ရာသီမရွေးသွားလာနိုင်သော လမ်းများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေမည်
မောင်အေးချမ်း
မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအထက်ပိုင်း၏ ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွင် အဓိက အားထားရာ တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ပြီး ခေတ်နှင့်လျော်ညီသည့် အခြေခံ အဆောက်အုံများဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ မြို့ပြနှင့်ကျေးလက်နေ ပြည်သူများ၏ လူနေမှု ဘဝကွာဟမှု မရှိစေရေးအတွက် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ နှစ်အလိုက် ရန်ပုံငွေများ လျာထားသတ်မှတ်ကာ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ် ခြင်း၊ တံတားများ ဆောက်လုပ်ခြင်း များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆောင် ရွက်ပေးနိုင်ရန်အတွက် ဆောက်လုပ် ရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကို ၂၀၁၇ ခုနှစ် ဇူလိုင်လ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်း ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စ၍ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့် တင်ဖောက်လုပ်ခြင်း၊ တံတားများ အဆင့်မြှင့်တင် ဆောက်လုပ်ခြင်း လုပ်ငန်းများကို နှစ်စဉ်ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေတိုင်း ဒေသကြီးဘဏ္ဍာ ရန်ပုံငွေနှင့် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုး ရေး ရန်ပုံငွေ စသည့် ရန်ပုံငွေသုံးရပ်ဖြင့် အကောင ်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိသည်။ ။
အဆင့်မြှင့်တင် ဖောက်လုပ် လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် တိုင်းဒေသကြီး အတွင်း ခရိုင် ခုနစ်ခရိုင်၊ မြို့နယ် ၂၃ မြို့နယ်နှင့်ကျေးရွာ ၄၇၉၉ ရွာအတွင်းရှိ ကျေးလက်နေ ပြည်သူများ သွားလာရေးအဆင်ပြေစေ ရေးအတွက် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း ၂၅/၇ ဒသမ ၁၃ မိုင် ကတ္တရာလမ်း ၃၄၃/၄ ဒသမ ၈၁ မိုင် ကျောက်လမ်း ၁၄၁၉/၃ ဒသမ ၁၇ မိုင်၊ အမာခံလမ်း ၆၃၇/၁ ဒသမ ၉၁ မိုင်း မြေသားလမ်း ၂၈၉၈/၅ ဒသမ ၀၇ မိုင်ရှိခဲ့ရာမှ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်အထိ လေးနှစ်တာကာလအတွင်း ကွန်ကရစ်လမ်း ၅၄/၁မိုင်၊ ကတ္တရာလမ်း ၅၅၃/၀ မိုင် ဝက်လမ်း ၁၂၇၄/ ၂ ဒသမ၅ မိုင်၊ အမာခံလမ်း ၉၅၀/၅ ဒသမ ၉မိုင်၊ မြေသားလမ်း ၂၄၇၉/၅ ဒသမ ၅၅ မိုင်အထိ ကျေးလက်လမ်းမိုင် စုစုပေါင်း ၅၃၁၁/၆ ဒသမ ၉၅ မိုင်အထိ အဆင့် မြှင့်တင် ဖောက်လုပ်ပေးနိုင်ခဲ့သည်။
တံတားများ အဆင့်မြှင့်တင် ထို့အတူတံတားများအဆင့်မြင့်တင်ည်ဆောက်မှုအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် ကွန်ကရစ်တံတား ၃၁ စင်း၊ Box Culvert ၅၆ စင်း၊ ရေကျော် ၃၁ စင်း နှင့် အခြားလေးစင်း စုစုပေါင်း ၁၂ စင်းရှိခဲ့ရာမှ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်လေးနှစ်တာ ကာလအတွင်း၌ ကွန်ကရစ်တံတား ၁၄ စင်း၊ သစ်သား တံတား ၂၂ စင်း၊ Box Culvert ၂၉၄ စင်း၊ ရေကျော် ၉၄ စင်းနှင့် အခြား ၂၈ စင်း စုစုပေါင်း တံတားအရေအတွက် ၅၆၂ စင်းတို့ကို အဆင့်မြှင့်တင် တည်ဆောက် ပေးနိုင်ခဲ့ပြီး အဆိုပါ လမ်း၊ တံတား လုပ်ငန်းများအားလုံးအတွက် ရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၈၇၂၃၆ ဒသမ ၂၁၇၇ သန်း အကုန်အကျခံ သုံးစွဲ၍ ကျေးလက် နေပြည်သူများ ဆက်သွယ် သွားလာမှု အဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ကာ သဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် အဆင့်မြှင့် တင်ဆောင်ရွက် ပေးနိုင်ခဲ့သည်။
နှစ်မျိုးနှစ်စား ခွဲခြားထား “ကျေးလက်လမ်းတွေ ဖောက်လုပ် တဲ့နေရာမှာရသီမရွေး သွားနိုင်တဲ့လမ်း နဲ့တော်သွေ့ ရာသီမှာ သွားနိုင်တဲ့လမ်း ဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားထားတာ ရှိပါ တယ်။ ရာသီမရွေး သွားနိုင်တဲ့လမ်းဆို တာကတော့ ကွန်ကရစ်လမ်း၊ ကတ္တရာ လမ်းနဲ့ ကျောက်လမ်းအဆင့်တို့ကိုဆိုလို တာပါ။ ခြောက်သွေ့ရာသီမှာ သွားနိုင် တဲ့လမ်းဆိုတာ မြေသားလမ်းနဲ့ ဂျင်း၊ ဂဝံလမ်းတို့ကို ခေါ်တာပါ။ ၂၀၁-၂၀၁၈ ဘဏ္ဍာနှစ်တုန်းကဆိုရင် ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်း ခြောက်သွေ့ရာသီမှာ သွားနိုင်တဲ့လမ်းက ၅၄ ရာခိုင်နှုန်း ရှိတယ်။ ရာသီမရွေး သွားနိုင်တဲ့ လမ်းက ၄၆ရာခိုင်နှုန်း ရှိတယ်။ ၂၀၂၀၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ခြောက်သွေ့ ရာသီမှာ သွားနိုင်တဲ့ လမ်းက ၄၇ ရာခိုင်နှုန်းပဲ ကျန်တော့တယ်။ရသီမရွေး သွားနိုင်တဲ့လမ်း အနေနဲ့ ၄၆ ကနေ ၅၃ ရာခိုင်နှုန်း ဖြစ်လာတယ်။ ၇ ရာခိုင်နှုန်း တက်သွားတယ်။ လက်ရှိအချိန်မှာ လွှမ်းခြုံပြီးပြောရမယ်ဆိုရင် မန္တလေး တိုင်းသကြီး အတွင်းမှာ လမ်းမပေါက် သေးတဲ့ ကျေးရွာရယ်လို့တော့ မရှိတော့ ပါဘူး” ဟု မန္တလေး တိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးက ပြောသည်။
နှစ်စဉ်ရန်ပုံငွေများချမှတ် ထို့ပြင် မန္တလေးတိုင်းဒေသကြီး အတွင်း၌ ဌာနစတင်ဖွဲ့စည်းသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်မှစ၍ ယခုအချိန် အထိကျေးလက်နေ ပြည်သူများအတွက် အကျိုးပြုလမ်းများ မြန်ဆန်စွာ ပေါ်ထွက် လာစေရန် နှစ်စဉ်ရန်ပုံငွေများချမှတ်၍ လျာထားဆောင်ရွက်သည့်အပြင် မျှဝေ ခြင်းအစီအစဉ်ဖြင့်လည်း အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ သုံးနှစ်တာ ကာလအတွင်း အမခံလမ်း ၃၉၁ ဒသမ ၈၁၂၅၄ ကီလိုမီတာ မြေသားလမ်း ၄၁၅ ဒသမ ၄၉၁၃၀ ကီလိုမီတာ စုစုပေါင်း ၈၀၇ ဒသမ ၃၀၃၈၄ ကီလိုမီတာကို ရန်ပုံငွေကျပ် ၁၂၁၉ ဒသမ ၈၃၁ သန်း အသုံးပြု၍ခေါ်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်အရ ဌာနမှ စက် ယန္တရားကြီးများ အကူအညီ၊ နည်းပညာ အကူအညီများ နှင့်အတူ စက်မောင်း၊ ယာဉ်မောင်းများကိုလုပ်စရိတ်များ စိုက်ထုတ်သုံး စွဲပေးပြီး ကျေးရွာနေ ပြည်သူများက လမ်းမြေလှူဒါန်းခြင်းနှင့် စက်သုံးဆီ စိုက်ထုတ်ပေးခြင်းအစီအစဉ် များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
