Skip to main content

အသိပညာ ဗဟုသုတများကို ဖွေရှာ၍ မိမိနိုင်ငံ၊ မိမိလူမျိုးဂုဏ်ကို ပြန်လည်မြှင့်တင်ကြပါစို့

 

(ယမန်နေ့မှ အဆက်)

 

 သုတစာပေစွမ်းအား သုတစာပေ၏ စွမ်းအားဖြင့် ညီညွတ်ခြင်းကိုရရှိကာ နိုင်ငံတိုးတက် မှုကို ရရှိခဲ့သည်။ တောင်ငူခေတ်တွင် အလားတူ မျိုးချစ်စိတ်ကို နှိုးဆွထိန်းသိမ်းခဲ့သည်။ သားချော့တေးသည်ပင် အမျိုးသားရေးစိတ် ဇာတိမာန်ကို နှိုးဆော်နိုင်ခဲ့သည်။ ကုန်းဘောင်မင်းဆက် ခေတ်သစ် ထူထောင်စက သုတစာပေတိုးတက်ခဲ့သဖြင့် နိုင်ငံစည်ပင်ဝပြောခဲ့ သည်။ စစ်ချီရတု၏ လှုံ့ဆော်မှုဖြင့် အိမ်နီးချင်းနိုင်ငံများအထိ အာဏာစက်ပျံ့ခဲ့သည်။

 

သို့သော် ကုန်းဘောင်ခေတ် နိဂုံးပိုင်းတွင် သုတစာပေရော ရသ  စာပေပါ အဆင့်အတန်းနိမ့်ကျခြင်း၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ နိုင်ငံရေးသုတစာပေအားဖြင့် နိုင်ငံသားတို့အား ခေါင်းဆောင်ကာ နယ်ချဲ့ဆန့်ကျင်ရေး၊ နိုင်ငံလွတ်လပ်ရေးရသည်အထိ စွမ်းအား ကြီးမားခဲ့သည်။ထို့ကြောင့် သုတစာပေအဆင့်အတန်းနှင့် နိုင်ငံတော် ၏ အခြေအနေမှာ စပ်ယှက်နေသည်ဟူသောအချက်အရ “သုတစာပေ  သည် တိုင်းပြည်၏ကြမ္မာကို တစ်နည်းတစ်ဖုံဖန်တီးသည်” ဟူသော  အဆိုမှာ လျော်ကန်သင့်မြတ်သော အဆိုဖြစ်ပါသည်။

 

ထို့ကြောင့် စာပေ၏စွမ်းပကားသည် ကြီးမားကျယ်ပြန့်လှပါ သည်။ အခြားနိုင်ငံများတွင်လည်း သူ့နိုင်ငံ၊ သူ့လူမျိုးအလိုက် ဖြစ် ထွန်းနေသောစာပေများသည် အလားတူ အကျိုးပြုကြပါသည်။ (အင်္ဂလိပ်ဘာသာစာပေ သည် ကမ္ဘာသုံးစာပေဖြစ်၍ ယနေ့ထက်တိုင်  ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းနေပါသည်။ တန်ဖိုးကြီးမားသော စာပေ၏တန်ဖိုးကို နားလည်ကြသူတို့သည် စာအုပ်စာပေတို့ကို လက်မလွှတ်ဘဲ ယနေ့ထက်တိုင် ဖတ်ရှုလေ့လာနေကြပါသည်။

 

စာပေသည် လူတစ်ဦး၊ လူ့အဖွဲ့အစည်းတစ်ခုမှသည် ကမ္ဘာလုံး  ဆိုင်ရာသာမက စကြဝဠာထိတိုင် အသိပညာဆိုင်ရာများ မျိုးစုံ ကြွယ်ဝလှသဖြင့် လေ့လာဆည်းပူး၍ပင် မကုန်နိုင်ပါ။ မြန်မာနိုင်ငံ၏ စာပေသမိုင်းသည် ရှည်လျားသည့်အလျောက် ထွန်းတောက်ခဲ့သလို အကျိုးပြုခဲ့ပါသည်။ လက်ရှိတွင် နိုင်ငံ၌အထူးလိုအပ်သည်မှာ စာပေ သမိုင်း၊ ရာဇဝင်၊ နိုင်ငံရေးဖြတ်ထုံး၊ တိုင်းရင်းသားလူမျိုးများ၏  ဓလေ့စရိုက်၊ အဆင့်အတန်းမြင့်မားသည့် အဘိဓာန်နှင့်စွယ်စုံကျမ်း  တို့ဖြစ်ပါသည်။ ပညာဗဟုသုတများရ အသိပညာဗဟုသုတများကို လက်လှမ်းတမီ လျင်လျင်မြန်မြန် ( တစုတဝေးတည်း လေ့လာရေး၌ ဘာသာရပ်ဆိုင်ရာအဘိဓာန်ကျမ်း များနှင့် စွယ်စုံကျမ်းတို့သည် အလွန်ခရီးရောက်သော ပညာပဒေသာ အိုးကြီးများဖြစ်ပါသည်။ အဘိဓာန်ဆိုရာ၌ ဝေါဟာရအဘိဓာန်ကိုသာ ဆိုသည်မဟုတ်။ ပုဂ္ဂလအဘိဓာန်များလည်း အကျုံးဝင်ပါသည်။  အချို့က အဘိဓာန်နှင့် စွယ်စုံကျမ်းမှာ ပြည်သူလူထု နေ့စဉ်နှင့်အမျှ  ဝတ္ထုဖတ်သလို ဖတ်နိုင်သောအရာမဟုတ်ဟု စောဒကတက်လိုကြ ပေလိမ့်မည်။

