Skip to main content

ကျေးလက်လမ်း၊တံတားများ အဆင့်မြှင့်တင် ဖောက်လုပ်ခြင်းဖြင့်  မကွေးတိုင်းဒေသကြီးအတွင်း လူမှုစီးပွား ဖွံ့ဖြိုးစေမည်

 

ကေတာ

မြေသားလမ်းအဖြစ် တည်ရှိခဲ့သည့် ဂွေးကုန်းဝက်ချုပ်- နတ်မောက်လမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် တင်လိုက်သည့်အခါ ထိုလမ်းကို အသုံးပြုသည့် ဒေသခံပြည်သူတို့၏လူမှုစီးပွားဘဝ များသည် ယခင်နှင့်မတူ ကွာခြားလာခဲ့သည်။

လူမှုစီးပွားဘဝများ တိုးတက်လာ မြေသားလမ်းမှတစ်ဆင့် ကျောက်ခင်းလမ်း၊ ကျောက်ခင်းလမ်းမှတစ်ဆင့် ကတ္တရာလမ်းအထိ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် လာသည့် အတွက်ချောက်မြို့နယ်ရှိ မြေနီလိန်-စွယ်ပေါက္ကံ(ချောက် မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေး အပါအဝင် ဒေသခံ ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ များသည် တိုးတက်လာခဲ့ပေပြီ။

ကျောင်းသားတွေအတွက်လည်း မိုးမလင်းခင် ကတည်းက ထပြီးကျောင်းချိန်မီ သွားစရာ မလိုတော့ဘူး။ လမ်းကောင်းတော့ ခဏနဲ့ သွားနိုင်ပါပြီ။ အရင်ကဆို မွေးလူနာ၊ ပိုးထိလူနာ၊ အရေးပေါ်လူနာ တွေဟာ ရေနံချောင်း၊ နတ်မောက်စတဲ့ ဆေးရုံတွေ ကို ဆေးကုသဖို့ နွားလှည်းနဲ့ပဲ သွားနိုင်တော့ အချိန်မီ မရောက်လို့ အသက်ဆုံးရှုံးတာ ရှိတယ်။ အခုတော့ ကတ္တရာလမ်း ဖြစ်တဲ့အတွက် ကျွန်တော် တို့ဒေသအတွက် ပညာရေး၊ ကျန်းမာရေးအပါအဝင် ကျွန်တော်တို့ စိုက်ပျိုးထားတဲ့ သီးနှံရောင်းဖို့ကအစ အားလုံး အဆင်ပြေသွားပြီ ဟု နတ်မောက်မြို့နယ် ဂွေးကုန်းကျေးရွာမှ ဦးဇော်လေးက ပြောသည်။

ယခင်က မကွေးတိုင်းဒေသကြီး နတ်မောက် မြို့နယ်ဂွေးကုန်းကျေးရွာနှင့် ဝက်ချုပ်ကျေးရွာ အနီးနားတစ်ဝိုက်ရှိ ကျေးလက်နေပြည်သူများ သည် မြို့နှင့် ၁၀ မိုင်ဝန်းကျင်သာ ကွာဝေးသော် လည်း မြို့ပေါ်ရောက်ရန် ရွှံ့ထဲ ဗွက်ထဲတွင် ညအိပ် ကာ သွားကြရသည်။ မိုးတွင်းကာလ၌ ဒေသထွက် ကုန်များနှင့် ကုန်စည်များ ရောင်းဝယ် ဖောက်ကား ကြရာတွင်လည်း ဗွက်နစ်နေသော ကုန်ကားများ အား ကျေးရွာလူအားဖြင့် ရုန်းခဲ့ဆွဲခဲ့ကြရသော အခြေအနေ တည်ရှိခဲ့သည်။

