Skip to main content

မြန်မာပြည် ပညာရေးနှင့် အစွန်းရောက်ဝါဒီများ

မြန်မာနိုင်ငံရှိ အခြေခံပညာရေးကျောင်းများကို ပြန်ဖွင့်မည်ဟု ကြေညာခဲ့သည့်အချိန်မှစ၍ ကလေးများကျောင်းမတက်စေရန် ခြိမ်းခြောက်မှုနှင့် အကြမ်းဖက် မှု အမျိုးမျိုးဖြစ်ပေါ်နေသည်မှာ အများအသိပင်ဖြစ်သည်။ အကြမ်းဖက်သမားများက ကျောင်းများကို မီးရှို့ ဖျက်ဆီးကြသည်။ ဗုံးဖောက်ခွဲကြသည်။ ဝန်ထမ်း များကို သတ်ဖြတ်သည်။ တရားခံများကို ဖမ်းမိ သည်မှာ များသည်။ ထိုဖမ်းမိသော အကြမ်းဖက် သမားများမှာ NUG;PDF;CRPH အဖွဲ့များကို ထောက်ခံသူများနှင့် ယင်းအဖွဲ့များက စေခိုင်း သည်ဟု ဝန်ခံကြသည်။ မေလ ၃၀ ရက်နေ့တွင် NLD ပါတီနှင့် ဆက်နွှယ်နေသူတစ်ဦးက ကလေး များ ကျောင်းတက်လျှင် လက်ပြတ်ခြေပြတ်ဖြစ် လိမ့်မည်ဟုပင် ခြိမ်းခြောက်ခဲ့သည် (အညွှန်း ၁)။ အစိုးရကိုဆန့်ကျင်သူများကလည်း ဤသို့သော အကြမ်းဖက်မှုများသည် တရားမျှတသည်ဟု ယုံကြည်ကြ၍ အားပေးလှုံ့ဆော်ကြသည်။ ထိုသူတို့ က “စစ်ကျွန်ပညာရေး” နှင့် “သုံးစားမရသော ပညာရေး” ဟုပြောဆို၍ မိဘများကိုကျောင်းမထား ရန် တိုက်တွန်းကြသည်။ “စစ်ကျွန်ပညာရေး” ဟုခေါ်ဝေါ်ခြင်း ၊ မြန်မာပြည်တွင် ပေါက်ဖွားကြီးပြင်းလာပြီး ယနေ့ အသက် ၃၀ နှင့်အထက်ရှိသူ အများစုမှာ ၁၉၆၂ ခုနှစ်မှစ၍ မဆလ ခေတ် ပညာရေးစနစ်နှင့် နဝတ/နယက ခေတ် ပညာရေးစနစ်တို့တွင် ကျောင်း နှင့် တက္ကသိုလ် တက်ခဲ့ကြသည်။ ၂၀၁၁ မှ ၂၀၁၅ ခုနှစ် ဦးသိန်းစိန်နှင့်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သောအစိုးရခေတ်၌ မြန်မာပညာရှင်များ ဖော်ထုတ် ခဲ့သော ပညာရေးပြုပြင်ပြောင်းလဲခြင်း ပေါ်လစီများ အရကျောင်းသင်ရိုးညွှန်းတမ်းအသစ်တို့ကို စတင် ရေးဆွဲခဲ့သည်။ NLD ဦးဆောင်သော ၂၀၁၆-၂၀၂၀ အစိုးရခေတ် တွင် အသုံးပြုလာသော ကျောင်းသင်ရိုးညွှန်းတမ်း အသစ်သည်လည်း ဦးသိန်းစိန်အစိုးရခေတ်က သင်ရိုးညွှန်းတမ်း တစ်စိတ်တစ်ပိုင်းပါသည်။ ထို့ပြင် ဦးသိန်းစိန်အစိုးရခေတ်တွင် အတည်ပြုခဲ့သော တိုင်ရင်းသား ဘာသာစကားများ ကျောင်းချိန်တွင် သင်ကြားရေး၊ အခမဲ့မသင်မနေရ မူလတန်းပညာ ရေးကို ဦးတည်အကောင်အထည်ဖော်ပြီး အဆင့် ဆင့် တိုးချဲ့ဆောင်ရွက်ရေးအစရှိသည့် ပေါ်လစီ မြောက်မြားစွာမှာ ကောင်းမွန်မှန်ကန်သဖြင့် NLD ဦးဆောင်သော အစိုးရလက်ထက်တွင် ဆက်လက် အသုံးပြုခဲ့သည်။ ထိုကဲ့သို့လည်း ဖြစ်သင့်သည်။ ပညာရေးဟူသည်မှာ ပါတီနိုင်ငံရေးအရ လိုက် မပြောင်းသင့်ပါ။ သို့ဖြစ်၍ ၁၉၆၂ ခုနှစ်မှစ၍ ယနေ့အထိ အသုံးပြု သော ပညာရေးစနစ်များသည် တစ်နည်းမဟုတ် တစ်နည်း စစ်အစိုးရ သို့မဟုတ် ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရနှင့် ဆက်စပ်နေသည်ဟု ဆိုနိုင်သည်။ “စစ်ကျွန်ပညာရေး” ဟုခေါ်ချင်ခေါ်၊ ကျွန်မအပါအဝင် မြန်မာအများစုမှာ ဤပညာရေးစနစ်အတွင်း ပညာဆည်းပူးခဲ့ကြသည်။ “စစ်ကျွန်ပညာရေး”ကို ဆန့်ကျင်သူတို့သည် မိမိတို့ကိုယ်တိုင် ဤပညာရေး စနစ်အတွင်း ပညာဆည်းပူးလာခဲ့သည့်သူများ ဖြစ်သည်။ “သုံးစားမရသော ပညာရေး” ဟုခေါ်ဝေါ်ခြင်း၊ မြန်မာပြည် မဆလ၊ နဝတ၊ နယက ပညာရေး စနစ်များမှထွက်လာသူအချို့သည် နိုင်ငံခြား ပညာ တတ်များနှင့် ယှဉ်နိုင်ရုံသာမက သာလွန်သော အဆင့်၌ ရှိကြသည်။ ထိုသူတို့မှာ နိုင်ငံခြားတွင် ဖြစ်စေ၊ မြန်မာပြည်တွင်ဖြစ်စေ အလုပ်ခွင်တွင် ထူးချွန်၍ ထိပ်သို့ရောက်သည်။ နိုင်ငံခြားသားများ လေးစားရသော ပညာရှင်များ၊ နိုင်ငံတကာအဆင့် ဆုံးဖြတ်ချက်ချနိုင်သူများ ဖြစ်လာကြသည်။ သို့သော် နိုင်ငံခြားထွက်၍ မအောင်မြင်သူများ လည်းရှိသည်။ နိုင်ငံခြားတွင် ကျောင်းတက်ခဲ့ပါ လျက်ဘွဲ့မရဘဲ ပြန်လာရခြင်း၊ မကြိုက်မနှစ်သက် သော သာမညောင်ညအလုပ်များဖြင့်သာ တင်းတိမ် ရခြင်းအစရှိသော သူများကိုလည်း ကြုံဖူးသည်။ ဆိုလိုသည်မှာ မြန်မာ့ပညာရေးစနစ်သည် အားနည်းချက်များရှိသော်လည်း “သုံးမရ” ဟု သိမ်းကျုံး၍ ပြောလို့မရပေ။ ထိုသို့ သိမ်းကျုံးပြော နေသော မြန်မာပြည်ပေါက်များသည် ကိုယ်ပိုင် အရည်အချင်းနှင့် ကြိုးစားမှုတို့ကို ပြန်မဆန်းစစ်ဘဲ မိမိရည်မှန်းသလောက် မအောင်မြင်သည့်အတွက် စနစ်ကို အပြစ်တင်နေခြင်းဖြစ်သည်။ မိမိသင်ကြားခဲ့သော ဘာသာရပ်ကို လုပ်ငန်းခွင် တွင် တိုက်ရိုက်ပြန်မသုံးနိုင်သဖြင့် “သုံးစားမရသော ပညာရေး” ဟု ပြောဆိုပါက လွဲမှားမည်။ မည်သည့် နိုင်ငံတွင်မဆိုတက္ကသိုလ်တွင် လေ့လာ ခဲ့သည့် ဘာသာရပ်များအတိုင်း ပြင်ပအလုပ်ခွင် များတွင် တိုက်ရိုက် ပြန်အသုံးချ၍ မရနိုင်ချေ။ (တက္ကသိုလ်၌ စာပြန်သင်သော ဆရာ ဆရာမများ ပင်လျှင် ခေတ်နှင့်အညီ သင်ရိုးညွှန်းတမ်းများကို မွမ်းမံပြင်ဆင်ရပါသည်။) ကျောင်းနှင့် တက္ကသိုလ်တို့၏ အဓိကတာဝန်မှာ ကလေးလူငယ်များကို (၁) ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ (Cognitive skills) သင်ကြားပေးရန်၊ (၂) စဉ်းစားသုံးသပ်နိုင်သော ကျွမ်းကျင်မှုများ (Critical thinking skills)ąc culesboèicordaocoogle: ကျင်မှုများ (People skills) ကို ပျိုးထောင်ပေးရန် ဖြစ်သည်။ နံပါတ်(၂)တွင်ဖော်ပြသော အရည် အချင်းများကို “(၂၁)ရာစု ကျွမ်းကျင်မှုများ” (211 Century Skills) ဟုလည်း ခေါ်ကြသည် (အညွှန်း၂)။ ၂၀၁၉-၂၀၂၀ ခုနှစ်များတွင် သီရိလင်္ကာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးစီမံကိန်းတွင် ကျွန်မသည် နိုင်ငံတကာ ပညာရှင်တစ်ဦးအနေဖြင့် အကြံပေးခဲ့ရာ လုပ်သားဈေးကွက် (Labour Market အညွှန်း ၃) များတွင် အထူးလိုအပ်နေသော “(၂၁)ရာစု ကျွမ်းကျင်မှုများ” မွေးထုတ်ရေးသည် ထိုစီမံကိန်း၏ အဓိကရည်ရွယ်ချက် ဖြစ်ခဲ့သည်။ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် ထိုကဲ့သို့သောကျွမ်းကျင်မှုများ မွေးထုတ်နိုင်စွမ်းမှာ အားနည်းချက်များ ရှိနေသေးသည်။ ထိုကဲ့သို့ အားနည်းချက်များ ရှိစေကာမူကျောင်းမှန်မှန်တက် သော ကလေးများသည် အချိန်ကြမြင့်စွာ ကျောင်း ပျက်ကွက်သော ကလေးများထက် တစ်ပန်းသာ သည်။ ကလေးများသည် ကြာရှည် ကျောင်းမတက် ပါက ပညာတတ်မြောက်မှုတွင် နစ်နာဆုံးရှုံးမှုများ (Learning losses) ဖြစ်သည်ဟု တွေ့ရှိရသည်။ (အညွှန်း ၄)။ ။ ကလေးများကျောင်းမတက်စေရန် ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှုများ ပဏာမအနေဖြင့် ပြောလိုသည်မှာ ပညာရေး နှင့် ကျန်းမာရေးကို နိုင်ငံရေးအတွက် အသုံးမချ သင့်ပါ။ ပညာရေး၊ ကျန်းမာရေးတို့ကို ပစ်မှတ်ထားသော အကြမ်းဖက်မှုများဆိုသည်မှာ ယခင်က အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့များကသာ ကျင့်သုံး ခဲ့သည်။ ယခုအခါတွင် မြန်မာပြည်၌ NUG/PDF/ CRPH ကိုထောက်ခံသူများနှင့် ယင်းအဖွဲ့များက စေလွှတ်သူများသည် ကလေးများကျောင်းတက်ပါ က ခြေပြတ်လက်ပြတ်ဖြစ်မည်ဟု ခြိမ်းခြောက် ခြင်း၊ ကျောင်းများကို မီးရှို့ခြင်းနှင့် ဗုံးဖောက်ခြင်း၊ ကျောင်းဆရာမနှင့် သူနာပြုဆရာမလေး အပါအဝင် ပြည်သူ့ဝန်ထမ်းများကို CDM မလုပ်သောကြောင့် သတ်ဖြတ်ခြင်း၊ အစရှိသော အကြမ်းဖက်မှုများကို ပြုလုပ်နေသည်မှာ ငြင်း၍မရပေ။ NUG/PDF/CRPH ထောက်ခံသော အကြမ်းဖက်သမားများ၏ လုပ်ရပ်များသည် အာဖဂန်နစ္စတန် နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ပေါ်ပေါက်လာခဲ့ သည့် တာလီဘန် အကြမ်းဖက်သမားများကဲ့သို့ ဖြစ်နေသည်။ ဤအချက်ကို အချို့သည် ဆိုရှယ် မီဒီယာတွင် ထောက်ပြပြီးဖြစ်ပါသည်။ ကျွန်မအနေ ဖြင့် လွယ်ကူစွာပြောဆိုခြင်းမဟုတ်ဘဲ အလုပ် အတွေ့အကြုံအပေါ် အခြေခံထားပါသည်။ ကျွန်မသည် (၁) ပါကစ္စတန် တာလီဘန်များ ရှင်သန်ခဲ့သော ခိုင်ဘာပတ်ခ်တွန်းခွာ (Khyber Pakhtunkhwa) ပြည်နယ်တွင် လည်းကောင်း၊ (၂) အစွန်းရောက် အစ္စလာမ္မစ်ဝါဒီများနှင့် အစိုးရ ( တပ်များ စစ်ဆင်နွှဲခဲ့သော အယ်လ်ဂျီးရီးယားနိုင်ငံ (Algeria) နှင့် တာဂျစ်ကစ္စတန်နိုင်ငံ (Tajikistan) တို့တွင်လည်းကောင်း ကွင်းဆင်းအလုပ်လုပ်ဖူးပါသည်။ ၂၀၁၂ ခုနှစ်တွင် ပါကစ္စတန် တာလီဘန်က ကျောင်းသူလေး မာလားလားကိုသတ်ရန် ကြိုးစား ခဲ့သော စဝပ် (Swat) ဒေသ (ယခု ခိုင်ဘာပတ်ခ်တွန်းသွားပြည်နယ်)၏ ပညာရေးနှင့် လူမှုရေး အကြောင်းတို့ကို ၂၀၁၉/၂၀၂၀ ခုနှစ်တွင် ကျွန်မလေ့လာ ရေးသားဖူးသည်။ ထိုပြည်နယ်တွင် လေးကြိမ် ကွင်းဆင်းဖူးသည်။ အာရပ်အကြမ်းဖက် သမား အိုစားမားဘင်လာဒင် (Osama Bin Laden) ကို အမေရိကန်များ ရှာဖွေတွေ့ရှိ၍ သတ်ခဲ့သော အော့ဘ်ဒါဘဒ် (Abbottabad)မြို့၌လည်း ကွင်းဆင်း၍ ပညာရေးစနစ်ကို လေ့လာဖူးခဲ့ပါသည်။ ထို့ကြောင့် ပါကစ္စတန်တာလီဘန်များနှင့် နှိုင်းယှဉ်ရသည်မှာ ခိုင်မာသောအချက်များအပေါ် အခြေခံ၍ ပြောခြင်း ဖြစ်သည်။ NUG/PDF/CRPH coordkappe coşaraq အကြမ်းဖက်သမားများကို ပါကစ္စတန် တာလီဘန်များနှင့် နှိုင်းယှဉ်ရာ၌ အဓိကသုံးချက်တွင် ဆင်တူနီးပါးဖြစ်နေသည် - (၁) တည်ဆဲအစိုးရကို မကျေနပ်သဖြင့် ကလေး များ၊ မိဘများ၊ ကျောင်းများကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်ခြင်းနှင့် အကြမ်းဖက်ခြင်း။ အထူး သဖြင့် မြန်မာပြည်တွင် ကျေးလက်တောရွာများ၌ ရှိသော မူလတန်းကျောင်း အမြောက်အမြားမှာ ရွာသားများကိုယ်တိုင် စတင်ဆောက်တည် ပံ့ပိုး ထားသော ကျောင်းများဖြစ်၍ ကျောင်းကို မီးရှို့ ဗုံးခွဲ ခြင်းသည် ရွာသူရွာသားများအား လွန်စွာနစ်နာ ဝမ်းနည်းစေသည်။ (၂) မိမိတို့၏ ဝါဒနှင့်အမြင်ကို မထောက်ခံသော အရပ်သားများနှင့် နိုင်ငံ့တာဝန်ကို လုပ်ဆောင်နေသော ဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း။ (ဥပမာဂန့်ဂေါမြို့နယ်နှင့် လားရှိုးမြို့ လူသတ်မှုများ။) (၃) ဗုဒ္ဓဘာသာ အဆောက်အအုံများကို တိုက် ခိုက်ခြင်း၊ ဘာသာရေးကို ပစ်မှတ်ထားပြီး ခြိမ်းခြောက် စော်ကားခြင်း။ ပါကစ္စတန်တွင် အစွန်းရောက်များ သည် ဆူနီမွတ်ဆလင်မဟုတ်သော လူနည်းစု ဘာသာဝင်များ (Ahmadiyya ဘာသာဝင်နှင့် ခရစ်ယာန်များကို ခြိမ်းခြောက်၍ ရက်စက်စွာ သတ်သည်။ (အညွှန်း ၅၊၆)၊ မြန်မာပြည်တွင် NDG/ PDF/CRPH ကို ထောက်ခံသူတို့သည် လူများစု ကိုးကွယ်သော ဗုဒ္ဓဘာသာကို တိုက်ခိုက်သည်။ ထေရ်ကြီးဝါကြီး ဆရာတော်ဘုရားများနှင့်ကမ္ဘာကျော် Oxford ဆရာတော်အပါအဝင် သံဃာတော် များကို အသက်အန္တရာယ်ကျရောက်စေမည့် စကား အသုံးအနှုန်းများဖြင့် ခြိမ်းခြောက်တိုက်ခိုက်သည်။ ပုဂံစေတီတော်များအား Molotov cocktail ဓာတ်ဆီပုလင်းဗုံးဖြင့် ပေါက်သည်။ ပါကစ္စတန်အစွန်းရောက်များနှင့် ကွဲပြားချက်များ လည်းရှိသည်။ ပါကစ္စတန်တာလီဘန်တို့သည် ယောက်ျားလေးကျောင်းများထက် မိန်းကလေး ကျောင်းများကိုသာ ပိတ်စေ၍ မိန်းကလေးများ ကျောင်းမသွားရန် ဆောင်ရွက်ခဲ့သည်။ NUG/PDF/ CRPH နှင့်ဆက်စပ်နေသောအကြမ်းဖက်သမားများကား ကျောင်းအားလုံးကိုပိတ်စေရန်ကြိုးစားနေ သောကြောင့် ဝါဒအနေဖြင့် ပိုမိုအစွန်းရောက်သည်။ နောက်ကွာခြားမှုမှာ မြန်မာပြည်တွင် တပ်မတော် ရှိနေသည်။ကြမ်းချင်တိုင်း ကြမ်း၍မရ။ ပါကစ္စတန် မှာကား စစ်တပ်အတွင်းတွင် ရန်သူဘက်ကို ပါချင်နေသော အစ္စလာမ္မစ်အစွန်းရောက်များရှိနေသည်။ ခြုံငုံပြောရလျှင် NUG/PDF/CRPH မှ စေခိုင်း သည်ဟု သိရသော အကြမ်းဖက်သမားများသည် မြန်မာနိုင်ငံကို “တာလီဘန်နိုက်ဇေးရှင်း” ("Talibanization") ဖြစ်အောင် တွန်းပို့နေသကဲ့သို့ ဖြစ်နေသည်။ နိဂုံး အစိုးရကျောင်းထားရန်၊ မထားရန်မှာ နိုင်ငံရေး နှင့်မဆိုင်။ မိသားစုအလိုက်သာ ဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်မှုကို အားမပေးသော်လည်း ကလေးများကို အစိုးရကျောင်းမထား ရန်တိုက်တွန်းနေသောသူများသည် တာလီဘန်များ ကဲ့သို့ပင် သူတစ်ပါး၏အခွင့်အရေးကို ပိတ်ပင်သူ များဖြစ်သည်။ “NUG; CRPH အစိုးရတက်မှကျောင်းတက်ရမည်” ဆိုသည်မှာ သူတစ်ပါး၏ ကလေးများကို ပညာမတတ်၊ စာမတတ်ဖြစ်အောင် တွန်းပို့နေသကဲ့သို့ဖြစ်သည်။ နိုင်ငံခြားတွင်နေသော မြန်မာများ၊ ကျောင်းပြီးသွားသော လူငယ်များ၏ မိဘများ၊ ပုဂ္ဂလိကကျောင်း၊ နိုင်ငံခြားကျောင်းများ တွင် ကျောင်းထားနိုင်သော မိဘများသည်လည်း အစိုးရကျောင်းများသာထားနိုင်သည့် မိဘများကို စာနာထောက်ထားသင့်သည်။ အစိုးရကျောင်းများတွင် ကျောင်းတက်နေသော