 

ယင်းကျမ်းတို့သည် အထက်တွင်ဆိုသည့်အတိုင်း ဗဟုသုတ ဘဏ်တိုက်ကြီး ဖြစ်သည်။ ပညာဗဟုသုတ လိုလားသော စာဖတ်ပရိသတ်တို့သည် လူတို့ဘဏ်တိုက်တွင် ငွေထုတ်ကြသကဲ့သို့ ဗဟုသုတဘဏ်တိုက်တွင် အလိုရှိရာဗဟုသုတများကို ရှာဖွေထုတ် ယူနိုင်သဖြင့် အချိန်တိုတိုအတွင်း ပညာဗဟုသုတများ ရနိုင်ပေသည်။ အနောက်နိုင်ငံများတွင်ထုတ်ဝေသူတို့သည်အဘိဓာန် စွယ်စုံကျမ်းတို့ ကို လူအများလက်ထဲသို့ အဖိုးနည်းဝန်ပါ ရောက်နိုင်ရေးအတွက် လုံ့လဥဿဟပြုနေကြဆဲဖြစ်သည်။ လူကြီးများအတွက်သာမက  ကလေးများအတွက်ပါ အဘိဓာန်၊ စွယ်စုံကျမ်းရှိနေပါသည်။ စာဖတ်နိုင်သည့် ကလေးများသည်ပင် ထိုကျမ်းများနှင့် အကျွမ်း တဝင်ဖြစ်နေပါပြီ။ အထက်တန်းပညာအဆင့်သို့ရောက်နေသော လူငယ်လူရွယ်များအဖို့ ၎င်းတို့ဝါသနာပါရာ ပညာရပ်အသီးသီးနှင့်  သက်ဆိုင်သည့် စွယ်စုံကျမ်းအမျိုးမျိုးရှိပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းနှင့် တန်ဖိုးသည် ပညာအဆင့်အတန်းနှင့် စာပေတန်ဖိုး ရှင်သန်ဖွံ့ဖြိုးနေမှုအပေါ်တွင် မူတည်ပါသည်။ မောင်ငြိမ်းအေး အထက်တွင်ဆိုသကဲ့သို့ စာအုပ်စာပေတန်ဖိုးထားသည့်တိုင်းပြည်တွင် ပြည်သူပြည်သားများလည်း စာပေကို တန်ဖိုးထားပြီး တိုင်းပြည်လည်း ဖွံ့ဖြိုးနေသည်ကို တွေ့ရမည်ဖြစ်သည်။ စာဖတ်ရေး အားပေး ရသစာပေတွင် စာရေးသူသည် သူသိသော၊ သူခံစားမိသော အကြောင်းအရာတို့ကို အခြေခံ၍ သူ့စေတနာကို အဓိကထားကာ သူ့စိတ်ကူးဉာဏ်တည်းဟူသော ဆေးရောင်ဖြင့် ရေးခြယ်ပါသည်။ ထိုအခါ စာဖတ်သူသည် စာရေးဆရာ၏ စိတ်ကူးဉာဏ် တန်ခိုးကြောင့် ဝမ်းမြောက်ခြင်း၊ သနားခြင်း၊ အားတက်ခြင်း၊ ရဲရင့်ခြင်း၊ အံ့ဩခြင်း၊ ချစ်ခင်မြတ်နိုးခြင်း၊ စက်ဆုပ်ခြင်း၊ ချီးကျူးခြင်း၊ ကဲ့ရဲ့ခြင်းတည်းဟူသော ရသအတွေ့အကြုံများ ရပါသည်။ သုတစာပေတွင် စာပြုသူသည် သူသိ သော အကြောင်းအရာ၊ အသိပညာ ဗဟုသုတတို့ကို သူသိသည့်အတိုင်း တင်ပြပါသည်။

