Skip to main content

ငါးနှင့်အစ ဘဲကအလယ် မျိုးစေ့အဆုံး ပျော်တပြုံပြုံး

 

 

မောင်အောင်

ငါးနှင့်အစ

 “ကနေ့ကျင်းပတဲ့ အခမ်းအနားကတော့ ပဲခူးတိုင်းသကြီး ပဲခူးမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားပဲ ဖြစ်ပါတယ်။ အခုလို ငါးမျိုးစိုက်ထည့် ရခြင်းဟာ တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ သိပြီးဖြစ်တဲ့အတိုင်း ကျွန်တော်တို့နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် မတ်လက စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် ကပ်ရောဂါကြောင့် ပြည်သူအများစု အလုပ်အကိုင်ပျက်ပါတယ်။ စီးပွားရေး ကျဆင်းပါတယ်။ ဒီလို စီးပွားပျက်တဲ့ အချိန်မှာ ငွေကြေးချမ်းသာတဲ့သူတွေ အတွက်သိပ်ပြီးသိသာပေမယ့်ဝန်ထမ်း န်တွေနဲ့ လက်လုပ်လက်စားတွေမှာ အများကြီး ဒုက္ခရောက်ပါတယ်။ အထူး သဖြင့် “လက်လှုပ်မှ ပါးစပ်လှုပ်ရမည့် အဖွဲ့တွေ “အတွက် အထူးအရေးကြီးပါ တယ်။ ဒီအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံတော်ဝန်ကို လွှဲပြောင်းဝန်ယူခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံ့စီးပွားရေး ပြန်လည်ခေါင်ထောင် လာဖို့နဲ့ စု ပြည်သူတွေအတွက် စားနပ်ရိက္ခာဖူလုံဖို့အတွက်အရေးကြီးတဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေကို တွန်းအားပေးပြီး ဆောင်ရွက် နေခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းတွေ မြန်မြန်ဆန်ဆန် အောင်မြင်အောင် အကောင် အထည် ဖော်ဖို့ (Quick Wins) ကျွန်တော်တို့အဖွဲ့ လာရောက်ကွင်းဆင်း ဖြည့်ဆည်းဆောင် ရွက်ခြင်းပဲ ဖြစ်ပါတယ်။"

ပဲခူးမြစ်၊ မြို့ ဦးကင်းတံတားထိပ်တွင် ပဲခူးမြို့စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ငါး လုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ငါးလွှတ်ပွဲ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားနေသည်။ နံနက် ၇ နရီခွဲခန့် ရှိပြီဖြစ်၍ နေခြည်ကလည်း ရွှေရည်ဝင်း လို့နေသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး စကားသံကို အားလုံး ငြိမ်နားထောင်  နေကြသည်။

ကျွန်တော်တို့နိုင်ငံမှာငါးအပါအဝင် သယံဇာတတွေဟာ တဖြည်းဖြည်း လျော့ပါးလာနေတယ်။ မြန်မာ့ပင်လယ် ကမ်းရိုးတန်းမှာရှိတဲ့ ငါးတွေကို ငါးလုပ်ငန်းဦးစီးဌာနနဲ့ နေနော်ဝေနိုင်ငံ ငါးသုသနအဖွဲ့ ပူးပေါင်းလေ့လာ သုတေသနပြု ချက်အရ မြန်မာ့ပင်လယ် ပြင်ရေပေါ်နေငါး စဝ ရာခိုင်နှုန်းလောက်လျော့ပါးသွားပြီး ရေအောက်နေ ငါးကတော့ ၆၀ ရာခိုင်နှုန်း လျော့ပါး သွားတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ လူဦးရေ ကလည်း တိုးတက်များပြားလာပြီး တိုးလာတဲ့ လူအတွက် စားနပ်ရိက္ခာဖူလုံဖို့ကို နိုင်ငံ တော် အကြီးအကဲက အမြဲတမ်း စဉ်းစား ဆောင်ရွက်နေပါတယ်။ အဲဒါကြောင့် အရင်တုန်းကဆိုရင် ငါးမျိုးစိုက်ထည့်ရင် ငါးမှုန် ငါးသန် တွေသာ စိုက်ထည့်ကြပေ မယ့်အခုအချိန်မှာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက နှစ်လက်အရွယ် ငါးတွေ စိုက်ထည့်ပါလို့ လမ်းညွှန်တာ ကြောင့်နှစ်လက်အရွယ်ငါးသားပေါက် တွေ ကျွန်တော်တို့ စိုက်ထည့်နေ ပါတယ်။"

ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက မြစ်ကြီးတွေ၊ ဆည် တွေ၊ တမံတွေမှာ ထည့်တာထက် အခြေခံ လူတန်းစားတွေ အလွယ်တကူ ဖမ်းယူစားသောက်နိုင်အောင် “ပြည်သူ့ အတွက် ငါးဟင်းတစ်ခွက် တိုအောင် - မြစ်ချောင်းနဲ့ မြစ်လက်တက် ချောင်း လက်တက်၊ ချောင်းဖျားတွေမှာ ငါးမျိုး စိုက်ထည့်ခိုင်း ထားပါတယ်။ ပဲခူးတိုင်းသကြီးအတွင်းမှာရှိတဲ့ ပဲခူး ငါးလုပ်ငန်းစခန်း၊ သနပ်ပင်ငါးလုပ်ငန်း စခန်းနဲ့ အုတ်ဖိုငါး လုပ်ငန်းစခန်းတွေက ဒီနှစ် ငါးသားပေါက်ကောင်ရေ ၁၂၄ သိန်း ထုတ်လုပ်ပြီး စိုက်ထည့်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ငါးသားပေါက် ကောင်ရေ ၂၂ ဒသမ ၄၈ သိန်း မြစ်၊ ချောင်းနှင့် ဆည်၊ ရေလှောင်တမံတွေမှာ စိုက်ထည့်ပြီး ဖြစ်ပါတယ်။ ဒီနေ့ ငါးမြစ်ချင်း၊ ငါးခုံးမကြီးနဲ့ ရွှေဝါငါးကြင်း  ကောင်ရေ နှစ်သိန်း စိုက်ထည့်သွားမှာ ဖြစ်တယ်။ ဆက်လက်ပြီး ကျန်တဲ့ ငါးသားပေါက်တွေကိုလည်း ဒီနှစ် စက်တင်ဘာလကုန်အတွင်း အပြီး စိုက်ထည့်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာ မှာ အရေးကြီးတဲ့ အချက်တစ်ချက်ကို ကျွန်တော်တင်ပြလိုတာကတော့ ငါး၊ ပုစွန်၊ ကဏန်းစတဲ့ ရေနေသယံဇာတ အမယ်တွေကို ကျွန်တော်တို့တစ်တွေ ထုတ်နုတ်သုံးပြီး အခုလိုပြန်ပြီး မည့်ဆည်ရင် သဘာသယံဇာတတွေ တဖြည်းဖြည်းနဲ့ လုံးဝဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငါးရစ်တွေကို ဖမ်းပြီးစားမယ်။ သဘာဝနည်းနဲ့ ဖမ်းတာ မဟုတ်ဘဲ ဘက်ထရီနဲ့ ရော့ခ်တိုက်ပြီး ဖမ်းကြမယ်၊ ပင်လယ်ပြင် ငါးဖမ်းရ ရာသီမှာ ငါးခိုးဖမ်းကြမယ်ဆိုရင် သဘာဝသယံဇာတတွေ ကွယ်ပျောက် ကုန်မှာ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော် တို့ မှီတင်းနေထိုင်တဲ့ ကမ္ဘာ ကြီးမှာ သဘာသယံဇာတတွေ ကြွယ်ဝ နေဖို့နဲ့ ကမ္ဘာကြီး ထရ စိမ်းလန်း စိုပြည် နေဖို့ ကျွန်တော်တို့တစ်တွေ ကိုယ်စီ အသိစိတ်နဲ့ ဝိုင်ဝန်ဆောင်ရွက်ဖို့မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။" စကား အဆုံးတွင် စုပေါင်း၍ တပျော်တပါး ငါးလွှတ်ပွဲကျင်းပကြသည်။ ပဲခူးတိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် အပါ အဝင် ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းအဆင့် ဌာနဆိုင်ရာများ စုပေါင်း ငါးလွှတ်ကြခြင်းဖြစ်သဖြင့် အားလုံး၏ မျက်နှာတွင် အပြုံးပန်များ ဆင်မြန်း နေကြသည်။ မြန်မာ့ရိုးရာသင်္ကြန် နှစ်ဆန်း တစ်ရက်နေ့တွင် ကုသိုလ်ပြု သည့်အနေဖြင့် ငါးသက်စေ့လွှတ်ကြ သည်။ ငါးလွှတ်သူများက “နှင့်အသက် | တစ်ခါလွှတ်၊ သက်ဆယ် ခါလွှတ်"ဟု နှုတ်မှဆိုပြီး လွှတ်လေ့ရှိကြသည်။ ယခု ငါးကောင်ရေ နှစ်သိန်း လွှတ်သဖြင့် | ဘယ်လောက်များ ကုသိုလ်ရမည်ကိုတွေ၍ ကြည်မှုအပြည့်ဖြင့် အပြုံးပန်း များ ဆင်မြန်းနေကြခြင်း ဖြစ်မည်ထင်သည်။

