Skip to main content

တောင်သူ အကျိုးစီးပွား တိုးဖို့ စနစ်ကျ လယ်မြေဖော်ဆောင်စို့

တောင်သူ ဦးကျော်မြင့်သည်ညီညီညာညာပြန့်ပြန့်ပြူးပြူးထွန်ယက်ထားသည့် သူ၏ လယ်ယာများကို မျှော်ကြည့် ကာ စိုက်ပျိုးရန် စိတ်စောနေသည်။ တောင်သူလုပ်လာ ခဲ့သည်မှာ နှစ် ၄၀ ကျော်ရှိပြီ ဖြစ်သော်လည်း ဒီလယ်ဒီမြေသည် စနစ်ကျလယ်မြေ ဖော်ဆောင်ပြီး ပထမဆုံး စတင်စိုက်ပျိုးမည့်အတွက် ဖြစ်သည်။

ပုံသဏ္ဌာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးဖြင့် တည်ရှိနေသော ၎င်းတို့ဒေသရှိ သမားရိုးကျ လယ်ကွက်ငယ် များကို ရေသွင်းရေထုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများ အပါအဝင် အတိုင်းအတာ၊ အရွယ်အစား မှန်ကန်သည့် စက်မှုလယ်ယာ စနစ်ကျ လယ်ကွက်ကျယ်များ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဝါဆို၊ ဝါခေါင် မိုးဖြိုင်ဖြိုင်ကျလျှင် ယခုနှစ်တော့ စပါးစိုက်ပျိုးမည်ဟုလည်း ဆုံးဖြတ်ထားသည်။ ဧရာပဒေသာစပါးမျိုးက စိုက်ပျိုးချိန် အနည်းဆုံး လေးလခွဲခန့်ပေးရပြီး အထွက်နှုန်းလည်းကောင်း သည့်အတွက် တောင်သူတို့ အကျိုးအမြတ်များများ ရနိုင်သည်။ ထို့ပြင် စပါးတစ်တင်းကို အခြေခံဈေးနှုန်း ငွေကျပ် ငါးထောင်သတ်မှတ်ထားသည့် အတွက် တစ်ဧကတင်း ၅၀ ထွက်လျှင်၊ တင်း ၁၀၀ ထွက်လျှင် စသည်ဖြင့် စတင်စိုက်ပျိုးစဉ်မှာပင် အကျိုးအမြတ်ကို ခန့်မှန်းတွက်ချက်၍ရသဖြင့် ဦးကျော်မြင့်တို့ကဲ့သို့ တောင်သူအများစုက အခြား သီးနှံထက် စပါးစိုက်ပျိုးရန် စိတ်အားထက်သန် နေကြသည်။ “အရင်တုန်းက သမားရိုးကျလုပ်တာဆိုတော့ အခုနည်းစနစ်တကျဖော်တဲ့ လယ်ယာမြေတွေနဲ့တော့ ကွာခြား မှုရှိမှာပါ။ နည်းပညာနဲ့ပေါင်းစပ်ပြီး စနစ်တကျဖော်ထားတဲ့ လယ်ယာမြေတွေက အကျိုးကျေးဇူး အများကြီး ရှိလာမယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ရေသွင်းရေထုတ်ကအစ စိုက်ပျိုးပုံအားလုံး စနစ်တကျရှိတော့ ပိုပြီးလုပ်ရကိုင်ရ အဆင်ပြေ မယ်လို့ ထင်ပါတယ်” ဟု တောင်သူဦးကျော်မြင့်က ပြောသည်။ ယခင်က လယ်ယာများတွင် သမားရိုးကျ စိုက်ပျိုးသည့်အတွက် မြေပြင်မညီမညာသဖြင့် နိမ့်သည့်နေရာများတွင် ရေဝပ်သလို အချို့ မြင့်သည့် နေရာများတွင် စိုက်ပျိုးရေ လုံလောက်အောင် မရသည့်အတွက် အထွက်နှုန်းနည်းသည့် အခက်အခဲများ၊ စိုက်ပျိုးနည်းစနစ်စိန်ခေါ်မှုများကြောင့်လည်း ဦးကျော်မြင့်တို့ မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် နဘဲကုန်းကျေးရွာအုပ်စု ကိုရံ (တောင်)ကျေးရွာမှ တောင်သူများက စက်မှုလယ်ယာ စနစ်သို့ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ကြသည်။ စနစ်ကျလယ်မြေဖော်ထုတ် သို့မို့ကြောင့်လည်း ၎င်းတို့ဒေသရှိ တောင်သူများ ညှိနှိုင်းတိုင်ပင် သဘောတူညီချက်ရယူကာ လုပ်ငန်းဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြခဲ့ကြသည်။ ဒေသ ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စီမံကိန်းတွင် ပါဝင်ကြမည့် တောင်သူများမှ ၎င်းတို့၏လယ်မြေများ တွင် စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ် ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေး နိုင်ရေးအတွက် သဘောတူညီချက်နှင့်အဆိုပြုချက်ရယူပြီး တောင်သူ တစ်ဦးချင်းပိုင်ဆိုင်မှုကို ပြန်လည်တိုင်းတာခဲ့ကြ သည်။ တောင်သူများမှ အဆိုပြုတင်ပြသည့်နေရာသည် ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိ ကွင်းဆင်းစိစစ်ကာ ဖြစ်မြောက်နိုင်စွမ်းရှိပါက လုပ်ငန်းဆောင်ရွက်မည့် ဧရိယာအတွင်းရှိ တောင်သူများ၏ တစ်ဦးချင်း ပိုင်ဆိုင်မှုကို ပြန်လည်တိုင်းတာ၍ပုံထုတ်သည်။ - ထို့နောက် ဒီဇိုင်းရေးဆွဲနိုင်ရေးအတွက် မြေပြင် နိမ့်မြင့် တိုင်းတာခြင်း(Topographic Survey) လုပ်ငန်းနှင့် မြေပုံရေးဆွဲခြင်းလုပ်ငန်း စတင် ဆောင်ရွက်သည်။ လုပ်ငန်းစဉ်(၃) အနေဖြင့်တောင်သူတစ်ဦးချင်းပိုင်ဆိုင်မှုပြမြေပုံ (Cadastral Map) ပြုစုရေးဆွဲခြင်းနှင့် ဒီဇိုင်းမူကြမ်းရေးဆွဲ ခြင်းတွင် တောင်သူတစ်ဦးချင်း၏ ပိုင်ဆိုင်မှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနရှိ စက်မှုလယ်ယာဦးစီးဌာနက ၂၀၂၀-၂၀၂၁ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကန်သင်းဖျက်ခြင်း၊ ထယ်ထိုးထွန်ချေခြင်း၊ မြေညှိ ရန်မြေဖွေခြင်း၊ ဒီဇိုင်းပုံစံအရ ကန်သင်းအကြမ်း တင်ခြင်း၊ မြေညှိခြင်းလုပ်ငန်းများ၊ ရေသွင်းမြောင်း၊ ရေနုတ်မြောင်း တည်ဆောက်ခြင်းနှင့် ကန်သင်း ပေါင် ပုံဖော်တည်ဆောက်ခြင်း၊ ရေယူအဆောက် အအုံတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့သည်။ ထို့ပြင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက လယ်ယာမြေပိုင်ဆိုင်မှု များကို စစ်ဆေးအတည်ပြုခြင်း၊ မူလလယ်ပိုင်ရှင်များ အား ပြန်လည်ခွဲဝေပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းကို ၁၉၉၆ ခုနှစ် မှစ၍ စံနမူနာပြအနေဖြင့် ပြည်ထောင်စု ရန်ပုံငွေဖြင့် စတင်ဖော်ထုတ်ခဲ့သည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာ တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေဖြင့် လွှဲပြောင်းဖော်ထုတ် ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးအနေဖြင့် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ စနစ်ကျလယ်ယာမြေ ၈၄၆၂၃ ဒသမ ၈၇ ဧက ဖော်ထုတ်နိုင်ခဲ့ပြီး ဖြစ်သည်။ လယ်ယာမြေဖော်ထုတ်ရေးဌာနခွဲ စက်မှု လယ်ယာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်က “စက်မှုလယ်ယာစနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းဖြင့် စနစ်ကျလယ်ကွက်တွေမှာ ရေသွင်း၊ ရေထုတ်မြောင်းတွေပါရှိပြီး စိုက်ပျိုးသီးနှံ တွေအတွက် ရေကိုလိုသလိုသွင်းပြီး စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လယ်မြေတွေက မြေပြင် ညီညာပြန့်ပြူးမှုရှိတဲ့အတွက် စိုက်ပျိုးရေသုံးစွဲရာမှာ | အရင်သုံးစွဲနေကျ ရေပမာဏထက် လျှော့ချသုံးစွဲ နိုင်မယ်။ လယ်ကွက်တွေရဲ့ ပုံသဏ္ဌာန်၊ အကျယ် အဝန်းမှန်ကန် တဲ့အတွက်ကြောင့်လည်း စက်ကိရိ ယာပစ္စည်းတွေ စက်စွမ်းအားပြည့် မောင်းနှင် အသုံးပြုနိုင်မယ့်အပြင် လောင်စာဆီကုန်ကျမှုလျော့နည်းသက်သာစေမှာဖြစ်ပါတယ်။ စိုက်ပျိုးရေ အနည်းအများကိုလိုသလို ထိန်းညှိနိုင်တဲ့အတွက် စပါးပင်ပွားကို လိုသလို မျှမျှတတရရှိနိုင်ပြီး သီးနှံအထွက်နှုန်းကို တိုးတက်စေ မှာဖြစ်ပါတယ်” ဟု ပြောသည်။ လေလွင့်မှုနည်းပါးစေ ထို့ပြင် သီးနှံများကိုရိတ်သိမ်းရာတွင် ရိတ်သိမ်း ခြွေလှေ့စက်ကြီးများကို အသုံးပြုပြီး အချိန်မီ ရိတ်သိမ်းခြွေလှေနိုင်သောကြောင့် သီးနှံအရည် အသွေးကောင်းမွန်ခြင်း၊ အလေအလွင့် နည်းပါးခြင်း နှင့် အထွက်နှုန်းတိုးတက်ရရှိခြင်း၊ လယ်ကွက်ဘေး တွင် ကုန်ထုတ်လမ်းပါရှိခြင်းကြောင့် ရိတ်သိမ်း ပြီးသည့်သီးနှံ များအား အမိုးအကာအောက်သို့ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်နှင့် သယ်ယူ ပို့ဆောင်သိုလှောင် နိုင်မည်ဖြစ်သည့်အတွက် သီးနှံ များပျက်စီးလေလွင့်မှုနည်းပါးစေပြီး အရည်အသွေးကောင်းသီးနှံများရရှိစေခြင်း၊ စနစ်ကျလယ်ကွက်များ တွင် လယ်ယာသုံးစက်ကိရိယာများ အချိန်မရွေး၊ ရာသီမရွေး ဝင်ရောက်လုပ်ကိုင်နိုင် သည့်အတွက် ( တစ်သီးစားမှ နှစ်သီး၊ သုံးသီးစားအထိ တိုးချဲ့စိုက်ပျိုး နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း တောင်သူတို့ ခံစားရရှိနိုင်မည်ဖြစ်သည်။ စနစ်ကျလယ်ယာဖော်ဆောင်မှုအပေါ်တောင်သူ တစ်ဦးဖြစ်သူ ဦးမြင့်သိန်းက “ကျွန်တော်တို့ လယ်ယာမြေတွေက ဆဒ္ဒန်ဆည်ရေသောက် လယ်ယာမြေတွေ ဖြစ်ပါတယ်။ မိုးစပါးကို ခုနှစ် လပိုင်း လောက်မှာ နှစ်စဉ်စိုက်ပျိုးကြလေ့ရှိပါတယ်။ ဒီလို စနစ်တကျအကွက်ကျကျ လယ်ယာမြေ ဖြစ်လာတော့ ရေဝင်ရေသောက် ကောင်းလာတယ်။ လယ်ယာထုတ်ကုန်တွေ သယ်ဆောင်ဖို့လမ်းတွေ လည်း ပိုကောင်းလာပြီး စနစ်တကျရှိလာတယ်။ စိုက်ပျိုးတဲ့သီးနှံကို အလေအလွင့်နည်းအောင်စောင့်ရှောက်နိုင်ပြီး ကုန်ထုတ်စွမ်းအားတွေလည်း မြင့်လာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် လက်မှုလယ်ယာမှ စက်မှု လယ်ယာ စနစ်သို့ကူး ပြောင်းရာတွင်အဓိကကျသော အခြေခံအချက်ဖြစ်သည့် စက်မှုလယ်ယာ စနစ်ကျ လယ်မြေများကို နိုင်ငံတစ်ဝန်းတိုးတက်ပေါ်ထွန်း လာစေခြင်းဖြင့် လယ်ယာကဏ္ဍအား အရှိန်အဟုန် မြှင့် ဖွံ့ဖြိုးတိုးတက် လာစေရန်၊ လယ်ယာသုံး စက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်ပြီး တစ်ဆက်တည်း ထွန်ယက် စိုက်ပျိုးနိုင်သော လယ်ကွက်ကျယ်များ ဖြစ်ထွန်းလာစေရန်ရည်ရွယ် ဆောင်ရွက်လျက်ရှိသည် ထုတ်ကုန်များတိုးတက်လာစေရန် ထို့ပြင် ရေသွင်းရေထုတ် လွယ်ကူခြင်းကြောင့် အထွက်တိုးမျိုးကောင်း၊ မျိုးသန့်များ၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်များအား အသုံးပြုစိုက်ပျိုးနိုင်ခြင်း ဖြင့် သီးနှံအထွက်နှုန်းတိုးတက်လာစေရန်၊ ကုန်ထုတ် လမ်းများပါဝင်သော စနစ်ကျ လယ်ကွက်များ ဖော်ထုတ်ခြင်းဖြင့် လေလွင့်ဆုံးရှုံးမှုလျော့နည်းပြီး အရည်အသွေးကောင်း လယ်ယာထုတ်ကုန်များ တိုးတက်ထုတ်လုပ်လာနိုင်စေရန်၊ လယ်ယာ ထုတ်ကုန်များတိုးတက်လာစေရန်နှင့် ကျေးလက် ဒေသပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် စက်မှုလယ်ယာ စနစ်ကျ လယ်မြေဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ လယ်ယာမြေတွေက အရင်နှစ် ၄၀ တုန်းကလို မဟုတ်တော့ဘူး။ ဒါကြောင့် ဒီထက် ပိုပြီးအကျိုးကျေးဇူးရရှိအောင် လုပ်မယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ အခုလိုသမားရိုးကျလယ်ယာ ကို စနစ်တကျဖြစ်အောင်လုပ်ပေးတော့ ကျွန်တော် တို့ တောင်သူတွေအနေနဲ့ မျိုးသန့်မျိုးစေ့ထုတ် အဆင့်ဖြစ်အောင်၊ ထုတ်ကုန်တွေတိုးတက်အောင်မျှော်မှန်းထားပါတယ်” ဟု ဦးကျော်မြင့်က ပြော သည်။ ထိုကဲ့သို့ စက်မှုလယ်ယာစနစ်ကျလယ်မြေများ ဖော်ထုတ်ခြင်းသည် တောင်သူလယ်သမားများကို အမှန်တကယ် အကျိုးဖြစ်ထွန်းစေသည့်အတွက်တောင်သူဦးကျော်မြင့်သည် လာမည့်မိုးရာသီတွင် အရည်အသွေး ကောင်းမွန် သည့် မိုးစပါးနှင့်ဆောင်းသီးနှံ၊ မိုးကြိုသီးနှံများစိုက်ပျိုးနိုင်ရေးနှင့် ဝင်ငွေတိုးတက်ရရှိရေးတို့အတွက် လုပ်ငန်းများ စတင် ထယ်ရေးပြင်ရန် ခွန်အားအပြည့်ဖြင့် အသင့်ရှိ နေတော့သည်။ ကေတာ