Skip to main content

နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့

ယမန်နေ့မှအဆက်

အခန်း(၆)

ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့်ယုံကြည်ထိုက်ခြင်း 

၁၁။ နိုင်ငံ့ဝန်ထမ်းများသည် -

(က) ပြည်သူကိုဝန်ဆောင်မှုပေးရာတွင် ရိုးသားဖြောင့်မတ်မှုရှိရည်။ ။

(ခ) ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်သိက္ခာကို အကောင်းဆုံးစောင့်ထိန်းရမည်။

 (ဂ) တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲ သုံးစားပြုခြင်းနှင့်မလျော်သြဇာသုံးခြင်းတို့မှရှောင်ကြဉ် ရမည်။

 (ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့် ဆုံးရှုံးမှုမရှိစေရေးနှင့် အလွဲသုံးစားမှု မပြုရေး တို့အတွက် ထိန်းသိမ်းစောင့်ရှောက်ရမည်။

 (c) အစိုးရနှင့်ပြည်သူများအကြားကောင်းမွန်သောယုံကြည်မှု ကို တည်ဆောက်ထိန်းသိမ်းနိုင်ရေး ဦးတည်ကြိုးပမ်း ရမည်။

 (စ) ရာထူး၊ ဌာန လုပ်ငန်းတာဝန်များနှင့်ဆက်စပ်၍ ပုဂ္ဂိုလ် ရေးဆိုင်ရာကိစ္စရပ်များရောထွေမှုမရှိစေရေးင့်ထိန်း ရမည်။

(ဆ) လုပ်ငန်းခွင်အတွင်း အဂတိတရား ကင်ရှင်းစွာ ဆောင်ရွက်ရမည်။ ။

(ဇ) လုံခြုံမှုအဆင့်အတန်း သတ်မှတ်ထားသည့် သတင်း အချက်အလက်များ ပေါက်ကြားမှုမရှိစေရေး အထူး သတိပြု ထိန်းသိမ်းရည်။ ။

 (ဈ) ရိုးသားဖြောင့်မတ်ပြီး နိုင်ငံတော်၊ မိမိဌာနအဖွဲ့ အစည်း နှင့် ပြည်သူတို့အပေါ် သစ္စာရှိရမည်။

(ည) ဌာနအဖွဲ့အစည်းက ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ် နိုင်သူဖြစ်ရမည်။

(ဋ) ဝန်ထမ်းအချင်းချင်း၏ ယုံကြည်လေးစား အားကိုး " ထိုက်သူ ဖြစ်ရမည်။

(ဌ) မိမိဌာနအဖွဲ့ အစည်းနှင့် ဝန်ထမ်းအချင်းချင်းအပေါ် အထင်အမြင်လွဲမှားစေမည့် အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုတို့ကို ရှောင်ကြဉ်ရမည်။

(ဍ) ဌာနအဖွဲ့ အစည်းဆိုင်ရာ သတင်းအချက်အလက်များကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းမှရှောင်ကြဉ်ရ မည်။ ။

(ၒ) မိမိ၏အခွင့်အာဏာနှင့်ဆက်နွှယ်၍မည်သည့်စီးပွားရေး လုပ်ငန်များတွင်မျှ ကိုယ်ကျိုးစီးပွား ပါဝင်ပတ်သက် ခြင်မပြုရ။

အန်း(၇)

ထူးချွန်ပြောင်မြောက်မှုနှင့်အတတ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်း

၁၂။ နိုင်ငံ့ဝန်ထမ်းများသည် -

 (က) ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးများနှင့် စီမံခန့်ခွဲ မှုစွမ်းရည်များ မြင့်မားလာစေရေးအတွက် စဉ်ဆက် မပြတ် လေ့လာဆည်းပူးရည်။

(ခ) အများပြည်သူဆိုင်ရာ မူဝါဒများနှင့် အစီအစဉ်များကို အရည်အချင်းပြည့်ဝစွာဖြင့် ချမှတ်အကောင်အထည် ဖော်နိုင်ရေး လေ့လာဆည်းပူရည်။

