Skip to main content

အပြုံးမပျက် အမုန်းမဖက်ဘဲ ကျောင်းတက်ကြရအောင် ကိုသံချောင်း - မစာဥ တစ်ခန်းရပ် စကားပြောခန်း (၁၆)

“ခေါင်းလောင်းသံ။ တညံညံပေး...ရွာကျောင်းကို... သတိရနေတယ် သူငယ်ချင်းရေ..တို့များ ငယ်ငယ် တုန်းက ရွာအဝင်လမ်းဆီကလေ.. လက်ချင်းချိတ် ကာ.. ပြေးကာလွှား..” သီချင်းဆိုသည်ကို ရပ်၍ မစာဥက ကိုသံချောင်းအား ... “မပြောမဆိုအနားရောက်လာတာလန့်လိုက် တာရှင့်။ အခုအချိန်က ရှေ့ပြောနောက်ကြည့် အခြေအနေဆိုတော့ သီချင်းတောင် လွတ်လွတ် လပ်လပ် မဆိုရဲဘူးရှင်ရေ.. ကဲပြောပါဦး ဘာကိစ္စ လဲ.." “ဘာကိစ္စမှမရှိပါဘူးဗျာ။ ခင်ဗျားသီချင်း သံလေးကြားမိရင်း မေးစရာလေးရှိလို့ လာခဲ့တာပါ ခင်ဗျ။ ရွာကျောင်းက ခေါင်းလောင်းသံကိုလွမ်းရင်း ငယ်ချစ်ကိုများ သတိရနေသလားလို့ပါ” ကိုသံချောင်း၏ စကားကြောင့် မစာဥ မျက်နှာပေါ်တွင် ရှက်သွေးများဖြာသွားသည်ဟု ထင်မြင်မိပါသလား။ လားလားမှ မဟုတ်ပါ။ မဲ့ကာ ရွဲ့ကာဖြင့်ပင် ... “ငယ်ချစ်လည်း မရှိ၊ ကြီးချစ်လည်း မရှိတဲ့ ရေမရောတဲ့ အပျိုကြီးရှင့်။ အခုဆိုနေတာလည်း ကိုယ့်အတွက်မဟုတ်ပါဘူး။ အိမ်မှာ အိပ်လိုက် စားလိုက်၊ ဆန္ဒပြေးပြလိုက်လုပ်နေတဲ့ တူမ နှစ်ယောက်ကိုကြည့်ပြီး စိတ်ပျက်ပျက်နဲ့ သီချင်း ဆိုနေတာပါရှင့်” ။ “ကျောင်းတွေက ဖွင့်နေပြီ မဟုတ်လားဗျ။ ခင်ဗျားတူမတွေက တက္ကသိုလ်တက်တဲ့ အရွယ် တွေမဟုတ်ဘူးလား။ ကျောင်းပြန်မတက်ကြသေး ဘူးလား” “တက္ကသိုလ်ကတက်လက်စနဲ့ ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ထားတာ အခုတိုင်းရေး ပြည်ရေး မငြိမ်တော့ ဖွင့်တယ်ဆိုပေမယ့်လည်း ကျောင်း မသွားကြဘူးရှင့်” ။ “ကောင်းရောဗျာ။ ဒါဖြင့် ခင်ဗျားတူမတွေက ကျောင်းမတက်ကြတော့ဘူးပေါ့။ သူတို့လိုချင်တဲ့ အစိုးရပြန်အုပ်ချုပ်မှ ကျောင်းတက်မယ်ပေါ့.. အဲဒီ လိုလား” “အမှန်ပဲရှင်။ ဝန်ထမ်းတွေက CDM လုပ်သလို ကျောင်းသားတွေကလည်း CDM သဘောပေါ့ရှင်။ ကျောင်းမတက်ကြဘူး။ စစ်ကျွန် ပညာရေးဆိုလားပြောနေကြတာပဲ။ ဒီမိုကရေစီ စစ်စစ်ရသွားပြီးရင် ကျောင်းတွေမှာ အဆင့်မြင့် ပညာရေးတွေ ဖြစ်လာမှာ။ အဲဒီအခါကျ ပညာရေး တင်မဟုတ်ဘူး လူမျိုးရေး၊ ဘာသာရေးတွေလည်း ဖြေရှင်းလို့ ရသွားပြီရှင့်။ ဒီမိုကရေစီစစ်ရင် လူ့အခွင့်အရေးဆိုတာလည်း အပြည့်ရမှာ။ ကြားဖူးတယ် မဟုတ်လား ကျောင်းမတက်နဲ့ ကျောင်းထွက်ကြ”ဆိုတဲ့ အသံတွေလေ။ အဲဒါ ကြောင့် အခုကျောင်းမတက်သေးဘူး” အကျိုးကျေးဇူးက ဘယ်သူရမှာလဲ “အမယ်လေး... မဟာအတွေးအခေါ် ပညာ ရှင်ကြီးပါပဲဗျာ။ ဘာတဲ့... ကျောင်းမတက်နဲ့တဲ့လား ဗျာ။ ကျောင်းတက်တော့ အကျိုးကျေးဇူးက ဘယ်သူရမှာလဲဗျ။ ကျောင်းတက်မှ စာတတ်မှာ ပေါ့။ စာတတ်မှ အကောင်းအဆိုး၊ အကြောင်း အကျိုးကို ဝေဖန်ပိုင်း ခြားနိုင်မှာပေါ့ဗျာ။ ပညာ မတတ်စေချင်တဲ့အတွေးအခေါ်တွေက ဘယ်လိုများ ကြီးကျယ်မ ြင့်မြတ်တဲ့ နိုင်ငံရေးလဲဗျာ။ မကြားဖူး ပါဘူး။ စာမတတ်၊ ပေမတတ်နဲ့ တိုင်းပြည်ကြီးကို ဘယ်လို ကာကွယ်ကြမှာတုံးဗျ။ ခင်ဗျားတို့ဟာက ဝန်ထမ်းတွေကျတော့ အလုပ်မသွားနဲ့၊ ဆရာဝန်က ဆေးမကုနဲ့၊ အင်ဂျင်နီယာက စက်မှုအလုပ်မလုပ်နဲ့၊ ဆရာက စာမသင်နဲ့၊ တပည့်က ကျောင်းမတက်နဲ့ ဆိုတော့ကာ တိုင်းပြည်ဖျက်ကြမယ်ဟေ့ဆိုပြီးများ ရည်မှန်းချက်ထားပြီး လုပ်နေသလားမှတ်ရတယ်” “လက်ရှိအချိန်က မလုံခြုံဘူးရှင့်၊ လက်လုပ် မိုင်းတွေ၊ ဗုံးတွေကလည်း ပေါက်နေတာ။ ကျွန်မ တူမတွေ ကျောင်းသွားရင်း ဗုံးဆန်မှန်တော့ ရှင်က တာဝန်ယူမှာလား။ အန္တရာယ်ရှိတယ်ရှင့်။ အခု လည်း ဗုံးတွေ၊ မိုင်းတွေပစ်တာ တပ်ကနေ တစ်ဖက် လှည့်နဲ့ ပြည်သူတွေလုပ်သယောင် သူတို့ပဲ ပြန်ပစ်နေ တာတဲ့။ အဲဒီလိုအနေအထားနဲ့ ကျွန်မတို့က ကလေး တွေကို ဘယ်လိုလုပ် ကျောင်းထားလို့ရမလဲ။ ကျောင်းတွေဖွင့်ဖို့က ကိုဗစ်ကာကွယ်ရေး အစီအမံ တွေ လိုသလို ဘေးကင်းလုံခြုံမှုရှိဖို့လည်း အရေးကြီး တယ် မဟုတ်လား” သတင်းစာရှင်းလင်းပွဲက သုံးလအတွင်း လေးကြိမ် “အခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲက သုံးလတာအတွင်း လေးကြိမ် ပြီးသွားပြီ။ အပတ်စဉ်မှာလည်း အွန်လိုင်း ကနေ ဗီဒီယိုကွန်ဖရင့်နဲ့ သတင်းစာရှင်းလင်းပွဲတွေ ခဏခဏ လုပ်နေတာ ခင်ဗျားမကြည့်ဘဲကိုး