ဟန်ဆောင်စာချုပ်
ဦးကျော်ကျော်(တရားရေး)
စာချုပ်တစ်ရပ်သည် အကျိုးသက်ရောက်စေရန် ရည်ရွယ်ချုပ်ဆိုသော စာချုပ်မျိုးမဟုတ်ဘဲ ဟန်ဆောင် စာချုပ်ဖြစ်ပါမူ စာချုပ်ချုပ်ဆိုသူတို့သည် ဟန်ဆောင် စာချုပ်မျှသာဖြစ်ကြောင်း နှုတ်သက်သေခံ တင်ပြနိုင်သည်။ အကြောင်းမူကား ဟန်ဆောင်စာချုပ်ကို ဥပဒေအရအတည်ပြုခွင့်မရှိသဖြင့် ပဋိညာဉ် မမြောက် သောကြောင့် ဖြစ်သည်။
အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပထမအကြိမ် ပြည်သူ့ လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၁၀-၇၂၀၁၃ ဒသမနေ့တွင် ဟန်ဆောင်စာချုပ်များနှင့် ပတ်သက်သည့်မေးခွန်းရှစ်ခုကို မေးမြန်းခဲ့ပါသည်။ ဒေါ်ဒွဲဘူက မေးမြန်းရာတွင် ဒီဥပဒေပိုင်းဆိုင်ရာ လွဲမှား ဆောင်ရွက်မှုတွေကြောင့် ပြည်သူလူထု အတွင်း နစ်နာဆုံးရှုံးမှုများစွာရှိတယ်ဆိုတာကို လေ့လာတွေ့ရှိရကြောင်း၊ တချို့ နှစ်နာဆုံးရှုံးမှုများ ဟာဆိုရင် များပြားလွန်းတဲ့အတွက် အမှုသည်ဖြစ်တဲ့ ပြည်သူလူထုအတွင်းမှာ စိတ်ပိုင်းဆိုင်ရာဝေဒနာ တွေ ခံစားသွားရကြောင်း၊ ဒီအမှုအခင်းများကို စစ်ဆေးနေတဲ့ တရားသူကြီးတွေအပေါ် အထင် အမြင်လွဲမှားမှုတွေ၊ ယုံမှားသံသယဖြစ်မှုတွေလည်း ကြီးထွားလျက်ရှိတယ်ဆိုတာ လေ့လာတွေ့ရှိရ ကြောင်း၊ ဟန်ဆောင်စာချုပ်များနဲ့ ပတ်သက်ပြီး တော့ အကြောင်းအမျိုးမျိုးကြောင့် ငွေပြန်မပေး နိုင်တဲ့အခါတွေမှာ တရားရုံးသို့ တိုင်တန်းတာတွေ ဖြစ်လာကြောင်း၊ တရားရုံးရောက်တဲ့အခါမှာ ငွေရှင် ဘက်ကလည်း ဟန်ဆောင်အရောင်းအဝယ် စာချုပ်ကို သူ့အနေနဲ့ ဒါတကယ်တော့ ဟန်ဆောင် ဖြစ်ပေမယ့် တကယ့်စာချုပ်ဖြစ်ပါတယ်ဟု တင်ပြ ကြကြောင်း၊ နောက်တစ်ဖက်ကလည်း ဒီစာချုပ်တွေ ဟာ သဘောတူလို့လက်မှတ်ထိုးတာ မဟုတ်ပါဘူး။ တစ်ဖက်က အတင်းလက်မှတ်ထိုးခိုင်းလို့ပါဟု တင်ပြကြကြောင်း၊ဒါပေမယ့် တကယ်တမ်းကျတော့ ဒီကိစ္စတွေဟာ နဂိုက နှစ်ဖက်သဘောတူပြီးမှ ချုပ် ကြပြီး ငွေရှင်ဘက်က ပိုက်ဆံပေးခဲ့သလိုတစ်ဖက် ကလည်းပဲ ငွေရှင်ကို သူတို့ရဲ့ အိမ်ဂရန်ပေးအပ် ထားကြပါကြောင်း၊ ဥပဒေနဲ့ မညီညွတ်တဲ့ ကိစ္စရပ် တွေကို မပြုလုပ်ဖို့ သက်ဆိုင်ရာက အမိန့်ကြေညာ ချက်တွေ ထုတ်ပြန်သင့်ကြောင်း ပြည်သူလူထု အတွင်း လွဲမှားစွာရှိနေကြတဲ့ ဟန်ဆောင်စာချုပ် များနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့ကြောင်း ဒေါ်ဥဘူထံမှ မှတ်တမ်းများနှင့်တကွ လေ့လာသိရှိခဲ့ရပါသည်။
အစစ်အမှန်စာချုပ်မဟုတ်
ဒေါ်ခွဲဘူ၏ မေးမြန်ချက်အပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြသိမ်းက ဖြေဆိုရာတွင် ဟန်ဆောင်စာချုပ်ဆိုတာ အစစ် အမှန်စာချုပ်မဟုတ် မရည်ရွယ်ဘဲနဲ့ ဟန်ဆောင်ပြီး ချုပ်တဲ့ စာချုပ်ကိုခေါ်တာ ဖြစ်ကြောင်း၊ ဥပမာ- ငွေ ချေးငှားတဲ့အမှုများမှာ ငွေချေးယူသူက အာမခံ ပစ္စည်းတစ်စုံတစ်ရာ မထားဘဲ ငွေချေးတဲ့အခါ ချေးငွေပြန်မဆပ်လျှင် ဆုံးရှုံးမည်ကို စိုးရိမ်တဲ့ အတွက် ငွေရှင်က ငွေချေးစာချုပ်မချုပ်ဘဲ ငွေချေး ယူသူပိုင် အိမ်မြေကို ရောင်းတဲ့အနေနဲ့ အရောင်း အဝယ်စာချုပ်အဖြစ် ချုပ်လေ့ရှိကြောင်း၊ တကယ် အရောင်းအဝယ်ပြုလုပ်ရန် ရည်ရွယ်ခြင်းမရှိဘဲနဲ့ ငွေပြန်ဆပ်တဲ့အခါမှာ စာချုပ်ကိုပယ်ဖျက်ကြ ကြောင်း၊ ငွေပြန်မဆပ်ရင်တော့ စာချုပ်အရ ဝယ် ထားတဲ့အိမ် ရလိုမှုဆိုပြီးတော့ တရားစွဲကြကြောင်း၊ ယခုအခါမှာ အဲဒီလိုဟန်ဆောင်အရောင်းအဝယ် စာချုပ် ချုပ်ဆိုပြီး ငွေချေးငှားတဲ့အမှုတွေ အလွန် များပြားနေတာကို တွေ့နေကြောင်း၊ ငွေချေးယူစဉ် မှာ ချေးယူသူများက ငွေရဖို့သာအဓိကဖြစ်ပြီး စာချုပ်မှာ အလွယ်တကူ လက်မှတ်ရေးထိုးပေး တတ်ကြကြောင်း၊ မိမိပိုင်အိမ်ကို ရောင်းတယ်လို့ ရေးထားလည်း ဘာမှမစဉ်းစားတော့ဘဲ ငွေရရင်ပြီး ရာ လက်မှတ်ရေးထိုးကြတာ တွေ့ရကြောင်း၊ သက်သေတွေရှေ့မှာပဲလက်မှတ်ထိုးကြတာဖြစ်လို့ ငွေချေးသူက နောင်ဖြစ်လာမယ့်ပြဿနာကို မစဉ်းစားဘဲ စာချုပ်ကိုလွယ်လွယ်နဲ့ လက်မှတ်ရေး ထိုးပြီး ငွေချေးယူကြခြင်းဖြစ်ကြောင်း၊ အမှုဖြစ်လာ တဲ့အခါကျတော့မှငွေချေးယူသူတွေက ဒါဟာအစစ် အမှန် အရောင်းအဝယ်စာချုပ်မဟုတ်ဘဲ အတိုးနဲ့ ငွေချေးတာဖြစ်ကြောင်း၊ ချေးငွေအပေါ်အတိုးအရင်း ပေါင်းပြီး အရောင်းအဝယ်စာချုပ်အဖြစ် ချုပ်ဆို ပေးရခြင်းဖြစ်ပါတယ်လို့ ထုချေတတ်ကြကြောင်း။
