Skip to main content

အမျိုးသားအဆင့် အမြင့်ဆုံးသော စာပေဆု၏တန်ဖိုး

ပျက်စီးခြင်းအစ “၁၂၄၇ ခု၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့မှာ နန်းတော် အတွင်းသို့ အင်္ဂလိပ်စစ်သည်တော်များ ဝင်ရောက်လာကြသည်။ မြန်မာတို့၏ထုံးစံအတိုင်း ပုရပိုက်များကို ကျွန်းသေတ္တာကြီးအတွင်း ထည့်သွင်းကာ အလုပ်လုပ်ရာဌာနရှိသမျှနှင့် စာရင်းတိုက်မှာထားကြ သည်။ ပုရပိုက်အမှတ်အသားထားသော သေတ္တာများမှာလည်း မရေမတွက်နိုင်လောက်အောင် များပြားသည်။ ထိုသေတ္တာအတွင်း ပုရပိုက်များနှင့်အတူ ဗောင်း၊ နားတောင်း၊ ဝတ်လုံစသော မင်းခမ်း မင်းနားနှင့်ဆိုင်သည့် အဝတ်အစားများ၊ ငွေများ၊ အဖိုးတန်သော အသုံးအဆောင်များကို ထားကြသည်။ အင်္ဂလိပ်စစ်ဗိုလ်၊ စစ်သား စသူများနှင့် ၎င်းတို့၏ နောက်လိုက်များပါ သေတ္တာရှိသမျှကို ဖွင့်လှစ် ယူငင်ကြရာ အချို့မှာ ပစ္စည်းအဖိုးတန်များကို ရကြသည်။ အချို့မှာ ပစ္စည်းကိုမရသော်လည်း ပစ္စည်းရှိမည်အထင်နှင့် သေတ္တာများကို ဖွင့်လှစ်ရှာဖွေသည့်အတွက် ပုရပိုက်များမှာ အခေါက်ပျက်ကုန်ကာ ပစ်ထားလိုက်ကြသည်။” “နန်းတော်အတွင်း၌ အနှံ့အပြားဖြစ်နေသော ပုရပိုက်များကို အမှိုက်လှည်းသူများက စုဆောင်းကာ မြေပုံပေါ်တွင်ပုံ၍ မီးရှို့ ပစ်ကြသည်။ ထိုကဲ့သို့ မီးရှို့ကြဆဲတွင် တွေ့မြင်သူ ကူလီများသည် မီးရှို့ရာက အသာအယာယူကြရာ တစ်စုံတစ်ရာ တားဆီးကန့်ကွက် ခြင်း မရှိ၊ အလိုရှိရာ ယူခွင့်ရကြသည်။” “ထိုကဲ့သို့မီးရှို့ကြခြင်း၊ ယူငင်ခြင်းမှာ စိတ်အထင်မှန်းခြေအားဖြင့် ခုနစ်ရက်တစ်ပတ်လောက်ကြာဟန်တူသည်။ ထိုအခါမှာ ကင်းဝန် မင်းကြီးလည်း မရှိသေး။ ရှင်ဘုရင်၊ မိဖုရား၊ သမီးတော်များနှင့်အတူ ရန်ကုန်သို့ ပါသွားလျက်ရှိသည်။” “ဤတွင်မှ ပုရပိုက်စသော အမှတ်အသားများကို မီးမရှို့ စေရန်၊ လူမြင်သမျှ မယူကြစေရန် တောင်ခွင်မင်းကြီးက စာရေးတော်ကြီး ဦးမြဲကို စလေဒင်မင်းကြီးထံသို့ စေလွှတ်၍ ပြောရသည်။ မီးရှို့ခြင်း၊ ယူငင်ခြင်းမှ ရပ်စဲစေရန် တန်ဆောင်မုန်းလဆုတ် ၁၅ ရက်နေ့တွင် ကာနယ်အီးဘီ-စလေဒင်မင်းကြီးက အမိန့်ထုတ်ရသည်။” အထက်ပါ ကောက်နုတ်ချက်များမှာ ပုဂံဝန်ထောက် ဦးတင် ရေးသားမှတ်တမ်းတင်ခဲ့သည့် “မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်း ပဉ္စမပိုင်း”မှဖြစ်သည်။ သီပေါမင်းနှင့် မိဖုရားတို့ ပါတော်မူပြီးနောက် ဗြိတိသျှနယ်ချဲ့စစ်သားတို့ မန္တလေးနန်းတော်ထဲသို့ တံခါးမရှိ ဓားမရှိ ဝင်ရောက်ကာ မြန်မာစာပေယဉ်ကျေးမှုများနှင့် မှတ်တမ်းများဖြစ်သည့် ၊ ပေစာထုပ်များ၊ ပုရပိုက်ထုပ်များကို မွှေနှောက်ကြပုံ၊ အဖိုးတန် | လက်ဝတ်ရတနာများ၊ အဝတ်အစားပစ္စည်းများကို ရှာဖွေယူငင်ကြပုံ၊ ပေ ပုရပိုက်များကို မီးရှို့ဖျက်ဆီးကြပုံတို့ကို မျက်မြင်ကိုယ်တွေ့ဖြစ်သူ ပုဂံဝန်ထောက် ဦးတင်က ရေးသားမှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ ရက်သတ္တတစ်ပတ်ခန့်ကြာအောင် မီးရှို့ဖျက်ဆီးခံခဲ့ရသော ပေစာ၊ ( ပုရပိုက်စာတို့ထဲတွင် မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဒဿန၊ မြန်မာ့ဓလေ့၊ မြန်မာ့တရား ဥပဒေ၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဆိုင်ရာများ မည်မျှပါရှိ ဆုံးရှုံးခဲ့ရသ နည်းဆိုသည်ကို မည်သူမျှ မသိနိုင်တော့။ မတားဆီးခဲ့လျှင် ပေ၊ ပုရပိုက်အားလုံး ပြာပုံဘဝရောက်ရမည်။ မည်သို့မျှမခံစားနိုင်တော့သည့်အဆုံးတွင်မှ ဝင်ရောက်တားဆီးခဲ့ရာ ကျန်သမျှကို ထိန်းသိမ်းခွင့်ရခဲ့သည်။ “ကျွန်ုပ်နှင့် လွှတ်လုလင် ဦးသွင်ဆိုသူမှာ လွှတ်တော်နန်းတော် မှရရှိသမျှ ပုရပိုက်စသော အမှတ်အသားများနှင့် ရန်ကုန်မဟာမင်းကြီး လှည်းစီးရေ ၄၀ ကျော်သည် အကုန်ယူဆောင်နိုင်ခဲ့ခြင်း ဟုတ်ပါမည် လား။ မည်သို့ပင်ဆိုစေ ကိုလိုနီနယ်ချဲ့ ကျွန်သပေါက်ဘဝ၏ ပထမ ဆုံးနေ့ရက်များမှာပင် မြန်မာစာပေသည် အညွန့်ချိုးခံ၊ ဖျက်ဆီးခံခဲ့ ရပြီဖြစ်သည်။ ထိုအချိန် ဗြိတိသျှလက်အောက်သို့ ၁၈၅၂ ခုနှစ်က ကျရောက် ထားခဲ့သည့် အောက်မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ရန်ကုန်ကောလိပ် (Yangoon College) ပေါ်ပေါက်နေပြီဖြစ်သည်။ ဗြိတိသျှအစိုးရ၏ | ပထမဆုံးသော အစိုးရကျောင်းဖြစ်သည့် ရန်ကုန်ဟိုက်စကူး ကျောင်း (Rangoon Government HighSchool) og bong a$di vosa ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကျောင်းတွင် College Depart| ment ကို ဖွင့်ထားပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တားတက္ကသိုလ်မှ odwp First Arts Examination or olyao@en$ 8ppoż. (B.A) သင်တန်းကို တက်ရောက်နိုင်သည်။ နောင်တွင် ရန်ကုန်တက္ကသိုလ်ပေါ်ပေါက်လာပြီး ဆရာကြီး ဦးဖေမောင်တင်၏ ကြိုးပမ်းမှုဖြင့် မြန်မာစာသင်ကြားရေး၊ မြန်မာ စာပေထွန်းကားရေး အားထုတ်ကြိုးပမ်းမှု၊ အရေးဆိုတောင်းဆိုမှုတို့ မပြုနိုင်သေးခင်ကာလတွင် ဗြိတိသျှအစိုးရက မြန်မာစာပေရှိသည် ဟူ၍ အသိအမှတ်မပြုခဲ့။ အုပ်ချုပ်ရေးစနစ်အရလည်း အင်္ဂလိပ်စာ တတ်သူကသာ အရာရောက်ပြီး မြန်မာစာတတ်သူမှာ အရာမရောက်။ မြန်မာတို့ရေးသားသုံးစွဲနေကြသည့် မြန်မာစာတွင် စာပေဂုဏ်မြောက် သည့် စာအရေးအဖွဲ့များ၊ ရှေးဟောင်း ဂန္ထဝင်စာပေများ ရှိနေသည်ဟု လည်း မယူဆခဲ့သလို မြန်မာစာ၊ မြန်မာစကားမှာလေ့လာနိုင်လောက် စရာ လောက်လောက်လားလားကားမရှိဟူ၍ အင်္ဂလိပ်အာဏာပိုင် တို့က မှတ်ယူခဲ့ကြသည်။ မြန်မာစာပေ ရီနေးဆင့် ၁၉ ရာစုအကုန်၊ ၂၀ ရာစုဆန်းစ၊ ပဒေသရာဇ်နိုင်ငံတစ်နိုင်ငံ ( အဖြစ်မှသည် ကိုလိုနီလက်အောက်ခံနိုင်ငံဘဝသို့ ကျရောက်သွားခဲ့ ရသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးမြင်ကွင်းတို့မှာ ကြီးမားစွာ ပြောင်းလဲသွားကြသည်။ မန္တလေးနန်းတွင်း မှ မီးရှို့မခံရသေးမီ ဆယ်တင်ခံခဲ့ရသည့် ပေ၊ ပုရပိုက်များ ရန်ကုန်ရှိ ဘာသာတို့ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် နေရာယူထားခဲ့ရာမှ နယ်ချဲ့စနစ်နှင့်အတူ အင်္ဂလိပ်ဘာသာကပြဋ္ဌာန်းဘာသာဖြစ်လာသည်။ အတိတ်က ဗုဒ္ဓဝင်ဇာတ်နိပါတ်များနှင့်သာ ရင်းနှီးခဲ့သည့် မြန်မာ | တို့ အင်္ဂလိပ်စာပေနှင့်တကွ ဘာသာပြန်ပုံပြင်၊ ဘာသာပြန်ဝတ္ထုများ၊ အမှီးဝတ္ထုများနှင့်ပါ ထိတွေ့လာရသည်။ တစ်ဖက်တွင်လည်း မြန်မာ စာပေသည် အရှိန်မသေသေးဘဲ ကင်းဝန်မင်းကြီး၊ မန်လည် ဆရာ တော်ကြီး၊ လယ်တီဆရာတော်ကြီးတို့ ရေးသားပြုစုသည့် စာပေများ ဆက်လက်ထွက်ပေါ်ဆဲဖြစ်ပြီး အင်္ဂလိပ်မင်းပေးသည့် ဘွဲ့တံဆိပ် | များကို ခံယူကြရသည်။ ။ ထိုခေတ်တွင် မြန်မာစာပေကို အမျိုးသားယဉ်ကျေးမှု ဧည့်ခန်း | ဆောင်သို့ ပို့ဆောင်ပေးခဲ့သူမှာ ဆရာကြီးဦးဖေမောင်တင် ဖြစ်သည်။ ထိုခေတ်ကို သူက “ပစ္စုပ္ပန်ခေတ်ကား မြန်မာစာပေတွင် ခေတ်သစ် | ထူထောင်ခါစ ရှိသေး၏”ဟူ၍ ဆိုခဲ့သည်။ ၁၉၁၂ ခုနှစ် သူ့အသက် ၂၄ နှစ်အရွယ်တွင် ရန်ကုန်ကောလိပ်တွင် မြန်မာလူမျိုးများထဲမှ ပထမဆုံးသော ပါမောက္ခဖြစ်ခဲ့ပြီး ရန်ကုန်ယူနီဗာစီတီခေါ် ရန်ကုန် တက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရန်အတွက် ၁၉၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော တက္ကသိုလ်ဖြစ်မြောက်ရေးကော်မတီတွင် တစ်ဦးတည်း သော မြန်မာလူမျိုးအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၂၄ ခုနှစ် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာပါမောက္ခအဖြစ် | ခန့်အပ်ခံရပြီးနောက် မြန်မာစာပေထွန်းကားရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ တက္ကသိုလ်တွင် မြန်မာစာသင်ကြားနိုင်ရေးအတွက် ရှေးဟောင်းမြန်မာဂန္ထဝင်စာပေများကို စုဆောင်းတည်းဖြတ်ပြုစုခဲ့ သည်။၁၉၂၅ ခုနှစ်တွင် မြန်မာစာဝိဇ္ဇာဂုဏ်ထူးတန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး နောက် ၁၀ နှစ်ခန့်ကြာသောအခါ မြန်မာစာပေလောကတွင် ခေတ် ဆန်းစစာပေတစ်ခေတ်ကို ထူထောင်နိုင်ခဲ့သည်။ တက္ကသိုလ်ပရဝဏ် ပြင်ပမြန်မာစာနယ်ဇင်းလောက၊ စာပေလောကတို့တွင်လည်း ကာရန် နဘေပါမှ စာပေဟူ၍ မှတ်ယူခဲ့သော ရှေးအစဉ်အလာမှသည် စကားပြေသက်သက် အရေးအသားများ ထွန်းကားလာသည်။ အမျိုးသားစာပေ ဒုတိယကမ္ဘာစစ်ကြိုခေတ်နှင့် စစ်ပြီးခေတ်ကာလ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုများနှင့် အတူ မြန်မာစာပေသည် အမျိုးသား စာပေအဖြစ် ရှေ့တန်းသို့ရောက်ရှိလာကာ စာပေနယ်မှ ကလောင် လက်နက်ဖြင့် လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် တိုင်းပြည်ပြန်လည်ထူထောင်ရေး စီမံကိန်းများ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် “မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီး" ပေါ်ပေါက်လာခြင်းနှင့်အတူ လူထုပညာရေး တိုးပွားလာစေရန် ဦးတည်ရှေးရှု၍ မြန်မာစာပေနှင့် မြန်မာ့အနုပညာရပ်များကို စူးစမ်း ရှာဖွေရန် သို့မဟုတ် စူးစမ်းရှာဖွေမှုကို အားပေးရန်ရည်ရွယ်သည့် “စာပေဗိမာန်ဆု”ကို တီထွင်ကာ ၁၉၄၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ချီးမြှင့်ခဲ့သည်။ အမည်ပေဆိုင်ရာဆူဖြစ်သည်ဟု ပြောင်းချီးမြှင့် ယင်းဆုကို ၁၉၆၂ ခုနှစ်တွင် “အနုပညာစာပေဆိုင်ရာဆု” ဟူ၍ အမည်ပြောင်းခဲ့သည်။ တစ်ဖန် နိုင်ငံတော်အဆင့် ချီးမြှင့်သော အနုပညာစာပေဆိုင်ရာဆုများသည် တစ်မျိုးသားလုံးအတွက် အမြင့်ဆုံးချီးမြှင့်သော ဆုများဖြစ်သည်ဟူသောသဘောဖြင့် ၁၉၆၅ ခုနှစ်တွင် “အမျိုးသားစာပေဆု”ဟူ၍ အမည်ပြောင်းချီးမြှင့်ခဲ့သည်။ အမျိုးသားစာပေဆုတွင် (၁) ဝတ္ထုရှည် (၂) ဝတ္ထုတိုပေါင်းချုပ် (၃) ဘာသာပြန် (၄) စာပဒေသာ (၅)ပြဇာတ် (၆) ကဗျာပေါင်းချုပ် (၇) ကလေးသူငယ်များဆိုင်ရာစာပေ (၈) နိုင်ငံရေးဆိုင်ရာစာပေ (၉) မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ (၁၀) သုတ ပဒေသာ ဟူ၍ ဘာသာရပ် ၁၀ မျိုး ခွဲခြားချီးမြှင့်ခဲ့ရာ အစောပိုင်းတွင် ယှဉ်ပြိုင်သည့်စနစ်ဖြင့် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တစ်နှစ်တာအတွင်း ထွက်ရှိခဲ့သည့် စာအုပ်များမှ ရွေးချယ်သည့်စနစ် ဖြင့် ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် အမျိုးသားစာပေဆုထက်ပို၍ အဆင့်မြင့်သည့် အမျိုးသားစာပေ တစ်သက်တာဆုကို စတင်ချီးမြှင့်ခဲ့သည်။ ချီးမြှင့်ခဲ့ သည့်ဆုများမှာ ၂၀၀၁ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာ ဆုဖြစ်ပြီး ဆုရပုဂ္ဂိုလ်မှာ ဆရာကြီး ဦးလှကြိုင် (ဆရာပါရဂူ) ဖြစ်သည်။ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကြီး၌ ကျင်းပသည့် ၂၀၀၁ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုနှင့် (၁၃) ကြိမ်မြောက် အမျိုးသားရေး ဆောင်ပုဒ်၊ စာပေနှင့် ဓာတ်ပုံ ပြိုင်ပွဲဆု ဆုချီးမြှင့်ပွဲအခမ်းအနားကြီးတွင် ပထမဆုံးသော အမျိုးသား စာပေတစ်သက်တာဆုကို ဆရာကြီး ဦးလှကြိုင် (ဆရာပါရဂူ) အား ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ အစီရင်ခံ စာအရ “ဘဝတစ်သက်တာစာရေးခြင်းနှင့် ပညာရပ်ဆိုင်ရာ သုတေ သနလုပ်ငန်းများကို အလေးထားဆောင်ရွက်ခဲ့၍ အလေးထားထိုက်သော စာပေလက်ရာအများအပြား ရေးသားပြုစုသူ" စာရေးဆရာ စာပေပညာရှင် တို့ကို စိစစ်ရွေးချယ်ဆုချီးမြှင့်ခြင်း ဖြစ်သည်။ စတင်ချီးမြှင့်ခဲ့သည့် ၂၀၀၁ ခုနှစ်မှသည် နောက်ဆုံးချီးမြှင့်ခဲ့သည့် ၂၀၁၉ ခုနှစ်အတွက်အထိ အမျိုးသားစာပေ တစ်သက်တာဆုရဆရာကြီး ဆရာမကြီး စုစုပေါင်း ၃၁ ဦးရှိပြီဖြစ်သည်။ ယင်းတို့အနက်မှ ( ၁၁ ဦး ကွယ်လွန်သွားပြီဖြစ်ပြီး ၂၀ သက်ရှိထင်ရှား ရှိနေသည်။ အမျိုးသားစာပေတစ်သက်တာဆုချီးမြှင့်ငွေများ အဆင့်ဆင့် တိုးမြှင့်ခဲ့ရာတွင် ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ငွေကျပ် ၄၀၀၀၀၀ ချီးမြှင့်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ငွေကျပ် ၆၀၀၀၀၀၊၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် ငွေကျပ် ၁၀ သိန်း၊ ၂၀၁၂ ခုနှစ်တွင် ငွေကျပ် ၁၅ သိန်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ငွေကျပ် ၂၅ သိန်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိငွေကျပ်သိန်း၅၀သို့ တိုးမြှင့်ပေးခဲ့သည်။ စာရေးဆရာ ဆရာမကြီးများနှင့် စာပေပညာရှင်ကြီးများသည် ၎င်းတို့၏ဘဝတစ်သက်တာ စပေရေးသားခြင်း၊ သုတေသနပြုခြင်း တို့ကို ဆုအစရှိသည့် တစ်စုံတစ်ရာကို မျှော်ကိုး၍မဟုတ်ဘဲ၎င်းတို့၏ ဝါသနာ၊ စေတနာ၊ ပညာတို့က နှိုးဆော်သည့်အလျောက် စာပေ တာဝန်ထမ်းခဲ့ကြခြင်း ဖြစ်သည်။ မြန်မာစာပေ မြစ်နဒီကြီး အားကောင်းမောင်းသန် ရှင်သန်စီးဆင်းရေးအတွက် စာပေ ရေကြည်ချောင်းများ ပေါင်းစုစီးဝင်စေခဲ့ခြင်းဖြစ်သည်။ မည်သို့ပင် ဆိုစေ တစ်သက်တာဆု၏ ချီးမြှင့်ငွေများသည် စာပေ ပညာရှင် ဆရာကြီး ဆရာမကြီးတို့ စာပေရေးသားပြုစုရာတွင် အင်အားတစ်ရပ်အဖြစ် အထောက်အကူ ပြုနိုင်ခဲ့လေသော် အဟောဝတ ကောင်းလေစွဟု သာဓုခေါ်နိုင်ကြမည်ဟု ယုံကြည် မိသည်။ အမျိုးသားစာပေတစ်သက်တာဆုတိုးမြှင့် ပေးအပ်ချီးမြှင့်နိုင်ရန် | အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်မြို့ ကုန်သည် စက်မှုအသင်းချုပ်တွင် ကျင်းပခဲ့သည့် “၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေ ဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဆရာကြီး သိန်းသန်းထွန်း (ဦးသန်းထွန်း)က “ အမျိုးသားစာပေတစ်သက်တာဆုကို