နတ်မောက်မြို့မှ ရေနံချောင်းမြို့သို့ ကတ္တရာ လမ်းအတိုင်းသွားမည်ဆိုပါက နတ်မောက်မြို့မှ တစ်ဆင့် မကွေး- ကံပြားလမ်းအတိုင်း ကံပြားသို့ လည်းကောင်း၊ ကံပြားမှ တစ်ဆင့် ရန်ကုန်-ပြည်မန္တလေးလမ်းဟောင်းအတိုင်း သွားရမည်ဖြစ်ပြီး စုစုပေါင်း ၅၉မိုင် ခန့်ကွာဝေးမည်ဖြစ်သည်။ ယခု အခါတွင်မူ နတ်မောက်မြို့မှရေနံချောင်းမြို့ကို ၁၀ မိုင် ၅ ဖာလုံခန့် ပိုမိုတိုတောင်းစွာ သွားလာနိုင် | မည်ဖြစ်ပြီး အချိန်အားဖြင့် ၂ နာရီခန့် သက်သာစေ နိုင်ပြီဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးကောင်းရင် ကျန်တဲ့  အရေးကြီးကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာ ရေး၊ စီးပွားရေး က အတူဖွံ့ ဖြိုးလာမှာ ဖြစ်ပါတယ်။ ကျေးလက်နေပြည်သူတွေ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရင် ရာသီပေါ် သီးနှံတွေကို အချိန်မီ ဈေးကွက်ကို ပို့နိုင်ပြီး စီးပွားရေး တိုးတက်လာမယ်။ စီးပွားရေး တိုးတက်လာတာနဲ့အမျှ တခြားကဏ္ဍတွေလည်း ဆက်စပ်ပြီး တိုးတက်လာမှာ ဖြစ်ပါ တယ်ဟု မကွေးတိုင်း ဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်း စန်းလှိုင်က ပြောသည်။

အရေးပါသောလမ်းပိုင်းတစ်ခုဖြစ် ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းသည်  နတ်မောက်မြို့နယ်နှင့် ရေနံချောင်း မြို့နယ်တို့ကို ဆက်သွယ်ပေးထားသော လမ်းမကြီးဖြစ်ပြီး စုစု ပေါင်း ၂၉ မိုင် ၇ ဖာလုံရှည်လျားကာ ကျေးရွာပေါင်း ၅၉ ရွာရှိလူဦးရေပေါင်း ၄၉၅၂၇ ဦးတို့ ဆက်သွယ် သွားလာအသုံးပြုသည့် မကွေးတိုင်းဒေသကြီး အတွင်းမှ အရေးပါသောလမ်းပိုင်း တစ်ခုဖြစ်သည်။

ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို မကွေးတိုင်းဒေသကြီးအတွင်း ပထမဦးစားပေး Pilot Project အနေနဲ့ နှစ်စဉ်အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ ၂၉မိုင်၇ဖာလုံကို ကတ္တရာလမ်းအဖြစ်ဆောင်ရွက်ခဲ့သလို ဒီလမ်းပိုင်းအတွင်း လိုအပ်တဲ့ ကွန်ကရစ်တံတား လေးစင်း၊ Box Culvert ၃၆စင်း၊ မြေကာနံရံ တစ်ခုကို ရန်ပုံငွေကျပ်သန်းပေါင်း ၅၇၄၈ ဒသမ ၇၆ သန်းနဲ့ ရာခိုင်နှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်ဟု ညွှန်ကြားရေး မှူး ဦးသိန်းစန်းလှိုင်က ရှင်းပြသည်။ ။

ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနသည် ကျေးလက်လမ်းများ ဆောင်ရွက်ရာတွင် လမ်းဦးစီး ဌာနလမ်းများနှင့် ချိတ်ဆက်သည့် ကျေးလက်လမ်း များ၊ မြို့နှင့် ကျေးရွာဆက်သွယ်သည့် ကျေးလက် လမ်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အတွင်း ဗျူဟာမြောက် အရေးပါသည့် ပြည်သူလူထု အသုံးပြုများသည့် လမ်းများကို ရှေ့ပြေးစီမံကိန်း Pilot Project ရွေးချယ်ဆောင်ရွက်ခဲ့ကာ ဒေသလူမှု စီးပွားများ တိုးတက်အောင် အထောက်အကူ   ပြုနိုင်ခဲ့သည်။

