အမျိုးသားလုံခြုံရေးကျိုးပေါက်မှုကို ပြန်လည်ကုစားရမည့်အချိန်
မင်းပြည့်စုံ
အမျိုးသားလုံခြုံရေးဟု ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဒါဟာ တပ်မတော်၏ကိစ္စ၊ တပ်မတော်က ဦးဆောင် တာဝန် ယူရမည့်အရာ ဟူ၍ နိုင်ငံသားအတော်များများက သတ်မှတ်ကြတတ်ပါသည်။
သို့သော် အမျိုးသားလုံခြုံရေးဆိုသည်မှာ ပြည်တွင်း၊ ပြည်ပ အန္တရာယ်ကို ကာကွယ်ခြင်းအပြင် နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုး ထားသည့် အဓိကတန်ဖိုး (Core Values)များကို ခြိမ်းခြောက်ခြင်းများမှ ကာကွယ်ခြင်းဟူ၍ နိုင်ငံတကာ တွင်တော့ အဓိပ္ပာယ်သတ်မှတ်ကြပါ သည်။ ထို့ကြောင့် အမျိုးသားလုံခြုံရေးဟု ဆိုလိုက်လျှင် နိုင်ငံသူ၊ နိုင်ငံသား များ၏ လုံခြုံမှု၊ အချုပ်အခြာအာဏာ ပိုင်စိုးမှုအတွက် နိုင်ငံတော်ကို တာဝန်ယူထားရသည့် အစိုးရတစ်ရပ်က National Security Policy National Security Strategy yeqyosios စနစ်တကျ ဆောင်ရွက်ဖို့လိုအပ်သကဲ့သို့ ပြည်သူများကလည်း နိုင်ငံတော်အတွက်၊ မိမိတို့ပြည်သူပြည်သားများအတွက် မရှိမဖြစ် လိုအပ်သည့် အမျိုးသားလုံခြုံရေးအဖြစ် လက်ခံကျင့်သုံးလိုက်နာ၍ ပူးပေါင်ပါဝင်ကြရန် လိုအပ်ပါသည်။
နိုင်ငံတော်နှင့်ပြည်သူ လူမှုပဋိညာဉ်စောင့်ထိန်းလိုက်နာ
(၂၁)ရာစုတွင် အမျိုးသားလုံခြုံရေးအပေါ်လူများ၏ထင်မြင် ယူဆချက်များသည်နိုင်ငံတကာ၌ ပြောင်းလဲလာပြီး အဓိကချက်မှာ လူဋိညာဉ်ကို နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအထားရှိသည့် အဓိပ္ပာယ်ကို ပို၍ဖွင့်ဆိုလာကြသည်။ နိုင်ငံတော်သည် လူ့အဖွဲ့ အစည်း (ပြည်သူအတွက် လုံခြုံရေးနှင့်လိုအပ်ချက်များကို တာဝန်ယူ ဖြည့်ဆည်း ပေးရမည်။ အပြန်အလှန်အားဖြင့် လူ့အဖွဲ့အစည်းများက လွတ်လပ်မှုနှင့် လုံခြုံမှုကို ခံစာရယူရာတွင် နိုင်ငံတော်က ချယ် ထားသည့် ဥပဒေနှင့် ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာကြရ ပါသည်။
ထိုသို့လူပဠိညဉ်ကိုနိုင်ငံတော်အစိုးရဘက်က တာဝန်မကျေပွန် ခဲ့သော် နိုင်ငံတော်အစိုးရသည် လူမှုပဋိညာဉ် စည်းကျိုး ပေါက်သွား ရမည်ဖြစ်သကဲ့သို့ လူ့အဖွဲ့အစည်း ပြည်သူများက လိုက်နာရန် ပျက်ကွက်ပါကလည်း ဆော်မှတ် ထားသည့်ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ ဖယ်ရှားနှိမ်နင်းကြရမည်ဖြစ်ပါသည်။ ။
