Skip to main content

အခွင့်အရေးကို လက်မလွှတ်စေချင်

 
ပါမောက္ခ မောင်လွင်
“စစ်ကျွန်ပညာရေး တက်စရာမလိုဘူး” “စစ်ကောင်စီကဖွင့်သည့်ကျောင်း ဘွဲ့ ရရင် အလုပ်လုပ်လို့ မရဘူး” “ဘွဲ့လက်မှတ် အသိအမှတ်မပြုဘူး”
“S.P လုပ်၍ ကျောင်းမတက်အောင် လှုံ့ဆော် ခြင်း"စတဲ့နည်းမျိုးစုံနဲ့ ကျောင်းသား ကျောင်းသူတွေ ကို ကျောင်းမတက်ဖို့အတွက် ဝါဒဖြန့်လျက်ရှိ ပါတယ်။ အဲဒါတွေကို နားယောင်ပြီး မိမိဘဝ အတွက် ကျောင်းမတက်ဘူးဆိုရင် မိမိအနာဂတ် ဟာ ဝေဝါးသွားပါလိမ့်မယ်။
ကိုဗစ်- ၁၉ကြောင့် ပိတ်ခဲ့ရတဲ့အတန်းများ
ဒါကြောင့် ကျောင်းသား ကျောင်းသူတွေကို ဆရာပြောချင်တာကတော့ ဒီပညာရေးက စစ်တပ် ကရေးဆွဲထားတဲ့ သင်ရိုးမဟုတ်ဘူး၊ ပညာရှင်ဆရာ ဆရာမတွေက နိုင်ငံတကာသင်ရိုးနဲ့ ညှိနှိုင်းပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်က လည်း ဒီသင်ရိုးပါပဲ။ ဒီကနေ့ဖွင့်နေတဲ့ အတန်း များကလည်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က ကိုဗစ်- ၁၉ ကြောင့် ပိတ်ခဲ့ရတဲ့အတန်းများကို ပြန်လည်ဖွင့်လှစ်နေခြင်းသာ ဖြစ်ပါတယ်။
နိုင်ငံတော်တာဝန်ရှိသူတွေဟာ လူငယ်တွေ ပညာသင်ခွင့်မဆုံးရှုံးရေးကို အဓိကထားပြီး တက္ကသိုလ်တွေကို ၅-၅-၂၀၂၁ ရက်နေ့မှာ ဖွင့်လှစ် ခွင့်ပေးခဲ့တယ်။ ၁၉-၆-၂၀၂၁ ရက်အထိ ခုနစ်ပတ် စာသင်ပါမယ်။ စာသင်ချိန် ခုနစ်ပတ်နဲ့ပတ်သက်ပြီး ပြောစရာနောက်တစ်ခုရှိပါသေးတယ်။ ဆရာတို့ ပုံမှန်စာသင်ချိန်ဟာ ပညာသင်ကာလတစ်ဖြတ်မှာ လေးလပဲရှိပါတယ်။ ဒါပေမယ့် ပထမလမှာ စာသင်ကြားခြင်း အလွန်နည်းပါတယ်။ ဒီကြားထဲ ဆရာကန်တော့ပွဲ၊ ကျောင်းပွဲတွေနဲ့ တကယ့် စာသင်ချိန်က အလွန်နည်းပါတယ်။ ရှစ်ပတ်နဲ့ ( ၁၀ ပတ်ကြားပဲရှိပါတယ်။ အဲဒီတော့ လက်ရှိ ခုနစ်ပတ်နဲ့ အပတ်စဉ်စနေနေ့တိုင်း အချိန်ပိုတက်ရ တာတွေဆိုတာဟာ တကယ်သင်ယူလိုသူအတွက် လုံလောက်သောအချိန်လို့ ပြောလို့ရပါတယ်။ ဆရာ ဒီစာရေးတဲ့အဓိက ရည်ရွယ်ချက်ဟာ ဂုဏ်ထူးတန်း ကျောင်းသားကျောင်းသူတွေအတွက် ပဲဖြစ်ပါတယ်။ ဂုဏ်ထူးတန်းကျောင်းသား ကျောင်းသူတွေဆိုတာ စာမေးပွဲကျရှုံးလို့မရပါဘူး ဆိုတာ အစဉ်အလသတ်မှတ်ထားတဲ့ စည်းကမ်း ဖြစ်ပါတယ်။