နိုင်ငံအတွင်းရှိ ကျေးရွာများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံလိုအပ်ချက် တစ်ခု ဖြစ်သည့် ကျေးလက်လမ်း တံတားများကောင်းမွန် ရေးကို ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရည်မှန်းဆောင်ရွက် လျက်ရှိပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနကို ၂ထ၇ ခုနှစ် ဇူလိုင် ၂၁ ရက်၌ ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၇)တွင် သစ်တိုးချဲ့ဖွဲ့စည်ရန် သဘောတူခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံအတွင်းရှိ ကျေးလက်ဒေသလမ်း၊ တံတာများ တိုးတက်ရေး ဆောင်ရွက်ရာတွင် မျိုးသား အဆင့် ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး ယာဗျူဟာကို ရေးဆွဲထားရှိပြီး ၂၀၃၀ ပြည့်နှစ်၌ မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ ၉ဝ ရာခိုင်နှုန်းသည် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက် လမ်းများ အသုံးပြုနိုင်ရန် အကောင် ထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ရာသီမရွေး သွားလာနိုင် အဆိုပါ ရည်မှန်းချက်နှင့်အညီ မကွေးတိုင်း သေကြီးကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန သည် တိုင်းသကြီးအတွင်း ကျေးလက်လမ်း တံတား များကို အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိရာ ကျေးရွာစုစုပေါင်း ၄၇၇၇ရွာရှိ လမ်း ကီလိုမီတာ စုစုပေါင်း ၁၉၉၅ ဒသမ ၅၇၅ ကို ထိန်းသိမ်း အဆင့်မြှင့် တင်ဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိတွင် ရာသီမရွေး သွားလာနိုင်သည့်ကျေးရွာ ၃၅၁ ရွာရှိနေပြီဖြစ်သည်။

တိုင်သေကြီးထဲမှာ ခြောက်သွေ့ရာသီမှ သွားလာနိုင်တဲ့ ကျေးရွာကတော့ ၃၄၆ ရွာ ရှိပါ တယ်။ ရာခိုင်နှုန်း အားဖြင့် ဆိုရရင် ၇၂ ရာခိုင်နှုန်း ကတော့ ခြောက်သွေ့ရာသီမှသွားလာနိုင်ပြီးတော့ ရွာအားလုံးရဲ့ ၂၀ရာခိုင်နှုန်းက ရာသီမရွေး သွားလာ နိုင်နေပါပြီ။ ကျန်တဲ့ ရွာတွေအတွက် ဘဏ္ဍာနှစ် အလိုက်အဆင့်မြှင့်တင်ဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်"ဟု ညွှန်ကြားရေးမှူး ဦးသိန်းစန်းလှိုင်က ပြောပြသည်။

မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနသည် ဌာနစတင် ဖွဲ့စည်းခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်မှ ၂၀၉-၂၀၂ဘဏ္ဍာနှစ် အတွင်း ကျေးလက်လမ်းဖြင့် ကွန်ကရစ်လမ်း ၉ဒသမ၃ကီလိုမီတာ ကတ္တရာ လမ်း ပေဒသ ၂၃ ကီလိုမီတာ၊ ကျောက်ချောလမ်း အစ သမ ၈၇ ကီလိုမီတာ၊ အမာခံလမ်း ၃၃၁ ဒသမ ၆၁၂ ကီလိုမီတာ၊ မြေသားလမ်း ၄၇ ဒသမ ၅၁ ကီလို မီတာ၊ စုစုပေါင်း ၄၅၇၆ ဒသမ ၅၅၆ ကီလိုမီတာ ဆောင်ရွက်နိုင်ခဲ့သည်။

ထို့အတူကျေးလက်ဒေသများတွင် ကွန်ကရစ် တံတား ၆၇ စင်း သစ်သားတံတား ခြောက်စင်း ဘေလီတံတား ၅၅ စင်း၊ Box Culvert ၆၅၃ စင်း ရေကျော်၁၅၇ စင်း၊ အခြား ၂စင် စုစုပေါင်းတီး ၁ဝ၁၀ စင်းကို အကောင် အထည်ဖော်နိုင်ခဲ့သည်။

လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကွန်ကရစ် လမ်း ၁၂ ဒသမ ၁၅၃ ကီလိုမီတာ၊ ကတ္တရာလမ်း ၅၇ ဒသမ ၅၁၄ ကီလိုမီတာ၊ ကတ္တရာထပ်ပိုးလွှာ ၃ ဒသမ ၀၇၄ ကီလိုမီတာ၊ ကျောက်ချောလမ်း ၃ သမ ၉၂ ကီလိုမီတာ၊ အမာခံလမ်း ၆၁ သမ ၇၅၇ ကီလိုမီတာ၊ မြေသာလမ်း ၈ ဒသမ ၁၃ ကီလိုမီတာ၊ စုစုပေါင်း ၁၇၆၇သမ၅ကီလိုမီတာ ကွန်ကရစ်တံတား၆၆စင်း၊ ဘေလီတံတား ၁၂ စင်း Box Cuvert ၂၁၉စင်း၊ ရေကျော် ၉၁စင်း၊ အခြား ငါးစင်း စုစုပေါင်းတံတား ၃ စင်း လုပ်ငန်း ဆောင်ရွက်နေဆဲဖြစ်သည်။ ။

တိုင်းဒေသကြီးအတွင်း ရေကျော်ရေနိမ့် တံ များ ဆောင်ရွက်ရာတွင် Japan Infrastructure Partnership(JIP) ခုနှစ် စင်း၊ GGP အကူအညီဖြင့် နှစ်စင်း၊   ပြည်ထောင်စု တိုင်းဒေသကြီးရန်ပုံငွေများဖြင့် ရှစ်စင်း ဆောက်လုပ် ပြီးစီးခဲ့ပြီဖြစ်သည်။

ထို့အတူ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တောင်ပေါ်ဒေသများတွင် ပေ ၁၈၀အထက် တံတား ကြီးများ အနေဖြင့် ဂန့်ဂေါမြို့နယ်တွင် သာလင်းမြင်သား၊ မြစ်သာမြစ်ကူးတံတားပေ ၈၁၀၊ စလင်း မြို့နယ်တွင် ပိန္နဲပင်- ငါးသန်ခေါင်းလမ်းပေါ်ရှိ ပေ ၈၂၀ တံတား၊ ဆောမြို့နယ်တွင် ကျောက်ထုပေါက်ကားလမ်းမှ ငါးလွန်း- ကျောက် လမ်းပေါ်ရှိ ယောချောင်းတံတား ပေ ၂၅ဝ လုပ်ငန်းများကို အကောင်အထည်ဖော်ပြီးဖြစ်သည်။

မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုး ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း ၃၇ ဒသမ ၀၅၂ ကီလိုမီတာ၊ ကတ္တရာလမ်း ၂၇၄ ဒသမ ၃၆၅ ကီလိုမီတာ၊ ကျောက်ချောလမ်း ၁၄ ဒသမ ၆၉၆ ကီလိုမီတာ၊ အမာခံလမ်း ၂၁၂၁သမ ၅၆၉ ကီလိုမီတာ၊မြေသား လမ်း ၈၆ ဒသမ ၀၈ကီလိုမီတာ၊ စုစုပေါင်း ၂၅၃၃   ဒသမ၇၆၂ ကီလိုမီတာ၊ ကွန်ကရစ်တံတား ၁၄၃စင်း၊ ဘေလီတံတား ၂၅စင်း၊ Box Culvert ၄၃၇စင်း၊ ရေကျော် ၁၄၇စင်း၊ အခြား၂၉ခု၊ စုစုပေါင်း ၇၈၁ စင်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထား ကြောင်း သိရှိရသည်။ ။

ထို့ကြောင့် မကွေးတိုင်းဒေသကြီး ကျေးလက်  လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်း၊ တံတားများ အား ရာသီမရွေး သွားလာနိုင်သော လမ်းများအဖြစ် အဆင့်မြှင့်တင်ခြင်းဖြင့် ကျေးလက် နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေမည်ဖြစ်ကာ

ကျေးလက်ပြည်သူ  ရိုင်းပင်းကူ

လက်တွဲငြိမ်းချမ်း  ဒို့ကြိုးပမ်း

လမ်းများဖောက်လုပ် ဒို့အလုပ်

ဖွံ့ဖြိုးရေးဆောင်ရွက် ပြည်သူ့အတွက် ဆိုသည့်ဦးစီးဌာနရည်မှန်းချက် ဆောင်ပုဒ်နှင့်အညီ စွမ်းအားရှိသမျှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ရေးသားတင်ပြ လိုက်ရပါ သည်။ ။