ဒုတိယန်ကြီးနှင့် အဖွဲ့သည် ယမန် နေ့က နေပြည်တော်မှ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ရေတာရှည်မြို့နယ် သပြေ တန်းကျေးရွာတွင် တောင်သူလယ် များအတွက် စနစ်ကျ လယ်ယာဖော် ထုတ်ပေးမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ လယ်ယာမြေ ဖော်ထုတ်ခွင့်ရသည့် တောင်သူဦးကြီးများ ပျော်ရွှင်နေကြ သည်။ စနစ်ကျလယ်ယာဖော်ထုတ်ခွင့် ရသည့် တောင်သူလယ်သမားများက သူတို့အတွက် ဖော်ထုတ်ပေးရန် တောင်းဆိုသည်။ ၎င်းနောက်ကျေလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးသည့် ဇမန်း သာကျေးရွာ ကွန်ကရစ်လမ်း ဖောက်လုပ် ပြီးစီးမှုကို ကြည့်ရှုခဲ့သည်။ ဇမန်းသော ကျေးရွာ လမ်းဖြစ်မြောက်ရေးအဖွဲ့ဝင် ရွာသားများကလည်း စနစ်ကျလယ်ယာ ဖော်ထုတ်ပေးဖို့ တောင်းဆိုပြန်တော့ ဒုတိယဝန်ကြီးက မြန်မာတစ်နိုင်ငံလုံး တွင်ကျေးရွာပေါင်း ခြောက်သောင်းကျော် ရှိသဖြင့် အားလုံးတူညီမျှဆောင်ရွက် ပေးရန် တာဝန်ရှိပါကြောင်းနှင့် နိုင်ငံ တော်၏ ဘဏ္ဍာငွေအရ ခွဲဝေဆောင်ရွက် နိုင်ပါက ဆောင်ရွက်ပေးပါမည့် အကြောင်း ရှင်းပြခဲ့ရသည်။

 

ဇမန်းသာကျေးရွာမှ ကေတုမတီ သဝါယမ ငါးမွေးမြူရေးလုပ်ငန်း။ထိုမှ တောင်ငူကျွန်းကုန်းရှိ ရွှေဝါကြက် မွေးမြူရေးခြံ ၎င်းနောက် တောင်ငူမြို့ နယ် ဘုရားနှစ်ဆူ(အရှေ့)ကျေးရွာ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ၎င်းနောက်မှ ဖြူးချောင်းရေလှောင်တမံ၊ ပြီးတော့ ဒိုက်ဦးမြို့နယ် ဗျက်ကလေးကျေးရွာမီးလင်းရေးနှင့် ရေပေးရေး လုပ်ငန်း၊ ပြီးတော့မှ ညောင်ပင်သာ ကြံသီးနှံ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ၊ပြီးမှ ဒိုက်ဦးမြို့နယ်၏ ဝက်မွေးမြူရေးခြံ၊ ထို့နေနောက် ပဲခူးမြို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှု ဦးစီးဌာန၏ ဆည်မြောင်း ပညာရပ်ဖွံ့ဖြိုး မှုနှင့် လေ့ကျင့်ရေးဌာနခွဲသို့ ရောက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြေဝင်ဆန်ကြီး ဌာန လက်အောက်ရှိ ဦးစီးဌာနများမှ တိုင်းအဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံ ခဲ့သည်။

ငါးမျိုးစိုက်ထည့်ပွဲအပြန် ဒုတိယ ဝန်ကြီးနှင့် အဖွဲ့သည်ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။ မိမိတို့ ဝန်ကြီးဌာနမှ ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ပေးနေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ တိုင်းသေ ကြီးကောင်စီနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရမည့် အချက်များ ကို ဆွေးနွေးကြသည်၊ ညှိနှိုင်းကြသည်။ တိုင်းပြည်ကို အချိန်တိုအတွင်း တိုးတက် စေလိုသည့် ဆန္ဒချင်းတူညီသူများ ဖြစ်သဖြင့် ဆွေးနွေးပွဲက အားရစရာကောင်းသည်။ အကျိုးပြုရလဒ်ကောင်း များ ပေါ်ထွက်လာမည်ဟုယုံကြည်ပါသည်။

