လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးနှင့် လူမှုဆိုင်ရာအရင်းအနှီး
လူမှုအရင်းအနှီး (Social Capital) ဆိုတာက သီအိုရီအရ အလွယ်ဆုံးပြောရရင် လူမှုဆက်ဆံရေး နယ်ပယ်မှာ အဓိကလိုအပ်တဲ့ လူတစ်ဦးချင်းက သိရှိလိုက်နာ ကျင့်ကြံပြုမူဖို့လိုအပ်တဲ့ အခြေခံ အချက်အလက် အကြောင်းတရားများကို ဆိုလို ပါတယ်။ Social Capital အရင်းအမြစ်များမှာ အဓိကအကျဆုံး အချက်အလက်တွေကတော့ ယုံကြည်မှု (Trust)၊ စံနှုန်းများ (Norms)၊ ရည်ရွယ် ချက်တူလို့ ပုံမှန်ဆက်ဆံမှုပြုကြရတဲ့ အဖွဲ့အစည်း များရဲ့ ကွန်ရက်များ (networks of association representing any group which gathers consis tently for a common purpose) စတာတွေ ဖြစ် ပါတယ်။
Social Capital အမြင့်မားဆုံးဖြစ်ဖို့ တစ်ခုနဲ့ တစ်ခု အပြန်အလှန်ဆက်စပ်နေတဲ့ အကြောင်း ခြင်းရာတွေကတော့ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံ ရေးအင်စတီကျူးရှင်းတွေအပေါ် စိတ်ချယုံကြည် 330:00:0 ( confidence in political institutions (Brehm and Rahn, 1997)] စတာတွေ ဖြစ်ပါ တယ်။ Social Capital နိမ့်ကျခြင်းဆိုတဲ့အချက်က | Social Capital သီအိုရီတွေထွက်ပေါ်လာရခြင်းရဲ့ အရင်းအမြစ်လို့ ဆိုပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေ တုန်းက အမေရိကန်ပြည်ထောင်စုမှာ Social capitalအကြီးအကျယ် နိမ့်ကျခဲ့ဖူးပါတယ်။ ဒီလို ဖြစ်ခဲ့ရခြင်းရဲ့ အဓိကအကြောင်းရင်းက တယ်လီ ဗီးရှင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ။
အခုအခါမှာ အဆင့်မြင့်သတင်းအချက်အလက် နည်းပညာ (IT)က တစ်ကမ္ဘာလုံး (နီးပါး) ဆီကို ပျံ့နှံ့ထိုးဖောက်ဝင်ရောက်နေတာ ဖြစ်ပါတယ်။
ပညာရှင်တွေက ယူဆ IT ဆိုတာက အသွားနှစ်ဖက်ပါတဲ့ ဓားလိုပါ ပဲတဲ့။ လူ့အဖွဲ့အစည်းကို ကောင်းကျိုးရော ဆိုးကျိုး ပါပေးနိုင်ပါတယ်။ IT ကြောင့် လူသားတွေ၊ လူ့အဖွဲ့ အစည်းတွေ၊ နိုင်ငံတွေ ပိုမိုနီးကပ်သွားကြပါတယ်။ ကမ္ဘာရွာလို့ ပြောဆိုလာကြရတာက အဓိက IT
ကြောင့် ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း IT ကြောင့် လူတွေ တစ်သီးပုဂ္ဂလ ပိုဆန်လာကြပါတယ်။ ဒီအခြေအနေကြောင့် IT ဟာ လူမှုဆိုင်ရာစံနှုန်း (Social Norms)coze Social Capital o ca ořešosqošao:cqosušicę Kiesler, Siegel o တဲ့ ပညာရှင်တွေက ယူဆပြောဆိုခဲ့ကြပါတယ်။
