Skip to main content

အပြုံးမပျက် အမုန်းမဖက်ဘဲ ကျောင်းတက်ကြရအောင်

 “ခေါင်းလောင်းသံ။ တညံညီပေး.. ရွာကျောင်းကို... သတိရနေတယ် သူငယ်ချင်းရေ.. တို့များ ငယ်ငယ် တုန်းက ရွာအဝင်လမ်းဆီကလေ.. လက်ချင်းချိတ် ကာ ပြေးကာလွှားကာ..” သီချင်းဆိုသည်ကို ရပ်၍ မစာဥက ကိုသံချောင်းအား ...

မပြောမဆို အနားရောက်လာတာ လန့်လိုက် တာရှင့်။ အခုအချိန်က ရှေ့ပြော နောက်ကြည့် အခြေ အနေဆိုတော့ သီချင်းတောင် လွတ်လွတ်လပ်လပ် မဆိုရဲဘူးရှင်ရေ.. ကဲ ပြောပါဦး ဘာကိစ္စလဲ..”

ဘာကိစ္စမှမရှိပါဘူးဗျာ။ ခင်ဗျားသီချင်းသံလေး ကြားမိရင်း မေးစရာလေးရှိလို့ လာခဲ့တာပါခင်ဗျ။ ရွာကျောင်းက ခေါင်းလောင်းသံကိုလွမ်းရင်း ငယ်ချစ်ကိုများ သတိရနေသလားလို့ပါ

ကိုသံချောင်း၏ စကားကြောင့် မစာဥ မျက်နှာ ပေါ်တွင် ရှက်သွေးများဖြာသွားသည်ဟု ထင်မြင်မိ ပါသလား။ လားလားမှ မဟုတ်ပါ။ မဲ့ကာရွဲ့ကာ ဖြင့်ပင် ...

ငယ်ချစ်လည်း မရှိ၊ ကြီးချစ်လည်း မရှိတဲ့ ရေမရောတဲ့ အပျိုကြီးရှင့်။ အခုဆိုနေတာလည်း ကိုယ့်အတွက် မဟုတ်ပါဘူး။ အိမ်မှာ အိပ်လိုက် စားလိုက်၊ ဆန္ဒပြေးပြလိုက်လုပ်နေတဲ့ တူမ နှစ်ယောက်ကိုကြည့်ပြီး စိတ်ပျက် ပျက်နဲ့ သီချင်းဆို နေတာပါရှင့်

ကျောင်းတွေက ဖွင့်နေပြီ မဟုတ်လားဗျ။ ခင်ဗျားတူမတွေက တက္ကသိုလ်တက်တဲ့ အရွယ်တွေ မဟုတ်ဘူးလား။ ကျောင်းပြန်မတက်ကြသေး ဘူးလား

တက္ကသိုလ်က တက်လက်စနဲ့ ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ထားတာ အခုတိုင်းရေး ပြည်ရေး မငြိမ်တော့ ဖွင့်တယ်ဆိုပေမယ့်လည်း ကျောင်း မသွားကြဘူးရှင့်

ကောင်းရောဗျာ။ ဒါဖြင့် ခင်ဗျားတူမတွေက ကျောင်းမတက်ကြတော့ဘူးပေါ့။ သူတို့ လိုချင်တဲ့ အစိုးရပြန် အုပ်ချုပ်မှ ကျောင်းတက်မယ်ပေါ့.. အဲဒီ လိုလား “အမှန်ပဲရှင်။ ဝန်ထမ်းတွေက CDM လုပ်သလို ကျောင်းသား တွေကလည်း CDM သဘောပေါ့ရှင်။ ကျောင်းမတက်ကြဘူး။ စစ်ကျွန်ပညာရေးဆိုလား ပြောနေကြတာပဲ။ ဒီမိုကရေစီ စစ်စစ်ရသွားပြီးရင် ကျောင်းတွေမှာ အဆင့်မြင့်ပညာရေးတွေ ဖြစ်လာမှာ။ အဲဒီအခါကျ ပညာရေး တင်မဟုတ်ဘူး လူမျိုး ရေး၊ ဘာသာရေးတွေလည်း ဖြေရှင်းလို့ရသွားပြီရှင့်။ ဒီမိုကရေစီစစ်ရင် လူ့အခွင့်အရေး ဆိုတာလည်း အပြည့်ရမှာ။ ကြားဖူးတယ်မဟုတ်လား “ကျောင်းမ တက်နဲ့ ကျောင်းထွက်ကြ ဆိုတဲ့ အသံတွေလေ။ အဲဒါကြောင့် အခုကျောင်းမတက်သေးဘူး