အပျိုကြီးရဲ့။ ဘယ်လိုစီမံဆောင်ရွက်နေသလဲဆိုတာသိချင်ရင် သတင်းစာဝယ်ဖတ်ပါ။ တက္ကသိုလ်တွေနဲ့ ( အခြေခံပညာကျောင်းတွေကို လုံခြုံမှုရှိအောင် အတတ် နိုင်ဆုံး ဆောင်ရွက်နေတယ်။ တစ်ဖက်မှာလည်း ခင်ဗျားတို့၊ ကျွန်တော်တို့လို ပြည်သူတွေက လည်း ပူးပေါင်းဖို့လိုတာပေါ့ဗျာ။ ကျောင်းပတ်ဝန်း ကျင်မှာ မသင်္ကာစရာတွေ့တာနဲ့ သတင်းပို့၊ အန္တရာယ် ဘေးကင်းအောင် ဝိုင်းဝန်းကြည့်ရှု စောင့် ရှောက်ရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပညာ မတတ်လို့တော့ မဖြစ်ဘူးဗျ။ ကျောင်းပိတ်တယ် ဆိုတာလည်း တစ်နှစ်သာကောင်းမှာပေါ့။ ကလေးတွေ ကိုဗစ်ကြောင့် တစ်နှစ်ပိတ်ထားခဲ့ရပြီးပြီလေ စေဗျာ” ဗျာ။ တော်သင့်ပါပြီ။ ကလေးတွေ စာသင်ကြပါ “ဒါနဲ့ ကျောင်းတွေကရော ဖွင့်ရဲ့ လားရှင့်။ ကျောင်းသားကောရှိရဲ့လား။ သင်ပေးမယ့် ဆရာက ရော လုံလောက်ရဲ့လား” “ဆရာတွေလည်း တဖွဲဖွဲပြန်လာနေကြပါပြီ မစာဥရယ်။ ကျောင်းသားတွေဘက်၊ မိဘတွေ ဘက်ကလည်း ကလေးအတန်းနောက်ကျမှာစိုး တော့ ကျောင်းကို ကြပ်ကြပ်မတ်မတ် ပို့ကြတော့ တာပေါ့။ လာမယ့်ဇွန်လဆိုရင် အခြေခံပညာကျောင်း တွေလည်း ဖွင့်ကြတော့မယ်ဗျ။ ခင်ဗျားဆိုတဲ့ သီချင်းလို ခေါင်းလောင်းသံ တညံညံပေးနေကြ ပြီလေ။ ယုံယုံကြည်ကြည်နဲ့ ကျောင်းတက်ဖို့တော့ လိုတာပေါ့ဗျာ။ မဟုတ်ရင် ကလေးတွေ အသက် တစ်နှစ်ကြီးပြီး အတန်းကတစ်တန်း ငယ်နေလိမ့် မယ်ဗျ” “ဒါလည်း ဟုတ်တာပါပဲ။ ရွယ်တူသူငယ်ချင်း တွေက ကျောင်းတစ်တန်းပြီးသွားတဲ့ အခါကျမှ ကျောင်းတက်ရရင် ကလေးတွေ နစ်နာတာပေါ့။ တိုင်းရေးပြည်ရေးမှာ စာသင်တဲ့ကလေးတွေက မြေစာပင်မှ မဟုတ်တာပဲနော်..” “အမှန်ပါပဲ မစာဥရယ်။ ကလေးတွေဟာ လွတ်လွတ်လပ်လပ် စာသင်ကြရမယ့် အရွယ်တွေ ပါ။ သူတို့အတွက်ဘေးကင်းလုံခြုံမှုရှိရှိနဲ့ အေးအေး ချမ်းချမ်း ပညာသင်ကြားကြဖို့ ကျွန်တော်တို့၊ ခင်ဗျားတို့ ပြည်သူတွေက ဝိုင်းဝန်းကူညီပေးကြ ရမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲဗျာ။ ခင်ဗျားလည်း ၈၈ ခုနှစ်တုန်းက အရေးအခင်းကို မီတယ်မဟုတ်လား။ အတန်းတစ်နှစ်နောက်ကျတဲ့ အတွက် ထိခိုက်ကြရတယ်မဟုတ်လား။ ဆရာမ တစ်ဦးပြောတာကြားမိတယ်။ ရှစ်တန်းသာရှိသေး တဲ့ကျောင်းသားကျောင်းသူတွေကျောင်းစာလည်း မသင်ရတော့ ကူလီဝင်ထမ်းတဲ့သူနဲ့၊ အိမ်ထောင် ရက်သားကျတဲ့သူနဲ့၊ ဆန္ဒပြပွဲတွေသွားလို့ အဖမ်း အဆီးခံရတဲ့သူနဲ့၊ အရွယ်မရောက်သေးဘဲ လမ်းမှားတွေ ရောက်ကုန်တာပေါ့ဗျာ။ သူတို့ ဆရာမကတော့ စိတ်တွေမကောင်း ဖြစ်နေတာ ပေါ့။ ကျောင်းတွေ ဖွင့်တဲ့အခါသူ့တပည့်လေးတွေ စုံစုံညီညီနဲ့ မြင်ချင်ရှာမှာပေါ့ဗျာ” “ဒါဆိုရင်တော့ ကျွန်မတူမတွေ ကျောင်း မြန်မြန်ပို့မှဖြစ်တော့မယ်။ တော်ကြာ အပျိုပေါက် ကလေးတွေ ရေတိမ်နစ်သွားမှဖြင့် ကျွန်မတို့ အုပ်ထိန်းသူတွေပဲ ရင်ကျိုးရမှာ” “မစာဥက ကျွန်တော်နဲ့ မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူလိုက်စမ်းပါဗျ။ ခင်ဗျားအတွက်အကြံဉာဏ် ကောင်းတွေ ခရစ်တစ်ကယ်သင့်ခင်းတွေ ကျွန်တော်ပေးနိုင်ပါတယ်ဗျ။ အခုတင် ခင်ဗျား အမြင် မှန်ရသွားပြီမဟုတ်လား” ကိုယ်တိုင်လက်ခံ ယုံကြည်မှသာ “ထူးဆန်းပါရဲ့ရှင်။ရှင်ဘရိန်းဝှက်ချ်လုပ်တိုင်း ကျွန်မကခံနေမယ့်သူတော့ မဟုတ်ပါဘူးနော်။ ကျွန်မ ကလည်း ကိုယ်တိုင်လက်ခံ ယုံကြည်မှသာ လိုက်နာတဲ့သူပါ။ တူမတွေကို အခုပဲကျောင်းလိုက် အပ် တော့မယ်။ စိတ်ချရအောင် ကိုယ်တိုင်လည်း ကျောင်းပေါက်ဝ စောင့်မယ်ရှင်။ အခြေအနေ တည်ငြိမ်မှ သူတို့ဟာသူတို့ သွားပါစေပေါ့။ ဒါမှ လမ်းမှားတွေ မရောက်မှာ၊ မဟုတ်ရင်လည်း ကျွန်မတို့လူကြီးတွေက တစ်ချိန်လုံး စိတ်ပူနေကြ ရတာရှင့်။ ကျောင်းစာကို အာရုံထဲထည့်ထားရင် သူတို့အတွက် အချိန်တွေ မပိုတော့ဘူးလေ” “ကလေးတွေကျောင်းတက်မှာတော့ ဟုတ်ပါ ပြီ။ မစာဥကိုတော့ ကျွန်တော်စိတ်မချဘူးဗျ။ ခင်ဗျားကျောင်းလိုက်စောင့်မယ်ဆိုရင် ကျွန်တော် ပါ အဖော်အဖြစ် လိုက်ခဲ့ပါရစေ..” မစာဥ၏ မျက်စောင်းလှလှလေးတစ်စင်းက ကိုသံချောင်း ဘယ်ဘက်ရင်အုံသို့ စိုက်ဝင်လာ၏။ အပြုံးမပျက် အမုန်းမဖက်ဘဲ ကလေးတွေ ကျောင်းတက်ကြပါ။ ကိုသံချောင်းက မစာဥနှင့်အတူ ကျောင်းဝမှာ စောင့်ခွင့်ရချင်လှပါပြီဟုသာ။ ။ ဒေါင်