Skip to main content

ပတ်ဝန်းကျင် ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့

 

ဒေါက်တာတင်မာသိန်း

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ

 ၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ လူသား များသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖြစ်ပေါ် လာခြင်း၊ မြေထု၊ ရေထု၊ လေထုများ ညစ်ညမ်း လာခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာ ယိုယွင်းပျက်စီးလာခြင်း၊ သဘာဝသယံဇာတ၊ ဇီဝမျိုးစုံ မျိုးကွဲ များနှင့် ဂေဟ စနစ်ယိုယွင်းပျက်စီးလာခြင်း စသည့်အန္တရာယ်များ ဖြင့် ရင်ဆိုင်ကြုံတွေ့နေ ရပေသည်။ ထိုသို့ရင် ဆိုင် ကြုံတွေ့နေရသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးပြဿနာများတွင် ကမ္ဘာသူ ကမ္ဘာသားအားလုံး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လာစေရေး အတွက် ကုလသမဂ္ဂက ကြီးမှူး၍ ပထမဆုံးအကြိမ် *လူသားနှင့် ပတ်ဝန်းကျင်ညီလာခံကြီးကို ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့၌ ကျင်းပ ခဲ့ပါ သည်။ ညီလာခံကြီး စတင်ကျင်းပ သည့် ဇွန်လ ၅ရက်နေ့ကိုလည်း ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့သည် ပတ်ဝန်းကျင် ကာကွယ် ရေးနှင့် ပတ်ဝန်း ကျင်ကို  ထိခိုက်မှုမရှိစေရေး ဖြေရှင်းနိုင်မည့်နည်းလမ်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာ ပေးမှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမ္ဘာ့နိုင်ငံများ အဖွဲ့အစည်း များအားလုံးနှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် နည်းပညာ အကူအညီများပေးရန် ရည်ရွယ်၍ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (United Nations Environment Programme-UNEP) Cops ထိုညီလာခံအပြီးတွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါ သည်။ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်သည် ကမ္ဘာ့နိုင်ငံများရှိ ပြည်သူအများ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများအပေါ် အာရုံစူးစိုက်မိ လာစေရန်နှင့် အရေးတကြီး ဖြေရှင်းဆောင်ရွက်ရန် လိုအပ်သော ပတ်ဝန်းကျင ဆိုင်ရာ အဓိကစိန်ခေါ် နေမှုများကို ပိုမိုသိရှိပြီး အလေးထားဆောင်ရွက် လာကြစေရန် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့အထိမ်းအမှတ်ဆောင်ပုဒ်များကို ၁၉၇၄ ခုနှစ်မှ စ၍ နှစ်စဉ်သတ်မှတ်ထုတ်ပြန်ပေးခဲ့ပါသည်။ မကြာသေးမီနှစ်များအတွင်း လေထုညစ်ညမ်းမှု။ ရေထုညစ်ညမ်းမှုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊ တောရိုင်း တိရစ္ဆာန်များ တရားမဝင် ကူးသန်း ရောင်းဝယ်ရေး၊ အစိမ်းရောင်စီးပွားရေး၊ အစား အသောက်များကို အလေအလွင့် မရှိစေရန် ချင့်ချိန် စားသုံးရေး၊ ဂေဟစနှစ်များကောင်းမွန်ရေးအတွက် သစ်တောများထိန်းသိမ်းရေး ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး စသည်ဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ  မတူညီသည့် ကဏ္ဍများအလိုက် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်များကို သတ်မှတ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အခမ်း အနား များကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးများတွင် နှစ်စဉ် လှည့်လည်ကျင်းပလျက်ရှိရာ ယခုနှစ်တွင် ပါကစ္စတန် နိုင်ငံ၌ လက်ခံကျင်းပမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း မိမိနိုင်ငံအလိုက် အမျိုးသား အဆင့် အခမ်းအနားများကို ကျင်းပသွားမည်ဖြစ်ပါသည်။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်အဖြစ် “ပတ်ဝန်းကျင် ရေရှည် တည်တံ့ ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့ -Ecosystem Restoration” ဟုသတ်မှတ်ထားပြီး သဘာဝနှင့် လူသားများ၏လုပ်ဆောင်ချက်များကြောင့် ကမ္ဘာ တစ်ဝန်းလုံးတွင် ဖြစ်ပေါ်နေသော ပတ်ဝန်းကျင် ဆိုင်ရာပြဿနာရပ်များအနက် မြေအသုံးချမှု ပြောင်းလဲမှုကြောင့် ဂေဟစနစ်များ ယိုယွင်းပျက်စီး လာမှု၊ စည်းကမ်းမဲ့စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်များ စွန့်ပစ်မှုကြောင့် ဂေဟစနစ်များယိုယွင်းပျက်စီးမှုများ ကြုံတွေ့ နေရသဖြင့် သဘာဝဂေဟစနစ်များကို အချိန်မီထိန်းသိမ်းကာကွယ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ယခုနှစ် ဆောင်ပုဒ်က ညွှန်ပြနေပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၂၁ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ် (Theme) အဖြစ် “ပတ်ဝန်းကျင် ရေရှည် တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းကြပါ" ဟုသတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံများနှင့် အတူ အထိမ်းအမှတ်အသိပညာပေးလှုပ်ရှားမှုများ ကို ဆောင်ရွက် သွားမည် ဖြစ် ပါသည်။

ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲတို့ အပြန်အလှန် ဆက်နွှယ်မှု ဂေဟစနစ်သည် သက်ရှိသတ္တဝါများ၊ သက်မဲ့   ရုပ်ဝတ္ထုများနှင့် အပင်များ သဟဇာတဖြစ်လျက် အပြန်အလှန်တည်မှီနေသည့် သဘာဝစနစ်နှင့် ယင်းစနစ်ကြောင့် ဖြစ်ပေါ်ပြောင်းလဲနေသော သဘာဝပတ်ဝန်းကျင်ကိုဆိုလိုပြီး ဇီဝမျိုးစုံမျိုးကွဲ များသည် ကမ္ဘာပေါ်ရှိ သက်ရှိ အရာများဖြင့် ဖွဲ့စည်း ထားသည့် သက်ရှိအပင်နှင့် သတ္တဝါအမျိုးမျိုး ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ သက်ရှိများ ဖြစ်သည့်အပင်များသတ္တဝါများ၊သေးငယ်သောအဏု ဇီဝရုပ်များသည် ပုံစံအမျိုးမျိုးဖြင့် သဘာဝ ဂေဟစနစ် အတွင်းတွင် တည်ရှိနေကြပါသည်။ အဆိုပါ ဇီဝမျိုးစုံ မျိုးကွဲများလျော့နည်းလာမှုနှင့် မျိုးသုဉ်း ပျောက်ကွယ် မှု၊ ရှင်သန်ပေါက်ဖွားရာ နေရင်းဒေသများ ဆုံးရှုံး ပျောက်ကွယ်မှုတို့ မဖြစ်စေရေးအတွက် ကောင်းမွန်သော ဂေဟစနစ်များပေါ်တွင် တည်မှီနေသကဲ့သို့ ဟန်ချက်ညီပြီး ကျန်းမာသောဂေဟစနစ်တစ်ခု ဖြစ်လာရန်အတွက်လည်း ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝမှုက အပြန်အလှန်အထောက်အပံ့ပေးလျက် ရှိပါသည်။ ဂေဟစနစ်အမျိုးအစားများနှင့် ၎င်းတို့၏အရေးပါမှု ဂေဟစနစ်သည် သက်ရှိများအားလုံးနှင့် ၎င်းတို့ ရှင်သန်ရာ ပတ်ဝန်းကျင်နှင့် ဆက်စပ်သည့်သစ်တော များ၊ မြစ်များ၊ စိမ့်မြေး၊ မြက်ခင်းပြင်များ၊ မြစ်များနှင့် သန္တာ ကျောက်တန်းများ စသည့်နေရာတို့တွင် အမျိုး အစားစုံလင်စွာဖြင့် ဖြစ်တည်လျက်ရှိပါသည်၊ ဂေဟ စနစ်များကို သစ်တောဂေဟစနစ်၊ ရေချိုဂေဟစနစ်၊ မြို့ပြဂေဟစနှစ်၊ အဏ္ဏဝါနှင့် ကမ်းရိုးတန်းဂေဟစနှစ် စိုက်ပျိုးမြေနှင့် မြက်ခင်းဂေဟစနစ်၊ တောင်တန်း ဂေဟစနစ်၊ သစ်ဆွေးမြေဂေဟစနစ်ဟူ၍ ခွဲခြား ထားပါသည်။ ဂေဟစနစ် များသည် အပင်များနှင့် သတ္တဝါများအတွက် ရှင်သန်ပေါက်ပွားရန်၊ ကြီးထွားရန်၊ ရွေ့ လျားရန်နှင့် မျိုးပွားရန် အတွက် အမည် (အမယ်) မျိုးစုံကို ထောက်ပံ့ပေးပါသည်။