(ဂ) ပြည်သူကိုဝန်ဆောင်မှုပေးရာတွင် အမြင့်မားဆုံးသော ကျွမ်းကျင်မှုဆိုင်ရာအရည်အချင်းများဖြင့် စွမ်းဆောင် ရည်ပြည့်ဝစွာ ဆောင်ရွက်ပေးရမည်။

 (ဃ) လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်တတ်စေရေးနှင့် တာတန်ထမ်းဆောင်မှုနှင့် စွမ်းဆောင်ရည် အခြေပြု စံသတ်မှတ်ချက်များအပေါ် အခြေခံ၍ ကျွမ်းကျင်မှု အရည်အချင်များ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် လေ့လာဆည်းပူးရမည်။

 (င) ခေတ်မီဆက်သွယ်ရေး နည်းပညာများကို တတ်သိနားလည်ပြီး သုံးချနိုင်စွမ်းရှိရမည်။

(စ) နိုင်ငံတော်နှင့် ဌာနအဖွဲ့အစည်းများမှ ထုတ်ပြန်သည့်  မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြား ချက်များကို လေ့လာဆည်းပူးရမည်။

 (ဆ) ကြီးကြပ်ကွပ်ကဲမှုအနည်းဆုံးဖြင့် လုပ်ငန်းတာဝန်များ ကိုအောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

(ဇ) မိမိရာထူးအဆင့်အလိုက် ထမ်းဆောင်ရမည့်လုပ်ငန်း တာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရမည့် အပြင် လုပ်ဖော်ကိုင်ဖက်များကိုလည်း ကျွမ်းကျင်ရှိစေ ရန် ပံ့ပိုးကူညီပေးရမည်။

 (ဈ) အရည်အချင်းပြည့်နေစေရန်စဉ်ဆက်မပြတ် လေ့လာ ဆည်းပူး သော်သားဆောင်ရွက်ရမည်။

အခန်း(၈)

အားလုံးပါဝင်၍ ပူပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း

၁၃။ နိုင်ငံ့ဝန်ထမ်းများသည်

(က) ဝန်ထမ်းရေးရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင်လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ ရာထူးအဆင့်အတန်း အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံခြင်းမပြုရ။

 (ခ) ဌာန၊ သေ၊ ဓလေ့ထုံးတမ်းယဉ်ကျေးမှုများနှင့်အညီ လိုက်လျောညီထွေ အပြန်အလှန်လေးစားစွာ ဆက်ဆံ ဆောင်ရွက်ရမည်။

(ဂ) လုပ်ငန်းနှင့်ဆက်စပ်လျက်ရှိသော ပြည်တွင်း၊ ပြည်ပ အစိုးရအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါက ချမှတ်ထားသော မူဝါဒ များနှင့် အညီ ဆောင်ရွက်ရမည်။ ။

 (ဃ) မိမိအားပေး အပ်ထားသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အချင်းချင်း ရိုင်းပင်းကူညီ၍ အဖွဲ့ အစည်းစိတ်ဓာတ်ဖြင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရမည်။

အခန်း(၉)

ဘက်လိုက်မှုကင်းခြင်း၊ အတိကင်းရှင်းခြင်း၊ တရားမျှတစွာဆောင်ရွက်မှုရှိခြင်း

၁၄၊ နိုင်ငံ့ဝန်ထမ်းများသည် ။

(က) အဂတိတရားကင်းရှင်စွာ ချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုပေးရမည်။

 (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ နည်းဥပဒေ များ စည်းမျဉ်းစည်းကမ်းများ၊အမိန့်ကြော်ငြာစာများ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ အခါအား

လျော်စွာ ထုတ်ပြန်သည့် ဒေသန္တရဆိုင်ရာအမိန့်ညွှန်ကြား ချက်များနှင့်အညီ လိုက်နဆောင်ရွက်ရမည်။

 (ဂ) ဘက်လိုက်မှု ကင်းရှင်းရမည့်အပြင် အများပြည်သူ အထင်အမြင်လွဲမှားစေနိုင်သည့် အပြုအမူ အပြောအဆို တို့ကိုလည်း ရှောင်ကြဉ်ရမည်။