တချို့ကျတော့လည်း တံဆိပ်ခေါင်းအလွတ် စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးပေးရပါတယ်လို့ တောင် ထုချေကြတာမျိုးတွေရှိကြောင်း၊ ငွေယူထား သူက ငွေပြန်မပေးတဲ့အခါ ငွေပေးသူက ချုပ်ဆို ထားတဲ့ အရောင်းအဝယ်စာချုပ်ကို အကြောင်း ပြုပြီး အရောင်းအဝယ်ပဋိညာဉ်အတိုင်း ဆောင်ရွက် ပေးစေလိုမှု စွဲဆိုကြကြောင်း၊ အဲဒီလိုအမှုမျိုးမှာ တရားရုံးကို သက်သေခံအဖြစ် တင်ပြတဲ့ စာချုပ်ဟာ အဓိကကျတဲ့ အချက်ဖြစ်ကြောင်း၊ စာချုပ်မှာ အရောင်းအဝယ်လုပ်တယ်လို့ အတိအလင်းဖော်ပြ ထားကြောင်း၊ စာချုပ်ချုပ်ဆိုသူ နှစ်ဖက်လုံးက စာချုပ်ချုပ်ဆိုတာကို မငြင်းကြကြောင်း၊ စာချုပ်ပေါ် ကလက်မှတ် မှန်ပါတယ်လို့ တောင်ဝန်ခံထားကြ ကြောင်း တရားပြိုင်ဘက်ကလည်း အတိုးနဲ့ ငွေချေး တာပါ။ ရောင်းတာမဟုတ်ပါဘူးလို့ တင်ပြပေမယ့် သူ့ထွက်ချက်ကလွဲပြီးသက်သေထင်ရှားမပြနိုင်တဲ့ အမှုမျိုးမှာ တရားရုံးက ဒီစာချုပ်က အမှန်တကယ် ချုပ်ဆိုတဲ့ အရောင်းအဝယ်စာချုပ် အစစ်အမှန်ဖြစ် တယ်လို့ ဆုံးဖြတ်ချက်မှတစ်ပါး အခြားဆုံး ဖြတ်ဖို့ မရှိတော့ကြောင်း၊ အမှန်တကယ်အရောင်းအဝယ် စာချုပ်လို့ဆုံးဖြတ်လိုက်ရင် တရားစွဲတဲ့တရားလို အနိုင်ရရှိသွားကြောင်း၊ အဲဒီအခါမှာ တရားရုံးက ငွေရှင်ဘက်လိုက်ပြီး အနိုင်ပေးတယ်လို့ စွပ်စွဲခံကြ ရကြောင်း၊ တရားရုံးမှာ အမှုဆိုင်ကြတဲ့အခါ တရား ပြိုင်ဘက်က ဟန်ဆောင်စာချုပ်ဖြစ်ကြောင်း အထောက်အထား အခိုင်အမာနဲ့ တင်ပြနိုင်သဖြင့် တရားလိုဟာ ငွေတိုးချေးစားသူဖြစ်သည်ကို သက်သေခံစာရွက်စာတမ်းများ၊ နှုတ်သက်သေခံများ တင်ပြနိုင်တဲ့ အမှုမျိုးကျတော့ တရားလိုဘက်က တင်ပြတဲ့ အရောင်းအဝယ်စာချုပ်ဟာ အမှန် တကယ် ရောင်းဝယ်ရန် ရည်ရွယ်ချက်ဖြင့် ချုပ်ဆိုထားတာ မဟုတ်ဘဲ ငွေတိုးချေးစားတာကို ဖုံးကွယ်ပြီး ဟန်ဆောင်အရောင်းအဝယ် စာချုပ် ချုပ်ဆိုထားတာ ဖြစ်တယ်လို့ တရားရုံးက အဆုံး အဖြတ်ပေးပြီး တရားလိုစွဲဆိုတဲ့အမှုကို အရှုံးပေးရ ကြောင်း၊ ဟန်ဆောင်စာချုပ်ဟာ အတည်ပြုလုပ်ခွင့် မရှိသဖြင့် ပဋိညာဉ် မမြောက်ကြောင်း။