Social Capitalနိမ့်လွန်းတဲ့ လူ့အဖွဲ့အစည်း တွေမှာ အစိုးရတွေဟာ အခွင့်အာဏာပေါ်မှာပဲ အားထားကြရလေ့ရှိပြီး (လူ့အဖွဲ့အစည်းရဲ့ အထောက်အပံ့အကူအညီကို ရယူနိုင်မှုမရှိခြင်း) အဲဒါကြောင့်ပဲ Social Capital နိမ့်လေ အစိုးရရဲ့ စွမ်းဆောင်ရည်လည်းနိမ့်လေဖြစ်တယ်လို့ ဆိုပါ တယ်။ တခြားတစ်ဖက်မှာကျတော့လည်း Social Capital သိပ်မြင့်မားလွန်းရင် ပြဿနာတော်တော် များများကို အစိုးရရဲ့ အခန်းကဏ္ဍတောင်မပါဘဲနဲ့ opaệepoz&q08602 (Social Networking) က ဖြေရှင်းနိုင်ပြီး အဲသလို မဖြေရှင်းနိုင်ဘဲနဲ့ ကျန်နေတဲ့ ပြဿနာတွေအတွက်လည်း အစိုးရတွေ ဟာ ပြဿနာဖြေရှင်းရာမှာ ဝိုင်းဝန်းကူညီနိုင်မယ့် စွမ်းရည်မြင့်အင်အားတွေ အများကြီးရှိနိုင်တာ
ကြောင့် လူ့အဖွဲ့ အစည်းတွေဟာ (Social Capital မြင့်လွန်းရင်) တော်တော်ကြီးကို သာတောင့်သာယာ ရှိနိုင်ပါတယ်။ ။
လူအဖွဲ့အစည်းတွေ တိုးတက်မြင့်မားရေး အတွက် Social Capital ရဲ့ အရေးပါပုံကို ထင်ဟပ် တဲ့ယူဆချက် (Hypothesis) တချို့က အောက်ပါ အတိုင်း ဖြစ်ပါတယ် The more the level of participation in vol untary associations, the greater the social | capital. လူမှုအသင်းအဖွဲ့တွေမှာ ပါဝင်ကူညီမှု အတိုင်းအတာမြင့်မားလေ Social Capital လည်း မြင့်မားလေ ဖြစ်ပါတယ်။ ပရစိတ်ရှိတဲ့ လူတွေ များများရှိတဲ့ လူ့အဖွဲ့အစည်းတွေကို ဆိုလိုတာပါ။ ပရစိတ်ဆိုတာမှာလည်း ကိုယ်ကျိုးတစ်စုံတစ်ရာ
မျှော်တဲ့ ပရစိတ်မျိုးကို လုံးဝမဆိုလိုပါဘူး။ အတ္တ (ရယူလိုမှု) ကင်းတဲ့ အများအကျိုးသယ်ပိုးလိုသူတွေ များများရှိရမယ်ဆိုတဲ့ သဘောပါ။
The more the networking, the greater the social capital. (လူမှုဆိုင်ရာ) ကွန်ရက်တွေများ
လေ Social Capital အရည်အသွေးမြင့်မားလေ ဖြစ်ပါတယ်။ အကျိုးအမြတ်ရဖို့ လုံးဝမစဉ်းစားတဲ့ ပရဟိတအဖွဲ့ အစည်းတွေအကြား ချိတ်ဆက်လုပ်ဆောင်မှုများများရှိလေ Social Capital အရည် အသွေး မြင့်မားလေဖြစ်တယ် ဆိုလိုတာပါ။
