သစ်နှင့် သစ် မဟုတ်သောသစ်တောထွက်ပစ္စည်းများ ထောက်ပံ့ ပေးသကဲ့သို့ ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများစွာလည်းရှိ၏။ “ဥတု ရာသီ၊ တောကိုမှီ” ဆိုသကဲ့သို့ ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိခြင်း၊ သဘာဝဘေး အန္တရာယ်များမှ ကာကွယ် ပေးခြင်း၊ လေထုအတွင်း မှ ကာဗွန်စုပ်ယူ သိုလှောင်ဖယ်ရှားပေးခြင်း၊ ရေနှင့် လေသန့်စင်မှုလုပ်ငန်းများ၊ မြေတိုက် စားမှု မြေပြိုမှုများမှ ကာကွယ်ခြင်း၊ ဝတ်မှုန်ကူးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝစေခြင်း၊ မြေဆီမြေနှစ် အဆင့်အဆင့် ဖြစ်ပေါ်စေခြင်းစသည့် ဝန်ဆောင်မှု လုပ်ငန်းများကို သစ်ပင်သစ်တောများက ပံ့ပိုးပေး လျက်ရှိသည်။ ထို့အပြင် အပန်းဖြေမှု၊ အလှအပနှင့် မျက်စိပသာဒဆိုင်ရာ ဝန်ဆောင်မှု၊ ရိုးရာဓလေ့ ယုံကြည်ကိုးကွယ်မှုအတွက်လည်း သစ်တော သစ်ပင်များကပင် အထောက်အပံ့ပြု အကျိုးပြု လျက်ရှိသည်။
သစ်ပင်စိုက်ပျိုးခြင်း၊သစ်တောများ ထိန်းသိမ်း ခြင်းသည် “ထာဝရကုသိုလ် ပြုခြင်းလည်းမည်၏” ဟု ဗုဒ္ဓ ဘာသာ တွင် ညွှန်ပြထားသည်။ ပန်းဥယျာဉ်၊ သစ်သီးဥယျာဉ်များ စိုက်ပျိုးလှူဒါန်းခြင်း (အာရာ မရောပဒါန)၊ အရိပ် ရအပင်၊ စားသုံးပင်စသော သစ်ပင်ကြီးငယ်တို့ကို စိုက်ပျိုးလှူဒါန်းခြင်း (၀နရောပါဒါန)၊ တံတားခင်း လမ်းဖောက်လှူဒါန်း ခြင်း (သေတုကာရကဒါန)၊ ရေချမ်းစင်တည်၍ လှူဒါန်းခြင်း (ပပါဒါန)၊ ရေတွင်းရေကန် ရေမြောင်း များတူး၍ လှူဒါန်းခြင်း (ဥပဒါန)၊ ဇရပ်တန်ဆောင်း ဂူကျောင်းပြာသာဒ် နားနေရိပ်သာ ဆေးရုံဆေးခန်း စသော အဆောက်အအုံများ ဆောက်လုပ်လှူဒါန်း ခြင်း (ဥပဿယဒါန) ဟူသည့် ထာဝရကုသိုလ် (၆) ပါးရှိရာ သစ်ပင် စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းသည် ထာဝရကုသိုလ်တစ်ပါးအဖြစ် ပါဝင်သည်။ သစ်ပင် စိုက်ပျိုးခြင်းသည် ဇရပ် တန်ဆောင်း ဂူကျောင်းပြာသာဒ်နှင့်အခြား ထာဝရ ကုသိုလ်များကဲ့သို့ တူညီသော ကုသိုလ် ကို ရရှိခံစား နိုင်ပြီး အသက်ရှည်ကျန်းမာ ကုသိုလ်အကျိုးထူး တို့ကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ “ မိုးလ ရာသီရောက်ပြီဆိုသည်နှင့် မြန်ပြည် တစ်ဝန်းစိမ်းလန်းစေဖို့ သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းရေးကို တာဝန်ယူဆောင်ရွက် နေရသော သစ်တောသမား ဥယျာဉ်မှူးကြီးများ သာမက ပြည်သူပြည်သား ဥယျာဉ်မှူးကြီးများပါ တစ်နိုင်တစ်ပိုင် တစ်ဦးချင်း၊ တစ်ယောက်ချင်းမှ သည် ကျေးရွာအစုအဖွဲ့၊ အစိုးရနှင့် အစိုးရ မဟုတ်သော လူမှုအဖွဲ့အစည်းများ၊ ကျောင်းသား ကျောင်းသူများ မိုရာသီလူထုလှုပ်ရှားမှုအနေဖြင့် သစ်ပင်များ ခြိမ့်ခြိမ့်သဲ အင်တိုက်အားတိုက် စိုက်ပျိုး ကြသည်။