 

ထိုအခါ စာဖတ်သူသည် အသိပညာကိုလည်းကောင်း၊ ဗဟုသုတ အမျိုးမျိုးကိုလည်းကောင်း ရရှိပါသည်။ မြန်မာနိုင်ငံအဖို့ ပြည်သူ ပြည်သားများမှာ နိစ္စဓူဝရုန်းကန်လှုပ်ရှားနေရ၍ စာမဖတ်နိုင်ကြပါဟု O ပြည်သူများအနေဖြင့် ပညာဗဟုသု လျင်လျင်မြန်မြန် အဖိုးနည်းဝန်ပါရရှိစေ ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ ပညာရပ်အ အကြောင်းအရာအဖုံဖုံကို သိနားလ ဗဟုသုတ ကြွယ်ဝစေရေးအတွက် တစ် ရှင်များအတွက်ပါ အသုံးဝင်တန်ဖိုးရှိသ ဆိုပါလျှင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် မြန်မာနိုင်ငံထက်ပင် နိစ္စဓူဝအလုပ်ရှုပ်ကြသည်ကို ရောက်ဖူးသူတိုင်း သိကြပါသည်။ နိုင်ငံသား များ စာဖတ်မှုအားနည်းလျှင်လည်း တာဝန်ဝတ္တရားအရ မဖြစ်မနေ စာဖတ်ကြရသည့်ပညာသင်သက်သက်အရွယ်ကျောင်းသားများ စာဖတ် ရေးကို အားပေးကြရပါမည်။ ဘက်စုံပို့ဆောင်ပေး ကျောင်းသင်ပြဋ္ဌာန်းစာအုပ်များမှာ အဘိဓာန်၊ စွယ်စုံကျမ်း အသေးစားသဖွယ် ဖြစ်ပါသည်။ ကျောင်းသုံးစာအုပ်ကောင်းတစ်အုပ် ဖြစ်လာရန်အတွက် ပြုစုရသည်မှာ လွယ်ကူလှသည် မဟုတ်ပါ။

 

ကျောင်းသုံးစာအုပ်ကောင်းတစ်အုပ်ဖြစ်ရန်အတွက် အင်္ဂါရပ်များရှိပါ သည်။ အရေးကြီးသောအချက်များမှာ ပညာရေး၏ ရည်ရွယ်ချက် ကိုမှီပြီး ရေးဆွဲထားသည့် သင်ရိုးမာတိကာနှင့် ကိုက်ညီရပါသည်။ သင်ရိုးမာတိကာ တွင်ပါဝင်သော အချက်အလက် အကြောင်းအရာ များသည် သင်ယူရမည့် ကျောင်းသားများ၏ အသက်အရွယ်၊ လေ့လာခံယူနိုင်စွမ်း၊ စိတ်အခြေအနေ၊ နားလည်သည့် အသုံးအနှုန်း၊ ဝေါဟာရများစသည့် အချက်များကို သတိပြု၍ ပြုစုရပါသည်။

 

အချက်အလက်များသည် ဆီလျော်မျှတပြီး အဆင့်ဆင့် ညီညီ ညာညာ တိုးတက်မှုရစေအောင် ပြုပြင်စီရင်ရပါသည်။ ကျောင်းသား များ လွယ်လွယ်ကူကူ ကွက်ကွက်ကွင်းကွင်းလေ့လာပြီး မှတ်မိနိုင် အောင် လိုအပ်သည့်နေရာတွင် ရုပ်ပုံ၊ မြေပုံတို့ကို ထည့်သွင်းပေးရပါ သည်။ စာအုပ်တွင်ပါဝင်သော သုတကိုဆည်းပူးသိမှတ်ခြင်းဖြင့် ကျောင်းသားသူငယ်တို့၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်အောင်၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ မြင့်မားအောင်၊ ဗဟုသုတပိုင်းဆိုင်ရာ ကြွယ်ဝ အောင်၊ ကိုယ်ကျင့်သိက္ခာကောင်းအောင် ဘက်စုံပို့ဆောင်ပေးထား ပါသည်။ စွယ်စုံကျမ်းသစ်အတွဲ - ၁

 