လူ့အဖွဲ့အစည်းတွေအတွက် The more the mentoring and mutual support in an organization, the greater its social capital. Bag.32028:00da poloecao? ရွက်လုပ်ကိုင်နေတဲ့လူချင်း ကူညီစောင်မမှု၊ အပြန် အလှန် ဖေးမကူညီမှုမြင့်မားလေ Social Capital အရည်အသွေးမြင့်မားလေ ဖြစ်ပါတယ်။ နိမ့်ကျတဲ့ လူ့အဖွဲ့အစည်းတွေ (နိုင်ငံများ)မှာ လူတွေရဲ့ စိတ်ဓာတ်အရည်အသွေး (အားလုံးပြောဆိုနေကြတဲ့ Mindset ပါ) အလွန်အမင်းနိမ့်ကျနေတတ်ပါတယ်။ ဒါကြောင့်ပဲ လူမှုအဖွဲ့အစည်းဝင်တွေအချင်းချင်းကြားမှာ ပူးပေါင်းဆောင်ရွက်လိုစိတ်တို့၊ အချင်းချင်း ဖေးမကူညီလို စိတ်တို့အကြီးအကျယ်အားနည်းတတ် ပါတယ်။ Social Capital လည်း အင်မတန်နိမ့်ကျ တတ်ပါတယ်။ အပြန်အလှန်အားဖြင့် Social Capital နိမ့်ကျလာတာကြောင့်လည်း စိတ်ဓာတ်အရည်အသွေး ကထပ်နိမ့် ကျလာတတ်တာကြောင့် ဆင်ခြင်တွေးခေါ် ကြည့်လိုက်ရင် လူ့အဖွဲ့အစည်းတွေအတွက် အလွန် အန္တရာယ်များလှတဲ့အခြေအနေတစ်ရပ် ဖြစ်ပါတယ်။
The greater the prevalence of passive media (ex., television), the less the social capital. အဆိုးမြင်တဲ့မီဒီယာ (ဥပမာသတင်းမှန်အခြေမခံတဲ့ တယ်လီဗီးရှင်းများ၊ လူမှုကွန်ရက်သတင်းများ) လွှမ်းမိုးမှုကလည်း Social Capital နိမ့်ကျစေတဲ့ အကြောင်းတရားတစ်ခုပါ။ ဒါဟာ လွန်ခဲ့တဲ့ ရာစုနှစ် က ယူဆချက်ဖြစ်ပြီး အခုကာလမှာတော့ လူမှု ကွန်ရက်တွေ(Social Media)၊ သတင်းစာဂျာနယ် တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ သမာ သမတ်ကျတဲ့ အပြုသဘောဆောင်တဲ့ မီဒီယာများလေ Social Capital အရည်အသွေးလည်းမြင့်မားလေ ဖြစ်မယ်လို့ ဆိုပါတယ် စံနှုန်းတွေ မြင့်မားလာနိုင် The greater the social capital, the more prevalent the norm of reciprocity (bargaining, compromise, pluralism). Social Capital 33 aoệ အတန်း အရည်အသွေးမြင့်မားလေ အပြန်အလှန်ပေါင်းကူးဆက်နွှယ်မှုတွေက အကောင်းဘက်ကို ဦးတည်ပြီး လွှမ်းမိုးလာလေဖြစ်မယ်လို့ ဆိုပါတယ်။ အပေးအယူ အလျှော့အတင်းပြုလုပ်တဲ့နေရာမှာ၊စေ့စပ်ညှိနှိုင်းတဲ့နေရာမှာ၊ မတူညီတဲ့ယဉ် ကျေးမှုတွေ အတူအကွ ဖြစ်တည်ရှင်သန်ရတဲ့ လူ့အဖွဲ့ အစည်းတွေမှာ အပြန်အလှန်ကူးလူး ဆက်ဆံ ကြတဲ့အခါ စံနှုန်းတွေ မြင့်မားလာနိုင်မယ်လို့ ဆိုလိုတာပါ။