“မျှဝေခြင်းအစီအစဉ်ဆိုတာကတော့ ဌာနမှာ ယခင်ကဝယ်ယူထားတဲ့ စက်၊ ယာဉ်ယန္တရားမျိုးစုံ ၉၆ စင်း ရှိပါတယ်။ ဌာနက နည်းပညာ စက်ယန္တရားတွေနဲ့ စက်မောင်း၊ ယာဉ်မောင်းတွေ ပံ့ပိုးပေး၊ စိုက်ထုတ်ပေးတယ်။ လူတွေက စက်သုံး ဆီ စိုက်ထုတ်တယ်၊ စက်မောင်းယာဉ် မောင်းတွေအတွက် နေရာထိုင်ခင်းနဲ့ အကျွေးအမွေး စီစဉ်ဆောင်ရွက်ပေး တယ်။ ဒီလို ပြည်သူနဲ့ အစိုးရဌာနတို့ ပူးပေါင်းပြီး မျှဝေခြင်း အစီအစဉ်ကို လုပ် ဆောင်ကြတော့ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အကူအညီဖြစ်စေတဲ့ ကျေးရွာ ချင်းဆက်လမ်းတွေ ပိုမိုဖောက်လုပ်နိုင်ခဲ့ ပါတယ်။ ဒါက ကျွန်တော်တို့ မန္တလေး တိုင်းတစ်ခုတည်းမှာသာ ဆောင်ရွက် နိုင်ခဲ့တဲ့ မျှဝေခြင်းအစီအစဉ်ဖြစ်ပါတယ်။ ဒီလို မျှဝေခြင်း အစီအစဉ်တွေကို အခြား ပြည်နယ်နဲ့ တိုင်းတွေမှာလည်း ဆောင်ရွက်နိုင်မယ်ဆိုရင် ကျေးလက်နေ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ပိုမိုတိုးတက်မှု မြန်ဆန်လာမှာပါ” ဟု ၎င်းက အကြံပြုပြောဆိုသည်။
မျှဝေခြင်းအစီအစဉ်
ထိုသို့ မျှဝေခြင်းအစီအစဉ်ဖြင့် ကျေးလက်လုပ်ငန်းများ ဆောင်ရွက် ခြင်းကြောင့် နိုင်ငံတော်ဘတ်ဂျက်ဖြင့် မြေသား လမ်းများ ဖောက်လုပ်ရာတွင် လုပ်ငန်းတင်ဒါစနစ်ဖြင့် ပျမ်းမျှ ဆောင်ရွက်မည်ဆိုပါက တစ်မိုင်လျှင် စံနှုန်းငွေကျပ် သိန်း ၃၅၀ ခန့် ကုန်ကျ မည်ဖြစ်သော်လည်း ဌာန၏စက်ယန္တရား ပံ့ပိုးကူညီမှုနှင့် ဒေသခံပြည် သူများ ကိုယ်တိုင် ပူးပေါင်းမျှဝေပါဝင်ကာ လမ်းပေးအပ်ခြင်း၊ စက်သုံးဆီများ လှူဒါန်းမျှဝေခြင်းတို့ကြောင့် ဂဝံ မြေသား လမ်းများ ဖောက်လုပ်ရာတွင် တစ်မိုင်လျှင် စံနှုန်းကုန်ကျစရိတ်မှာ ငွေကျပ် ၈၅ သိန်းခန့်အတွင်းသာ ကုန်ကျ သဖြင့် ဘတ်ဂျက်ဖြင့် ဆောင် ရွက်ခြင်းထက် ကုန်ကျစရိတ် လေးချိုး တစ်မျိုးဖြင့် ကျေးလက်နေ ပြည်သူများ အတွက် အဆင်ပြေချောမွေ့စွာ အသုံးပြု နိုင်သော စံချိန်စံညွှန်း ပြည့်မီသည့်လမ်း များ အလျင်အမြန် တိုးတက်လသည်။
ထို့ပြင် မျှဝေခြင်း အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်း လမ်းလုပ်ငန်း များဆောင်ရွက်ရာတွင် ပထမအကြိမ် စက် ယန္တရား အစီး ၅၀ဖြင့် ပျမ်းမျှ လေးလ အတွင်း လမ်းပေါင်း ၂၆ လမ်း၊ လမ်း အရှည် ၈၁ မိုင်ကို အကောင် အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ကာ မိမိတို့ဒေသပိုင် လမ်းကို စဉ်ဆက်မပြတ် ကိုယ်တိုင်ပါဝင် ထိန်းသိမ်း စောင့်ရှောက်မှုကို ရရှိစေ သဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျိုးကျေးဇူးများစွာ ရရှိစေကြောင်း သိရသည်။
ထို့ပြင် မျှခြင်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် ကျေးရွာများတွင် ကျေးလက်နေပြည်သူများ ကျန်းမာ ကြံ့ခိုင်စေရန် ရည်ရွယ်၍ ကျေးလက် အကစားကွင်းများကို ကျေးရွာမှ မြေလှူဒါန်းမှုရှိပါက ဆောင်ရွက်ပေး လျက်ရှိပြီး ကျေးရွာအတွက် သောက် သုံးရေကန်များ လိုအပ်ပါကလည်း တူးဖော် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ၎င်းက ဆက်လက် ပြောပြသည်။
အလားတူ ညောင်ဦးမြို့နယ်အတွင်း ငါ့သရောက် - ဇဂျမ်းလမ်း ကတ္တရာခင်း ခြင်း ၈/၃မိုင်အား အဆင့်မြှင့် တင်ဆောင် ရွက်ပေးခဲ့မှုကြောင့် ကျေးရွာငါးရွာ၊ အိမ်ထောင်စု ၉၃ဝ၊ လူဦးရေ ၃၉၂၆ ဦး တို့အား အကျိုးပြုဖြတ် သန်းသွားလာ လျက်ရှိသည်။ ထို့ပြင် မြင်းခြံခရိုင်