အမလေး....မဟာအတွေးအခေါ်ပညာရှင်ကြီး ပါပဲဗျာ။ ဘာတဲ့ ကျောင်းမတက်နဲ့တဲ့လားဗျာ။

ကျောင်းတက်တော့ အကျိုးကျေးဇူးကဘယ်သူရမှာ လဲဗျ။ ကျောင်းတက်မှ စာတတ်မှာပေါ့။ စာတတ်မှ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန် ပိုင်းခြားနိုင်မှာပေါ့ဗျာ။ ပညာမတတ်စေချင်တဲ့ အတွေးအခေါ် တွေက ဘယ်လိုများကြီးကျယ်မြင့်မြတ် တဲ့ နိုင်ငံရေးလဲဗျာ။ မကြားဖူးပါဘူး။ စာမတတ်၊  ပေမတတ်နဲ့ တိုင်းပြည် ကြီးကို ဘယ်လို ကာကွယ် ကြမှာတုံးဗျ။ ခင်ဗျားတို့ဟာက ဝန်ထမ်းတွေကျ

တော့ အလုပ်မသွားနဲ့၊ ဆရာဝန်က ဆေးမကုန့်၊ အင်ဂျင်နီကာ စက်မှုအလုပ်မလုပ်နဲ့၊ ဆရာက စာမသင်နဲ့၊ တပည့် ကကျောင်းမတက်နဲ့ဆိုတော့ကာ တိုင်းပြည်ဖျက်ကြမယ်ဟေ့ဆိုပြီးများ ရည်မှန်းချက် ထားပြီး လုပ်နေ သလားမှတ်ရတယ်

ဘေးကင်းလုံခြုံမှုရှိဖို့လည်း အရေးကြီး “လက်ရှိအချိန်က မလုံခြုံဘူးရှင့်၊ လက်လုပ် မိုင်းတွေ၊ ဗုံးတွေကလည်း ပေါက်နေတာ။ ကျွန်မ တူမတွေ ကျောင်းသွားရင်း ဗုံးဆန်မှန်တော့ ရှင်က တာဝန်ယူမှာလား။ အန္တရာယ်ရှိ တယ်ရှင့်။ အခု လည်း ဗုံးတွေ၊ မိုင်းတွေပစ်တာ တပ်ကနေတစ်ဖက် လှည့်နဲ့ ပြည်သူတွေ လုပ်သ ယောင်သူ တို့ပဲပြန်ပစ်နေ တာတဲ့။ အဲဒီလိုအနေအထားနဲ့ကျွန်မတို့က ကလေး တွေကို ဘယ်လိုလုပ် ကျောင်း ထားလို့ရမလဲ။

ကျောင်းတွေဖွင့်ဖို့က ကိုဗစ်ကာကွယ်ရေး အစီအမံ တွေလိုသလိုဘေးကင်းလုံခြုံမှုရှိဖို့လည်း အရေးကြီး တယ် မဟုတ်လား

အခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲက သုံးလတာအတွင်း လေးကြိမ်ပြီးသွားပြီ။ အပတ်စဉ်မှာလည်း အွန်လိုင်း ကနေ ဗီဒီယိုကွန်ဖရင့်နဲ့ သတင်းစာရှင်းလင်းပွဲတွေ ခဏခဏလုပ်နေတာ ခင်ဗျား မကြည့်ဘဲကိုး  အပျိုကြီးရဲ့။ ဘယ်လိုစီမံဆောင်ရွက်နေသလဲဆိုတာ သိချင်ရင် သတင်းစာဝယ်ဖတ်ပါ။ တက္ကသိုလ် တွေနဲ့   အခြေခံပညာကျောင်းတွေကို လုံခြုံမှုရှိအောင် အတတ်နိုင်ဆုံး ဆောင်ရွက်နေတယ်။ တစ်ဖက်မှာ လည်း ခင်ဗျားတို့၊ ကျွန်တော်တို့လိုပြည်သူတွေက လည်း ပူးပေါင်းဖို့လိုတာပေါ့ဗျာ။ ကျောင်းပတ်ဝန်း ကျင်မှာ မသင်္ကာ စရာတွေ့တာနဲ့ သတင်းပို့ အန္တရာယ်ဘေးကင်းအောင် ဝိုင်းဝန်းကြည့်ရှု စောင့်ရှောက်ရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပညာ မတတ်လို့တော့ မဖြစ်ဘူးဗျ။ ကျောင်းပိတ်တယ် ဆိုတာလည်း တစ်နှစ်သာကောင်းမှာပေါ့။ ကလေး တွေ ကိုဗစ်ကြောင့် တစ်နှစ်ပိတ်ထားခဲ့ရပြီးပြီလေ ဗျာ။ တော်သင့်ပါပြီး ကလေးတွေ စာသင်ကြပါ စေဗျာ" “ဒါနဲ့ ကျောင်းတွေက ဖွင့်ရဲ့လားရှင့်။ ကျောင်းသားကောရှိရဲ့ လား။ သင်ပေးမယ့် ဆရာက ရော လုံလောက်ရဲ့လား"

ဆရာတွေလည်း တဖွဲ့ဖွဲ့ပြန်လာနေကြပါပြီ မစာဥရယ်။ ကျောင်းသားတွေဘက်၊ မိဘတွေ ဘက်ကလည်း ကလေးအတန်းနောက်ကျမှာစိုး တော့ ကျောင်းကို ကြပ်ကြပ်မတ်မတ် ပို့ကြတော့ တာပေါ့။ လာမယ့်ဇွန်လဆိုရင် အခြေခံပညာကျောင်း တွေလည်း ဖွင့်ကြတော့မယ်ဗျ။ ခင်ဗျား ဆိုတဲ့ သီချင်းလို ခေါင်းလောင်းသံ တညံ ညီပေးနေကြ ပြီလေ။ ယုံယုံကြည်ကြည်နဲ့ ကျောင်းတက်ဖို့တော့  လိုတာပေါ့ဗျာ။ မဟုတ်ရင် ကလေးတွေ အသက် တစ်နှစ်ကြီးပြီး အတန်းကတစ်တန်း ငယ်နေလိမ့် မယ်ဗျ"

 “ဒါလည်း ဟုတ်တာပါပဲ။ ရွယ်တူသူငယ်ချင်း တွေက ကျောင်းတစ်တန်းပြီးသွားတဲ့ အခါကျမှ ကျောင်းတက်ရရင် ကလေးတွေ နစ်နာတာပေါ့။ တိုင်းရေးပြည်ရေးမှာ စာသင်တဲ့ကလေးတွေက မြေစာပင်မှ မဟုတ်တာပဲနော်..”

အမှန်ပါပဲ မစာဥရယ်။ ကလေးတွေဟာ လွတ်လွတ်လပ်လပ်စာသင်ကြရမယ့်အရွယ်တွေပါ။ သူတို့အတွက် ဘေးကင်းလုံခြုံမှုရှိရှိနဲ့ အေးအေး ချမ်းချမ်း ပညာသင်ကြားကြဖို့ ကျွန်တော်တို့၊ ခင်ဗျားတို့ ပြည်သူတွေက ဝိုင်းဝန်းကူညီပေးကြ ရမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲဗျာ။ ခင်ဗျား လည်း ၈၈ ခုနှစ်တုန်းက အရေးအခင်းကို မီတယ် မဟုတ်လား။ အတန်းတစ်နှစ်နောက်ကျတဲ့အတွက် ထိခိုက်ကြရတယ် မဟုတ်လား။ ဆရာမတစ်ဦး ပြောတာကြားမိတယ်။ ရှစ်တန်းသာရှိသေးတဲ့ ကျောင်းသား ကျောင်းသူတွေ ကျောင်းစာလည်း မသင်ရတော့ကူလီဝင်ထမ်းတဲ့သူနဲ့၊ အိမ်ထောင်ရက် သားကျတဲ့သူနဲ့၊ ဆန္ဒပြပွဲတွေသွားလို့ အဖမ်းအဆီး ခံရတဲ့သူနဲ့၊ အရွယ်မရောက်သေးဘဲ လမ်းမှားတွေ ရောက်ကုန်တာပေါ့ဗျာ။ သူတို့ ဆရာမကတော့ စိတ်တွေ မကောင်း ဖြစ်နေတာပေါ့။ ကျောင်းတွေ ဖွင့်တဲ့အခါ သူ့တပည့်လေးတွေ စုံစုံညီညီနဲ့ မြင်ချင် ရှာမှာပေါ့ဗျာ