ဟန်ဆောင်စာချုပ် ချုပ်ဆိုတဲ့ အမှုမျိုး ပေါ်ပေါက်လာရခြင်းမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခွဲဘူ တင်ပြတဲ့အတိုင်း စတင်ငွေချေးစဉ်ကပင် နှစ်ဦးနှစ်ဖက်လုံးက မှန်ကန်တဲ့ နည်းလမ်းအတိုင်းမဟုတ်ဘဲလိမ်လည် ဆောင်ရွက်ကြတဲ့အတွက်ဖြစ်ကြောင်း၊ တကယ် တော့ ဒီလိုအမှုမျိုးတွေ မဖြစ်ပွားသင့်ကြောင်း၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကလည်း ဥပဒေနဲ့ မညီတဲ့လုပ်ရပ်တွေကို အားမပေးသင့်ကြောင်း၊ ငွေရှင်ကြေးရှင်များကလည်း ဥပဒေနဲ့မညီတဲ့ နည်းလမ်းနဲ့ အသားစီးမယူသင့်ကြောင်း၊ ငွေချေး ယူသူများကလည်း လတ်တလောရေရင် ပြီးရော ဆိုပြီး လက်လွတ်စပယ်နှစ်ဦးသဘောတူ အရောင်း
အဝယ်စာချုပ် မချုပ်ဆိုသင့်ကြောင်း၊ စာချုပ်မှာ ခြိမ်းခြောက်သွေးဆောင် ဖြားယောင်းခြင်း မရှိဘဲ မိမိတို့ရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒအရ လက်မှတ် ရေးထိုးရတယ်လို့ဖော်ပြပြီး လက်မှတ်ရေးထိုးခဲ့ရင် မိမိမှာ တာဝန်ရှိသွားပြီဆိုတာကိုလည်း နားလည် သဘောပေါက်သင့်ကြောင်း၊ နှစ်ဦးနှစ်ဖက်က ဥပဒေနဲ့ အညီ ဆောင်ရွက်ခဲ့ကြမယ်ဆိုရင် ဒီလိုအမှု မျိုးဖြစ်ပွား ပေါ်ပေါက်ရန် မရှိကြောင်း၊ (၁) နည်းလမ်းနဲ့ အသားစီးမယူသင့်ကြောင်း၊ ငွေချေး ယူသူများကလည်း လတ်တလောရေရင် ပြီးရော ဆိုပြီး လက်လွတ်စပယ်နှစ်ဦးသဘောတူ အရောင်း အဝယ်စာချုပ် မချုပ်ဆိုသင့်ကြောင်း၊ စာချုပ်မှာ ခြိမ်းခြောက်သွေးဆောင် ဖြားယောင်းခြင်း မရှိဘဲ မိမိတို့ရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒအရ လက်မှတ် ရေးထိုးရတယ်လို့ဖော်ပြပြီး လက်မှတ်ရေးထိုးခဲ့ရင် မိမိမှာ တာဝန်ရှိသွားပြီဆိုတာကိုလည်း နားလည် သဘောပေါက်သင့်ကြောင်း၊ နှစ်ဦးနှစ်ဖက်က ဥပဒေနဲ့ အညီ ဆောင်ရွက်ခဲ့ကြမယ်ဆိုရင် ဒီလိုအမှု မျိုးဖြစ်ပွား ပေါ်ပေါက်ရန် မရှိကြောင်း၊ (၁) နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် သခင် ပေါ်ညွန့်ပါ၇အမှု၊ (၂) ဦးပြူးပါ ၂နှင့် ဦးငွေထွန်းပါ၂ အမှု၊(၃) ဦးရွှေတင် (၎င်း၏ ကိုယ်စားလှယ် စာရသူ ဦးခင်မောင်)နှင့် ဦးအောင်တင့်အမှု၊ (၄)ဦးထွန်းချစ် နှင့် ဦးစိုးနိုင်(၎င်း၏အခွင့်ရကိုယ်စားလှယ်ဒေါ်ဆယ် ရာထွန်းအမှုတို့တွင် ဟန်ဆောင် အိမ်မြေအရောင်း အဝယ်စာချုပ်များနှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရန် နည်းလမ်းများ ပြည့်ပြည့်စုံစုံဖော် ပြပြီးဖြစ်သဖြင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်ထုတ်ရန် မလိုအပ်ကြောင်း၊ ဟန်ဆောင်အရောင်းအဝယ်စာချုပ်ဖြင့် ငွေချေးငှား မှုများတွင် ငွေချေးငှားသူသည် အမှုပုံစံ မှန်ကန်စွာ ဖြင့် တရားစွဲဆိုခြင်းမပြုပါက အမှုရှုံးမည် ဖြစ်၍ နစ်နာနိုင်ကြောင်း ဖြေကြားခဲ့ပါသည်။
ဟန်ဆောင်စာချပ် ဟုတ်မဟုတ်ဆိုသည်ကို ထိုစာချုပ်နှင့်ပတ်သက်၍ ပေါ်လွင်ထင်ရှားလျက် ရှိသည့် သက်သေခံချက်များနှင့်တကွ ဝန်ခံထား သည့်အချက်များက မည်ကဲ့သို့သဘောသက်ရောက် ကြောင်း ဥပဒေအချက်အလက်များနှင့် ယှဉ်၍ စိစစ်သုံးသပ်ရန်ဖြစ်သည်။
အခြေခံစွဲဆိုသော အမှု
အမှုမှာ ချေးငွေကို အိမ်မြေအရောင်းအဝယ် စရန်ပေးငွေအဖြစ် ဖန်တီးထားသည့် ဟန်ဆောင် စာချုပ်အပေါ် အခြေခံစွဲဆိုသော အမှုဖြစ်ကြောင်း ပေါ်ပေါက်သည်။ ဟန်ဆောင်ချုပ်ဆိုထားသော စာချုပ်နှင့် ပတ်သက်၍ စွဲဆိုသောအမှုကို ခိုင်မာ သော အခြေခံမရှိသဖြင့် ပလပ်ရန်ဖြစ်ကြောင်း ဦးသိန်းဟန်နှင့် ဦးဘသိုက်ပါ၂ အမှု၊ ဦးခွေးနှင့် ဦးအေးပါ ၂ အမှုတို့တွင် ညွှန်ပြထားသည်။
