Skip to main content

ဟန်လင်းပျူမြို့ဟောင်းမှ အသစ်တွေ့ရှိ ပျူခေတ်ဗိသုကာ ဒွါရပါလ(တံခါးစောင့်နတ်ရုပ်) ရုပ်တုတစ်ခုအား ဖော်ထုတ်ထိန်းသိမ်း

ဟန်လင်းပျူမြို့ဟောင်း မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရှေးဟောင်းမြို့၊ ရှေးဟောင်းအဆောက်အအုံနှင့် ရှေးဟောင်း ဝတ္ထုပစ္စည်းများ များစွာတည်ရှိနေသည့် အနက် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျူ ရှေးဟောင်းမြို့ သုံးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး UNESCO သို့ တင်သွင်းခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများအဖြစ် သတ်မှတ်ခံခဲ့ ရပါသည်။ ကမ္ဘာ့အမွေအနှစ် ရရှိပြီးနောက် ချမှတ် ရေးစွဲထားသော မျှော်မှန်းချက်များ၊ ဦးတည်ချက် များ၊ လုပ်ငန်းအစီအစဉ်များဖြင့် ယဉ်ကျေးမှုအမွေ အနှစ်ဒေသကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်း စောင့်ရှောက် ကာကွယ ်ခြင်းနှင့်အတူ သုတေသန လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက် လာနိုင်ခဲ့ ပါသည်။ဟန်လင်းပျူရှေးဟောင်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက် မြို့နယ်အတွင်းရှိ ဟန်လင်း(ဟံလင်း) ကျေးရွာတွင် တည်ရှိသည်။ ဟန်လင်းကျေးရွာသည် ရွှေဘိုမြို့မှ အရှေ့တောင်ဘက် ၁၀ မိုင်ခွဲခန့်အကွာ၊ ဝက်လက် မြို့မှ အရှေ့မြောက်ဘက် ခြောက်မိုင်ခန့်အကွာ တွင် တည်ရှိသည်။ ဟန်လင်းဒေသအား ကွင်းဆင်းလေ့လာ စမ်းသပ်တူးဖော် သုတေသနလုပ်ငန်းများကို စစ်ကြို ခေတ် ၁၉၀၅ ခုနှစ်တွင် ကျောက်စာဝန် မစ္စတာ တော်စိန်ခိုကတစ်ကြိမ်၊ ၁၉၂၉ခုနှစ်တွင် ကျောက်စာ ဝန် မစ္စတာ ဒူရွိုင်ဇယ်က တစ်ကြိမ် ပဏာမ စတင် ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် ဟန်လင်းကြီး မြို့ဟောင်းတွင် ကုန်းအမှတ်များကို (HL=Halin) ဟုမှတ်သား၍ HL_01 မှ အစပြုကာ သုတေသန ဝန်ထောက်များဖြစ်သော ဦးစိန်မောင်ဦးနှင့် ဦးမြင့်အောင်တို့က ၁၉၆၂ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ၁၉ကုန်း တူးဖော်ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်း တွင်ခေတ်အဆက်ဆက်တူးဖော်သုတေသနပြုခြင်း များ နှစ်စဉ်ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၁ ခုနှစ်အထိ (HL_46 