သဘာဝဂေဟစနစ်များသည် လူသားများ အသက်ရှင်ရပ်တည်ရေးအတွက် ဝန်ဆောင်မှု အမျိုးမျိုးကို ပေးစွမ်း ပါသည်။ ထိုဝန်ဆောင်မှုများမှာ သန့်စင်လေး သန့်ရှင်းသောရေ၊ အာဟာရ ပြည့်ဝသောအစားအစာများ၊ ဆေးဝါးများ၊ ဗီတာ မင်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ကြမ်း များ၊ အိမ်ဆောက်ပစ္စည်းများ၊ လောင်စာ စွမ်းအင် အရင်းအမြစ်များကို ထောက်ပံ့ပေးသည့် ဝန်ဆောင် qop: (Provisioning services) 080804:04 များ မျိုးပွားအောင် ဝတ်မှုန်ကူးခြင်း၊ ရာသီဥတု ရေနှင့်လေအရည်အသွေး၊ ရေစီးရေလာကောင်းမွန် စေရန် ထိန်းညှိ ပေးသည့်ဝန်ဆောင်မှုများ (Regulating services) Do&oggi scoote မျက်စိပသာဒဖြစ်မှု၊ ရိုးရာဓလေ့နှင့် ယုံကြည် ကိုးကွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများ (Cultural services) နှင့် မြေဆီလွှာဖွဲ့စည်းခြင်းနှင့် အာဟာရစက်ဝန်းနှင့် အစာချက်လုပ်မှုလုပ်ငန်းစဉ် များကို ထောက်ပံ့ပေးသည့်ဝန်ဆောင်မှုများ (Supporting services) တို့ဖြစ်ပါသည်။

ဂေဟစနစ်ပျက်စီးခြင်း၏

အဓိကအကြောင်းရင်းများ လက်ရှိကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်း ဖြစ်သည့်၃ ဒသမ ဘီလီယံသည် ကောင်းမွန်သော မြေဆီလွှာနှင့် သန့်ရှင်းသောသောက်သုံးရေ ရရှိမှု ဆုံးရှုံးခြင်းကဲ့သို့ ဂေဟစနစ်၏ ယိုယွင်း ပျက်စီးမှု များကိုခံစားနေရကြောင်းကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်၏တင်ပြချက်အရ သိရှိရပါသည်။ ဂေဟ စနစ်ကိုပျက်စီးစေသော တိုက်ရိုက်အကြောင်းအရာ များမှာ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုး လာသဖြင့် မြေအသုံးချမှုပြောင်းလဲခြင်းနှင့် ညစ်ညမ်းမှုများဖြစ်ပွားခြင်းတို့ ဖြစ်ပါသည်။ သွယ်ဝိုက်၍ ပျက်စီးစေသော အကြောင်းရင်း များမှာ တောရိုင်းတိရစ္ဆာန်ထုတ်ကုန်များကို ဝယ်လိုအားများခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ သဘာဝ အရင်းအမြစ်များကို စနစ်တကျအသုံးပြုနိုင်မှု မရှိခြင်းနှင့် သဘာဝအရင်းအမြစ်များ သုံးစွဲမှုအပေါ် တရားဥပဒေ သက်ရောက်မှု အားနည်းခြင်းတို့ ဖြစ်ပါသည်။

သဘာဝဂေဟစနှစ်များ ဆုံးရှုံးရခြင်း အကြောင်းရင်းများတွင် မီးတောင်ပေါက်ကွဲခြင်း၊ ရေကြီးခြင်း၊ တောမီး လောင်ခြင်း၊ ငလျင်လှုပ်ခြင်း တို့သည် သဘာဝကြောင့် ဆုံးရှုံးရခြင်းဖြစ်ပြီး လူဦးရေတိုးတက်လာမှုကြောင့် သစ်တော မြေများ  ကို မြို့ပြအဖြစ်လည်းကောင်း၊ စိုက်ပျိုးမြေအဖြစ် လည်းကောင်း ပြောင်းလဲအသုံးပြုခြင်းနှင့် သစ် အလွန်အကျွံထုတ်ယူခြင်းတို့ကြောင့် သစ်တောများ ပြုန်းတီးခြင်း၊ တောရိုင်းတိရစ္ဆာန်များကို အလွန်အကျွံ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်း၊ ဆည်များ တိုးချဲ့ ဆောက်လုပ်ခြင်း၊ ဓာတ် သတ္တု တူးဖော်ခြင်း၊ အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ခြင်းစသည့် လူသားတို့၏လုပ်ရပ်များကြောင့် ဆုံးရှုံးရခြင်း ဖြစ်ပါသည်။

ထို့အပြင် ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်ဝန်း ကျင်ညစ်ညမ်းမှု စသည့်ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်ပျက်စီးနေမှု ပြဿနာများကြောင့်လည်း ဂေဟစနစ်ဝန်ဆောင်မှုများ အရည်အသွေး လျော့နည်းကျဆင်းလာကာ လူသား အသက်ရှင် ရပ်တည်မှုကို ခြိမ်းခြောက်လျက် ရှိပါသည်။ ထို့ကြောင့် အစိုးရများအနေဖြင့် ဂေဟစနှစ် ထိန်းသိမ်း ခြင်း အတွက် ခိုင်မာအားကောင်းသော မူဝါဒများ ချမှတ်နိုင်ရေးအပြင် စီးပွားရေး လုပ်ကိုင် ရာတွင် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်သည့်နည်းလမ်း၊ ကောင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ။ ဂေဟစနစ်ပြန်လည် ထူထောင် ခြင်း ဆိုင်ရာ ကုလသမဂ္ဂမှ ဦးစီးဆောင်ရွက်နေမှုများ ကမ္ဘာ့ကုလသမဂ္ဂက ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ကုလသမဂ္ဂဆယ်စုနှစ် ဂေဟစနှစ် ပြန်လည်ပြုပြင်ထိန်းသိမ်းရေး (United Nations Decade on Ecosystem Restoration 20212030) အဖြစ် သတ်မှတ်ကာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ရေချို အရင်း အမြစ် ရေရှည်တည်တံ့စေရေး ရာသီဥတုပြောင်းလဲ မှုလျှော့ချရေးတို့အတွက် ယိုယွင်း ပျက်စီး နေသည့် ဂေဟစနစ်များကို အားလုံးပူးပေါင်းပါဝင်နိုင်သော သဘာဝအခြေခံသည့်ဖြေရှင်းမှု (Nature – based Solutions) ဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းရေးကို ပိုမိုအလေးထားဆောင်ရွက်ရန် တိုက်တွန်းထားပါ သည်။

၎င်းအပြင် ဂေဟစနစ်များကို အကျိုးရှိပြီး ရေရှည်တည်တံ့အောင် ပြန်လည်ထူထောင် ထိန်းသိမ်းခြင်းသည် ပင်လယ်၊ သမုဒ္ဒရာနှင့် ရေချို နှင့် မြေပေါ်သယံဇာတများကို တိုးတက်လာပြီး ကျေးလက်နှင့် မြို့ပြပတ်ဝန်းကျင်နေ ပြည်သူ များ၏ ကျန်းမာရေးကောင်းမွန်ကာ သန့်ရှင်းသော ရေ၊ ရေရှည်တည်တံ့သော အစားအစာ စားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံတို့ကို အရည်အသွေးပြည့်ဝစွာထောက်ပံ့ပေးနိုင်ကြောင်း၊ ထို့အပြင် ဂေဟစနစ် ပြန်လည် ထူထောင် ထိန်းသိမ်းရေးတွင် ရင်းနှီး မြှုပ်နှံခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းများ နှင့် ဝင်ငွေ၊ ရာသီ ဥတုပြောင်းလဲမှုကို လျှော့ချပေးပြီး လိုက်လျောညီထွေနေထိုင်နိုင်ရေးတို့ကို အဓိက ပံ့ပိုးပေးမည်ဖြစ်ကြောင်း ကုလ သမဂ္ဂဆယ်စုနှစ် ဂေဟစနစ် ပြန်လည်ပြုပြင်ထိန်းသိမ်းရေး ၂၀၂၁jopo (United Nations Decade on Ecosystem | Restoration 2021-2030) တွင် ညွှန်ပြထားပါသည်။

