ရွှေလိုတန်ဖိုးရှိသော ခေါင်းဆောင်မှု ပေးဆပ်မှုတစ်ခုခုရှိမှ နောက်အဆင့်တစ်ခုကို တက်လို့ရမယ်
“ပေးဆပ်မှုတစ်ခုခုရှိမှ နောက်အဆင့်တစ်ခုကို တက်လို့ရမယ်”ဆိုတာ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ရာထူးတိုးဖို့ပဲဖြစ်ဖြစ်၊ ဩဇာ အာဏာပိုကြီးပဲဖြစ်ဖြစ် ပေးဆပ်မှုရှိရမယ်လို့ ဆိုလိုတာဖြစ်ပါ တယ်။
လူတိုင်းလိုလိုပဲ မိမိလိုချင်တဲ့အောင်မြင်မှုတွေရရှိပြီး အောင်မြင် မှုရဲ့ အရသာတွေကို တွေ့ထိခံစားနေရတဲ့အချိန်မှာ အခက်အခဲဆုံး အလုပ်ကတော့ မလုပ်ဖူးတဲ့ အလုပ်သစ်၊ အတွေ့အကြုံသစ်တွေ ထပ်ရဖို့ ရရှိထားတဲ့အောင်မြင်မှုတွေကို စွန့်လွှတ်ဖို့ပါပဲ။ အောင်မြင် တဲ့ ခေါင်းဆောင်တိုင်းလိုလို ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ မိမိရဲ့
အောင်မြင်မှုပဲ ဖြစ်ပါတယ်။ အမေရိကန်စာရေးဆရာနဲ့ တရားဟော ဆရာကြီး ရစ်ဝါးရမ်း (Rick Warren) ကလည်း - “မနက်ဖြန်အောင်မြင်မှုရဖို့အတွက်အနှောင့်အယှက်ပေးမယ့် အကြီးဆုံးအန္တရာယ် ကတော့ ဒီနေ့အောင် မြင်မှုပဲ”လို့ပြောခဲ့ပါတယ်။
ဆိုလိုတာကတော့ ဒီနေ့ အောင်မြင်မှုမှာပဲ ယစ်မူးနေမယ်၊ တိုးတက်မှုအတွက် အချိန်မပေးဘူး၊ လေ့ကျင့်မှုအတွက် အချိန်မပေးဘူး၊ ပြင်ဆင်မှုအတွက် အချိန်မပေးဘူးဆိုရင်တော့ ရေရှည်အောင်မြင်ဖို့ ခက်ပါတယ်။ နောက်အဆင့်တစ်ခုကို တက်ဖို့ခက်ပါတယ်။ နောက်အဆင့် တစ်ခုကို တက်ဖို့ ယခုလက်ရှိအောင်မြင်မှု
ကို ပေးဆပ်ရမယ်ဆိုတော့လည်း နောက်အဆင့်က ဘယ်လောက် ကိုယ့်အတွက် အကျိုးရှိမှာ လဲဆိုတာ လူတိုင်းမေးချင်ကြမှာပါပဲ။ လူတိုင်းလိုလိုပဲ အောင်မြင်မှုအတိုင်းအတာတစ်ခုရပြီးရင် ထပ်စွန့်စား ဖို့ ဝန်လေးကြပါတယ်။ ဒါကြောင့်လည်း စာရေးဆရာကြီး မက်ဒီပရီး (Max De Pree) က သူ့ရဲ့ “အာဏာမရှိဘဲ ခေါင်းဆောင်ခြင်း” ဆိုတဲ့ စာအုပ်ထဲမှာ - “စွန့်စားရမှာကို ရှောင်တဲ့လူက လူ့ဘဝမှာ အရေးကြီးဆုံးဖြစ်တဲ့ မိမိစွမ်းရည်ကို အမြင့်ဆုံးတိုးတက်အောင် လုပ်တာကို ရှောင်လိုက်တာပဲ” လို့ရေးခဲ့ပါတယ်။ နောက်တစ်နည်း ပြောရရင်လည်း အနာခံမှ အသာစံရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ကျွန်တော်ကတော့ ကံကောင်းတယ်လို့ ပြောရပါမယ်။ ကျွန်တော့်အဖေက ဒါကို လေ့ကျင့်ပေးခဲ့ပါတယ်။ ကစားချင်ရင် ကျွန်တော် စာအရင်ကျက်ရပါတယ်။ ကျွန်တော်ကလည်း ငယ်စဉ်က ကစားဖို့သာမက်ပြီး စာကျက်ဖို့ဆိုနည်းအမျိုးမျိုးနဲ့ ဆင်ခြေပေးသူပါ။ ဒါပေမဲ့ အဖေ့ရဲ့ သံမဏိစည်းကမ်းကြောင့် တစ်ခုခုလိုချင်ရင် တစ်ခုခု ပေးဆပ်ရမယ်ဆိုတာ နားလည်ခဲ့ပါတယ်။ ခက်တဲ့အလုပ်ကို အရင် လုပ်၊ လုပ်ပြီးရင် ပျော်စရာရှိတာကို ပျော်တာက ပိုပြီးအလုပ်ပြီးဖို့ သေချာတယ်ဆိုတာသိခဲ့ပါတယ်။ တကယ်တော့ ဘဝမှာ ကျွန်တော် တို့ လိုချင်တဲ့အရာတိုင်းအတွက် ပေးရမယ့်တန်ဖိုးတွေရှိပါတယ်။ မေးစရာကတော့ ဘယ်တော့ပေးမှာလဲဆိုတာပါပဲ။ နောက်မှပေးမယ် ဆိုရင်တော့ ကြာလေ အတိုးကတက်လေ ဖြစ်မှာပါပဲ။ အောင်မြင်တဲ့ ဘဝကိုပိုင်ဆိုင်ဖို့ ပေးဆပ်မှုတွေ လုပ်ရမှာပါပဲ။ လဲလှယ်မှုတွေ လုပ်ရမှာပါပဲ။ ကျွန်တော့်ဘဝမှာလည်း အခွင့်အရေးအသစ်လိုချင်လို့ ရရှိထားတဲ့အောင်မြင်မှုတွေနဲ့ လဲခဲ့ပါတယ်။ လူတော်တော်များများ ကတော့ ရူးနေတယ်လို့တောင် ပြောကြပါတယ်။
လူရဲ့ သဘာဝကလည်း ရာထူးကြီးလာလေ၊ အောင်မြင်မှုတွေ ရလာလေ ရရှိထားတာတွေကို စွန့်လွှတ်ပြီး နောက်အဆင့်တက်ဖို့ကို မလုပ်ချင်ကြပါဘူး။ စဉ်းစားပါတယ်။ ဒီနေရာရောက်ဖို့ အများကြီး ပေးဆပ်ခဲ့ရတယ်လို့လည်း တချို့က ဆိုကြပါတယ်။ ဘဝအစမှာ အများကြီးပေးဆပ်ရတာက အချိန်တစ်ခုတည်းက များပါတယ်။
အောင်မြင်မှုတွေရလာတဲ့အခါမှာ နောက်အဆင့်ကို တက်ဖို့အတွက် ပေးဆပ်ရမှာကတော့ အများကြီးများပါတယ်။ ဒါကြောင့်လည်း လူတော်တော်များများက မိမိစွမ်းရည်တွေ အကုန်တိုးတက်မှုမရှိဘဲ လမ်းတစ်ဝက်မှာ ရပ်သွားတတ်ကြပါတယ်။ မိမိရရှိထားတဲ့ အောင်မြင် မှုတချို့တစ်ဝက် သို့မဟုတ် အားလုံးကိုပေးဆပ်ပြီး နောက်အဆင့်ကို တက်ဖို့၊ နောက်ထပ်စွန့်စားဖို့ကို လူတော်တော်များများက မလုပ်ချင် ကြပါဘူး။ ရောက်တဲ့နေရာမှာပဲ မသေခင်ကတည်းက ဘဝသေသွားပါ တော့တယ်။ ဒါနဲ့ပတ်သက်ပြီး စာရေးဆရာကြီး ဖရက်စမစ် (Fred Smith) က