 (ဃ) ပြည်သူများကိုလေးစားမှုစာနာမှုနှင့်တရားမျှတမှုတို့ဖြင့် ဆက်ဆံရမည်။

(c) ဆုံးဖြတ်ချက်များကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်မျှတ စွာ ချမှတ်ရမည်။

 (စ) နိုင်ငံ့ဝန်ထမ်း များသည်ပါတီနိုင်ငံရေးနှင့်ကင်ရှင်းရမည်။

အန်း(၁)

ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း

၁၅။ နိုင်ငံ့ဝန်ထမ်းများသည်

(က) နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် သက်ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပွင့်လင်း မြင်သာ မှုဖြင့် မှန်ကန်စွာ ဆောင်ရွက်ရမည်။

(ခ) လုပ်ငန်ာဝန်များကို ထမ်းဆောင်ရာတွင် မိမိ၏ လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ်ချက်များအတွက်အန်ယူမှုနှင့် တာဝန်ခံမှုရှိရမည်။

(ဂ) ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စနစ် တကျ စိစစ်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်။

(ဃ)တာဝန်သိမှု၊ တာဝန်ရှိမှု၊ ဘန်ယူမှု၊ တာဝန်ခံမှု ဆန် ကျေမှုတို့ဖြင့် ဆောင်ရွက်ရမည်။

အခန်း(၁)

အထွေထွေ

၁၆။ ကျင့်ဝတ်ဆိုင်ရာပြဿနာများ ပေါ်ပေါက်လာပါက အနီးကပ် ကြီးကြပ်သူအရာရှိက ပြဿနာရင်းမြစ်ကို စုံစမ်၍ ဖြေရှင်းခြင်း၊ ဆုံးဖြတ်ခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်သော သုံးသပ်အကြံပြု ချက်တို့ဖြင့် အထက် အဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီဆောင်ရွက် တင်ပြရမည်။

၁၇။ အထက်အရာရှိ အကြီးမှူးများကလည်း မိမိလက်အောက် ဝန်ထမ်းများမှတင်ပြလာသည့်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ ဘက်လိုက်မှု ကင်ရှင်းခြင်းတို့ဖြင့် သတ်မှတ် ပြဋ္ဌာန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အခါအားလျော်စွာ ထုတ်ပြန် သည့်အမိန့်ညွှန်ကြားချက်များနှင့်အညီမှန်ကန်မြန်ဆန်စွာဖြေရှင်း ဆောင်ရွက်ရမည်။

၁၈။ ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်များကို သိရှိလိုက်နာစောင့်ထိန်းခြင်းဖြင့် နိုင်ငံ့ ဝန်ထမ်း အဖွဲ့အစည်းများနှင့် နိုင်ငံ့ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်အားထားမှု ပိုမိုရရှိ စေမည့်အပြင် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တရာဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ ဘဝ သာယာဝပြောရေးတို့ကို ထိရောက်အောင်မြင်စွာ ဖော်ဆောင်နိုင်စေမည်ဖြစ်ပါသည်။

၁၉။ သို့ဖြစ်ပါ၍ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ တန်ဖိုးသတ်မှတ် ချက်များသည်ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော နိုင်ငံ့ဝန်ထမ်းကောင်း များဖြစ်ပေါ်လာစေရေး၊ စွမ်းဆောင်ရည်ပြည့်ဝသော နိုင်ဝန်ထမ်း အဖွဲ့အစည်းများ ဖြစ်ပေါ် လာစေရေး၊ ပိုမိုကောင်မွန်သည့် လူမှုအဖွဲ့ အစည်းဖြစ်ပေါ်လာစေရေးတို့အတွက် အထောက်အကူပြုစေမည့် စီတန်ဖိုးများဖြစ်ပါသဖြင့် နိုင်ငံ့ဝန်ထမ်းတိုင်း သိရှိစောင့်ထိန်းလိုက်နာ ကြရန် လိုအပ်ပါသည်။