၁၉၅၀ ပြည့်နှစ်မှစ၍ ပလတ်စတစ်စွန့်ပစ် ပစ္စည်း မတ်ထရစ်တန် သန်း ၇၀၀၀ ထွက်ရှိလျက် ရှိရာလွဲမှားစွာ စီမံခန့်ခွဲသည့် စည်ပင်သာယာစွန့်ပစ် အမှိုက် မတ်ထရစ်တန် ၆၀ မှ ၁၀၀ သည် ပင်လယ် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လျက်ရှိကြောင်း၊ ပင်လယ်ပြင်အတွင်းသို့ ရောက်ရှိနေသည့် အဓိက ပလတ်စတစ်စွန့်ပစ်ပစ္စည်း အရင်း အမြစ်မှာ ကုန်းမြေတွင် အမှိုက်စုပုံစွန့်ပစ်ခြင်းအပြင် စွန့်ပစ် ပစ္စည်းစီမံခန့် ခွဲမှု မှားယွင်းမှုကြောင့်ဖြစ်သည့် အမှိုက် စွန့်ပစ်သည့်နည်းလမ်း ပို့ဆောင်ဆက်သွယ် ရေး၊ စိုက်ပျိုးရေးနှင့် ရေဆိုးစွန့်ပစ်မှု စသည်တို့ ကြောင့်ဖြစ် ကြောင်းကို ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (UNEP) က ကြီးမှူးသည့် လေးကြိမ် Go Ad hoc Open-ended Expert Group on Marine Litter and Microplastics Dop: အဝေးအစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ ထို့အပြင် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၌ ထုတ်ပြန်ခဲ့ သော Making Peace with Nature အစီရင်ခံစာ တွင် အဏ္ဏဝါပလတ်စတစ်ညစ်ညမ်းမှုသည် ၁၉၈၀ ပြည့်နှစ်မှစ၍ ဆယ်ဆ မြင့်တက် လာခဲ့ပြီး သမုဒ္ဒရာ ကြမ်းပြင်နှင့် ရေစီးကြောင်း၌ များပြားစွာတည်ရှိ   နေသည်ကိုတွေ့ရကြောင်း၊ အဏ္ဏဝါ ပလတ်စတစ် အမှိုက်သရိုက်များသည် အဏ္ဏဝါနှင့် ပင်လယ်ကမ်းခြေ ဒေသရှိ အရာဝတ္ထုများတွင် တွယ်ကပ် ကာ အန္တရာယ် ဖြစ်စေသော မျိုးစိတ်များနှင့် အခြားညစ်ညမ်းပစ္စည်း များအတွက် ရောဂါ သို့မဟုတ် ကပ်ပါး အဖြစ် လုပ်ဆောင်ပေးနိုင်ကြောင်း၊ ပင်လယ်မြက်ခင်းနှင့် ပင်လယ်ရေမှော်တို့အပါအဝင် အဏ္ဏဝါနှင့် ကမ်းရိုး တန်းဂေဟစနစ် ပျက်စီးဆုံးရှုံးမှု ဘေးအန္တရာယ်သည် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ တိုးမြင့်လာကြောင်း၊ ငါး လုပ်ငန်းပြုပြင်ပြောင်းလဲမှု၊ ပေါင်းစည်းထားသည့် မြေယာစီမံကိန်းရေးဆွဲခြင်း၊ ရာသီဥတုပြောင်းလဲမှု လျှော့ချ ခြင်းနှင့် ညစ်ညမ်းမှု လျှော့ချခြင်းတို့သည် အဏ္ဏဝါသက်ရှိများ ပြန်လည် ထိန်းသိမ်းရေးအတွက် အဓိကသော့ချက် ဖြစ်ကြောင်း ရေရှည်တည်တံ့သော ငါးခွဲတမ်း စနစ်သည် ငါးဖမ်းလုပ်ငန်းပြပြင်ပြောင်းလဲ ခြင်း၊ ငါးအလွန် အကျွံ ဖမ်းခြင်းနှင့် အဏ္ဏဝါဇီဝမျိုးစုံ မျိုးကွဲများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းအတွက် မရှိမဖြစ်လိုအပ်ကြောင်း ဖော်ပြ ထားသည်ကို  မူဘောင်၏ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ တာဝန်ယူပါဝင်ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။

ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ကွန်ဗင်းရှင်း (Convention on Biological Diversity - CBD) အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ဂေဟစနစ် ဝန်ဆောင်မှုများကို ထိန်းသိမ်းခြင်း၊ ကျန်းမာသော ကမ္ဘာကြီးအဖြစ် ရေရှည် တည်တံ့စေခြင်းနှင့် လူသား အားလုံးအတွက် မရှိမဖြစ်အခြေခံကျသော အကျိုး အမြတ်များကို ထောက်ပံ့ ပေးခြင်း ဖြင့် ဇီဝမျိုးစုံမျိုးကွဲ များကို အကျိုးရှိစွာအသုံးပြုပြီးတန်ဖိုးထားထိန်းသိမ်း ၍ ပြန်လည်ထူထောင်ကာ သဘာဝ တရားနှင့် လိုက်လျောညီထွေ ဟန်ချက်ညီညီ အတူယှဉ်တွဲ "Living in Harmony with Nature ကမ္ဘာကြီး တစ်ခုဖြစ်စေရန် ရည်ရွယ်ကာ ၂ဝ၂ဝ ပြည့်နှစ်အလွန် ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာမူဘောင် (Post - 2020 Global Biodiversity Framework)  ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ညီလာခံ တွင် အတည်ပြုချမှတ် နိုင်ရေး ကုလသမဂ္ဂဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ကွန်ဗင်းရှင်း၏ အတွင်းရေးမှူးရုံးက ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် များ တရားမဝင်ကုန်သွယ်မှုကို တားဆီးနိုင်ရေး အတွက် မျိုးဆက်ပျက်သုဉ်းလုဆဲဆဲ တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း ကို ၁၉၇၅ ခုနှစ်တွင် လည်းကောင်း၊ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှု ဆိုင်ရာကွန်ဗင်းရှင်း၏ ကျိုတိုနှောက်ဆက်တွဲ စာချုပ်ကို ၁၉၉၇ ခုနှစ်တွင်လည်းကောင်း၊ ဇီဝမျိုးစုံ မျိုးကွဲ ဆိုင်ရာကွန်ဗင်းရှင်း၏ ဇီဝလုံခြုံမှု ဆိုင်ရာ ကာတာဂျီးနား သဘောတူညီချက်ကို ၂၀၀၀ ပြည့်နှစ် တွင်လည်းကောင်း၊ ဆွေးမြည့်ရန် မလွယ်သော အော်ဂဲနစ်အညစ်အကြေးများဆိုင်ရာ စတော့ဟုမ်း ကွန်ဗင်းရှင်းကို ၂၀၀၁ ခုနှစ်တွင်လည်းကောင်း၊ မျိုးရိုး ဗီဇအရင်းအမြစ်များ ထုတ်ယူသုံးစွဲခြင်းနှင့် ထိုသို့ ထုတ်ယူအသုံးပြုခြင်းမှ ထွက်ပေါ်ရရှိလာမည့် အကျိုး အမြတ်များကို သာတူညီမျှခွဲဝေခြင်းဆိုင်ရာ နာဂိုရာ သဘောတူညီချက်ကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း သဘောတူပြဋ္ဌာန်းခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ဂေဟစနစ်ထိန်းသိမ်းရေး ဆောင်ရွက်ချက်များ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (Sustainable Development Goals SDGs) of ပြည့်မီစေရန်အတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း   Development Plan-MSDP) quo5 GOUD စနစ် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းအပါအဝင် ပတ်ဝန်း ကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကဏ္ဍ အသီးသီးတွင် ပေါင်းစပ်အကောင် အထည်ဖော် နိုင်ရေး အတွက် အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ (၂၀၁၉) တွင် ရည်မှန်းချက်အဖြစ် “မြန်မာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြ သူအားလုံး၏  လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာ ပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင် နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းရန်" ကို ချမှတ်ထားပါသည်။ ထို့အပြင် ဂေဟစနစ်များ ယိုယွင်း ပျက်စီးလာမှုကို ဖြေရှင်းနိုင်ရန် မြန်မာ့ သစ်တောမူဝါဒ (၁၉၉၅)၊ မြန်မာနိုင်ငံရသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မ လုပ်ငန်းအစီအစဉ် (၂ဝ၁၈-၂ဝ၃ဝ)၊ အမျိုးသား အဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာ ဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂ဝ၃ဝ) များပါ ပြဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။