ထာရကုသိုလ်အတွက်၊ မိတို့ ပတ်ဝန်းကျင် အတွက် နောင်အနကတ် မျိုးဆက်သစ်များ အတွက် ဥယျာဉ်မှူးကြီးများ မောနိုင် မပန်းနိုင် ပျော်ရွှင်စွာ ပုံစံမျိုးစုံနည်းလမ်းမျိုးစုံဖြင့် သစ်ပင် မျိုးစုံစိုက်ပျိုးကြသည်။ “ရှင်အောင် စိုက်ပျိုး ကြီး အောင် ပြုစု မြဲအောင် ထိန်းသိမ်း" ဟူသော ဆောင်ပုဒ်များနှင့်ညီ တစ်ပင်နိုက် တစ်ပင်ရှင်၊ နိုက်မျှပင် ရှင်သန်ဖို့လည်း ကြိုးပမ်းကြရသည်။
သဘာအခံဖြေရှင်းသည့်နည်းလမ်း (သို့မဟုတ်) သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်း ရာသီဥတုပြောင်းလဲ ဖောက်ပြန်ခြင်း၊ ဆော်ဝန်း ကျင် ယိုယွင်းပျက်စီးခြင်း၊ သစ်တောပြုန်းတီးခြင်း နှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း တို့သည် ယခု အချိန်တွင် ကမ္ဘာနှင့်အဝန်း ရင်ဆိုင်နေရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းကြောင့်သဘာဝ ဘေးအန္တရာယ်အမျိုးမျိုး၊ ဘေးရောဂါအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်ရန်နှင့် ပြန်လည်ကုစားရန် အရှင်းဆုံးနည်းလမ်းသည် သဘာဝကိုအခြေခံပြီး ပြဿနာများကို ဖြေရှင်းခြင်း (တစ်နည်းအားဖြင့်)
သစ်ပင်များ စိုက်ပျိုးခြင်းနှင့် သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်း ဖြစ်သည်။ သဘာဝတော များနှင့် သစ်တောစိုက်ခင်း သစ်တောများသည် သစ်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက်သာမက ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအပါဆင် ပတ်ဝန်း ကျင်ဆိုင်ရာဝန်ဆောင်မှုများ တိုးပွားရေး၊ တ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြေရှင်းနိုင်ရေး တွက်ပါ ရေးပါသော အခန်းကဏ္ဍမှပါဝင်လာ လျက်ရှိသည်။
ယနေ့အချိန်အခါသည် သဘာဝအခြေခံ ဖြေရှင်းသည့်နည်းလမ်း (Nature-based sdutions)သည် ထူးကဲသောအခွင့်အလမ်းတစ်ခု ဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရှိန် မြှင့်တင် ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်မှ ၂ထု၀ ပြည့် နှစ်ကာလကို ကုလသမဂ္ဂေဟစနစ် ပြန်လည် ထူထောင်ရေးဆယ်စုနှစ် (UN Decade of Ecosystem Restoration 2021-030) ဟု သတ်မှတ်ထားသည်။ ဟစနစ်ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် လက်ရှိအောင် အထည်ဖော်နေသော ဘွန်းစိန်ခေါ်မှု (Bonn Challenge) နယူးယောက် သစ်တောများ ဆိုင်ရာ ကြေညာစာတမ်း (New York Declaration for Forests) တို့၏ ရည်မှန်း ချက်ဖြစ်သော ၂ထုဝ ပြည့်နှစ်တွင် သစ်တောပြုန်းတီးမှုလုံးဝမရှိစေရေး နှင့် တောနိမ့်တောယျက်များတွင် သစ်တော ရိယာ ဟက်တာ သန်း ၃၅ဝ တည်ထောင်ခြင်းလုပ်ငန်း တို့ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြမည် ဖြစ်သည်။
ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် (၁၅) တွင်လည်း သစ်တောများ၊ ဇီဝမျိုးစုံ မျိုးကွဲများနှင့် စပ်လျဉ်းပြီး “ကုန်းမြေဂေဟစနစ် များအား ကာကွယ်ရန်၊ ပြန်လည်မွမ်းမံ ထိန်းသိမ်း ရန်နှင့် ရေရှည် တည်တံ့စေမည့် နည်းလမ်းများဖြင့် အသုံးပြုရန်၊ သစ်တောများအား ရေရှည်တည်တံ့ စေမည့် နည်းလမ်းများဖြင့် စီမံအုပ်ချုပ်ရန်၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရန်၊ မြေဆီလွှာ ပြုန်းတီးမှု ရပ်ဆိုင်း၍ မြေအရည်အသွေးပြန်လည် ကောင်းမွန်စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှု ရပ်တန့်ရန်” ဟူ၍ ရည်မှန်းချက် ချမှတ်ပြီး ဆောင်ရွက် လျက်ရှိသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ကုလသမဂ္ဂ ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး ဆယ်စုနှစ် (UN Decade of Ecosystem Restoration 2021-2030) အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံက ၂၀၁၉ ခုနှစ် မတ် ၁ ရက်တွင် ဆုံးဖြတ်ချက်(၇၄/၂၈၄) ဖြင့် ဆုံးဖြတ်ကြေညာခဲ့သည်။ ကမ္ဘာတစ်ဝန်း ဂေဟစနစ် များ အတန်းအစား ကျဆင်းခြင်းကို ကာကွယ်ရန်၊ ရပ်တန့်ရန်နှင့် ပြန်လည်ထိန်းသိမ်းရန်၊ ဂေဟစနစ်၊ ပြန်လည် ထိန်းသိမ်းခြင်း ကြောင့် ရရှိလာနိုင်သည့် ဘက်စုံအကျိုးကျေးဇူးများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်လာစေရန်နှင့် ပညာရေးစနစ်များတွင်လည်းကောင်း၊ မူဝါဒချမှတ် သူများအကြားတွင်လည်းကောင်း ဂေဟစနစ် ပြန်လည် ထိန်းသိမ်းခြင်း နည်းပညာနှင့် ဗဟုသုတ များ အသုံးချနိုင်စေရန် ရည်ရွယ်ပြီး ကြေညာခဲ့ခြင်း ဖြစ်သည်။
သစ်တောဦးစီးဌာနအနေဖြင့် သစ်တောများ သားစဉ်မြေးဆက် ထာဝစဉ်တည်တံ့စေရေး၊ ဂေဟ စနစ်များ ပြန်လည် ပြုပြင်ထိန်းသိမ်းရေးအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ကြိုးဝိုင်းကြိုးပြင် ကာကွယ် တောများ၊ သဘာဝ ထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွား လာစေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ မြန်မာ့သစ်တော မူဝါဒ (၁၉၉၅) နှင့် အမျိုးသား သစ်တောကဏ္ဍ ပင်မစီမံကိန်း (၂၀၀၁ -၂၀၀၂ မှ ၂၀၃၀ - ၂၀၃၁) ရည်မှန်းချက် များအရ ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း ၅၀၁၅၅၇၇၆ ဧကအထိ ဖွဲ့စည်းသွားရန် လျာထား ဆောင်ရွက်လျက်ရှိသည်။ ယနေ့အချိန်ထိ ကြိုးဝိုင်း ၈၄၈ခု၊ ဧရိယာ ၂၉၆၉၅၂၄၉ ဒသမ ၆၅ ဧက၊ ကြိုးပြင်ကာကွယ်တော ၄၄၂ ခု၊ ဧရိယာ ၁၃၁၁၉၃၂၂ ဒသမ ၅၉ ဧက စုစုပေါင်း ၄၂၈၁၄၅၇၂ ဒသမ ၂၃ ဧက (၆၆၈၉၇ ဒသမ ၇၆၉ စတုရန်းမိုင်) နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၆၁ ရာခိုင်နှုန်း ဖွဲ့စည်း တည်ထောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ရည်မှန်းချက် ပြည့်မီ စေရေးအတွက် နှစ်စဉ်ဧရိယာ ၇၀၂၉၀၄ ဧကကို ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ် တောများ ဖွဲ့စည်း တည်ထောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ သည်။
မြန်မာနိုင်ငံ သစ်တောများ ပြန်လည် တည်ထောင်ရေး ၁၀နှစ် စီမံကိန်း (၂၀၁၇-၂၀၁၈မှ ၂၀၂၆ - ၂၀၂၇ ထိ)ကို ရေးဆွဲ၍ သဘာဝတောများ ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တောစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ခြင်းတို့ကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ သစ်တော များ ပြန်လည်တည်ထောင်ရေး စီမံကိန်း ကာလ အတွင်း နိုင်ငံပိုင်သစ်တော စိုက်ခင်း (စီးပွားရေး စိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း၊ ရေဝေရေလဲ စိုက်ခင်း၊ ဒီရေတောစိုက်ခင်းကျေးရွာထင်စိုက်ခင်း) ၃၅၂၄၃၈ ဧက၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း ၂၈၅၁၀၄ကေနှင့် သခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ၇၃၂ ကေတို့ကို ရည်မှန်း ချက်ချမှတ်လျက် နည်းလမ်းမျိုးစုံဖြင့် တည်ထောင် စိုက်ပျိုးလျက်ရှိသည်။ ဓတာမျိုးဆက်ခြင်း အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း စ၁၈၅၃စ ကကိုလည်းဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ကျေးရွာထင်းစိုက်ခင်း ၁၀၄၅၆၃ ကေ သီးနှံသစ်တောစိုက်ပျိုးခြင်း ၁၆၇၁၄ ကေတို့ကို ကျေးလက် ပြည်သူ များအတွက် ရည်မှန်း တည်ထောင်နိုက်ပျိုးလျက်ရှိပြီး စုစုပေါင်း၉၇သမ ၀၉သန်း (နှစ်စဉ်ပျိုးပင် ၁၀ သန်းခန့်) ကို မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရေး ပြည်သူလူထုနှင့် ဆက်စပ် ဌာနများသို့ ဖြန့်ဖြူးပေးလျက်ရှိသည်။ ။
ထို့အပြင် သဘောမျိုးပင်များ ဖွံ့ဖြိုးလာ စေရန် အားပေးခြင်း သဘာဝတော တန်ဖိုးမြင့် စိုက်ပျိုးခြင်း သီးနှံသစ်တော ရောထိုက်ပျိုးခြင်း၊ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ လမ်းဘေးဝဲယာ တစ်အုပ် တစ်မ စိုက်ခင်းများ တည်ထောင်ခြင်း ရေဝေရေလဲဒေသ ထိန်းသိမ်းရေး စိုက်ခင်းများ တည်ထောင်ခြင်း၊ ဒီရေတောများ စိုက်ပျိုးကာကွယ် ထိန်းသိမ်းခြင်း၊ အောင်မြင်မှု နည်းပါးခဲ့သည့် စိုက်ခင်းဟောင်းများကို ဖြည့်စွက် စိုက်ပျိုး၍ ပြန်လည်ဆယ်တင်ခြင်းဖြင့် တောနိမ့် တောပျက်များ ပြန်လည်ကောင်းမွန်လာစေရန် ဆောင်ရွက်လျက်ရှိသည်။
ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် သဘာဝနယ်မြေများကို နိုင်ငံရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ ဖွဲ့စည်းရန် ဆောင်ရွက် လျက်ရှိရာ ယနေ့အချိန်ထိဘာဝနယ်မြေ ၄၆ခု၊ ရိယာ ကေ ၁ ဒသမ၇ သန်း ( ၆ ဒသမ ဝစ ရာခိုင်နှုန်း) ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။ နိုင်ငံ၏ သဘာဝအမွေအနှစ်များဖြစ်သည့် ဂေဟစနစ်များ နှင့် ဇီဝမျိုးစုံ မျိုးကွဲများကို တည်တံ့စေရန် ရည်ရွယ် ၍တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း (Restablishing NaturalHabitats-RNH]y&208 300 2.000 ၂၀၂၀မှ ၂၀၂၀-၂၀၂၉ အထိကို ဥယျာဉ်/ဘေးမဲ့တော ၁၉တွင်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
သဘဝနယ်မြေ ၄၆ ခုအနက် နိုင်ငံတကာ အဆင့်အနေဖြင့် အာဆီယံသေတွင်း ဇီဝမျိုးစုံ မျိုးကွဲ၊ ဂေဟစနစ်နှင့် ယဉ်ကျေးမှုတို့အရ အာဆီယံ (ASEAN Heritage Park - AHP) များအဖြစ် သတ်မှတ်ခြင်းခံထားရသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ ရှစ်ခု၊ ရေဝပ်သများ ကွန်ဗင်ချင်းမှ နိုင်ငံတကာအဆင့် အရေးပါသည့် ရမ်ဆာရေဝပ်သေ (Ramsar Site) ခြောက် ခုနှင့် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းတွင် ဒေသခံပြည်သူများပါဝင်မှု၊ ထောက်ခံအားပေးမှုတို့အား မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ လူသားနှင့် (Man and Biosphere = Reserve - MAB) နှစ်ခုတို့ ပါဝင်သည်။ ပျိုးပင်လေးတွေ ဖြန့်ဝေတယ် သစ်တောဦးစီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်း " သစ်တောသစ်ပင်များဖြင့် စိမ်းလန်းနေစေဖို့ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများတွင်သာ သစ်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းသည် မဟုတ်ဘဲ မြို့ပြကျေးလက်များတွင် သစ်ပင် ။ ပန်းမာန်များဖြင့် စိမ်းလန်းနေစေဖို့ အစဉ်အမြဲ။ ကြိုးပမ်းလျက် ရှိသည်။ သားသားစဉ် မြေးဆက်တည်တံ့ရန် စနစ်တကျ စီမံအုပ်ချုပ် ထိန်းသိမ်းခြင်း တောနိမ့်တော ပျက်များတွင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့သစ်တောများ ။ စိုက်ပျိုး ထိန်းသိမ်းရာတွင် သခံပြည်သူများ • ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်နိုင်ရန် ဒေသခံ - ပြည်သူအစု အဖွဲ့ပိုင် သစ်တောလုပ်ငန်းကို ၁၉၉၅ ခုနှစ်ကပင် စတင်တည်ထောင်ခွင့်ပြုဆောင်ရွက်ခဲ့ ရာ ယခုဆိုလျှင် အောင်မြင်မှု အရှိန်အဟုန်မြင့်မာ လျက်ရှိသည်။
ယခုအခါ သစ်ပင်သစ်တောများ၏ အကျိုး ကျေးဇူးကို ပြည်သူအများ နားလည်သဘော ပေါက်လာ သည်နှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်း ။ စိုပြည်ဖို့ အစိုးရဝန်ကြီးဌာနများ၊ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ဆရာဆရာနှင့် ၊ ကျောင်းသား ကျောင်းသူများ ပြည်သူများ မိုးရာသီတွင် သစ်ပင်စိုက်ပွဲတော်များ ကျယ်ကျယ်ပြန့်ပြန့် - ကျင်းပလာကြသည်။ တက်တက်ကြွကြွ ပူးပေါင်း • ပါဝင်လာကြသည်။