The greater the social capital, the higher the priority of the norm of equality. Social Capital မြင့်မားလေ တန်းတူညီမျှမှုဆိုင်ရာ စံနှုန်းတွေကို ဦးစားပေးမှုလည်း မြင့်မားလေ ဖြစ်မယ်လို့ ဆိုပါတယ်။ ယဉ်ကျေးမှုပေါင်းစုံလူ့ဘောင် (Plural အရည်တွေအပါဝia/cap
အပံ့
| Society)တွေမှာ ဒီအချက်က ပိုအရေးကြီးပါတယ်။ လူ့အဖွဲ့အစည်း ငြိမ်းချမ်းသာယာဝပြောဖို့ အဲဒီ လူ့အဖွဲ့ အစည်းတွေရဲ့ Social Capital ဟာ လူမျိုး တစ်မျိုးတည်းနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတွေထက် အများကြီးပိုပြီး Social Capital မြင့်မားနေဖို့ မဖြစ်မနေလိုအပ်ပါတယ်။
The greater the social capital, the greater the confidence in government (and other institutions). Social Capital ပိုမြင့်လေ အစိုးရနဲ့ (အခြား
သော အင်စတီကျူးရှင်းများ) အပေါ် ယုံကြည်မှုလည်း ပိုမိုမြင့်မားလေမယ်လို့ ဆိုပါတယ်။ Social Capital မြင့်မားတာကြောင့် အစိုးရတွေအပါအဝင် အင်စတီကျူးရှင်းတွေရဲ့ အရည်အသွေးကောင်းဖို့ အထောက် အပံ့ကောင်းဖြစ်ပြီး ယုံကြည်အားထားမှုကလည်းမြင့်မားလာရတာဟာ တော်တော်သဘာဝ ကျတဲ့ ကိစ္စ ဖြစ်ပါတယ်။ Social Capital နိမ့်လေ အင်စတီ ကျူးရှင်းတွေအပေါ် ယုံကြည်ကိုးစားမှုလည်း နိမ့်လေ ဖြစ်မယ်လို့ အပြန်အလှန်ယူဆလို့ ရပါတယ်။
The greater the social capital, the easier to mobilize support for problem solutions. | Social Capital မြင့်မားလေပြဿနာတွေ ဖြေရှင်းရာမှာ လိုအပ်တဲ့ အထောက်အပံ့တွေ ထွက်ပေါ်လာဖို့ လွယ်ကူလေလို့ဆိုပါတယ်။ ဆိုလိုတာက လူ့အဖွဲ့ အစည်းရဲ့ အရည်အသွေး အဆင့်မီတဲ့အခါ အတွေး အခေါ်၊ ဆင်ခြင်တုံတရားနဲ့ ပညာဟာ အလိုလို ( အင်အားတောင့်တင်းနေပြီး ပြဿနာတစ်ရပ် ပေါ်ပေါက်တဲ့အခါ ပြဿနာကို ပိုမိုကြီးထွားပြီးဖြေရှင်းလို့မရတဲ့အထိ ချဲ့ကားပစ်လိုက်မယ့် အခြေ အနေမျိုး မရှိတော့တဲ့အပြင် လူ့အဖွဲ့အစည်းတွေ၊ အစိုးရနဲ့ အင်စတီကျူးရှင်းတွေဟာ ပြဿနာကို အကောင်းဆုံး ပူးပေါင်းဖြေရှင်းဆောင်ရွက်ဖို့ အဆင်သင့် ဖြစ်နေတတ်တာကြောင့် ပြဿနာတွေ ( အလွယ်တကူ ဖြေရှင်းနိုင်ရုံမကပါဘူး၊ လူ့အဖွဲ့ အစည်း ငြိမ်းချမ်းသည်ထက် ပိုမိုငြိမ်းချမ်းဖို့၊ သာယာ သည်ထက် ပိုမိုသာယာဖို့ ဆောင်ရွက်ပြီး ( သား ဖြစ်နေမယ်လို့ ဆိုလိုပါတယ်။