ထိုမှ မဇင်းရပ်ကွက် ရွှေသာလျောင်း ဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနတွင် မှတ်ပုံတင် ထားသည့် ရွှေမြန်မာလက်မှုပစ္စည်း ရောင်းဝယ်ရေးနှင့်အထွေထွေစီးပွားရေး လုပ်ငန်းသို့ရောက်ခဲ့သည်။ အသင်း သား ဦးရေ ၂၀ ခန့်ရှိပြီး အစုထည့်ဝင်ငွေ သိန်း ၂၀ ထည့်ဝင်ထားသည်။ သစ်၊ ဝါး၊ ချည်ထည်များဖြင့် ပြုလုပ်သော လက်မှု ထည်ပစ္စည်းများနှင့် မြန်မာရိုးရာ ပန်းပု ထည်များ ရောင်းချနေကြောင်း တွေ့ရ သည်။ ကိုဗစ်ကပ် ရောဂါကြောင့် အရောင်းအဝယ် အေးနေသော်လည်း ပြန်လည်ဖွံ့ဖြိုး တိုးတက်လာမည်ကို ယုံကြည်နေကြသည်။ အဲဒီကမှကျောက်တွင်းကုန်းလမ်းဆုံရှိ Co-op Fitness Center အားကစားလေ့ကျင့် ရေးခန်းမ(ကျား/မ)သို့ ရောက်ရှိခဲ့သည်။ အားကစားပစ္စည်း စုံလင်သည်။ အနာဂတ်၏ မျိုးက်သစ်လူငယ်များ ကိုယ်လက်ကြံ့ခိုင်ရေး အားကစား လေ့ကျင့်မှု သရုပ်ပြသည်။

ပဲခူးတိုင်းဒေသကြီးမှ မြန်မာ့ ဂုဏ်ဆောင် ကိုယ်လက်ကြံ့ခိုင်ရေး အားကစားလူရည်ချွန်များ ထွက်ပေါ် လာမည်ဟု ယုံကြည်ပါသည်။

၎င်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့ သည် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ဝန်ထမ်းများ၏ တင်ပြချက်များကို ဒုတိယဝန်ကြီးနှင့်အဖွဲ့က ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၏ မြေရည် အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်းသို့ ရောက်ရှိ ခဲ့သည်။ “တောင်သူဦးကြီးများ ၏ လယ်ယာမြေအပါအဝင် စိုက်ပျိုးမြေ များ၏ လိုအပ်ချက်ကို ဓာတ်ခွဲ စမ်းသပ် ခြင်းဖြင့် အချိန်တိုအတွင်း လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ရေး တည်ထောင် ထားခြင်းဖြစ်သည်ဟူသော ဓာတ်ခွဲခန်း တာဝန်ခံ၏ စကားကလည်း ကျေနပ် အားရစရာကောင်းလှသည်ပင်။ ဘဲကအလယ် နေပြည်တော် အပြန်ခရီးတွင်ကား သနပ်ပင်ဘက်မှလှည့်ပြီးပြန်ဖြစ်သည်။ ဘဲမွေးမြူရေးနှင့် သားဖောက် လုပ်ငန်း ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလို၍ ဖြစ်သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ  ရေးနှစ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်မွေးမြူးကောင်ရေ စာရင်းအရ မြန်မာ တစ်ပြည်လုံး တွင် ဘဲကောင်ရေ ၃၅ သိန်းခန့် မွေးမြူထားသည့် အနက် ပဲခူးတိုင်းဒေသကြီးအတွင်း  ၁၆၉၁၁၃၈ ကောင် မွေးမြူထားသည်။ တစ်နိုင်ငံလုံးရှိ ဘဲမွေးမြူရေး ကောင်၏ တစ်ဝက်နီးပါး မွေးမြူထား သည့် ပဲခူးတိုင်းဒေသကြီး၏ မွေးမြူ ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝင်ရောက်ကြည့်ရှုခြင်းဖြစ်သည်။