“လူရဲ့ သဘာဝက သက်သောင့်သက်သာ နေချင်ကြပါတယ်။ လူတိုင်းလိုလို တောင်ပေါ်တက်လာရာကနေ ပြန့်ပြူးတဲ့တောင်ကုန်း လေးပေါ်ရောက်ရင် အနားယူချင်ကြပါတယ်။ ဘဝရဲ့ ပြန့်ပြူးတဲ့
တောင်ကုန်းလေးကတော့ စိတ်ဖိစီးမှုမရှိဘဲ ငွေကြေးအနေနဲ့လည်း လုံလုံလောက်လောက်ရတဲ့ အလုပ်တစ်ခုရှိနေတဲ့အခါပါ။ လူသစ်
တွေကို မိတ်ဖွဲ့စရာမလိုတဲ့ အခြေအနေ၊ ကိုယ်မသိတဲ့လူတွေနဲ့ စကားပြောစရာမလိုတဲ့ အခြေအနေပါ။ တောင်ကုန်းပေါ်တက်လာ ပြီးရင် ခဏနားတယ်ဆိုတာ သဘာဝကျပါတယ်။ အနားယူပြီးရင်တော့ ဆက်တက်ရပါလိမ့်မယ်။ ဆက်မတက်တော့ဘဲ နားလိုက်ရင်တော့ အသက်ဘယ်လောက်ပဲငယ်ငယ် ဘဝကသေသွားပါပြီ” လို့ ပြောခဲ့ ပါတယ်။
ကျွန်တော် ၁၉၈၈ ခုနှစ်မှာ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ကနေ အင်ဒို နီးရှားနိုင်ငံကို ပြောင်းရွှေ့ အမှုထမ်းရပါတယ်။ ကျွန်တော်တို့ရုံးက အင်ဒို နီးရှားနိုင်ငံ ဂျကာတာမြို့မှာ အခြေစိုက်ပါတယ်။ ရုံးမှာ ဆလန်ဘာဂျာ အင်ဂျင်နီယာ အယောက် ၂၀ ကျော်လောက် ရှိပါတယ်။ ၁၉၉၁ ခုနှစ်လွှတ် ကျွန်တော်ရထားပါတယ်။ နောလောက်ကျတော့ ကျွန်တော် (Lead Engineer) ဖြစ်လာပါတယ်။ Lead Engineer afon Engineer cal&:camp&c cops: egoc87 ပါတယ်။ လုပ်ပိုင်ခွင့်တွေရှိသလို ဩဇာအာဏာလည်း ရှိပါတယ်။ အခြေကလည်းကျနေပြီဆိုတော့ နည်းနည်းလုပ်တာနဲ့ ကျွန်တော့် အတွက် များများတာသွားပါတယ်။ အဲဒီအချိန်မှာ ဆလန်ဘာဂျာ ကုမ္ပဏီက ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါမှာသုံးတဲ့ စက်အသစ်ကို ထွင်ပါတယ်။ စက်အသစ်ကို ကျွမ်းကျင်အောင်လုပ်ဖို့ တစ်ကမ္ဘာလုံးက နေတော်တဲ့အင်ဂျင်နီယာတွေကို အမေရိကနဲ့ ပြင်သစ်မှာ သင်တန်း ပေးဖို့ ခေါ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအတွက် အင်ဂျင်နီယာတစ်ယောက် လွှတ်ရမှာဖြစ်ပြီး ကျွန်တော့် ကိုရွေးထားကြောင်း လူကြီးက ခေါ်ပြော ပါတယ်။ ကျွန်တော် ရထားတဲ့ အခြေအနေတွေ အားလုံးကို စွန့်လွှတ်ပြီး သွားဖို့ တော်တော်စဉ်းစားရပါတယ်။ နောက်ဆုံးတော့ အခွင့်အရေး အသစ်အတွက် ကျွန်တော်ရရှိထားတာတွေအားလုံး စွန့်လွှတ် လိုက် ပါတယ်။ တိုတိုပြော ရရင်တော့ ဒီလိုရွေးချယ်ခဲ့လို့လည်း ကျွန်တော် ဒီနေ့ ဒီနေရာ ရောက်နေတာပါ။
