Skip to main content

အမှန်အမှား ခွဲခြားဆင်ခြင် ဂုဏ်ယူနိုင်ကြပါစေ

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်၊ ပျူခေတ် နောက်ဆုံးကာလက ဈေးရောင်းချသည့် ပြည်သူ တစ်ယောက် လေပွေတိုက်၍ “ငါ့ စကော ...ငါ့ စကော...” ဟု မြို့ရွာအတွင်း လိုက်လံအော်ဟစ် ခဲ့သည်။ ထိုသတင်းစကားတစ်ခုကို အကြောင်းပြု ကာ တစ်မြို့လုံး၊ တစ်ပြည်လုံး ကောလာဟလ သတင်းမှား ပျံ့နှံ့ခဲ့သည့်အဖြစ်အပျက်ကို ကြားဖူး ကြမည်ဖြစ် သည်။ လေတိုက်ပြီး ဆန်ကောလွင့်ပါ သွားသည်ကို ငါ့စကော၊ ငါ့စကာ အော်ဟစ်ခဲ့ရာမှ “ငါ့စကောတပ်ကြီး” ချီလာပြီ ထင်ပြီး မြို့သူ မြို့သားများ မြို့ ကိုစွန့်ခွာ ထွက်ပြေးကြရာမှ သရေ ခေတ္တရာပြည်ကြီးလည်း ပျက်သုဉ်းသွားခဲ့သည်။ ကောလာဟလသတင်းစကားနှင့်စပ်လျဉ်း၍ ဇာတ်တော်ထဲမှ ယုန်တစ်ကောင်၏ ပုံပြင်တစ်ပုဒ် ကိုလည်း မှတ်သားဖူးသည်။ ယုန်လေးတစ်ကောင် သည် ဥသျှစ်ပင်တစ်ပင်အောက်ရှိ ထန်းရွက် ခြောက်အောက်၌ အိပ်စက်နေစဉ် အတွေးတစ်ခုဝင်လာ သည်။ “အခုနေများ ကမ္ဘာမြေကြီး ပြိုကျရင် ငါဘယ်လိုလုပ်ရမလဲ” ဟု တွေးတောပူပန်ကာကြောက်စိတ်ဝင်လာသည်။ ထိုကြောက် စိတ်နှင့်ပင် ထန်းရွက်အောက်တွင် မှေးစက်နေစဉ် ရုတ်တရက် ၎င်းအိပ်နေသော ထန်းရွက် ခြောက်ပေါ်သို့ ဥသျှစ် သီးတစ်လုံးကြွေကျခဲ့သည်။ အသိ ဉာဏ်နည်းသည့် ယုန်သူငယ်သည် ရုတ်တရက် ဥသျှစ်သီးကြွေကျ သံကို အမှန် တကယ် မြေပြိုပြီဟု ထင်မှတ်ပြီး ခြေဦး တည့်ရာ ထွက်ပြေးတော့သည်။ “မြေပြိုပြီ.. မြေပြို ပြီ..လွတ် အောင်ပြေးကြ..လွတ်အောင်ပြေးကြ”ဟု လမ်းတစ်လျှောက်၌ အော်ရင်း မရပ်မနား ပြေးနေ ခဲ့သည်။ သတ္တဝါအားလုံးချမ်းသာ ယုန်သူငယ် အော်ပြေးနေသည်ကို မြင်ကြ၊ ကြားကြသော သတ္တဝါများ လည်း ယုန်သူငယ် စကားကို ယုံမှတ်ပြီးဘုမသိဘမသိဖြင့် ယုန်သူငယ်နောက်မှ ကြောက် အားလန့်အား လိုက်ပြေးကြသည်။ တစ်ကောင်မှ ဆယ်ကောင်၊ ဆယ်ကောင်မှ အကောင် တစ်ရာ၊ အကောင်တစ်ရာမှ အကောင် တစ်ထောင် တစ်သောင်း တိရစ္ဆာန်သတ္တဝါအားလုံး ထွက်ပြေးကြရာ တစ်တောလုံးဆူညံ ပဲ့တင်သံများ ဖြင့် မြည်ဟည်းနေတော့သည်။ ထိုအဖြစ်အပျက်ကို မြင်တွေ့သော ခြင်္သေ့မင်း က “သတ္တဝါတွေ ဒီအတိုင်းသာ ဆက်ပြေးနေကြပါ က နောက်ဆုံးတွင် အမောဆို့ပြီး သေဆုံးသွားနိုင် တယ်” ဟု