ကဝမြို့နယ် `ဘာကျေးရွာရှိ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ နိုင်လင်းဆွေ၏ ဘဲခြံက အကြီးဆုံးဖြစ် သည်။ မြေဧက ၄၀ ကျယ်ဝန်းပြီး အလျား ပေ ၁၈၀ ၊ အနံ ၃၆ ပေနှင့် အမြင့် ၁၀ ပေရှိ ဘဲခြံ ၁၀ ခြံ ဆောက် လုပ် မွေးမြူထားသည်။ ငါးကန်အတွင်း ဘဲခြံဆောက်လုပ်ထားခြင်း ဖြစ်ပြီး ဓနိမိုး၊ ဝါးကြမ်းခင်းဖြစ်သည်။ ဘဲခြံ တစ်ခြံလျှင် ဘဲကောင်ရေ၂၀၉၀ မွေးမြူ ထားပြီး ကောကီကင်းဘဲ၊ ဥစားဘဲမျိုးများ ဖြစ်သည်။ မလေးရှားနှင့် ထိုင်းနိုင်ငံမှ တင်သွင်းမွေးမြူခြင်းဖြစ်သည်။ တစ်နေ့ လျှင် ဘဲဥ ၁၅၀၀၀ ခန့် ထွက်ရှိပြီး ရန်ကုန်သို့ တစ်လလျှင် ဘဲဥလုံးရေ ၄၅၀၀၀၀ ခန့် တင်ပို့ရောင်းချလျက် ရှိသည်။ ဒေါက်တာနိုင်လင်းဆွေ၏ အဓိကအခက်အခဲမှာ မွေးမြူထားသည့် မြေနေရာ ရေရှည်သုံးစွဲခွင့်ရရှိရေးပင် ဖြစ်သည်။ လယ်(စပါး)စိုက်၍မရသည့် ရေနက်ကွင်း မြေနေရာဖြစ်သဖြင့် မြေသုံးစွဲခွင့်ရရှိရေး စိစစ်ဆောင်ရွက် ပေးရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးနှင့် မြေစာရင်းဦးစီးမှူးအား မှာကြားခဲ့ပါသည်။

ဘဲသားဖောက်လုပ်ငန်း

ဆက်လက်၍ သနပ်ပင်မြို့ ကမာစဲ ကျေးရွာရှိ ဦးဝင်းထိုက်မောင်၏ ဥစားဘဲ နှင့် မျိုးဘဲ သားဖောက်လုပ်ငန်းသို့ ရောက်ရှိ စစ်ဆေးပါသည်။ ခြံသည် စုစုပေါင်း မြေဧက ၆ဝ ကျယ်ဝန်းပြီး မျိုးဘဲခြံတစ်ခြံလျှင် အလျား ၁၆၀ ပေ အနံ ၃၂ ပေရှိပြီး အမြင့် ၁၈ ပေ ရှိပါ သည်။ဘဲခြံတစ်ခြံလျှင် ၁၄၇၀ မွေးမြူ ထားပြီး ကာကီကင်းဘဲမျိုး ဥစားဘဲ ၁၈၀၀၀ နှင့် မျိုးဘဲ ၇ဝဝဝ မွေးမြူ ထားရှိပါသည်။ တစ်နေ့လျှင် မျိုးဘဲဥ ၆၀၀၀ လုံးခန့်နှင့် ဘဲဥ ၁၅၀၀၀ ခန့် ထွက်ရှိပြီး ဘဲသားပေါက် တစ်လလျှင် ၆၀၀၀၀ ခန့် ဖြန့်ဖြူး ပေးနိုင်ကြောင်းနှင့် စားဘဲတစ်လလျှင် ၃၀၀၀၀၀ ခန့် ဖြန့်ဖြူးပေးနိုင်ကြောင်း သိရှိရပါသည်။ ကဝမြို့နယ်နှင့် သနပ်ပင် မြို့နယ်ရှိ ဘဲခြံများအား မြို့နယ်မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနများမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။ မျိုးဘဲဥများကို Broader (ဝပ်စက်) ရှစ်လုံးနှင့် Incubator (ဖောက်စက်) နှစ်လုံးဖြင့် သားဖောက်ပေးလျက် ရှိကြောင်း တွေ့ရှိရပါသည်။ မြေနေရာ အမြဲတမ်း အသုံးချခွင့်ရရှိရေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