တစ်ခုခုကိုရဖို့ တစ်ခုခုပေးဆပ်ရမယ်၊ လဲလှယ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘဝမှာ ကျွန်တော်လဲလှယ်ခဲ့တဲ့အချက် ၁၀ ချက်ကို ရှင်းပြပါမယ်။ ၁။ ကြည့်ကောင်းအောင်လုပ်တာကို အခြေခံကစပြီး ကောင်းအောင်လုပ်တာနဲ့လဲပါ။ တချို့ လူတွေက ရုပ်ပြကောင်းအောင် ကြည့်ကောင်းအောင် အပေါ်ယံပဲ လုပ်ကြပါတယ်။ ကြည့်ကောင်းအောင်လုပ်တဲ့ အလုပ်တစ်ခုက ရေရှည်မခံပါဘူး။ တကယ့်အ ခြေခံကစပြီးကောင်းအောင် သေချာအောင်လုပ်ဖို့လိုပါတယ်။ ၂။ သက်သောင့်သက်သာဘဝကို ကြီးကျယ် ခမ်းနားမှုနဲ့လဲပါ။
သက်သောင့်သက်သာဘဝကို လူတိုင်းမက်မောကြပါတယ်။ ဒါပေမဲ့ သက်သောင့်သက်သာနေပြီး မစွန့်စားရင်တော့ အခွင့် အရေးသစ်တွေ ဆုံးရှုံးရပါလိမ့်မယ်။ ကြီးကျယ်ခမ်းနားမှုတွေကို ဆုံးရှုံးရပါလိမ့်မယ်။ အင်ဒိုနီးရှားနိုင်ငံမှာ စက်အသစ်ကို ကိုင်တတ်အောင်သင်ဖို့လမ်းကို ကျွန်တော်ရွေးချယ်လိုက်တဲ့ အခါ နိုင်ငံပေါင်းများစွာကို သင်တန်းတွေ တက်ခွင့်၊ သင်တန်း တွေပြန်ပေးဖို့ ကျွန်တော်သွားခဲ့ရပါတယ်။ ကျွန်တော်ရခဲ့တဲ့ အတွေ့အကြုံသစ်တွေ၊ ကြီးကျယ် ခမ်းနားမှုတွေက ယနေ့တိုင်မမေ့နိုင်အောင်ပါပဲ။
၃။ ငွေကြေးနဲ့ အနာဂတ်တိုးတက်မှုကိုလဲပါ။
လူတိုင်းပဲ ငွေကိုမက်မောကြပါတယ်။ ဒါပေမဲ့ ငွေထက် အနာ ဂတ်တိုးတက်မှုကို ဦးစားပေး သင့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လူငယ်တော်တော်များများ မိမိဝါသနာပါတဲ့၊ မိမိ ကျွမ်းကျင်တဲ့အလုပ်ထက် လက်ငင်းဝင်ငွေကောင်းတဲ့ အလုပ် ကို ရွေးချယ်ကြပါတယ်။ တကယ်တော့ ဝင်ငွေနည်းချင်နည်း ပါစေ၊ မိမိဝါသနာပါတဲ့အလုပ်၊ ကျွမ်းကျင်တဲ့အလုပ်ကို ရွေးချယ်ရင် အနာဂတ်မှာ တိုးတက်မှုက သေချာပေါက်ရရှိမှာပါ။
တိုးတက်မှုတွေရရှိလာတဲ့အခါ ငွေကလည်း လိုက်လာပါတယ်။ ရရှိတဲ့ငွေကြေးကအစ ပထမမှာ လက်လွှတ်လိုက်ရတဲ့ငွေထက်တောင် များမှာသေချာပါတယ်။