အမျိုးသားလုံခြုံရေး၏အစိတ်အပိုင်များအဖြစ် နိုင်ငံတော်ဗဟိုပြုလုံခြုံရေးနှင့် စစ်ဘက်လုံခြုံရေးသက်သက်တို့မှာ မလုံလောက်ဘဲ အချုပ်အခြာအာဏာပိုင်စိုးမှုကို ကာကွယ်ရေး၊ နိုင်ငံနယ်နိမိတ်ကို ကာကွယ်ရေး၊ နိုင်ငံသား ပြည်သူ တို့ကို ကာကွယ်ရေး၊ စီးပွားရေး အကျိုးစီးပွားကို ကာကွယ်ရေး ပထဝီနိုင်ငံရေးအကျိုးစီးပွားကို ကာကွယ် ရေး ဒီမိုကရေစီလူ့အခွင့်အရေး ဘာသာရေး၊ ငြိမ်းချမ်းရေး နှင့် ပြည်သူ များ၏ တန်ဖိုးထားများကို ကာကွယ်ရေး စသည်တို့ကို လည်း ထည့်သွင်စဉ်းစားကြရမည်ဖြစ်ပါသည်။ ထို့ကြောင့် လူဦးရေ ပေါက်ကွဲမှုပြဿန၊ စွမ်းအင် ပြဿနာ၊ စီးပွားရေးဖွံ့ဖြိုးမှုနောက်ကျ သည့်ပြဿန၊ လူအများ ရွှေ့ပြောင်း အခြေချနေထိုင်စားနပ်ရိက္ခာ မလုံ လောက်မှု သစ်တောပြုန်းတီးမှု၊မြေဆီလွှာပျက်စီးမှု စသည့် အကြောင်း တရားများစွာ တို့သည်လည်း အမျိုးသား လုံခြုံရေး ဟူသည့် အခန်းကဏ္ဍအောက်တွင် ထည့်သွင်း လာကြသည် ကိုလည်း နိုင်ငံတကာတွင် မြင်တွေ့ရ ပါသည်။
ထို့ကြောင့် မိမိတို့နိုင်ငံသားများအနေဖြင့် အမျိုးသားလုံခြုံရေးကို စနစ်တကျ အကောင်အထည်ဖော်သင့်ပြီး ယင်း တွင် စစ်ရေးကဏ္ဍ အပြင် သံတမန်ရေးကဏ္ဍ သို့မဟုတ် နိုင်ငံရေးဆိုင်ရာလုံခြုံရေး စီးပွားရေးနှင့် လူ့အဖွဲ့ အစည်း လုံခြုံရေး လူဦးရေ လုံခြုံရေး သည့် ကဏ္ဍကြီးများအဖြစ်စနစ်တကျပြင်ဆင်ရေးဆွဲ၍ အမျိုးသားလုံခြုံရေး အတွက် ကွယ်မှုစနစ်များကိုခေတ်ကာလ၊မိမိတို့နိုင်ငံအနေထား တို့နှင့် ချိန်ညှိ၍ အမျိုးသားလုံခြုံရေး အက်ဥပဒေ တစ်ရပ် ပေါ်ပေါက် လာမည်ဆိုပါက အသာတကောင်းလေစွဟု ဆိုရပေမည်ဖြစ်ပါ သည်။
ပြီးခဲ့သည့် ငါးနှစ်တာအတွင်း အရပ်သားအစိုးရတစ်ရပ်၏ ဆောင်ရွက်ချက်အချို့သည် အမျိုးသားနိုင်ငံရေးကို လစ်ဟာ ကျိုးပေါက်စေခဲ့သည်ဟု ဝေဖန်ထောက်ပြမှုများလည်း ရှိခဲ့ပါသည်။ ထိုကဲ့သို့ လစ်ဟာ ကျိုးပေါက် ခဲ့ခြင်း များ ကြောင့် မြန်မာ့နိုင်ငံရေး လေ့လာသူများက နိုင်ငံတော်တည်ဆောက်ရာတွင် “အမျိုးသား လုံခြုံရေး” အတွက် ကာကွယ်မှုစနစ်များရှိနေကြောင်း အကြံပြု နေကြသည်ကိုလည်း မြင်တွေ့ရပါသည်။ လွန်ခဲ့သည့် ငါးနှစ် တာနှင့် အန္တရာယ်ကွက်လပ် ၂၀၁၅ ရွေးကောက်ပွဲအလွန်မှသည် NLD အစိုးရသက်တမ်း ငါးနှစ်တာ ကာလအတွင်း နိုင်ငံတော်သမ္မသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အစည်းကျင်းပရန် အာထရှိခဲ့သော် လည်း တစ်ကြိမ်တစ်ခါမျှ ခေါ်ယူခြင်းမရှိခဲ့ခြင်း ငါးနှစ်တာကာလအတွင်း အစိုးရအဖွဲ့၏ အနီးကပ် အကြံပေးများ အဖြစ် နိုင်ငံသားများကိုပါခေါ်ယူခဲ့ခြင်း၊ ကိုဖီအာနန်ကော်မရှင်သည့် ပြည်ပအဖွဲ့အစည်းများအား ငှားရမ်၍ သူတို့ အလိုကျ လိုက်နာဆောင်ရွက်ခဲ့ခြင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း တရားမဝင် လက်နက်ကိုင် ဘက်မှ ကျဆုံး များအား နိုင်ငံရေးအရ မျက်နှာသာပေး မှုများပြုလုပ်ခဲ့ခြင်း၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဖွဲ့စည်းမှုကိုပြင်ဆင်ခြင်း၊ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ဆိုင်ရာဆိုင်ရာ အာဏာများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှလည်းကောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံမှ လည်းကောင်း လွှဲပြောင်းရယူရန် ကြိုးပမ်းခဲ့ခြင်းများကိုလည်းမြင်တွေ့ခဲ့ရပါသည်။