ရပ်ရွာ၊ ကျေးလက်၊ မြို့ပြများ ရုံများ ကျောင်း များ၊ ဆေးရုံများ၊ လမ်းဘေးဝဲယာများ၊ ဆက်သွယ် ရေး လမ်းမကြီး တစ်လျှောက် လမ်းဘေးဝဲယာများစသည့် အများနှင့် သက်ဆိုင်သည့်နေရာများတွင် ။ နှစ်စဉ်တိုးချဲ့ စိုက်ပျိုး လာသည်။ သစ်တောဦးစီး ဌာနအနေဖြင့် ပြည်သူများအတွက် လိုအပ်သော သစ်ပင်ပျိုးပင်မျိုးစုံကို တိုင်းဒေ သကြီး၊ ပြည်နယ်၊ ရိုင် မြို့နယ်အသီးသီးရှိ သစ်တောဦးစီးဌာန သစ်တောပျိုးဥယျာဉ်များတွင် လူထုဖြန့် ပျိုးပင် များကို စနစ်တကျ ဖြန့်ဖြူးပေးလျက်ရှိသည်။
ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးလိုသူ၊ မိုးရာသီ လူထုလှုပ်ရှားမှု၊ အဖွဲ့အစည်းလှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးလိုသည့် မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းကိုမဆို ဖြန့်ဖြူး ပေးလျက်ရှိသည်။ နှစ်စဉ် ပျိုးပင် သန်းခန့်ကို မြန်ပြည်တစ်ဝန်း စိမ်းလန်းစေဖို့ ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် ဆူဖြန့်ဖြူးလျက်ရှိသည်။
ထူးသဖြင့် ယခုနှစ်တွင် တစ်ပင်စိုက်၊ တစ်ပင်ရှင် ပြီး အပင်ရှင်သန်မှု ရာခိုင်နှုန်းမြင့်မားစေရန် ပျိုး သက် နှစ်နှစ်ခန့်ရှိ အမြင့် နှစ်ပေ ရှိသော ကျန်းမာ ကြံ့ခိုင်သော ပျိုးပင်များကိုသာ စိုက်ပျိုးသွားမည် ဖြစ်သည်။ ၂၀၂၁ ခုနှစ် မိုးရာသီ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးရေးစီမံချက် (Green Environment Campaign - 221) အရ ပျိုးပင်ပေါင်း၃၆သမ၂၆သန်းစိုက်ပျိုးသွားမည်ဖြစ်သည်။
ရှင်အောင် စိုက်ပျိုး၊ ကြီးအောင် ပြုစု
မြဲအောင် ထိန်းသိမ်း တစ်ပင်စိုက် တစ်ပင်ရှင်း စိုက်သမျှ အပင် ရှင်သန်ဖို့ အလွန်အရေးကြီးလှသည်။ သစ်မှာ ပျိုးပင် တစ်ပင် ဖြစ်သည်အထိ အချိန်၊ ငွေ၊ လုပ်အားများစွာ အရင်းအနှီး စိုက်ထုတ်ခဲ့ရသည်။ ပတ်ဝန်းကျင်၊ ရေ၊ မြေ ဒေသ အနေအထားနှင့် သဟဇာတဖြစ်သော သစ်သီးများဖြစ်ရန် လိုအပ် သည်။ ဒေသမျိုးရင်း အဖိုးတန် သစ်မျိုးများ၊ ရာသီ အလိုက် ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်မျိုး များ၊ အရိပ်ရသစ်မျိုးများ စသည်ဖြင့် ရည်ရွယ် ချက် ချမှတ်ပြီး နေရာသအလိုက် စနစ်တကျ ရွေးချယ် စိုက်ပျိုးခြင်းဖြင့် ပိုမိုထိရောက်အောင်မြင်နိုင်မည် ဖြစ်သည်။ သစ်ပင်ရှင်သန်အောင်စိုက်ပျိုးခြင်းသည် လွယ်ကူသော်လည်း ကြီးပြုစုဖို့၊ မြဲအောင် ထိန်းသိမ်းဖို့ အလွန်ခက်ခဲသည်။ အသင်တိုင်း သင် တိုင်းကို တန်ဖိုးထားလျက် စတင်စိုက်ပျိုးခြင်းမှ သည် ကြီးပြင်းသည်အထိ ရေလောင်းခြင်း၊ ပေါင်း ရှင်းခြင်း၊ မီးကာကွယ်ခြင်း၊ သေပင်ဖာထေးခြင်း သည့်လုပ်ငန်းများကို ရာသီအလိုက် လုပ်ဆောင်မှ သာ စိုက်ပျိုးပြီး သင်များကို ကြီးအောင် ပြုစုနိုင် လိမ့်မည် မြဲအောင် ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ မိစိုက်ပျိုးခဲ့သော သစ်ပင်များအတွက် အမြဲတမ်း ဝမ်းမြောက်ဂုဏ်ယူနိုင်အောင် ဆောက်ထားရပါမည်။