၄။ လက်ရှိပျော်ရွှင်မှုနဲ့ ဘဝတိုး တက်မှုကိုလဲပါ။ လူတော်တော်များများက လက်ရှိပျော်ရွှင်မှုကို ဦးစားပေးကြ ပါတယ်။ ဆိုလိုတာက လူတော်တော်များများက မိမိဘဝ တိုးတက်မှုအတွက် အချိန်ပေးဖို့ထက် အပျော်အပါးအတွက် အချိန်ပေးကြတာများပါတယ်။ “နောင်ခါလာ နောင်ခါဈေး” လို့လည်း ဆိုကြပါသေးတယ်။ မိမိဘဝတိုးတက်မှုအတွက် လိုအပ်တဲ့အချိန်တွေကို ပျော်ရွှင်မှုအတွက် ပေးရမယ့်အချိန်နဲ့ လဲယူပါလို့ မှာချင်ပါတယ်။
၅။ အရာရာကို သိချင်တတ်ချင်တာကို ကျွမ်းကျင်မှုနဲ့လဲယူပါ။ အရာရာကို သိချင်တတ်ချင်တယ်ဆိုတာ ကောင်းတဲ့အလေ့ အကျင့်ပါ။ ငယ်စဉ်တော့ ကောင်းပါတယ်။ ငယ်စဉ်မှာတော့ မိမိစိတ်ဝင်စားတာ၊ မိမိကျွမ်းကျင်တာ၊ မိမိအားသန်တာ ဘာလဲဆိုတာ ရှာဖွေရမှာပါပဲ။ ဒါပေမဲ့ အသက်ရလာတာနဲ့ အမျှ ကျွမ်းကျင်တာတစ်ခုကို ကျွမ်းကျင်သထက် ကျွမ်းကျင်အောင် အာရုံစူးစိုက်ဖို့ လိုပါတယ်။ အင်္ဂလိပ်မှာလည်း Jack of all, Master of None အောင် ဘာသာပြန်ရရင် “အားလုံးတော့ စပ်စပ်သိတယ်၊ ဘာတစ်ခုမှတော့ သေသေချာချာ မတတ်ဘူး”လို့ အဓိပ္ပာယ် ရတယ်။ လောကကြီးကလည်းဘာသာရပ်တစ်ခု အလုပ်တစ်ခု ကို ကျွမ်းကျွမ်းကျင်ကျင်တတ်သူ အတွက်ပဲ နေရာရှိပါ တယ်။
၆။ အလုပ်များတဲ့ဘဝနဲ့ တန်ဖိုးရှိတဲ့ဘဝကို လဲယူပါ။ ။
ကျွန်တော်တို့နိုင်ငံမှာ အောင်မြင်နေတဲ့လူ၊ ရာထူးကြီးတဲ့ လူတော်တော်များများ အလုပ်အလွန်လုပ်ကြပါတယ်။ အချိန် မရှိအောင် အချိန်ပြည့် အလုပ်များနေကြပါတယ်။ တချို့ ရာထူးကြီးတဲ့လူတွေလည်း မိသားစုက ရန်ကုန်မှာ၊ ကိုယ်က နေပြည်တော်မှာ တကွဲတပြားစီ နေကြရပါတယ်။ ကျွန်တော့်ရဲ့ ရင်းနှီးတဲ့ အစိုးရအရာရှိကြီးတစ်ယောက်ဆိုရင် ပင်စင်သွားဖို့ နှစ်လအလိုမှာ ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွား ပါတယ်။ ပင်စင်ယူရင် မိသားစုနဲ့ ဘယ်လိုအနားယူမယ်၊ သစ်ပင်စိုက်မယ်၊ စာရေးမယ် စီစဉ်ကြံစည်ထားတာတွေ အများကြီးပါပဲ။ ကွယ်လွန်သွားတဲ့အချိန် တစ်ယောက်တည်း နေပြည်တော်မှာပါ။ မိသားစုက ရန်ကုန်မှာပါ။ မိမိအသက်ရှင် နေတဲ့အချိန်မှာ တန်ဖိုးရှိတဲ့ဘဝကိုပိုင်ဆိုင်ဖို့ အရေးကြီး ပါတယ်။ မိမိအတွက် အရေးကြီးတဲ့လူတွေနဲ့ အချိန်များများ နေရမှ တန်ဖိုးရှိတဲ့ဘဝကို ပိုင်ဆိုင်မှာပါ။ အလုပ်များတဲ့ ဘဝတွေကို တန်ဖိုးရှိတဲ့ဘဝနဲ့ လဲယူပါ။ ကျွန်တော်တို့က သင်္ခါရတရားကို တစ်ခါတလေ မေ့နေသလိုပါပဲ။ တစ်နေ့ တစ်နေ့ အလုပ်များနေကြတယ်။ အလုပ်များတာကို ဂုဏ်ယူ ပြောပြီး တန်ဖိုးရှိတဲ့ဘဝကို တည်ဆောက်ဖို့ မေ့နေကြပါတယ်။
၇။ ပျမ်းမျှကို အကောင်းဆုံးနဲ့ လဲပါ။
ခေါင်းစဉ်က ရှင်းနေပါတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ပျမ်းမျှ
၈။ အပေါင်းသင်္ကေတကို အမြှောက်သင်္ကေတနဲ့ လဲပါ။
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာရင် အပေါင်း သင်္ကေတကို ပိုင်ပြီလို့ ပြောလို့ရပါတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ နောက်မှာ အဖွဲ့သားတွေ၊ နောက်လိုက်တွေအများ ကြီးရှိပါတယ်။ ဒီအဖွဲ့သားတွေရဲ့ စွမ်းအားတွေဟာ ခေါင်းဆောင် ရဲ့ ဦးဆောင်မှုအောက်မှာ ပေါင်းစည်းသွားတဲ့အတွက် အပေါင်းသင်္ကေတပိုင်တယ်လို့ ပြောတာပါ။ ခေါင်းဆောင်က အပေါင်းသင်္ကေတနဲ့တင် ကျေနပ်မနေဘဲ အပေါင်းသင်္ကေတကို အမြှောက်သင်္ကေတနဲ့ လဲယူ ရပါမယ်။ ခေါင်းဆောင်ကခေါင်းဆောင်တွေမွေးထုတ်ဖို့ လိုပါတယ်။ ခေါင်းဆောင်တွေကို ဦးဆောင်တဲ့ ခေါင်းဆောင်က အမြှောက်သင်္ကေတပိုင်သူပါပဲ။
၉။ မိတ်ဆွေဟောင်းတွေကို မိတ်ဆွေကောင်းတွေနဲ့ လဲပါ။ သူငယ်ချင်းကောင်း၊ မိတ်ဆွေ ကောင်းဆိုတာ လူတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးတဲ့အခန်းကဏ္ဍက အမြဲပါပါတယ်။ ငယ်စဉ်က ပေါင်းခဲ့တဲ့ သူငယ်ချင်းတိုင်း၊ ရေရှည်ခင်မင်ခဲ့တဲ့ မိတ်ဆွေတိုင်း သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း မဖြစ်နိုင်ပါဘူး။ မိမိအကျိုး ကို လိုလားတဲ့သူသာလျှင် မိမိမိတ်ဆွေကောင်း ဖြစ်ပါတယ်။ ရင်းနှီးတာမကြာသေး ပေမယ့်လည်း မိတ်ဆွေကောင်းဖြစ်နိုင် ပါတယ်။ မိတ်ဆွေဟောင်းဖြစ်ပေမယ့် ကိုယ့်အပေါ် မကောင်းရင်တော့ မိတ်ဆွေကောင်းတွေနဲ့ လဲဖို့ဝန်မလေးပါနဲ့။
၁၀။ ကံကို အလုပ်နဲ့လဲပါ။