ငွေကျပ်သိန်း ၁ဝဝဝလောက် ဆုချပါ” ဟု ဆန္ဒပြုပြောကြားခဲ့သည့်အချက်မှာ အမှတ်ရစရာဖြစ်ခဲ့သည်။ ယင်းအခမ်းအနားတွင်ပင် ထိုစဉ်က ဒုတိယသမ္မတ ဦးမြင့်ဆွေ က အမှာစကားပြောကြားရာ၌ “စာပေဆုများ ချီးမြှင့်ပေးနေခြင်း မှာ မြန်မာစာပေဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန်ထက်မြက်သည့် စာရေးဆရာများ ပေါ်ထွန်းလာစေရန်ဖြစ်ကြောင်း၊ စာပေဆုများကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုခြင်းက စာရေးဆရာများ မိမိကိုယ်ကို ယုံကြည်မှုတိုးလာပြီး ထူးချွန်ပြောင်မြောက်သည့် စာပေလက်ရာကောင်းများ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြောင်း၊ စာကောင်းပေ ကောင်းများပေါ်ထွန်းရန် ကြီးမားသည့် တွန်းအားတစ်ရပ်၊ အထောက် အပံ့တစ်ရပ်ဖြစ်သည်ဟု မြင်ပါကြောင်း၊ ထို့ကြောင့် စာပေဆုချီးမြှင့် ခြင်းလုပ်ငန်းကို မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသည့် တာဝန်တစ်ရပ်အဖြစ် အလေးအနက်ထား ဆက်လက်လုပ်ဆောင် သွားရန်” ထည့်သွင်းပြောကြားသွားခဲ့သည်ကိုလည်း တွေ့ရ သည်။ စာပေမြင့်မှ လူမျိုးဂုဏ်တင့်မည် ဟူသော ဆောင်ပုဒ်နှင့်အညီ အမျိုးသားစာပေ မြင့်မြင့်မားမား တင့်တင့်တယ်တယ်ထွန်းကား ရေးသည် စာရေးဆရာ ဆရာမကြီးများ၊ စာပေပညာရှင်ကြီးများ၏ တာဝန်သာမဟုတ်ဘဲ တစ်မျိုးသားလုံး၏ တာဝန်ဖြစ်သည်ဟု ခံယူမိသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပြည်သူလူထု၏ အသိပညာဗဟုသုတ တိုးပွားမြင့်မားစေရေးအတွက် ဘာသာပြန် စာပေအသင်းကြီး တည်ထောင်ရေးကိုပါ တစ်ခုတ်တရ ထည့်သွင်း ခဲ့ခြင်းက တိုင်းပြည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံသားတို့၏ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေး၊ အကျင့်စာရိတ္တ မဏ္ဍိုင်ကြံ့ခိုင်ရေးတို့အတွက် အမြော်အမြင် ကြီးမားလှခြင်းကို ပြဆို နေသည်။ အချိန်ရေစီးကြောင်း စီးဆင်းခြင်းနှင့်အတူ မိမိတို့ခေတ်၏ သမိုင်း ပေးတာဝန်ကို ခေတ်လူတို့က ပခုံးပြောင်း ထမ်းဆောင်ကြရမည် ဖြစ်သည်။ မိမိတို့၏ ဘိုးဘွားမိဘများက သမိုင်းစဉ်တစ်လျှောက် တွင် ခေတ်အလိုက် ခမ်းနားတင့်တယ်စေခဲ့သည့် မြန်မာစာပေ ကို မိမိတို့ခေတ်တွင်လည်း ကမ္ပည်းတင်နိုင်အောင် ကြိုးပမ်းကြ ရမည် ဖြစ်သည်။ ကာလနှင့် ဒေသတို့ကိုကျော်လွန်၍ မှတ်တမ်းတင် နိုင်သည့် ဂန္ထဝင်မြောက်စာပေများပေါ်ထွန်းလာရေး၊ အာရှမှတ်တမ်း၊ ကမ္ဘာ့မှတ်တမ်းများတွင်ပါ မြန်မာစာပေကဏ္ဍ ထွန်းလင်းတောက်ပ နိုင်ရေးတို့ကို တစ်မျိုးသားလုံး၏ နှလုံးသားဖြင့် ထွန်းညှိနိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။ ။ သိင်္ဃသူ