ထို့အပြင် စိုက်သင့်သော နေရာကို စနစ်တကျ ဘက်စုံ စဉ်းစားရွေးချယ်စိုက်ပျိုးရန် လိုအပ်သည်။ ဥမာလမ်းနှင့် မလွတ်သော နေရာများ၊ ဓာတ်ကြိုး များနှင့်လွတ်ကင်းနိုင်သောနေရာများ၊ အဆောက် အအုံနှင့် မလွတ်သော နေရာများ စသည်ဖြင့် စိုက်ပျိုးပြီး အပင်ကို ခုတ်ထွင်ရှင်လင်ခြင်းခံရမည့် အန္တရာယ်ရှိသော နေရာများကို မစိုက်ပျိုးမီကပင် သေချာလေ့လာ ရှောင်ကြဉ်ကြရမည်။ သို့မဟုတ်ပါ က ဆုံးရှုံးများစွာ ရှိလာည်ဖြစ်သည်။ အပင် သက်တမ်းကြီးမားလာလေ ဆုံးရှုံးမှုကြီးလေ ဖြစ်သည်။
ဂေဟစနစ်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့၊ သစ်ပင်စိုက်ပျိုးကြပါစို့
“နှစ် ၂ဝ တစ်ဝိုက် အချိန်ကိုက်၊ တို့စိုက်ခဲ့လျှင် အကောင်းဆုံးပင်း ချိန်စိုက်က နောက်မကျ၊ ဒုတိယအကြိမ် အကောင်းဆုံးပ” ဟူသော ဆိုရိုး စကားနှင့်အညီယခုအချိန်သည် သစ်ပင်စိုက်ပျိုးရန် ဒုတိယအကြိမ် အကောင်း ဆုံး အချိန်အခါဖြစ်သည်။ မိုးရာသီရောက်ခဲ့ပြီ။မြေဆီစိခိုက် သစ်ပင်စိုက်ဖို့ သောစနစ်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့ သစ်ပင် စိုက်ပျိုးဖို့ အချိန်အခါကောင်း ဖြစ်သည်။
တစ်နိုင်တစ်ပိုင် တစ်ဦးချင်း၊တစ်ယောက်ချင်း သည် ကျေးရွာအစုအဖွဲ့၊ အစိုးရနှင့် အစိုးရ ဟုတ်သော လူမှု အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ မိုးရာသီ လူထုလှုပ်ရှားမှုအနေဖြင့် သစ်ပင်များစိုက်ပျိုးရန် အချိန် အခါကောင်းဖြစ်သည်။ စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေး အထောက် အကူ ပြုရန်ထာတေများမှထုတ်ယူသုံးစွဲမှုလျှော့ချ နိုင်ရန်၊ ကျေးလက်ပြည်သူများ၏ အခြေခံလိုအပ် ချက်များ ဖြည့်ဆည်း ပေးရန်၊ ပြုစုထိန်းသိမ်းရေးနှင့် စနစ်တကျ ထုတ်ယူသုံးစွဲရေးဆိုင်ရာ အသိအမြင် များ တိုးပွား လာစေရန်နှင့် သခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် မိုးရာ သီကာလ သစ်ပင် စိုက်ပျိုးရန် သစ်တောဦးစီးဌာနက သစ်မျိုးစုံသစ်ပင် ပျိုးပင်များကို အမဲ့ ဖြန့်ဖြူးလျက်ရှိသည်။ သက်ရှိလောက၊ တည်မြဲဖို့၊ ထာရကုသိုလ်ရယူဖို့ ဇီဝမျိုးစုံ ထိန်းသိမ်းဖို့၊ လောင်စာစွမ်းအင်ရရှိဖို့ ရေသယံဇာတ ထိန်းသိမ်းဖို့၊ ရသီဥတု မျှတသို့ သစ်ပင်စိုက်ပျိုးကြပါစို့ “လို့ တိုက်တွန်းရင်း ပြည်သူ လူထု ပူးပေါင်းပါဝင်မည့် စနစ်ကျသော ထိရောက် သောကြီးအောင်ပြုစုနိုင်သောမြေအောင် ထိန်းသိမ်း နိုင်သော လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲတော် ကို ကြိုဆိုအပ်ပါသည်။ ။