ယခု ကျောင်းသားကျောင်းသူတွေ စာမေးပွဲ မဖြေဘူး။ ကျောင်းမတက်ဘူးဆိုရင် ကျောင်းသား ကျောင်းသူတွေဟာ ပထမနှစ်ဝက် ဖြေဆိုပြီးတာဖြစ် လို့ ကျောင်းနားလို့ မရပါဘူး။ တစ်နှစ်ကျဖြစ်ပါမယ်။ တစ်နှစ်ကျဖြစ်ရင် ဂုဏ်ထူးတန်းဆက်တက်လို့ မရပါဘူး။ ဒုတိယနှစ် ဂုဏ်ထူးတန်းကျောင်းသား ကျောင်းသူတွေအနေနဲ့ တစ်နှစ်ကျဖြစ်ပြီး စတုတ္ထ နှစ်က ပြန်တက်ရပါမယ်။
တတိယနှစ် ဂုဏ်ထူးတန်းကျောင်းသား ကျောင်းသူတွေအနေနဲ့ကတော့ ဂုဏ်ထူးတန်းကျရှုံး ပြီး ရိုးရိုးတန်းဘွဲ့ကို ပြန်လည်လျှောက်ထားရမှာဖြစ် ပြီး ရိုးရိုးတန်းဘွဲ့ ကိုသာ ရရှိမှာဖြစ်ပါတယ်။ အချိန်မီပါသေးတယ်။ ကျောင်းပြန်တက်၊ စာပြန် ကျက်၊ စာမေးပွဲဖြေလိုက်မယ်ဆိုရင် ဂုဏ်ထူးတန်း ဘွဲ့နဲ့ ကျောင်းပြီးသွားမှာဖြစ်သလို ရှေ့ဆက်ပြီး လည်း မဟာဝိဇ္ဇာ၊ မဟာသိပ္ပံတန်းကို ဆက်လက် တက်ခွင့်ရမှာဖြစ်ပါတယ်။
နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူတွေ အနေနဲ့ ၂၂-၆-၂၀၂၁ ရက်နေ့မှာ ကျင်းပမယ့် သင်တန်းကာလနှင့် သင်တန်းအစီအစဉ် စာမေးပွဲကို ဝင်ရောက်မဖြေဘူးဆိုရင် တစ်နှစ်ကျ ဖြစ်ပါမယ်။ ကြားကာလမှာ တခြားအတန်းများ ၊ ပုံမှန်ဖွင့်လှစ်နေမှာ ဖြစ်တာကြောင့် စာမေးပွဲရှိမှာ မဟုတ်တော့ပါ။ နောက်နှစ်ဒီအချိန်မှာ နောက်ဆုံးနှစ် ဒုတိယပညာသင်နှစ်ကို ပြန်တက်ရပါမယ်။ အချိန်တွေဟာ အလွန်တန်ဖိုးရှိလှပါတယ်။ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်ဖို့ လိုပါတယ်။
အခွင့်အရေးကို လက်မလွှတ်စေချင်
အချုပ်အားဖြင့်ဆိုရရင် ကျောင်းသားကျောင်းသူ တွေ အချိန်မီကျောင်းတက်ပြီး ၂၂-၆-၂၀၂၁ ရက် နေ့မှာ ကျင်းပမယ့် စာမေးပွဲကို ဝင်ရောက်ဖြေဆို မယ်ဆိုရင် မိမိတို့ဘဝအတွက် တစ်ဆင့်ပြီးသွားမှာ ဖြစ်လို့ ရတဲ့အခွင့်အရေးကို လက်မလွှတ်စေချင်ပါဘူး။
ကျောင်းသားကျောင်းသူတွေ ပျော်ရွှင်စွာနဲ့ ပညာရေးကို နိုင်ငံရေးပယောဂကင်းစွာ ပညာ သင်ကြားနိုင်ကြပါစေ။