နိုင်ငံတော်တည်ငြိမ်ရေး လုံခြုံရေးနှင့် နိုင်ငံသားများအပေါ် အန္တရာယ် ကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် ပြဌာန်း ထားခဲ့သည့် အရေးပေါ်စီမံမှုအက်ဥပဒေနယ်ခြားစောင့်စစ်ဆေးရဥပဒေနောက် ယောင်ခံဥပဒေ၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေတို့ကို ရုပ်သိမ်းခဲ့ပြီး ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ရာတွင်လည်း အဓိကကျသည့် ည့်စာရင်းတိုင်ကြားရသည့် ပုဒ်မကို ဖြုတ်ခဲ့ခြင်း၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကို ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြင့် အမျိုးသားလုံခြုံရေး စည်းကို နိုင်ငံတော်အစိုးရတစ်ရပ်အနေဖြင့် ကျိုးပေါက်ခဲ့ခြင်းဟု ယူဆမိ ပါသည်။
ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံသည် မရေရာမခိုင်မာသည့် စီးပွားရေး အခြေအနေ၊ ကန့်သတ်၊ တုပ်နှောင်း ချောင်ပိတ်၊ ထောင်ချောက်ဆင်ထားခြင်းခံရသည့် ကာကွယ်ရေး အခြေအနေ၊ လုံခြုံရေး ကျိုးပေါက်မှု အခြေအနေ များကိုလည်း ဖြတ်သန်းခဲ့ရပါသည်။ ပြည်သူများ၏ လုံခြုံမှုပ်လင့်ချက်အမျိုးသားလုံခြုံရေးစည်း ပေါက်ခဲ့ခြင်းသည် ပြည်သူများအဖို့ မိမိတို့၏ ကိုယ်ပိုင်ဘဝများနှင့် တန်ဖိုးထားမှုများအတွက် လုံခြုံမှု ပင်ဖြစ်ပါသည်။ ပြည်သူ အများစုသည် မိမိတို့ နိုင်ငံ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာများအတွက် လုံခြုံမှု (lindentity Security ၊ နယ်မြေ ဒေသလုံခြုံမှု (Local Security) ၊ လူဘဝလုံခြုံမှု (Social Security) droposa r topoie (Religion Security လူမျိုးစုဆိုင်ရာ လုံခြုံမှု (Ethnic Security) စသည်တို့ကို တန်ဖိုးထား ကြသည်။ လေးထား၍ မျှော်လင့်ကြ သည်။ ထိုအရာများကို ယခု တာဝန်ယူထားသည့် အစိုးရအနေဖြင့် အမျိုးသားလုံခြုံရေးအစီ အမံများ တွင် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု ထင်မြင်မိပါသည်။ ပထဝီနိုင်ငံရေးနှင့် လူဦးရေလုံခြုံရေး မိမိတို့နိုင်ငံ သည် နိုင်ငံပေါင်းငါးနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေပြီး ကမ်းရိုးတန်းနယ်နိမိတ်တွင် ကီလိုမီတာ ၃၀၀၀ ရှိပါ သည်။ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအချက်အချာကျမှုသည် ပါမောက္ခ စပိုက်မင်၏အစွန်အဖျားနယ်မြေသဘောတရား Rimland Theory တွင် အကျိုးဆင်လျက်ရှိပြီး Heatland၏ အနားသတ်စည်မျဉ်တွင် ပါဝင်လျက်ရှိသည်။ ပထဝီစီးပွားရေးတွင် အချက်အချာကျသော်လည်း တရုတ်-အမေရိကန် အိန္ဒိယတို့၏ အားပြိုင်များအတွင်း တည့်တည့် ကျရောက်နေသလို ထဝီနိုင်ငံရေးကို ခြိမ်းခြောက်မှုအန္တရာယ် စက်ဝန်းတွင်း ကျရောက်နေသည် လည်းဖြစ်ပါသည်။