IT နဲ့ လူမှုကွန်ရက်တွေ မြန်မာနိုင်ငံကို ပြန်ကြည့်လိုက်ရင် Social Capital က အနိမ့်ဆုံး အခြေအနေရောက်နေတယ် ဆိုတာ အထူးပြောစရာမလိုပါဘူး။ အင်စတီကျူး ရှင်းတွေလည်း ကောင်း ကောင်းပြန်လည် တည်ဆောက်နိုင်ဖို့တောင် အခြေအနေမပေးသေးပါဘူး။ အစိုးရတွေအပေါ် ယုံကြည်မှု ဆိုတာကလည်း အဆိုးဆုံးအခြေအနေမှာ ရှိပါတယ်။ စီးပွားရေးကလည်း အလွန်အမင်း နိမ့်ကျနေပါ သေးတယ်။ ဒီအခြေ အနေမျိုးမှာ လူမှုကွန်ရက်တွေကို ခုန်ပျံကျော်လွှားသုံးစွဲခွင့် ရလာတာကြောင့် ကောင်းကျိုးက နည်း နည်း ဆိုးကျိုးကများများ ဖြစ်နေရတာ သတိထား မိကြဖို့နဲ့ ဒီပြဿနာတွေကို ဖြေရှင်းဖို့လည်း နည်းလမ်းကောင်းတွေကို အမြန်ဆုံးစဉ်းစားရှာဖွေ ဖော်ထုတ်ကြဖို့ လိုအပ်ပါတယ်။ အစစအရာရာ ကဏ္ဍစုံ တဖြည်းဖြည်း တိုးတက်လာတဲ့ နိုင်ငံတွေ မှာ IT နဲ့ လူမှုကွန်ရက်တွေက Social Capital မြင့်မားသည်ထက်မြင့်မားလာနိုင်ရေး အထောက် အပံ့ဖြစ်တာက ပိုများပြီး ပြဿနာ(ဆိုးကျိုး) က နည်းပါတယ်။
Social Capital အဆင့်အတန်း၊ IT နဲ့ နိုင်ငံ ရေးအကြား အလွန်အလေးထားရမယ့် ဆက်နွယ် မှုကို stakeholder တွေနဲ့ လူ့အဖွဲ့အစည်းဝင် နိုင်ငံသားတွေ အလေးအနက်စဉ်းစားနိုင်ကြဖို့နဲ့ လူ့အဖွဲ့အစည်း ကောင်းမွန်ရေးအတွက် Social Capital အဆင့်မီရေးကိုအပူတပြင်း နည်းလမ်း ရှာဖွေ ဆောင်ရွက်နိုင်ကြဖို့ မဖြစ်မနေလိုအပ်နေ ပါပြီ။ နိုင်ငံတည်ဆောက်ရေးလုပ်ငန်း အရှိန်အဟုန် ပြင်းပြင်းနဲ့ ချီတက်နိုင်ရေးအတွက်ဆိုရင် စည်းလုံး ညီညွတ်တဲ့ နိုင်ငံသားတွေရဲ့ အင်အားနဲ့သာ ဖြစ် နိုင်ပါတယ်။ ဒီမိုကရေစီစနစ်မှာ အာဏာရှင်စနစ် တွေလို တင်းကျပ်တဲ့ စည်းမျဉ်းတွေကို အမြဲသုံးပြီး နိုင်ငံသားတွေ စည်းကမ်းပိုမိုကောင်းမွန်လာအောင် လူမှုကျင့်ဝတ်တွေကို သိရှိလိုက်နာလာကြအောင် ဆောင်ရွက်ရေး ဆိုတာက ပြဿနာရှိတာကြောင့် လူမှုအရင်းအနှီးကို ဖြည့်တင်းနိုင်ဖို့၊ တစ်နည်း အားဖြင့် နိုင်ငံသား တွေရဲ့ လူမှုအသိစိတ်ဓာတ် ရေးရင့်သန်လာပြီး ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ wgom:0003 (democratically civilized) ဖြစ်တည်လာအောင် နည်းလမ်းပေါင်းစုံရှာဖွေပြီးဆောင်ရွက်နိုင်ကြမှသာ လိုရာခရီးကို မျှော်မှန်း နိုင်ကြမည်ဖြစ်ပါကြောင်း နှိုးဆော်တင်ပြလိုရင်း ဖြစ်ပါတယ်။
ပိုက်တင်