ကလေးများနှင့် သူတို့၏မိဘများကို အားပေးလိုပါ သည်။ ကျွန်မသိသောနိုင်ငံတကာအဆင့်ပညာရှင် အများစုသည် ငယ်စဉ်က အစိုးရကျောင်းထွက်များ ဖြစ်ကြ၍ ကျွန်မကဲ့သို့ မြန်မာအစိုးရ၏တက္ကသိုလ် များတွင် ပထမဘွဲ့ကို ယူခဲ့ကြသောသူများသာဖြစ် ကြပါသည်။ အထက်မှာရှင်းပြထားသည့်အတိုင်း “သုံးမရသော ပညာရေး” ဟုပြောသည်မှာ မမှန်ပါ။ ရခိုင်ပြည်နယ်တွင် ရပ်ရွာကဝိုင်းဝန်းစောင့် ရှောက်ပေးသဖြင့်ရခိုင်ကျောင်းသူကျောင်းသားလေးများ အေးအေးချမ်းချမ်း ပညာဆက်လက်ဆည်းပူး နိုင်သည်ကို ရခိုင်လူမျိုးများနှင့်အတူကျွန်မ ပီတိဖြစ် ၍ ရခိုင်တစ်မျိုးသားလုံးအား ချီးကျူးပါသည်။ အဘယ်ကြောင့် ရခိုင်ပြည်နယ်တွင် အေးချမ်း၍ အချို့ တိုင်းရင်းသားဒေသများတွင် ကလေးများကျောင်းမတက်နိုင်သေးသည်ကို ထိုဒေသများမှ တိုင်းရင်းသားခေါင်းဆောင်များက ဆန်းစစ်သင့်ပါ သည်။ မိမိလူမျိုး၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ကလေးလူငယ်များ၏ ပညာရေး၊ လူမျိုး၏ ကျန်းမာရေးတို့နှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။ ထို့ကြောင့် ကလေးများ၏ ပညာရေးနှင့်ပတ်သက်၍ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများကို အားပေးနေသူများမှာ မိမိလူမျိုး၏ လူ့အရင်းအမြစ် Human Capital ကို ဖျက်ဆီးနေသူများ ဖြစ်သည်။ တိုင်းရင်းသား ခေါင်းဆောင်များမှာလည်း မိမိ၏နယ်မြေတွင် ထိုကဲ့သို့သော အဖျက်သမားများ ရှိနေပါက လျင်မြန်စွာ အရေးယူသင့်ပါသည်။ အညွှန်းများ (၁) https://www.facebook.com/OFFICIAL, MNNPS/videos/166610982081153/ (၂) Melbourne University: Assessment & Teaching of 21st Century Skills: http://www.atc21s.org/ (၃) ILO (2014). 21st Century Skills and the Age of Responsibility. https://www. ilo.org/global/about-the-ilo/newsroom/ statements - and - speeches/ WCMS 240040/ang-ja/index.htm (၄) OECD, 2020. The Economic Impacts of Learning Losses, https://www.oecd. org/education/the-economic-impacts of-leaming-losses-21908d74-en.htm (၅) https://www.how.org/news/2020/11/26/ pakistan-surge-targeted-killings ahmadis (၆) https://www.opendoorsusa.org/ christian-persecution/world-watchlist/pakistan/ ဒေါက်တာ ရင်ရင်နွယ်