နွားထိုးကြီးမြို့နယ်နှင့် တောင်သာ မြို့နယ် နွားထိုးကြီး- တောင်သာလမ်း ၁၇/၂ မိုင်အား အဆင့်မြှင့်တင်ဆောင် ရွက်ခဲ့သဖြင့် ကျေးရွာ ၂၈ ရွာ၊ အိမ်ထောင်စု ၃၇၂၆ စု၊ လူဦးရေ၂၄၄၂ဝ တို့အား အကျိုးပြုဖြတ်သန်းသွားလာ လျက်ရှိကြောင်း သိရသည်။
ထင်သာမြင်သာ ကျိုးပြု
လက်ရှိအချိန်တွင် မန္တလေးတိုင်း ၊ ဒေသကြီးအတွင်း၌ ကျေးလက်လမ်း ၊ ဖွံ့ဖြိုးရေး ဦးစီးဌာန၏ Pilot Project ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှုကြောင့် ကျေးလက်နေပြည်သူများ အတွက် ထင်သာမြင်သာ အကျိုးပြု နေသည့် လမ်းပိုင်းများအနေဖြင့် မန္တလေးတိုင်းဒေသကြီး အနောက် ဘက်ခြမ်းတွင် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တောင်သာမြို့နယ် ငါ့သရောက် - ဇဂျမ်း- မြင်းခြံကျောက်လမ်း ၈/၁ မိုင်အား အဆင့် မြှင့်တင်ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာ ၂၅ ရွာ၊ အိမ်ထောင်စု ၇၀၆၅စု၊ လူဦးရေ ( ၃၇၁၇၇ ဦးတို့အား အကျိုးပြုလျက် ရှိသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်များ ဖြစ်သည့် မိုးရွာခြင်း၊ ရေကျော်ခြင်း နှင့် မြေပြိုခြင်း အစရှိသည်များကြောင့် လမ်း၊ တံတား ပျက်စီးမှုများရှိခဲ့ပါက ပြည်သူ များ လမ်းပန်းဆက်သွယ်ရေး လတ်တလော မပြတ်တောက်စေရေး အတွက် အမြန်ဆုံးပြင်ဆင်နိုင်ရန်ကြိုတင်လျာထားသည့် ပြင်ထိန်း ဘတ်ဂျက်ရန်ပုံငွေမှ တင်ပြတောင်းခံကာ ပြင်ဆင် ပေးလျက်ရှိကြောင်း သိရသည်။
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ၏ ရည်မှန်းချက်မှာ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ကျေးရွာ များ၏ ၈၀ ရာခိုင်နှုန်းနှင့် ကျေးလက်လူဦးရေ ၉၀ ရာခိုင်နှုန်းကို ရာသီမရွေး သွားလာ နိုင်သော ကျေးလက် လမ်း နှင့် တံတား များအသုံးပြု သွားလာနိုင်ပြီး ကျေးလက် နေပြည်သူများ၏ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုကိစ္စ များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ကာ ကျေးလက်ထုတ်ကုန် များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက် သို့ အမြန်ဆုံး ရောက်ရှိ၍ ရှိသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်များ ဖြစ်သည့် မိုးရွာခြင်း၊ ရေကျော်ခြင်းနှင့် မြေပြိုခြင်း အစရှိသည်များကြောင့် လမ်း၊ တံတား ပျက်စီးမှုများရှိခဲ့ပါက ပြည်သူ များ လမ်းပန်းဆက်သွယ်ရေး လတ်တလော မပြတ်တောက်စေရေး အတွက် အမြန်ဆုံးပြင်ဆင်နိုင်ရန် ကြိုတင်လျာထားသည့် ပြင်ထိန်း ဘတ်ဂျက်ရန်ပုံငွေမှ တင်ပြတောင်းခံကာ - ပြင်ဆင် ပေးလျက်ရှိကြောင်း သိရသည်။
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ၏ ရည်မှန်းချက်မှာ ၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ကျေးရွာ များ၏ ၈၀ ရာခိုင်နှုန်းနှင့် ကျေးလက်လူဦးရေ ၉၀ ရာခိုင်နှုန်းကို ရာသီမရွေး သွားလာ နိုင်သော ကျေးလက် လမ်းနှင့် တံတား များ အသုံးပြု သွားလာနိုင်ပြီး ကျေးလက် နေပြည်သူများ၏ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုကိစ္စ များ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ကာ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက် သို့ အမြန်ဆုံး ရောက်ရှိ၍ ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်သည့်အတွက် လက်ရှိ စာရင်းကောက်ယူထားသော ကျေးရွာများ၌ လူဦးရေ ၁၀၀၀ နှင့် အထက်ရှိသော ကျေးရွာအားလုံးကို ၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်း၊လူဦး ရေ၅၀၀နှင့်အထက်ရှိကျေးရွာအားလုံး၏ ၉၅ ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ်တွင် | လည်းကောင်း၊ လူဦးရေ ၂၅၀ အောက်ရှိကျေးရွာအားလုံး၏၅၀ ရာခိုင်နှုန်းတို့ကို ၂၀၃၀ ပြည့်နှစ်တွင်လည်းကောင်း ရာသီ မရွေးသွားလာနိုင်သော လမ်းများအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်သွားမည်ကို လည်း ဝမ်းမြောက်ဖွယ်ရာ သိခွင့်ရခဲ့ သည်။
အဓိကကျသည့် အခန်းကဏ္ဍ
အနှစ်ချုပ်အားဖြင့် ဆိုရသော် မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင် ကြသည့် မြို့ပြနှင့် ကျေးလက်လူဦးရေ အချိုးများအရကျေးလက်နေလူဦးရေမှာ ပိုမိုများပြားနေသည်ကို တွေ့ရှိရသည့် အတွက် ကျေးလက်နေ ပြည်သူ လူထု၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စ
ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်သည့်အတွက် လက်ရှိ စာရင်းကောက်ယူထားသော ကျေးရွာများ၌ လူဦးရေ ၁၀၀၀ နှင့် အထက်ရှိသော ကျေးရွာအားလုံးကို ၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်း၊လူဦး ရေ၅၀၀နှင့်အထက်ရှိကျေးရွာအားလုံး၏ ၉၅ ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ်တွင် လည်းကောင်း၊ လူဦးရေ ၂၅၀ အောက်ရှိကျေးရွာအားလုံး၏၅၀ ရာခိုင်နှုန်းတို့ကို ၂၀၃၀ ပြည့်နှစ်တွင်လည်းကောင်း ရာသီ မရွေးသွားလာနိုင်သော လမ်းများအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်သွားမည်ကို လည်း ဝမ်းမြောက်ဖွယ်ရာ သိခွင့်ရခဲ့ သည်။
အဓိကကျသည့် အခန်းကဏ္ဍ
အနှစ်ချုပ်အားဖြင့် ဆိုရသော် မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင် ကြသည့် မြို့ပြနှင့် ကျေးလက်လူဦးရေ အချိုးများအရကျေးလက်နေလူဦးရေမှာ ပိုမိုများပြားနေသည်ကို တွေ့ရှိရသည့် အတွက် ကျေးလက်နေ ပြည်သူ လူထု၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စ
အဝဝများ အဆင်ပြေစေရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင် နေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ရ မည်ဖြစ်သည်။
ထို့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များကို လူထု ဗဟိုပြု ချဉ်းကပ်နည်းဖြင့် ဆောင်ရွက် ခြင်း၊ ကျေးလက်ဒေသများတွင် အခြေခံ အဆောက်အအုံများ တည်ဆောက် ပေးခြင်းအပြင် ကျေးလက်ဒေသ ပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှု ရွှေ့လျှော့ချရေး လုပ်ငန်းစဉ်များ ကိုလည်း ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှဆောင်ရွက်ပေးနေသည်ကို သိရှိခဲ့ရ သဖြင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိကျေးလက်နေ ပြည်သူများအတွက် အနာဂတ်ကာလတွင် ဖြစ်ပေါ်လာမည့် ဘက်ပေါင်းစုံမှ ဖွံ့ဖြိုး တိုးတက်လာမည့် အခြေအနေများကို မျှော်တွေးကာကြည်နူးပီတိဖြစ်မိပါကြောင်း ရေးသား တင်ပြ လိုက်ရ ပါသည်။ ။