Skip to main content

နေရစ်တော့ ရွှေခေတ်

စာချစ်သူ “မြန်မာနိုင်ပြီ ... တို့မြန်မာနိုင်ပြီ ... တိုင်းပြည်က ပေး.. ပေးအပ်လိုက်တဲ့တာဝန်များ ကျေပွန်ပါပြီ... တကယ့်ကိုကျေပွန်ပြီ ... သောင်းသောင်းဖြဖြ ကြိုဆိုလို့အတည် ပြည်သူများ ဂုဏ်ပြုကြလေပြီ” မြန်မာတို့ ယခုတိုင် ပြန်ပြောင်းတမ်းတ အမှတ်တရ ဂုဏ်ယူဝင့်ကြွားခဲ့ကြရသည့် မြန်မာ ဘောလုံးအသင်း၏ ရွှေခေတ်ကို လေ့လာစေ့ငု ကြည့်ပါလျှင် ၁၉၆၃ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုအကြာကာလဟူ၍ ညွှန်းဆိုပြ ရပေမည်။ ဗွေဆော်ဦး ဆုတံဆိပ်ရ ၁၉၅၄ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ကာလကိုမူ ရွှေခေတ်ရောက်ဖို့ အစပျိုးသည့်ခေတ်ကာလဟု ဆိုရပေမည်။ ၁၉၅၄ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ မနီလာ မြို့၌ ကျင်းပသည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းသည် ရှုံးပွဲမရှိဘဲ တတိယ ဆုရရှိခဲ့ခြင်းက အစပြုသည်။ နိုင်ငံတကာဘောလုံး ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းသည် ပထမဆုံး ဗွေဆော်ဦး ဆုတံဆိပ်ရကာ နံပါတ်ချိတ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထို့နောက် ၁၉၆၁ ခုနှစ် အာရှလူငယ် ပြိုင်ပွဲတွင် ပူးတွဲပထမ(+အင်ဒိုနီးရှား)၊ ၁၉၆၁ ခုနှစ် အရှေ့တောင်အာရှကျွန်းဆွယ်ပြိုင်ပွဲတွင် ဒုတိယ ရရှိခဲ့လေ သည်။ ၁၉၆၃ ခုနှစ်မှစ၍ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကြီးနှင့် မြန်မာလူငယ်လက်ရွေး စင်ဘောလုံး အသင်းတို့သည် ဒေသတွင်း အရှေ့တောင်အာရှတွင်သာမက အာရှအဆင့်၌ပါ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားလာခဲ့ သည်။ ဥရောပအဆင့် လက်ရွေးစင်အသင်းများ၊ ကလပ်အသင်းများနှင့်ပါ ခြေရည်တူ ယှဉ်ပြိုင် ကစားလာနိုင်ပြီး ရွှေခေတ်တစ်ခေတ်ကို စတင် ထူထောင်လာခဲ့သည်။ ၁၉၆၃ ခုနှစ် အာရှလူငယ်ပြိုင်ပွဲတွင် ပူးတွဲ ပထမ (+တောင်ကိုရီးယား)၊ ၁၉၆၄ ခုနှစ်၌ အာရှ လူငယ်ပြိုင်ပွဲတွင် ပူးတွဲပထမ(+အစ္စရေး)၊ မာဒေး ကားပြိုင်ပွဲတွင် ပထမ၊ ၁၉၆၅ ခုနှစ်၌ အာရှလူငယ် ပြိုင်ပွဲတွင် ဒုတိယ၊ မာဒေးကားပြိုင်ပွဲတွင် ပထမ အရှေ့တောင်အာရှကျွန်းဆွယ်ပြိုင်ပွဲတွင် ပူးတွဲ ပထမ(+ထိုင်း)၊ ၁၉၆၆ ခုနှစ်၌ အာရှလူငယ်ပြိုင်ပွဲ တွင် ပူးတွဲပထမ(+အစ္စရေး)၊ မာဒေးကားပြိုင်ပွဲတွင် ဒုတိယ၊ အာရှအားကစားပြိုင်ပွဲတွင် ပထမ၊ ၁၉၆၇ ခုနှစ်၌ အာရှလူငယ်ပြိုင်ပွဲတွင် တတိယ၊ မာဒေး ကားပြိုင်ပွဲတွင် ပူးတွဲပထမ (+တောင်ကိုရီးယား)၊ အရှေ့တောင်အာရှကျွန်းဆွယ်ပြိုင်ပွဲတွင် ပထမ၊ ၁၉၆၈ ခုနှစ်၌ အာရှလူငယ်ပြိုင်ပွဲတွင် ပထမ၊ မာဒေးကားပြိုင်ပွဲတွင် ဒုတိယ၊ အာရှဖလားပြိုင်ပွဲ တွင် ဒုတိယ၊ ၁၉၆၉ ခုနှစ်၌ အာရှလူငယ်ပြိုင်ပွဲတွင် ပူးတွဲပထမ (+ထိုင်း)၊ မာဒေးကားပြိုင်ပွဲတွင် တတိယ၊ အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲတွင် ပထမ၊ ၁၉၇၀ ပြည့်နှစ်၌ အာရှလူငယ်ပြိုင်ပွဲတွင် ပထမ၊ မာဒေးကားပြိုင်ပွဲတွင် ဒုတိယ၊ အာရှ အားကစားပြိုင်ပွဲတွင် ပူးတွဲပထမ (+တောင်ကိုရီး ယား)၊ ၁၉၇၁ ခုနှစ်၌ အာရှလူငယ်ပြိုင်ပွဲတွင် တတိယ၊ မာဒေးကားပြိုင်ပွဲတွင် ပထမ၊ အရှေ့ တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲတွင် ပထမ၊ ကိုရီးယား သမ္မတဖလား (ပတ်ချုံဟီးဖလား) ပြိုင်ပွဲတွင် ပူးတွဲ | ပထမ (+တောင်ကိုရီးယား)၊ ဂျကာတာနှစ်ပတ်လည် ဖလားပြိုင်ပွဲတွင် ပူးတွဲပထမ (+တောင်ကိုရီးယား)၊ ၁၉၇၂ ခုနှစ်၌ အာရှဇုန် (၂) အိုလံပစ်ခြေစစ်ပွဲတွင် ပထမ၊ ကိုရီးယားသမ္မတ ဖလားပြိုင်ပွဲတွင် ပထမ၊ မြူးနှစ်အိုလံပစ်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆု၊ ၁၉၇၃ ခုနှစ်၌ ဂျကာတာနှစ်ပတ်လည် ဖလားပြိုင်ပွဲ တွင် ပထမ၊ မာဒေးကားပြိုင်ပွဲတွင် တတိယ၊ အရှေ့ တောင်အာရှကျွန်းဆွယ်ပြိုင်ပွဲတွင် ပထမ၊ ကိုရီးယား သမ္မတဖလားပြိုင်ပွဲတွင် ပူးတွဲပထမ (+ခမာ)၊ ထိုင်းဘုရင့်ဖလားပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုများ ကို ဆွတ်ခူးရရှိခဲ့ပြီး မြန်မာ့ဘောလုံး ရွှေခေတ် တစ်ခေတ်ကို ထူထောင်ခဲ့ကြလေသည်။ မြန်မာဘောလုံးအသင်း၏ ငါးကြိမ်ဆက် အရှေ့တောင်အာရှကျွန်းဆွယ် ချန်ပီယံ (၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁၊ ၁၉၇၃) စံချိန်ကို နောက်ပိုင်း ကာလများတွင် အိမ်နီးချင်းထိုင်းလက်ရွေးစင် ဘောလုံးအသင်းက ကျော်ဖြတ် စံချိန်ချိုးနိုင်ခဲ့ပါ သော်လည်း ၁၉၆၆ ခုနှစ် အာရှအားကစားပြိုင်ပွဲ ပထမ၊ ၁၉၇၀ အာရှအားကစားပြိုင်ပွဲ ပူးတွဲပထမ (+ တောင်ကိုရီးယား)၊ ၁၉၆၈ ခုနှစ် အာရှဖလားပြိုင်ပွဲ ဒုတိယနှင့် ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်ပြိုင်ပွဲ | အသန့်ရှင်းဆုံးဆုတံဆိပ် စံချိန်တို့ကိုမူ ပြိုင်ဘက် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများမှ လက်ရွေးစင်အသင်းများသည် ယခုတိုင် အိပ်မက်ပင် မမက်နိုင်ခဲ့သေးချေ။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက် အာရှအိုလံပစ် အားကစား ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းသည် တောင်ကိုရီးယားကို တစ်ဂိုး- ဂိုးမရှိ၊ အိမ်ရှင် ထိုင်း နှင့် တစ်ဂိုးစီသရေ၊ အင်ဒိုနီးရှားနှင့် နှစ်ဂိုးစီသရေ၊ အီရန်ကို တစ်ဂိုး- ဂိုးမရှိ၊ စင်ကာပူကို နှစ်ဂိုး- ဂိုးမရှိ ဖြင့်နိုင်ပြီး ဖိုင်နယ်၌ အီရန်ကို တစ်ဂိုး- ဂိုးမရှိဖြင့် ထပ်မံအနိုင်ယူကာ ဗွေဆော်ဦး အာရှအိုလံပစ်ချန်ပီယံ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ၁၉၆၈ ခုနှစ် မေလတွင် အီရန်နိုင်ငံ၌ ကျင်းပ သည့် စတုတ္ထအကြိမ်မြောက် အာရှဖလားဘောလုံး ပြိုင်ပွဲတွင်မူ မြန်မာဘောလုံးအသင်းသည် အိမ်ရှင် အသင်း၏ ညစ်ပတ်မှုကြောင့် မတရားရှုံးနိမ့်ခဲ့ရပြီး ဒုတိယဖြင့်သာ ကျေနပ်လိုက်ရသည်။ ရေပန်းစားခဲ့ သို့သော် ပွဲစဉ်အားလုံး၌ ဗဟာဒူးခြေစွမ်းပြနိုင်၍ အီရန်နိုင်ငံ တီဟီရန်မြို့တော်၌ “ဆွတ်ဗဟာဒူး” ဟူသည့် အမည်သည် လူတိုင်းပါးစပ်ဖျား၌ ရေပန်း စားခဲ့သည်။ လမ်းသွားလျှင် “ဆွတ်ဗဟာဒူး ဘယ်သူ လဲ”ဟူ၍ မေးမြန်းကြသည်။ ဗဟာဒူးကို သိမြင်တွေ့ ရလျှင် အော်တိုဝိုင်း၍ရေးခိုင်းခြင်း၊ လက်မှတ်ထိုးခိုင်း ခြင်း၊ ဓာတ်ပုံအတူတွဲရိုက်ခြင်းများ ပြုလုပ်ကြပြီးလျှင် အိုင်စကရင်နှင့် အအေးများလည်း တိုက်ကျွေးကြ သည်။ အီရန်အာရှဖလားဘောလုံးပြိုင်ပွဲဝင် နိုင်ငံ အားလုံးမှ ဘောလုံးအဖွဲ့ဝင်များသည် ဗဟာဒူးကို လေးစားကြပြီး ဗဟာဒူးသာ အကောင်းဆုံးဟူ၍ မှတ်ချက်ချခဲ့ကြသည်။ ဗဟာဒူးသည် မြန်မာ့ဘောလုံးလောကတွင် သာမက အာရှဘောလုံးလောက၌ပါ စံပြကစား သမားတစ်ဦး ဖြစ်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် အာရှ လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဗဟာဒူး သည် ၁၉၅၃ ခုနှစ်မှ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံ့ကိုယ်စားပြု နိုင်ငံတကာပွဲပေါင်း ၁၅၂ပွဲ ပါဝင် | ကစားခဲ့သူ မြန်မာ့အား ကစားလူရည်ချွန်တစ်ဦး ဖြစ်သည်။ ဗဟာဒူးသည် မြန်မာ့ဘောလုံးလောကတွင် သာမက အာရှဘောလုံးလောက၌ပါ စံပြကစား သမားတစ်ဦး ဖြစ်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် အာရှ -လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဗဟာဒူး သည် ၁၉၅၃ ခုနှစ်မှ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံ့ကိုယ်စားပြု နိုင်ငံတကာပွဲပေါင်း ၁၅၂ ပွဲ ပါဝင် ကစားခဲ့သူ မြန်မာ့အား ကစားလူရည်ချွန်တစ်ဦး ဖြစ်သည်။ ဗဟာဒူးနည်းတူ အာရှလက်ရွေးစင်ဂိုးသမား တင်အောင်သည်လည်း အထူးကျော်ကြားသည်။ ၁၉၇၀ ပြည့်နှစ် ဆဋ္ဌမအကြိမ်မြောက် အာရှအိုလံပစ် အားကစားပြိုင်ပွဲတွင်အာရှ၏အကောင်းဆုံးဂိုးသမား အဖြစ် အစွမ်းပြကစား ခဲ့ပြီး မြန်မာဘောလုံးအသင်း အတွက် ဒုတိယမြောက် အာရှအိုလံပစ် ချန်ပီယံ ရွှေတံဆိပ်ဆုကို ရယူဆွတ်ခူးပေးခဲ့သည်။ ဂိုးတင်အောင်သည် ခေါင်းအေးအေးဖြင့် ကာကွယ်နိုင်မှု၊ ပြာလောင်လောကြီးမှုမရှိဘဲ ကာကွယ်နိုင်မှု၊ နေရာယူမှန်မှုတို့တွင် ကျော်ကြား သည်။ အာရှလက်ရွေးစင် ဘောလုံးအသင်းနှင့်အတူ ထိုစဉ်က အင်္ဂလန် ပထမတန်းကလပ်အသင်းများ ဖြစ်ကြသည့် လီဆက်စတာ၊ ဆောက်သမ်တန် အသင်းတို့နှင့် မလေးရှားနိုင်ငံ၌ ခြေစမ်းကစား ခဲ့စဉ်က လီဆက်စတာအသင်း မန်နေဂျာက “တင်အောင်သည် ဥရောပအဆင့်မီသူ ဖြစ်သည်။ အင်္ဂလန်ပထမတန်း၌လည်း ကစားနိုင်သူဖြစ်သည်။ အင်္ဂလန်သို့ လာလိုလျှင် မိမိတို့အသင်းမှခေါ်ယူလိုပါ သည်”ဟု မလေးရှား သတင်းစာမလေးမေးလ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အင်္ဂလန်ဆောက်သမ်တန်အသင်း ရှေ့တန်း | တိုက်စစ်မှူးတစ်ဦးလည်းဖြစ်သူ၊ ၁၉၆၆ ခုနှစ် အင်္ဂလန်ပထမတန်း အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံးဂိုးသွင်းဘုရင်လည်းဖြစ်သူ ဂျွန် ဒေးဗစ်က လည်း “တင်အောင်သည် အလွန်ဂိုးသွင်း ရခက်သည့် ဂိုးသမား ဖြစ်သည်။ သူ့အကဲကို ခတ်မရနိုင်အောင် ကြုံတွေ့ခဲ့ရသည်”ဟု ထုတ်ဖော် ပြောဆိုခဲ့လေသည်။ အာရှလက်ရွေးစင် ခင်မောင်ထွန်း (ဂိုး)နှင့် နောက်တန်းခံစစ်မှူး မောင်မောင်တို့သည်လည်း မလေးရှားဘောလုံး ပရိသတ်များ၏ အသည်းစွဲ ဖြစ်ခဲ့လေသည်။ အေးမောင်ကြီး၊ အေးမောင်လေးတို့၏ အလယ်တန်းအတွဲကိုမူ နိုင်ငံခြားစာစောင်များက Fantastic Ball Control ဟူ၍ ချီးမွမ်းရေးသားခဲ့ကြ၏။ ငါးကြိမ်ဆက် ကျွန်းဆွယ်ပြိုင်ပွဲ ချန်ပီယံ မြန်မာဘောလုံးအသင်းတွင် ဂိုး - တင်အောင်၊ နောက်တန်းခံစစ်မှူးများဖြစ်ကြသည့် မောင်မောင် တင်၊ မောင်မောင်မြင့်၊ ကျော်သောင်း၊ တင်ဟန်၊ အလယ်တန်းတွင် မျိုးဝင်းညွန့်၊ အေးမောင်ကြီး၊ အေးမောင်လေး၊ ရှေ့တန်းတိုက်စစ်မှူးများဖြစ်ကြ သည့် ဘပု၊ လှဌေး၊ ရဲညွန့်၊ တင်အောင်မိုးနှင့် ဝင်းမောင်တို့ အများဆုံးပါဝင်ကစားခဲ့ကြသည်။ နိုင်ငံအလိုက်ပါ ဗိုလ်စွဲ မြန်မာနိုင်ငံက ဒုတိယအကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပခဲ့သည့် ၁၉၆၉ ခုနှစ် ပဉ္စမ အကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာ ဘောလုံးအသင်း၏ ချန်ပီယံရွှေတံဆိပ်ဆု အပါ အဝင် မြန်မာအားကစားအဖွဲ့သည် ရွှေ ၅၇ ခု၊ ငွေ ၄၆ ခု၊ ကြေး ၄၃ ခုတို့ဖြင့် နိုင်ငံအလိုက်ပါ ဗိုလ်စွဲ ခဲ့ရာ အောင်ပွဲရမြန်မာအားကစားအဖွဲ့ဝင်များအား တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း နှင့် ဇနီးတို့က အစိုးရဧည့်ဂေဟာ၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြန်မာအားကစား မောင်မယ်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။ ရွှေတံဆိပ်ဆုရှင်များ ဖြစ်ကြ သည့် ဂျင်မီနှင့် မခင်ပုတို့ကလည်း ဆုရတံဆိပ် များကို ဗိုလ်ချုပ်ကြီးနေဝင်းအား အမှတ်တရ ပေးအပ်ခဲ့လေသည်။ ထိုကဲ့သို့ မြန်မာဘောလုံးအသင်းသည် ဒေသတွင်း အရှေ့တောင်အာရှကျွန်းဆွယ်နှင့် အာရှအဆင့်တွင် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားကာ ရွှေခေတ်တစ်ခေတ်ကို ထူထောင်နိုင် ခဲ့သော်ငြား ရွှေခေတ်မြန်မာ့လက်ရွေးစင်ဘောလုံး သမားကြီးများအား နိုင်ငံတော်က ထိုခေတ်အခြေ အနေအရ ရေဒီယို၊ အပ်ချုပ်စက်၊ စက်ဘီး စသည့် အသုံးအဆောင်ပစ္စည်းများကိုသာ ဂုဏ်ပြုချီးမြှင့် နိုင်ခဲ့ပါသည်။ သို့တစေ ရွှေခေတ်ဘောလုံးသမားကြီးများ သည်နိုင်ငံချစ်စိတ်ကို အရင်းတည်ကာ ပြိုင်ပွဲမဆို ထားဘိ၊ ခြေစမ်းပွဲများတွင်ပါ အရိုးကျေကျေ အရေ ခန်းခန်း ဇွဲလုံ့လဝီရိယအပြည့်ဖြင့် အသည်းပေါက် မတတ် ကစားခဲ့ကြပါ၏။ ၁၉၆၄ ခုနှစ် ဇန်နဝါရီလက ရန်ကုန်မြို့တွင် ခြေစမ်းပွဲလာရောက်ကစားခဲ့သည့် ချက်ကိုစလို ဗက်ကီးယားမှ ဒူကလာပရာဟာ ကလပ်အသင်း ကြီးနှင့် ခြေစမ်းပွဲတတိယပွဲစဉ်တွင် ချက်နောက်ခံ လူနှစ်ဦးကို လိမ်ခေါက်ပြီး ချက်ဂိုးစည်းအတွင်းသို့ ဘောလုံးဆွဲယူလာသော လှဌေးကို ချက်လက်ရွေး စင် ပလွတ်စ်စကားက ပြေးဝင်ပြီး အပိုင်ကန်ခဲ့ရာ လှဌေးသည် ပုံလျက်လဲကျသွားရာမှ ပြန်မထနိုင် တော့၍ ထမ်းစင်ဖြင့် ထမ်းထုတ်ခဲ့ရလေသည်။ လှဌေးသည် ချက်နောက်တန်းကို ထိုးဖောက် မွှေနှောက်ကစားနေသူဖြစ်၍ ယခုကဲ့သို့ လူချခံခဲ့ရ ခြင်းဖြစ်သည်။ ထိုဒူးဒဏ်ရာကြောင့် လှဌေးသည် ၁၉၆၄ ခုနှစ်တစ်နှစ်လုံး အနားယူခဲ့ရလေသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အနာခံ၍ ဝင်ကစားပေးခဲ့ ၁၉၇၁ ခုနှစ် ဆဋ္ဌမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲ တွင် တင်အောင်မိုးသည် ခြေထောက်ဒဏ်ရာ ရရှိနေသည့်ကြားမှ ထိုင်းနှင့် အကြိုဗိုလ်လုပွဲတွင် ၁၅ မိနစ်ခန့် ဝင်ကစားပေးခဲ့သည်။ ဗိုလ်လုပွဲတွင်မူ မကစားနိုင်တော့။ ရန်ကုန်ရောက်မှ ဓာတ်မှန် ရိုက်ကြည့်ရာ ခြေထောက်ကျိုးနေသည်ကို သိရ သည်။ ထိုင်းနှင့် အကြိုဗိုလ်လုပွဲပွဲစဉ်တွင် ခြေကျိုး နေသည့်ကြားက တိုင်းပြည်နှင့် လူမျိုးအတွက် အနာခံ၍ ဝင်ကစားပေးခဲ့ခြင်း ဖြစ်လေသည်။ ထိုကဲ့သို့ တိုင်းချစ်ပြည်ချစ်စိတ်အပြည့်ဖြင့် မြန်မာဘောလုံး ရွှေခေတ်တစ်ခေတ်ကို ထုဆစ် ပေးခဲ့ကြပါသော ရွှေခေတ်မြန်မာ့လက်ရွေးစင် ဘောလုံးသမားကြီးများ၏ ဘဝနေဝင်ဆည်းဆာ အချိန်ကို စေ့ငုလေ့လာကြည့်လျှင်မူ ၂၀၀၉ ခုနှစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီခေတ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံး ပြိုင်ပွဲမှတစ်ဆင့် ပေါက်ဖွားလာခဲ့သော ပစ္စက္ခမြန်မာ ဘောလုံးသမားတို့၏ဘဝသို့နှယ် ရွှေရောင် မတောက်ပခဲ့ကြပါ။ အချို့ဆိုလျှင် ဆင်းရဲချို့တဲ့စွာ ဘဝကို နိဂုံးကမ္ပတ်ချုပ်ငြိမ်းသွားခဲ့ကြရရှာသည်။ သူတို့၏ချမ်းသာမှုသည် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်များသာ ဖြစ်လေသည်။ သူတို့ ကျင်လည် ရာဘဝသည် ဘောလုံးလောကသာ ဖြစ်လေသည်။ သူတို့သည် ဘဝကို ဘောလုံးအားကစား၌သာ နှစ်မြှုပ်ထားကြသည်။ သေသည့်တိုင် ဘောလုံး အားကစားကို မြတ်မြတ်နိုးနိုး ဖက်တွယ်ထားခဲ့ကြ လေ၏။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအပေါ် လည်း သံယောဇဉ်ကြီးကြသည်။ ၁၉၉၅-၉၆ ခုနှစ်ခန့်က အာရှလက်ရွေးစင် မြန်မာ့လက်ရွေးစင် ဂန္တဝင်ဘောလုံးသမားကြီး ဗဟာဒူးသည် “ကိုယ်ကစားခဲ့တဲ့ပွဲကို ပြန်ပြီးတွေးနေ ရမယ်၊ ရှုံးလာတဲ့ပွဲမှာ ငါဘာတွေမှားခဲ့သလဲ။ ငါ့ကစား ဖက်တွေ ဘာတွေမှားသလဲ။ ဒါကို တစိမ့်စိမ့်တွေးပြီး ဝမ်းနည်းခံစားနေရမယ်။ အခုဘောလုံးသမားတွေ ကြည့်ရတာ ဘာမှခံစားမှု မရှိသလိုပဲ” ဟု ပြောသည်။ အာရှလက်ရွေးစင် မြန်မာ့လက်ရွေးစင် နောက်တန်းခံစစ်မှူး မောင်မောင်ကမူ “ဘောလုံး အသင်းတစ်သင်းဟာ ပြိုင်ပွဲဝင် စိတ်ဓာတ်အပြည့် ရှိဖို့လိုတယ်။ အဲဒါကိုမှ အချင်းချင်းရဲဘော်စိတ် ထားပြီး ကူညီဖေးမကစားမှုနဲ့ ပေါင်းစပ်လိုက်ရင် အောင်ပွဲရဖို့ အခြေအနေကောင်းတွေ ဖြစ်ပေါ် လာမယ်”ဟု ဆိုခဲ့ဖူးသည်။ သို့သော် ... သို့သော် ... မနေ့တစ်နေ့က အိမ်ရှင် ဂျပန်လက်ရွေးစင်အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းသည် ဂျပန်အသင်းကို ၁၀ ဂိုးပြတ် မရှုမလှ အရှက်တကွဲအကျိုးနည်း ရှုံးနိမ့်ခဲ့ရုံမက မြန်မာ နိုင်ငံတော်သီချင်းကိုပင် မဆိုကြတော့ပါလား။ ပြန်ပြောင်းသတိရ ထိုသောအခါ ကျွန်တော်တို့သည် မြန်မာ့ ဘောလုံးရွှေခေတ်တွင် နိုင်ငံချစ်စိတ်တစ်ခုတည်းဖြင့် ရိုးသားကြိုးစားစွာ နိုင်ငံ့ဂုဏ်မြှင့်တင်ပေးခဲ့ကြ ပါသော မြန်မာ့လက်ရွေးစင် ရွှေခေတ်ဘောလုံး သမားကြီးများကို ပြန်ပြောင်းသတိရလာမိသည်။ တစ်ဆက်တည်းမှာပင်ရွှေခေတ်ကာလအတွင်း က အဝတ်လဲခန်းတွင် ဟိန်းနေအောင် မြန်မာ့ လက်ရွေးစင် ဘောလုံးသမားများ သံပြိုင်သီဆိုလေ့ ရှိသည့် “ကမ္ဘာမှာ ဗမာသည် ထင်ရှားလို့သာလာပြီ၊ တို့ဗမာရဲ့ အားကစားသည် ထိပ်တန်းသို့ ရောက်ပြီ။ အနိုင်မခံ အရှုံးမပေး၊ ဒို့အင်အားရှိ သရွေ့ ... ဒို့ကြိုးစားကြသည်။ အောင်ရမည်။ အောင်ရမည်၊ ဒို့ဗမာတွေ အဆင့်ဆင့်အောင်ရမည်” ဆိုသော “အောင်ရမည်”သီချင်းနှင့် ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးရရှိသည့်အခါတိုင်း ပြိုင်ပွဲ ကျင်းပရေးကော်မတီက ဂုဏ်ပြုတီးမှုတ်ထုတ်လွှင့် ပေးပါသော နိုင်ငံတော်သီချင်းကို လွမ်းဆွတ် တမ်းတလာမိသည်။ ။ ရွှေခေတ်မြန်မာ ဘောလုံးအသင်းနှင့် လက်ရွေးစင်ဘောလုံးသမားများ၊ တာဝန်ရှိသူများ သည် နိုင်ငံတော်သီချင်းကို အသက်နှင့်ထပ်တူ အလေးအမြတ်ပြုတန်ဖိုးထားခဲ့ကြပါသည်။ ။ ၁၉၇၁ ခုနှစ် မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းသည် အိမ်ရှင်မလေးရှား အသင်းကို အနိုင်ရဗိုလ်စွဲခဲ့၍ ပိတ်ပွဲအစီအစဉ်အရ ကိုယ့်အမျိုးသားနိုင်ငံတော်သီချင်း တီးမှုတ်ထုတ်လွှင့် ပေးမှုအပေါ် အထူးမျှော်လင့်စောင့်ဆိုင်းနေခဲ့ပါ သော်လည်း ဆုပေးပွဲကျင်းပရေးကော်မတီက မေ့သွား၍ဟုဆိုကာ မတီးမှုတ်ခဲ့၍ မြန်မာဘောလုံး သမားများ အတော်မကျေမနပ်ဖြစ်ခဲ့ကြသည်။ ထိုစဉ်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဂွမ်ရှိန်ကို မလေးရှားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဟာရွန်က တောင်းပန် လေမှ မြန်မာဘောလုံးသမားများသည် စိတ်ပြေ ကြရလေသည်။ ပစ္စက္ခတွင် နေရစ်တော့ ရွှေခေတ်ဟုသာ ဝမ်းနည်းစကား ဆိုရပါတော့မည်။ ကိုးကား- မောင်ရဲဝင်း၏ မြန်မာ့အားကစား လူရည်ချွန်များ၊ လေဟုန်ခွင်း၍ အောင်ပွဲဆင်