ကျွန်တော်တို့လူမျိုးက ကံကို ယုံကြည်လွန်းပါတယ်။ တကယ်တော့ ကံဆိုတာ အလုပ်ပါ။ ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးဖြစ်ပြီး မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးကို ခံစားရမှာပါ။ “ကံမရှိ ဉာဏ်ရှိတိုင်းမွဲ”၊ “အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်”၊ “လှံထမ်းလာ တာမြင်ရပေမယ့်၊ ကံထမ်းလာတာ မမြင်ရဘူး” စသဖြင့် ကံကို အားကိုးလွန်းတယ်လို့ ကျွန်တော်
ထင်ပါတယ်။ အလုပ်လုပ်ပါ။ ဆုတောင်းပြီး ကံကို မျက်စိမှိတ်ယုံ နေမယ့်အစား အလုပ်ကို ကြိုးစားလုပ်ပါလို့ မှာချင်ပါတယ်။
အောင်မြင်မှုတစ်ခုကိုရဖို့ ပေးဆပ်မှုတစ်ခုလုပ်လိုက်ရတယ် ဆိုပေမယ့် ဒီလိုလဲလှယ်မှုတွေ လုပ်တဲ့အခါ ခေါင်းဆောင်ကောင်း တစ်ယောက်အနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ဖို့ အရေးကြီး ပါတယ်။ အမေရိကန် ပြည်တွင်းစစ်ဖြစ်တုန်းက အမေရိကန်နိုင်ငံရဲ့ သမ္မတကြီးက အေဗရာဟင်လင်ကွန်းပါ။ ရှေ့တန်းကနေ တပ်သား ငါးသိန်းပို့ဖို့ တောင်းပါတယ်။ သမ္မတကြီးရဲ့ အကြံပေးတွေက တပ်သားငါးသိန်းထပ်စုဆောင်းရင် သမ္မတအဖြစ် ထပ်အရွေးခံရဖို့ မသေချာဘူးလို့ အကြံပေးပါတယ်။ သမ္မတကြီးက ရှေ့တန်းမှာရှိတဲ့ ရဲဘော်တွေမှာ တပ်ကူတွေ လိုနေတယ်။ တောင်းတဲ့တပ်သားတွေကို ပို့ရမယ်၊ သမ္မတအဖြစ် အရွေးမခံရလည်း ငါကျေနပ်တယ်ဆိုပြီး တပ်သားတွေ ပို့ခဲ့ပါတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်အတွက် မိမိရဲ့ သမ္မတရာထူးနဲ့တောင် လဲရဲတဲ့သမ္မတကြီးလင်ကွန်းရဲ့ ခေါင်းဆောင် မှုကတော့ စံတင် လောက်ပါတယ်။ ဒါကြောင့်လည်း သမ္မတကြီးအေဗရာဟင်လင်ကွန်းရဲ့ အောက်မေ့ဖွယ်ရုပ်တု ကြီးကို ဝါရှင်တန်ဒီစီ မှာ ခမ်းခမ်းနားနား တည်ဆောက်ထားတာပါ။
ခေါင်းဆောင်တစ်ယောက်ဖြစ်လာရင် အတွေ့အကြုံအသစ်တွေ၊ အခွင့်အရေးအသစ်တွေအတွက် လက်ရှိအခြေအနေတွေကို စွန့်လွှတ် ရဲရပါမယ်၊ ပေးဆပ်ရပါမယ်။ ဒီလိုပါပဲ အောင်မြင်မှုကို ရရှိပြီးတဲ့အခါ နောက်အဆင့်ကို တက်လှမ်းဖို့အတွက် ပေးဆပ်ရမှာကို ကြောက်ရင် တော့ မိမိရဲ့ စွမ်းရည်တွေ အစွမ်းကုန်ဖွံ့ဖြိုးဖို့ ခက်ပါလိမ့်မယ်။ ။
ကျော်ကျော်လှိုင်