ဆက်လက်၍လည်း ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်းကို လိုက်နာဆောင်ရွက်မှု အနေဖြင့် ဇီဝ မျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရန် အတွက် နိုင်ငံအဆင့် ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ မဟာဗျူဟာ နှင့် လုပ်ငန်းစီမံချက် (၂၀၁၅-၂၀၂၀) (National Biodiversity Strategy and Action PlanNBSAP 2015-2020) တွင် မဟာဗျူဟာပန်းတိုင် ငါးရပ်၊ ရည်မှန်းချက် ၆၀ နှင့် ဦးစားပေးလုပ်ငန်း ၁၆၁ ချက်တို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်၏သစ်တော မူဝါဒတွင် သဘာဝ ထိန်းသိမ်းရေးနယ်မြေများကို မြန်မာနိုင်ငံဧရိယာ၏ ၁ဝ ရာခိုင်နှုန်းအထိ တိုးချဲ့ ဖွဲ့စည်းတည်ထောင်ရန် လျာထား ဆောင်ရွက်လျက် ရှိရာတွင် ယနေ့အထိ နိုင်ငံဧရိယာ၏ ၆ ဒသမ ၀၈ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေ ၄၆ ခုအဖြစ် သတ်မှတ်ဖွဲ့စည်းထားရာ အာဆီယံ Doyo20p (ASEAN Heritage ParkAHP) ရှစ်ခု၊ ရမ်ဆာ ရေဝပ် ဒေသ ခြောက်ခုနှင့် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ခြင်းတွင် ဒေသခံပြည်သူများပါဝင်မှု၊ ထောက်ခံ အားပေးမှုတို့ကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍လူသား နှင့် ဇီဝအဝန်းနယ်မြေ (Man and Biosphere – MAB)  အဖြစ် သတ်မှတ်ထားသည့် အင်းလေးကန် တောရှိင်းတိရစာ္ဆန်ဘေးမဲ့တောနှင့် အင်းတော်ကြီး တောရိုင်းတိရစာ္ဆန် ဘေးမဲ့တောတို့လည်း ပါဝင်ပါသည်။

သစ်တောဂေဟစနစ် ထာဝစဉ်တည်တံ့ စေရန် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများဟူ၍ သတ်မှတ် လျက် နှစ် ၃၀ အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံ ကိန်း (၂၀၀၁-၂၀၀၂ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ခုနှစ် အထိ) ကို ရေးဆွဲအကောင်အထည်ဖော်လျက် ရှိကြောင်း သိရှိရပါသည်။ ကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တောများကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း ဖွဲ့စည်းသွားရန် လျာထားဆောင်ရွက် လျက်ရှိရာ ယခုအခါ နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၆၁ ရာခိုင်နှုန်း ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် မြန်မာနိုင်ငံသစ်တော များ ပြန်လည်တည်ထောင်ရေး ၁၀ နှစ်စီမံကိန်း (၂၀၁၇- ၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ) ကိုရေးဆွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင် သဘာဝတောများ ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တောစိုက်ခင်းများကို စိုက်ပျိုးတည်ထောင်ခြင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့