အထိ) ကုန်းပေါင်း ၄၆ နေရာကို တူးဖော် သုတေသနပြု ဆောင်ရွက်နိုင်ခဲ့သည်။ ကုန်းပေါင်း ၄၆ ကုန်းတွင်ဘာသာရေးဆိုင်ရာ၊ နေထိုင်မှုဆိုင်ရာ အဆောက်အအုံများ၊ မြို့ရိုးများ၊ မြို့ဝင်ပေါက်များ၊ နန်းမြို့ရိုးနှင့် ဝင်ပေါက်ရာများ၊ ရေအသုံးချမှုနှင့် ရေထိန်းတမံများ၊ မြှုပ်နှံမှုဆိုင်ရာ နေရာများ စသည်ဖြင့်မြို့ပြဖွဲ့စည်းမှု အင်္ဂါရပ်များကို သုတေသနပြု ဖော်ထုတ်နိုင်ခဲ့ပါသည်။ ၂၀၁၅၂၀၁၆ ခုနှစ်တွင် တူးဖော်ဆောင်ရွက်ခဲ့သော HL_39သည် အတွင်းနန်းတော်အရှေ့ဘက်တံတိုင်း ၏ ဝင်ပေါက်နေရာဖြစ်ပါသည်။ တူးဖော်ခြင်း မဆောင် ရွက်ခင် အီတလီနိုင်ငံ LeniciFoundation မှ ပညာရှင်များနှင့် ပူးပေါင်း၍ Geomagnetic Survey နည်းပညာဖြင့် မြေအောက်ရှိ အုတ်၊ကျောက်တို့ဖြင့် ဖွဲ့စည်းတည်ရှိသော အဆောက် အအုံများ၏ပုံရိပ်ကို စမ်းသပ်ရှာဖွေခဲ့သည်။ ယင်းသို့ နည်းပညာဆိုင်ရာအကူအညီဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် နန်းတော်ဝင်ပေါက်ရာပုံရိပ်ကို လေ့လာ တွေ့ရှိခဲ့ပြီး တူးဖော် သုတေသနပြုခဲ့ခြင်း ဖြစ်သည်။ တူးဖော်တွေ့ရှိမှု ၂၀၁၅-၂၀၁၆ ခုနှစ်တွင် စမ်းသပ်ရရှိသော အထောက်အထားကို အခြေခံ၍ ဟန်လင်းဌာနစုမှ ဦးစောနိုင်ဦး(ဦးစီးအရာရှိ) ဦးဆောင်သော သုတေသနအဖွဲ့က တူးဖော်ဆောင်ရွက်ခဲ့သည်။ အကျယ် ၁၈ ပေခန့်ရှိ နန်းတော်ဝင်ပေါက်ကို တွေ့ရှိခဲ့ရသည်။ ဝင်ပေါက်နှင့်အတူ ဝင်ပေါက်၏ အပြင်ဘက်အနီး တွင် သဲကျောက်တုံးကြီးကိုလည်း တွဲလျက်တွေ့ခဲ့ရ ပါသည်။ အလျား ၁၂ ပေ ခန့်၊ အကျယ်(ဗြက်) ခြောက်ပေခန့်ရှိ အက်ကွဲကြောင်းရာများစွာဖြင့် ဖော်ထုတ်တွေ့ရခြင်းဖြစ်သည်။ အနီးအနားမှ ကျောက်တုံးအစိတ်အပိုင်းအချို့တွင် ခရုခွေကဲ့သို့ ကျောက်ဆစ်လက်ရာပါခြင်း၊ အောက်ဘက်တွင် တစ်စိတ်တစ်ပိုင်းမျှ တွေ့ရသော မျက်လုံး၊ မျက်ခုံး သဏ္ဌာန်တို့ကြောင့် ရုပ်တု (သို့) ကျောက်စာချပ် ဖြစ်နိုင်သည်ဟုယူဆခဲ့ပြီး ပြည်တွင်း၊ ပြည်ပပညာရှင် များနှင့် ဆွေးနွေးတိုင်ပင် ထိန်းသိမ်းနိုင်မှသာလျှင် မပျက်မစီး ဆောင်ရွက်နိုင်မည်ဟု တာဝန်ရှိသူများ၊ ပညာရှင်များက ဝိုင်းဝန်းသုံးသပ်၍ နေရာတွင်ပင် အမိုးအကာပြုလုပ်ကာ ယာယီထိန်းသိမ်းထားခဲ့ ပါသည်။ အီတလီ၊ ထိုင်း စသည့်ပြည်ပနိုင်ငံမှ ပညာရှင်များကလည်း လာရောက်လေ့လာခဲ့ကြ သော်လည်း အကောင်အထည်မဖော်နိုင်ခဲ့သေးပေ။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဆက်တိုက်ဖြစ်ပေါ်ခဲ့ ခြင်းကြောင့် ပြည်ပပညာရှင်များ ခရီးသွားလာရေး ခက်ခဲခြင်းနှင့်အတူ ထိန်းသိမ်းဆောင်ရွက်ရန် အလှမ်းဝေးလျက်ပင် ရှိပါသည်။ ကျောက်တုံးကြီး သည်လည်း လေးနှစ်ကျော်ခန့် လေဒဏ်၊ နေဒဏ်၊ မိုးဒဏ်၊ လူနှင့် တိရစ္ဆာန်တို့၏ဘေးဒဏ်ခံစားရမှုများ ကြောင့် ယခင်ထက် ပိုမိုအက်ကွဲ ကြေမွလာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပျက်စီး ဆုံးရှုံးသွား နိုင်သည့်အခြေအနေ တွေ့ရှိရခြင်းကြောင့် အရေးပေါ် ကယ်ဆယ်ကုစား ထိန်းသိမ်း နိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရပါသည်။ အရေးပေါ် ကယ်ဆယ်ထိန်းသိမ်း ခဲ့ခြင်း မိမိအနေဖြင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင် ခဲ့သည့် ကာလတစ်လျှောက် သင်ယူခဲ့သည့် အတွေ့ အကြုံများ၊ ပြည်တွင်းနှင့်ပြည်ပ သင်တန်းများမှ အတွေ့အကြုံများကို အခြေခံ၍ ထိန်းသိမ်းရေး လုပ်ဆောင်နိုင်မည့် နည်းလမ်းများ၊ အသုံးပြုမည့် ပစ္စည်းများ၊ ဓာတုဆေးများနှင့် လိုအပ်ချက်များကို ဌာနလုပ်ဖော်ကိုင်ဖက်များ၊ ကျွမ်းကျင်ပညာရှင်များ နှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကျသင့်မည့်ရန်ပုံငွေ တွက်ချက်တောင်းခံခြင်း၊ ဦးစီးဌာနသို့ လုပ်ငန်းဆောင်ရွက်ခွင့် လျှောက်ထား ခြင်းများကို အဆင့်ဆင့်တင်ပြခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရမှ ရန်ပုံငွေချပေးခဲ့ပြီး ဦးစီးဌာနက လည်း ယုံကြည်စွာဆောင်ရွက် ခွင့်ပြုပေးခဲ့ခြင်း တို့ကြောင့် သဲကျောက်တုံးကြီး ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ခွင့်ပြု ချက်ရသည်နှင့် ဟန်လင်းဌာနစုမှ အရာထမ်း၊အမှုထမ်း ၁၂ ဦးဖြင့် လုပ်ငန်းဆောင်ရွက်ရန် ဖွဲ့စည်းခဲ့ပါသည်။ ထိန်းသိမ်းရေးလုပ်ငန်းသို့ ပုဂံ ဌာနခွဲ၊ သရေခေတ္တရာဌာနခွဲ၊ ဗိဿနိုးဌာနခွဲတို့မှ ထိန်းသိမ်းရေးဝန်ထမ်းများကိုပါ ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခဲ့သော်လည်း ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွင်း ခရီးသွားလာခြင်း၊ များကန့်သတ်ထားခြင်းကြောင့် ဖိတ်ခေါ်နိုင်ခဲ့ခြင်း မရှိဘဲဟန်လင်းဌာနစုမှ ဖွဲ့စည်းထားသော သုတေ သနလုပ်ငန်းအဖွဲ့ဖြင့်သာ ဆောင်ရွက်ခဲ့ရပါသည်။ လုပ်ငန်းခွင်အနီး ယာယီအလုပ်ရုံဆောက်လုပ်၍ ၁၂-၉-၂၀၂၀ ရက်နေ့မှ စတင်ပြီး နေ့စဉ်ပြန်လည် တူးဖော်ခြင်း၊ ဓာတုဗေဒဆေးများဖြင့် ရှေးဟောင်း သုတေသနဆိုင်ရာ ထိန်းသိမ်းခြင်းတို့ကို ပျက်စီးမှု နည်းနိုင်သမျှ နည်းပါးအောင် ဂရုတစိုက်ထိန်းသိမ်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ကနဦးမှတ်တမ်းတင်ခြင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ဦးစွာသဲကျောက်တုံးကြီး၏ မူလအနုပညာ လက်ရာများ၊ မူလကစိုက်ထူထားရှိသော ရည်ရွယ် ချက်များ၊ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် အခြေ အနေအရပ်ရပ်တို့ကို ကြိုတင်လေ့လာမှတ်တမ်း တင်ခြင်းလုပ်ငန်းများကို ကနဦးစတင် ဆောင်ရွက် ခဲ့သည်။ ထို့နောက် မူလအနေအထားအတိုင်း ပျက်စီးရသည့်အကြောင်းရင်းများနှင့် ပျက်စီးမှု အခြေအနေများကို အသေးစိတ် ပုံဆွဲမှတ်တမ်း တင်ခြင်း၊ ဓာတ်ပုံ မှတ်တမ်းများရယူခြင်း၊ အစိတ်အပိုင်းများအလိုက် နံပါတ်များသတ်မှတ်ခြင်းနှင့် Assessmentcard တို့ကို စနစ်တကျစီမံဆောင်ရွက် ခဲ့ကြပါသည်။ လုပ်ငန်းခွင်အတွင်း တွေ့ရှိရသော အခက်အခဲ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနရှိ ဆရာသမားများ၊ ကျွမ်းကျင်ပညာရှင် များ၏ အကူအညီကိုရယူ၍ ပြန်လည်တူးဖော် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ အသုံးပြု ပစ္စည်းများနှင့် ထိန်းသိမ်းမှုနည်းလမ်းကျောက်တုံးကြီးကို ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက် နိုင်ရန် ယာယီအလုပ်ရုံကို ဦးစွာ ဆောက်လုပ်ခဲ့ရသည်။ ပြီးနောက်မှ မူလတည်ရှိသည့်အတိုင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ခြင်း၊ ပုံဆွဲ ခြင်း၊ အစိတ်အပိုင်းများကို အမှတ်အသား နံပါတ် များ မှတ်သားခြင်း၊ ကျောက်သားမွသည့်နေရာများ၊ ကြံ့ခိုင်မှုအားနည်းသည့်နေရာများကို ကျစ်လျစ် စေရန် ဓာတုဆေးရည်ဖျန်းခြင်း၊ အက်ကြောင်းရာ များအတွင်း ထိုးသွင်းခြင်းတို့ဖြင့် ကနဦးဆောင်ရွက် ခဲ့ပါသည်။ အသုံးပြုပစ္စည်းများအနေဖြင့် - Acetone, Ethanol, White Spirit, Distill water, Sikadur N 31 CF Normal Epoxy A/B, Rebat Anchoring Epoxy A/B, Line powder, Sand powder, Brick powder, Sulphur, Gypsum စသည့် ဓာတုဆေးများကို