မျိုးစေ့အဆုံး

တက်ရောက်လာကြတဲ့ တောင်သူ   ဦးကြီးတွေက ကျွန်တော်တို့ စိုက်ပျိုးရေး ဦးစီးဌာန မျိုးစေ့ထုတ်လုပ်ရေး ဌာနခွဲက ထုတ်လုပ်တဲ့ ဟင်းသီးဟင်းရွက်မျိုးစေ့ တွေ့ကို ကြိုက်နှစ်သက်ကြတယ် ကြားရ တော့ အထူးပဲ ဝမ်းသာကျေးဇူးတင် ပါတယ်။ ကျွန်တော်တို့ မြန်မာစကားမှာ ရှိပါတယ်။ “အိမ်နောက်ဖေး ဈေးဆိုင် တည်ဆိုတာ တကယ်တော့ အိမ်တော် ဖေး ဈေးဆိုင်တည်ဆိုတာက အိမ်တော် ဖေးမှာရှိတဲ့ မြေလွတ်တွေမှာ ငရုတ်ပင်၊ ခရမ်းပင်၊ ရုံးပတီပင်၊တိုင်ထောင်ပဲဘူး၊ သခွာ၊ ဖရုံ၊ နံနံပင်တွေ စိုက်ပျိုးထားဖို့ပါ။ ဒီလို ဟင်းသီး ဟင်းရွက် သီးနှံပင်တွေ စိုက်ပျိုးထားခြင်းဖြင့် လတ်လတ် ဆတ်ဆတ် ခူးဆွတ်စားနိုင်တဲ့အပြင် အားလပ်တဲ့အချိန်မှာ ကိုယ်လက် လှုပ်ရှားခြင်းဖြင့် ကျန်းမာရေးလည်း ညီညွတ်တယ်။ ငွေကုန်ကြေးကျလည်း သက်သာတယ်။ များများ ထွက်လျှင် ရောင်းစားလို့လည်း ရတာကြောင့် အပိုဝင်ငွေလည်း ရရှိစေပါတယ်။"

အထူးသဖြင့် အခုလို ကိုဗစ်ဖြစ်လို့ စီးပွားရေးတွေ ကျဆင်းနေတဲ့အချိန်မှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ခြင်းဖြင့် အပိုငွေမကုန်ကျဘဲ ဝင်ငွေ လည်းရရှိတာကြောင့်ဒီကတောင်သူကြီး တွေ ကြိုက်နှစ်သက်မယ်လို ယုံကြည်ပါတယ်။ "  ညောင်လေးပင်မြို့နယ်ပြွန်တန်ဆာ စိုက်ပျိုးရေးပညာပေးစခန်း၌ ပြုလုပ် သည့် မျိုးစေ့ပေး အပ်ပွဲ အခမ်းအနားတွင်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယကြီးကပြောကြား ခဲ့ခြင်းဖြစ်သည်။ ၎င်းနောက် တက်ရောက်လာကြသည့် တောင်သူ ဦးကြီးများကိုယ်စား တောင်သူကြီး တစ်ယောက်ကို ဥယျာဉ်ခြံသီးနှံ၊ ဟင်းသီးဟင်းရွက် မျိုးစေ့များကို ပေးအပ်ပြီး နေပြည်တော်ပြန်ဖို့ ပြင်ဆင် လိုက်သည်။ မျိုးစေ့တော်ခံယူသော ဦးကြီးက ဒုတိယဝန်ကြီးလက်ကို ဆွဲထားပြီး....... ပျော်တပြုံးပြုံးကျေးဇူးတင်စကားပြောဖို့ အခမ်း အနား အစီအစဉ်မှာမပါလို့ မပြောလိုက်ရ ဖြစ်မှာစိုးလို့ နည်းနည်းတော့ ပြောပါရ စေဦး။ ဒီမျိုးစေ့တွေပေးလို့ ဝန်ကြီးတို့ ဌာနကို ကျွန်တော်တို့ ရွာသားတွေက အများကြီးကျေးဇူးတင်ပါတယ်

ဦးကြီးကိုနှုတ်ဆက်၍ ဒုတိယ ဝန်ကြီး ကားပေါ်တက်ပြီး စိုက်ပျိုးရေး ပညာပေးစခန်းမှ ထွက်ခဲ့ကြသည်။ မျိုးစေ့ထုပ်များ ကိုယ်စီကိုယ်စီကိုင်၍ ပြုံးရွှင်သော မျက်နှာထားများဖြင့် အားရ ပါးရ နှုတ်ဆက်နေကြသည့် တောင်သူ ဦးကြီးများ၏ ရုပ်သွင်များက ရုပ်ရှင်လို မျက်စိတွင် တရိပ်ရိပ် ပေါ်လာ သည်။

သည်နေ့ခရီးစဉ်ကား.......... “ငါးနှင့် အစ ဘဲကအလယ် မျိုးစေ့အဆုံး ပျော်တပြုံးပြုံး"...ပါတကား။ ။