ပြည်သူများအနေဖြင့် ပညာဗဟုသုတတို့ကို အကုန်အစင် လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် အဖိုးနည်းဝန်ပါ ရရှိရေးအတွက် စွယ်စုံကျမ်းသည် အကောင်းဆုံးဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ ပညာရပ် အမျိုးမျိုး၊ မြန်မာ့ရေးရာ၊ ကမ္ဘာ့ရေးရာတို့မှ အကြောင်းအရာအဖုံဖုံ ကို သိနားလည်ရေး၊ တတ်မြောက်ရေး၊ အကြားအမြင် ဗဟုသုတ ကြွယ်ဝစေရေးအတွက် တစ်နေရာတည်း၊ တစ်ထိုင်တည်းတွင် ရရှိနိုင်ရန် ပြုစုထားသောကျမ်းတစ်စောင်ဖြစ်သည်။ စွယ်စုံကျမ်းသည် အထွေထွေဗဟုသုတရှာမှီးလိုသူများအတွက်သာမကသုတေသီပညာ ရှင်များအတွက်ပါ အသုံးဝင်တန်ဖိုးရှိသည့် ရည်ညွှန်းကျမ်း ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် မြန်မာ့စွယ်စုံကျမ်းရှိခြင်းသည် မိမိနိုင်ငံ၏ ပညာဘဏ်တိုက်အဖြစ် ဂုဏ်ယူဖွယ်ဖြစ်တည်လျက် ရှိပြီး အမျိုးသား ရေးတာဝန်ကို စာပေဖြင့် အခိုင်အမာ စိုက်ထူထားခြင်းဖြစ်သည်။ ၁၉၅၄ ခုနှစ် အတွဲ-၁(က-ကုံ)မှ စတင်ထုတ်ဝေခဲ့သော မြန်မာ့စွယ်စုံ ကျမ်းအတွဲ(၁၅ တွဲ)ကို ခေတ်နှင့်လျော်ညီစွာ ပြန်လည်တည်းဖြတ် ဘတို့ကို အကုန်အစင် လွယ်လွယ်ကူကူအမှီးလိုသူများအတွက်သာမက သုတေသီပညာည့် ရည်ညွှန်းကျမ်းဖြစ်။ ဖြည့်စွက်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အတွဲ - ၁ အသစ် ထွက်ခဲ့ပြီ ဖြစ်သည်။ နိုင်ငံ့ဂုဏ်ကိုမြှင့်တင် ပညာခေတ်တွင် စာပေအမျိုးမျိုးတို့ကို အစဉ်အမြဲဖတ်ရှုရေးမှာ အရေးကြီးသည်ကို နိုင်ငံများ၏ ဖြစ်ပေါ်တိုးတက်မှုက သက်သေပြ လျက်ရှိသည်။ မျက်မှောက်ကာလတွင် ဆင်ခြင်တုံတရား လွဲမှားလာမှု များသည် ပညာအမျိုးမျိုးတို့ကို မရှာဖွေနိုင်ခြင်းနှင့် ကိုယ်ကျင့်သီလ များ ပါးလျားလာခြင်းသည်လည်း အချက်တစ်ခုပင်ဖြစ်သည်။ အကျိုး ဆက်မှာ မကောင်းမှုဒုစရိုက်၊ ယုတ်ညံ့သိမ်ဖျင်းသော လုပ်ရပ်များ၊ အမှား၊ အမှန်ကို မခွဲခြားနိုင်သည့် အပြုအမူများကိုပြုလုပ်တတ်လာပါ သည်။ ယင်းတို့သည် ပညာတတ်ခြင်း/ မတတ်ခြင်းနှင့်လည်း မသက် ဆိုင်ပေ။ ကိုယ်ကျင့်သီလ ပျက်ယွင်းခြင်းသည်လည်း အချက်တစ် ချက်။ စီးပွားကျပ်တည်းလာခြင်းသည်လည်း အချက်တစ်ခု။ အမျိုး ဘာသာ၊ သာသနာကို အလေးမထားမှုသည်လည်း အချက်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။

 

မြန်မာပြည်သူအားလုံးတို့သည် အစဉ်အလာကြီးမားပြီး ဂုဏ်ယူ ဖွယ်ရာကောင်းသည့် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာ များနှင့် ရှင်သန်ဖြစ်ထွန်းခဲ့သောနိုင်ငံတွင် ပေါက်ဖွားလာကြသူများ ဖြစ်ပါသည်။ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိတို့ တန်ဖိုးများကို သိရှိနားလည် ကြရန် လိုအပ်ပါသည်။ အမျိုးသားရေးယဉ်ကျေးမှုစရိုက်လက္ခဏာ၊ အမျိုးသားစာပေတို့ကို တန်ဖိုးထားမြတ်နိုးတတ်စေရန် လိုအပ်ပါ သည်။ ထို့ကြောင့် အသိပညာဗဟုသုတများကို မနေမနားရှာဖွေ၍ မိမိနိုင်ငံတော်နှင့် မိမိလူမျိုးတို့ကို ပြန်လည်ဂုဏ်တင့်၊ မြှင့်တင်ကြရန် တိုက်တွန်းအပ်ပါသည်။ ။