အသုံးပြုဆောင်ရွက်ခဲ့ သည်။ ဆောင်ရွက်ရာတွင် ကျောက်တုံးကြီးမှ အစိတ်အပိုင်းများကို အောက်ခြေမှစ၍ တစ်ပိုင်း ချင်းခွာထုတ်ကာ သန့်ရှင်းခြင်း၊ ကျောက်သားကျစ် ဆေးဖျန်းခြင်း၊ ထိုးခြင်း၊ မှတ်တမ်းယူခြင်း၊ ဓာတ်ပုံ ရိုက်ခြင်းများပြီးနောက် ဆက်စပ်မည့် မျက်နှာပြင် နှစ်ခုတွင် အရွယ်အစားနှင့် ကြံ့ခိုင်မှုပေါ် အခြေခံ၍ 10.mm, 8.mm, 6.mm oos:cape:op:copa နှစ်မျိုးစပ်တော်ဖြင့် ဆက်စပ်ဆောင်ရွက်ခဲ့ပါသည်။ ကျောက်တုံးကြီးတွင် အဓိကအစိတ်အပိုင်းအကြီး ၂၅ ခု၊ အစိတ်အပိုင်းအလတ် ၇၈ ခု၊ အပိုင်းအစအသေးများ ၈၀ ခန့်ရှိပြီး စုစုပေါင်းအစိတ်အပိုင်း ၁၈၀ ကျော်ဖြင့် ဆက်စပ်ဆောင်ရွက် ခဲ့ရပါသည်။ ဆက်စပ်ပြီးနောက် ဆက်ကြောင်းရာများအတွင်း သရွတ်ကြားသိပ်ပြီး လစ်ဟာ နေသော အတွင်းပိုင်းနေရာများကို သရွတ်ဖျော်၍ လောင်းထည့် ခဲ့သည်။ ဆက်ကြောင်း သရွတ်များကို အရောင်ကွာဟမှုမရှိစေ ရန်လည်း အလေးထားဂရုပြု ဆောင်ရွက်ရပါသည်။ အရွယ်အစားနှင့် ဗိသုကာလက်ရာ သဲကျောက်တုံးကြီးကို ပြန်လည်တွဲဆက် | ထိန်းသိမ်းရေးကို လေးလခန့်ကြာမြင့်စွာ ဆောင်ရွက် ခဲ့ရသည်။ ဆက်စပ်ပြီးချိန်တွင် ရုပ်တုကြီးအရွယ် အစားမှာ အလျား (အမြင့်) ၁၂ ပေ၊ အနံ (ဗြက်) ၅ ဒသမ ၅ ပေခန့်၊ ဒုတစ်ပေခွဲခန့်ရှိသော သဲကျောက် ရုပ်ကြွကြီးကို လက်ရာမြောက်စွာ တွေ့ရသည်။ ဘာသာရေးအဆောက်အအုံများနှင့် ယှဉ်တွဲတွေ့ရ လေ့ရှိသော Guardian အနွယ်ဝင် ဒွါရပါလရုပ်တုဟု ယေဘုယျ မှတ်ယူနိုင်ပါသည်။ ကျောက်ချပ်ကြီးမှာ အမြင့် ၁၂ ပေကျော်ရှိသော်လည်း ရုပ်တု၏အရွယ်မှာ ခြေဖနောင့်မှအထက် ဦးခေါင်းအထိ ကိုးပေခန့်ရှိသော တင်းပုတ်ကိုင် မတ်ရပ်အနေ အထားဖြစ်သည်။ ဦးခေါင်းတွင် ဆံရစ်ခွေများပါရှိပြီး ဘယ်ဘက်သို့ အနည်းငယ်ယိမ်းထားဟန် တွေ့ရှိရပါသည်။ မျက်လုံး များပြူး၍ သွားစေ့ထားပြီး အပေါ်သွားအစွန်တွင် အောက်သို့ ထွက်နေသော သွားစွယ်နှစ်ချောင်းပါသည်။ ဝမ်းဗိုက်ကို ညာဘက်သို့လွှဲပစ်ထားပြီး တင်းပုတ်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ညာဘက်ပခုံး ပေါ်တွင် ထမ်းထားသည့်ဟန် ဖြစ်ပါသည်။ ရုပ်ကြွကြီး၏ ခြေကျင်း၊ လက်ကောက်ဝတ်၊ လက်မောင်း၊ လည်ပင်း နှင့် နားဆွဲနေရာများတွင် နဂါးရုပ်များဖြင့် တန်ဆာ ဆင်ထားသည်။ စုစုပေါင်း နဂါးကိုးကောင်ဖြင့် တန်ဆာဆင်ထွင်းထုထားသည်ကို