ဒါဆိုရင်တော့ ကျွန်မတူမတွေကျောင်းမြန်မြန် ပို့မှ ဖြစ်တော့မယ်။ တော်ကြာ အပျိုပေါက်ကလေး

တွေ ရေတိမ်နစ်သွားမှဖြင့် ကျွန်မတို့အုပ်ထိန်းသူတွေ ပဲ ရင်ကျိုးရမှာ

မစာဥက ကျွန်တော်နဲ့ မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူလိုက်စမ်းပါဗျ။ ခင်ဗျားအတွက် အကြံဉာဏ် ကောင်းတွေ ခရစ်တစ်ကယ်သင့်ခင်းတွေ ကျွန်တော် ပေးနိုင်ပါတယ်ဗျ။ အခုတင် ခင်ဗျားအမြင်မှန်ရသွား ပြီမဟုတ်လား...”  ကျောင်းစာကို အာရုံထဲထည့်ထားရင် အချိန်တွေ မပိုတော့ဘူး “ထူးဆန်းပါရဲ့ရှင်။ ရှင် ဘရိန်းဝှက်ချ် လုပ်တိုင်း ကျွန်မကခံနေမယ့်သူတော့ မဟုတ်ပါဘူးနော်။ ကျွန်မကလည်း ကိုယ်တိုင်လက်ခံ ယုံကြည်မှသာ လိုက်နာတဲ့သူပါ။ တူမတွေကို အခုပဲကျောင်းလိုက် အပ်တော့မယ်။ စိတ်ချရအောင် ကိုယ်တိုင်လည်းကျောင်းပေါက်ဝ စောင့်မယ်ရှင်။ အခြေအနေ တည်ငြိမ်မှ သူတို့ဟာသူတို့ သွားပါစေပေါ့။ ဒါမှ လမ်းမှားတွေ မရောက်မှာ၊ မဟုတ်ရင်လည်း ကျွန်မတို့ လူကြီးတွေက တစ်ချိန်လုံး စိတ်ပူနေကြရတာရှင့်။

ကျောင်းစာကို အာရုံထဲထည့်ထားရင် သူတို့အတွက် အချိန်တွေ မပိုတော့ဘူးလေ

ကလေးတွေ ကျောင်းတက်မှာတော့ ဟုတ်ပါ ပြီ။ မစာဥကိုတော့ ကျွန်တော်စိတ်မချဘူးဗျ။ ခင်ဗျား ကျောင်းလိုက်စောင့်မယ်ဆိုရင် ကျွန်တော် ပါ အဖော်အဖြစ် လိုက်ခဲ့ပါရစေ..” မစာဥ၏ မျက်စောင်း လှလှလေး တစ်စင်းက ကိုသံချောင်း ဘယ်ဘက်ရင်အုံသို့ စိုက်ဝင်လာ၏။ အပြုံးမပျက် အမုန်းမဖက်ဘဲ ကလေးတွေ ကျောင်း တက်ကြပါ။ ကိုသံချောင်းက မစာဥနှင့်အတူ ကျောင်းဝမှာ စောင့်ခွင့်ရချင်လှပါပြီဟုသာ။ ။ ။