ကုလသမဂ္ဂက ဆယ်စုနှစ် ဂေဟစနှစ် ပြန်လည်ပြုပြင်ထိန်းသိမ်းရေး (United Nations Decade on Ecosystem Restoration 20212030) ကို ကြေညာခဲ့ပြီး ဂေဟစနစ် ပျက်စီးမှုကို တားဆီးရန်၊ ရပ်တန့်ရန်နှင့် ဖယ်ရှားနိုင်ရန် နည်းလမ်းများမှာ (၁) ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု (Global movement) အဖြစ် ဂေဟစနစ် ပြန်လည် ထူထောင်ရေး အခွင့်အလမ်းများနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းတွင် ဗဟုသုတနှင့်အသိပညာ တိုးပွားအောင် ဆောင်ရွက်ခြင်း၊ ကမ္ဘာတစ်ဝန်းရှိ ဂေဟစနစ်များအား ပြန်လည်ထူထောင်ရန် အတွက် အကောင်းဆုံးသော စံသတ်မှတ်ချက်များ ကို ပြန်လည်ပြုပြင်စဉ်းစားခြင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဂေဟစနှင့်ပြန်လည် ထူထောင် ရေးကို ပညာရေးကဏ္ဍတွင် ထည့်သွင်းဆောင်ရွက် ခြင်း၊ ကြီးမားကျယ်ပြန့်သည့် ဂေဟစနစ်ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ    ပြုလုပ်ခြင်း၊ (၂) နိုင်ငံအရေးကိစ္စများတွင် ဂေဟစနစ် ပြန်လည် ထူထောင်ရေးကို ဆောင်ရွက်လိုသည့်ဆန္ဒ အဖြစ် ဂေဟစနစ် ပြန်လည်ထူထောင်ရေးကို အားပေးသည့် မူဝါဒပြုပြင်ပြောင်းလဲမှုများကို ဖွံ့ဖြိုး စေပြီး အကောင် အထည်ဖော်ခြင်း၊ ဂေဟစနှစ် ပြန်လည်ထူထောင်ရေး အတွက် အစိုးရနှင့် အဖွဲ့ အစည်းများ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေခြင်း၊ နိုင်ငံတော် အကြီးအကဲများ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးနှင့် သက်ဆိုင်သည့်ဝန်ကြီးများ ဦးဆောင်၍ နိုင်ငံအဆင့် ဂေဟစနစ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ (၃) စွမ်းဆောင်ရည် (Capacity) အနေဖြင့် ကမ္ဘာလုံးဆိုင်ရာဂေဟစနစ် ပြန်လည် ထူထောင်ရေး ကျွမ်းကျင်သူများအား ဂေဟစနှစ် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဒီဇိုင်းရေးဆွဲရေး။ အကောင် အထည်ဖော်ရေးနှင့်ရေရှည်တည်တံ့စေရေး နည်းလမ်းများ ဖြန့်ဝေခြင်းတို့ကို တစ်ဦးချင်း၊ အစု အဖွဲ့များ၊ အစိုးရများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အဖွဲ့ အစည်းများ အားလုံး လိုက်ပါဆောင်ရွက်ခြင်းဖြင့်       ကောင်းမွန်သန်စွမ်းသည့် သဘာဝဂေဟစနှစ်များ ဂ ရေရှည် တည်တံ့နိုင်မည်ဖြစ် ပါသည်။

သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် - ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သော “ပတ်ဝန်းကျင် ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟ  စနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့ နှင့်အညီ ဂေဟစနစ်များဖြင့် ဖွဲ့စည်း ထားသည့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အခြေခံကျသော ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် နိုင်ငံတော်၏ စီမံကိန်းများ၊ မူဝါဒများ၊ လုပ်ငန်းစီမံချက်များ၊ ဥပဒေ များ ရေးဆွဲပြဋ္ဌာန်းခြင်းလုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲပြီး ရည်မှန်းချက်များနှင့်အညီ ထိရောက်သောလက်တွေ့လုပ်ဆောင်ချက်များအဖြစ် - အဖွဲ့ အစည်းများအားလုံးအတူလက်တွဲ၍ အနာဂတ် မျိုးဆက်များအတွက် သန့်ရှင်းကောင်းမွန်သော သဘာဝ ပတ်ဝန်း ကျင်ကို လက်ဆင့်ကမ်းနိုင်ရန် အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်အပ် ပါသည်။ ။

 

ကျမ်းကိုးစာရင်း - သစ်တောဦးစီးဌာန

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာ ဗျူဟာနှင့် လုပ်ငန်းစီမံချက် (၂၀၁၅-၂၀၂၀)

https://wedocs.unep.org United Nations Environment Programme, Making Peace with Nature Report (2021, February)

www.unep.org United Nations Decade on Ecosystem Restoration (2021-2030)

https://www.cbd.int/convention/

https://www.unep.org/news-andstories/press-release/pakistan-hostworld-environment-day-2021

United Nations Environment Programme, Ad hoc open-ended expert group on Marine Litter and Microplastic Fourth Report