ထူးခြားအံ့ဩဖွယ် တွေ့ရှိရပါသည်။ ၎င်းအပြင် ဘယ်နားအထက်တွင် ဝတ်ဆံကိုးခုပါပန်းပွင့်ပုံ တစ်ခုလည်း ထည့်သွင်းထုဆစ် ထားသည်။ ကျောက်ဆစ်လက်ရာ ပျော့ပျောင်းသည်။ တုတ်ခိုင်ပုပြီး ကြောက်စရာအသွင်ရှိသော်လည်း အားကိုးယုံကြည်နိုင်မှုအသွင်ကိုလည်း တွေ့ရ သည်။ ထိုကဲ့သို့ ထူးဆန်းအံ့သြဖွယ်ကောင်းသော ကျောက်ဆစ်လက်ရာများဖြင့် ထွင်းထုခဲ့သည့် ဟန်လင်းပျူခေတ် ကျောက်ဆစ်ပညာရှင်များ၏ အနုပညာလက်ရာမြောက်စွာ ဖန်တီးပုံ ဖော်နိုင်မှု သည် သမိုင်းတင်ခေတ်ဦးကာလ ယဉ်ကျေးမှု၌ မြန်မာ့ရှေးဟောင်း မြို့တော်ဖြစ်သည့် ဟန်လင်းတွင် အနုပညာနှင့် ဗိသုကာအတတ်ပညာများ ထွန်းကားခဲ့ကြောင်းကို စစ်မှန်သော သက်သေခိုင်လုံမှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒေသအတွက်၊ ဦးစီးဌာန အတွက်၊ နိုင်ငံတော်အတွက် ဝမ်းသာဂုဏ်ယူတန်ဖိုး ထားထိုက်သည့် တူးဖော်သုတေသန တွေ့ရှိချက် အသစ်တစ်ခုပင်ဖြစ်ပြီး သုတေသနပြု ထိန်းသိမ်းခွင့် ရရှိခဲ့ခြင်းအတွက်လည်း များစွာဂုဏ်ယူ ဝမ်းမြောက်မှု ခံစားရပါသည်။ ။ ရှေ့လုပ်ငန်းစဉ်များ ၊ အစိတ်အပိုင်းပေါင်းများစွာဖြင့် ဆက်စပ် ထိန်းသိမ်းခဲ့ရသော ရှေးဟောင်း သုတေသနတန်ဖိုး၊ သမိုင်းတန်ဖိုး၊ အနုပညာဗိသုကာတန်ဖိုး၊ ယဉ်ကျေး မှုတန်ဖိုးများ ကြီးမားသည့်ရုပ်တုကြီးကို ရေရှည် တည်တံ့စေရန်မှာ အမြဲစောင့်ကြည့်စစ်ဆေး ထိန်းသိမ်းသွားရန်လိုအပ်မည် ဖြစ်ပါသည်။ ထိုသို့ စောင့်ကြည့်စစ်ဆေး ထိန်းသိမ်းသွား ရန်မှာလည်း လုံခြုံမှုရှိ၍ သဘာဝဘေးဒဏ် မခံရနိုင်သော နေရာတွင် ထားရှိရန်လိုအပ်မည် ဖြစ်ပါသည်။ သို့အတွက် ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ ဆွေးနွေးညှိနှိုင်း၍ အများပြည်သူ လေ့လာနိုင်စေရန်နှင့် ရုပ်တုအား အနီးကပ် စောင့်ကြည့် ထိန်းသိမ်း သွားနိုင်ရန်အလို့ငှာ ဟန်လင်းရှေးဟောင်းသုတေ သနပြတိုက်တွင် အဆောင်သီးသန့်ပြုလုပ်၍ ထားရှိပြသသွားမည်ဖြစ်ပြီး မူလနေရာတွင်မူ ပုံစံတူရုပ်တုတစ်ခု ပြုလုပ်၍ ထားရှိသွားနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း အနုပညာ လက်ရာ မြောက်ထုဆစ်ထားသည့် ရုပ်တုအား တူးဖော်သုတေသနပြု ထိန်းသိမ်း ခဲ့သည့် လုပ်ငန်း စဉ်အား သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ ။ ထွန်းထွန်းအေး