ထို့အတူ စီမံထိန်းကျောင်းမှုမရှိ၊ ဟန်ချက်ညီသည့် လူဦးရေ တိုးပွားသည် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုး တိုဆက်မက နိုင်ငံတော် လုံခြုံရေးကိုပါ များစွာထိခိုက်စေနိုင်သည့်အတွက် အမျိုးသား လုံခြုံရေးတွင် လူဦးရေပေါက်ကွဲ လွင့်စဉ်ပြီး နယ်မြေချဲ့ထွင်ချင်သော နိုင်ငံအချို့၏ ရည်ရွယ်ချက်ကိုလည်း ထည့်သွင်းစဉ်းစားပြီး အကော အကွယ် အစီအမံများ ထားရှိရန်လည်း မျှော်လင့်မိပါသည်။ ။
အဘယ့်ကြောင့်ဆိုသော် လူဦးရေလုံခြုံရေးကို မထိန်းချုပ်ပါက ပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှု၊ စားနပ်ရိက္ခာ မလုံခြုံမှုအပြင် အရင်း အမြစ် လုံခြုံရေးတို့ကိုလည်း ထိခိုက်စေနိုင်ပါသည်။ သယံဇာတအရင်း အမြစ်၊ အလုပ် အကိုင် အခွင့်အလမ်းတို့သည် နိုင်ငံတိုင်တွင် အကန့် အသတ်ရှိသည်သာဖြစ်ပါသည်။ ။
လူဦးရေလုံခြုံရေးတွင် ICCPR ပဋိဉာဉ်ကို ပြီးခဲ့သောအစိုးရတို့က သဘောတူညီခဲ့ပြီး လူအများရွှေ့ပြောင်းခြေ ချနိုင်မှု၊ မွေးစားဥပဒေ ပြဋ္ဌာန်းအည်ပြုမှုစသည်တို့မှာလည်း နိုင်ငံ၏ သဘာဝလူဦးရေ တိုးနှုန်းကို ထိန်းသိမ်းနိုင်ခဲ့ သည့်အပြင် ခြံစည်းရိုးမဲ့ လူ့အခွင့်အရေး အဖြစ်သို့ ရောက်စေခဲ့ပါသည်။
လူဦးရေလုံခြုံရေးကို မထိန်းသိမ်းနိုင်ပါက မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများအတွက် ကြီးမား သော ဝန်ထုပ် ဝန်ပိုးတစ်ရပ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာ သူများက ထောက်ပြ ထားကြ သည်။ အမျိုးသားအကျိုးစီးပွားအတွက် အမျိုးသားလုံခြုံရေးကို အလေးထား အမျိုးသားလုံခြုံရေးစနစ် ပိုမို တိုးတက် မြင့်မား စေဖို့အတွက် တန်ဖိုးစံနှုန်းများအပေါ် အခြေခံသည့် မြော်မြင်ချက် (Vision)၊ ဆီလျော်သည့် အစီအစဉ်များ (Sequence) တို့ကို ပညာရှင်များက စုပေါင်းဖော်ထုတ်ကာ အမျိုးသား လုံခြုံရေး အတွက် လုံခြုံရေးစနစ် ဆိုင်ရာ မဟာဗျူဟာမူဘောင်ကို ချမှတ်ခြင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်း ခြင်း၊ အမျိုးသားလုံခြုံရေးမူဝါဒများ ပြုပြင်ရေး ဆွဲခြင်း၊ အပြန်အလှန် ဝေဖန်သုံးသပ်ခြင်းများမှသည် နိုင်ငံရေး ဆိုင်ရာ လုံခြုံရေး၊ စစ်ဘက်ရေးရာ လုံခြုံရေး၊ စီးပွားရေးဆိုင်ရာလုံခြုံရေး၊ လူ့အဖွဲ့အစည်းဆိုင်ရာလုံခြုံရေး စသည့် အမျိုးသား လုံခြုံရေး ကိစ္စရပ်များ အားလုံးကို အလေးထား၍ ဆောင်ရွက်စေလိုလှပြီ ဖြစ်ပါကြောင်း။ ။