စာချုပ်တစ်ခုသည် အရောင်းစာချုပ်ဖြစ်သလား အပေါင်စာချုပ်ဖြစ်သလားဆိုသည့် ပြဿနာနှင့် ပတ်သက်၍ စာချုပ်၌ဖော်ပြထားသော စကားရပ် များအပေါ် သာမန်အားဖြင့် အမှီသဟဲပြုကာ ဆုံးဖြတ်ရမည်ဖြစ်သည်။ ရောင်းချကြောင်း အတိအလင်းဖော်ပြထားပါက ရောင်းချခြင်း မဟုတ်ဘဲပေါင်နှံခြင်းသာဖြစ်သည်ဟု ဆိုလာလျှင် ထိုကဲ့သို့ အဆိုပြုသူအပေါ်၌ ယင်းအဆိုပြုချက်ကို ထင်ရှားအောင်ပြသရန် တာဝန်ကျရောက်ပေသည်။ ဦးအောင်မင်းကြည်ပါ၂ (၎င်း၏ အထွေထွေ ကိုယ်စားလှယ်စာရသူ ဒေါ်သန်းသန်းဌေး)နှင့် ဦးသက်အောင်ပါ ၃ အမှု၊ နိုင်ငံတော်ကူးသန်းရောင်း ဝယ်ရေးဘဏ်နှင့် သခင်ပေါ်ညွန့်ပါ ၇ အမှု သဘောတူညီချက်နှင့် ရည်ရွယ်ချက်သည် (၁) တရားဥပဒေအရ တားမြစ်ထားသည့်အချက်၊ (၂) အကယ်၍ခွင့်ပြုလျှင် တရားဥပဒေပါပြဋ္ဌာန်းချက် များကို ပျက်ပြားစေမည့်အချက်၊ (၃) လိမ်လည် လှည့်ဖြားရာ ရောက်သည့် အချက် (၄) သူတစ်ပါး၏ ကိုယ်(သို့မဟုတ်) ပစ္စည်းကို ထိခိုက်နစ်နာစေခြင်း (သို့မဟုတ်) နစ်နာရာရောက်နေသည့်အချက် (၅) ကျင့်ဝတ်တရားပျက်ပြားသည့် သို့မဟုတ် အများ ပြည်သူဆိုင်ရာဝါဒနှင့် ဆန့်ကျင်သည်ဟု တရားရုံး က ထင်မြင်သည့်အချက်တစ်ရပ်ရပ်မရှိမှသာလျှင် တရားဥပဒေနှင့်ညီကြောင်း ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၂၃ တွင် ပြဋ္ဌာန်းထားသည်။
စာချုပ်ချုပ်ဆိုရာတွင် လက်မှတ်ရေးထိုးခြင်း မှန်ကန်ကြောင်း အထမြောက်ရန် (၁) အနည်းဆုံး သက်သေ နှစ်ဦးရှိရမည်။ (၂) သက်သေတိုင်းက စာချုပ်၌ စာချုပ် ချုပ်ဆိုသူလက်မှတ်ရေးထိုးသည် ကိုဖြစ်စေ၊ အမှတ်အသားပြုသည်ကိုဖြစ်စေ၊ တွေ့မြင်ရမည် သို့မဟုတ် စာချုပ်ချုပ်ဆိုသူက မိမိလက်မှတ် သို့မဟုတ် အမှတ်အသားဖြစ်ကြောင်း ဝန်ခံပြောဆိုသည်ကို ကြားသိရမည်။ (၃) သက်သေ တိုင်းက စာချုပ်ချုပ်ဆိုသူ၏ ရှေ့တွင် လက်မှတ်ရေး ထိုးရမည်ဟူသော အင်္ဂါရပ်များနှင့် ပြည့်စုံရန်လို ကြောင်း ဦးစိုးအောင်နှင့် ဒေါ်ခင်ခင်လှပါ ၂ (ကွယ် လွန်သူ ဒေါ်ဖွားသက်၏ တရားဝင်ကိုယ်စားလှယ် များ)အမှုတွင် လမ်းညွှန်ထုံးဖွဲ့ထားကြောင်း တွေ့မြင်နိုင်သည်။
ကတိအတိုင်းဆောင်ရွက်ကြရမည်
ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရဖြစ်စေ၊ အခြား ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ မဆောင်ရွက်ဘဲနေခွင့် ရှိသည့် သို့မဟုတ်ဆောင်ရွက်ခြင်းမှ ခွင့်လွှတ်သည့် ကိစ္စမှတစ်ပါး ပဋိညာဉ်ပြုလုပ်သူတို့သည် အသီးသီး ပြုလုပ်ခဲ့သော ကတိအတိုင်းဆောင်ရွက်ကြရမည်။ သို့မဟုတ် ဆောင်ရွက်မည်ဟု ကမ်းလှမ်းရမည်။ ကတိအတိုင်းမဆောင် ရွက်ရမီ ကတိပြုသူသေဆုံးလျှင် ထိုသူ၏ကိုယ်စားပြု သူတို့အပေါ် ထိုကတိ အတည်ဖြစ်ကြောင်း ပဋိညာဉ်ဥပဒေပုဒ်မ၃၇ တွင် ပြဋ္ဌာန်းထားသည်။
ပဋိညာဉ်ချိုးဖောက်ခြင်းကြောင့် ဆုံးရှုံးရသည့် ( သို့မဟုတ် နစ်နာရသည့်အတွက် ချိုးဖောက်ခြင်းခံရ သူသည် ပဋိညာဉ်ချိုးဖောက်ခြင်းကြောင့် သဘာဝ အလိုက်ဖြစ်မြဲ ဖြစ်ပေါ်သည့်အတိုင်းဖြစ်စေ၊ ပဋိညာဉ်ပြုစဉ်က ပြုလုပ်သူများအနေဖြင့် ပဋိညာဉ်ချိုးဖောက်လျှင် ပေါ်ပေါက်လာမည်ဟု သိရှိကြသည့် နစ်နာမှုရဖြစ်စေ ပဋိညာဉ်ချိုးဖောက် သူထံမှ လျော်ကြေးရထိုက်ကြောင်း ပဋိညာဉ်ဥပဒေ ပုဒ်မ-၇၃ တွင် ပြဋ္ဌာန်းထားသည်။
ပဋိညာဉ်ပြုသူတို့သည် ပဋိညာဉ်ပါတာဝန် များကို ကျေပွန်ရန်အတွက် ပဋိညာဉ်အတိုင်း လိုက်နာဆောင်ရွက် ကြရန် တာဝန်ရှိပေသည်။ ဥပဒေနှင့်ညီညွတ်သည့် သဘောတူညီချက်သည် ဥပဒေနှင့်ညီညွတ်သော တာဝန်ကို ဖန်တီးသည့် အလျောက် ထိုတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်းမပြုသရွေ့ ယင်းတာဝန်သည် သဘောတူညီသူအပေါ်တည်မြဲနေမည်ဖြစ်သည်။
ပဋိညာဉ်ချုပ်ဆိုသူများအနေဖြင့် ပဋိညာဉ်ပါ အခွင့်အရေးနှင့် တာဝန်များကို ဥပဒေနှင့်အညီ ခံစားခွင့်ရရှိကြစေရန်နှင့် မိမိတို့ချုပ်ဆိုသော ပဋိညာဉ်များသည် အမှတ်မထင်ဘဲ ဟန်ဆောင် စာချုပ်များအဖြစ် ရောက်ရှိမသွားရလေအောင် သတိပြုဆောင်ရွက်နိုင်ရန်အတွက် ဟန်ဆောင် စာချုပ်နှင့် ဥပဒေနှင့်ညီညွတ်သော စာချုပ်တို့ကို ခွဲခြားလေ့လာသိရှိထားရန် လိုအပ်မည်ဖြစ်ပါသည်။
အဆိုပါဟန်ဆောင်စာချုပ်များကြောင့် ပြည်သူ များနစ်နာရခြင်း၊ တရားစီရင်ရေးအပေါ် ယုံမှား သံသယဖြစ်ခြင်းများမှ ကင်းဝေးစေရန်နှင့် ဥပဒေနှင့် ညီညွတ်သော ပဋိညာဉ်စာချုပ်များချုပ်ဆိုရာတွင် အလွယ်တကူလေ့လာ အသုံးပြုနိုင်စေရန် စုဆောင်း တင်ပြအပ်ပါသည်။