ဆင်ခြင်မိပြီး သတ္တဝါအားလုံးကို ကျော်တက်ကာ ရှေ့မှရပ်တန့်လိုက်ပြီး တစ်တော လုံးမြည်ဟည်းသွားအောင်ဟိန်း ဟောက် လိုက်သည်။ ခြင်္သေ့မင်း၏ ကြီးမားသောအသံကို သတ္တဝါအားလုံး ကြားလိုက်သောအခါ ပြေးနေရာမှ ချက်ချင်းရပ်တန့် လိုက်ကြသည်။ ထိုအခြင်္သေ့မင်းက ဖြစ်ကြောင်း ကုန်စင်မေး သောအခါ မည်သူမျှ အဖြေမှန်မဖြေနိုင်ဘဲ နောက်ဆုံးတွင် ယုန်သူငယ်အိပ်ခဲ့သည့် ဥသျှစ်ပင် အောက်မှ ဥသျှစ်သီးကိုတွေ့မှ အဖြေမှန်ရပြီး သတ္တဝါ အားလုံး ချမ်းသာရာရတော့သည်။ အလား တူပင် ရှေးက ပျားရည်တစ်စက်ကြောင့် ပြည်ပျက်ခဲ့ရသည့် အဖြစ်များလည်း ရှိသေးသည်။ မြန်မာနိုင်ငံကြီး သူ့ကျွန်ဘဝသို့ နောက်ဆုံး ကျရောက်စဉ် သီပေါမင်းပါတော်မူစဉ် ကာလ က မင်းသားတစ်ပါးပါးကို နန်းတင်ပေးမည့် ကောလာ ဟလကို ယုံစားပြီး သူ့ကျွန်ဘဝသို့ လုံးဝကျရောက်ခဲ့ သည်။ ယနေ့အချိန်အခါတွင်လည်း ကောလာဟလ စကားတစ်ခွန်းကြောင့် အနည်းဆုံး အထိတ်တလန့်ဖြစ်ကြ၊ အများဆုံး ပျက်စီးဆုံးရှုံးဖြစ်ကြသည့် ' အဖြစ်များ စွာရှိသည်။ မကြာသေးမီက ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကောလာဟလ အမျိုးမျိုး ထွက်ခဲ့ဖူးသည်။ ကိုဗစ်-၁၉ ရောဂါ မဖြစ် ပွားမီက ရပ်ရွာအတွင်းမှ ကလေးသူငယ်များအား ဖမ်းဆီးရောင်းချခြင်းများရှိသည်ဟု ကောလာဟလ သတင်းများပေါ်ထွက်ခဲ့ရာ သံသယရှိသူ အပြစ်မဲ့ ပြည်သူအချို့ ကို ဖမ်းဆီးရိုက်နှက်၊ သတ်ဖြတ်သည် အထိ ဖြစ်ပေါ်ခဲ့သည်။ ကပ်ရောဂါနှင့် ထိုကဲ့သို့အဖြစ် များကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်ကြပြီး |ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ တစ်မျိုးပြီးတစ်မျိုးမရိုး မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာတိုင်း ကောလာ ဟလသတင်းများ ( တစ်မျိုးမဟုတ်တစ်မျိုး မရိုးနိုင်အောင် ပေါ်ထွက်လာ တတ်သည်။ တိုင်းပြည်တွင် အပြောင်းအလဲဖြစ်ပေါ် လာသည့်အခါ၌ ပြည်သူများအကြား စိတ်လှုပ်ရှားမှု မြင့်တက်နေသောအချိန်၌ မမှန်သတင်းများ၊ ကောလာဟလသတင်းများကို အသုံးချ၍ ကိုယ် ကျိုး ရှာသည့် မသမာသူများ၊ အဖျက်သမားများ၊ နိုင်ငံရေး အချောင်သမားများ ပေါ်ထွက် လာစ မြဲ ဖြစ်သည်။ လူမှုရေးကောလာဟလ၊ စီးပွားရေးကောလာ ဟလ၊ နိုင်ငံရေးကောလာဟလများ အလျှိုအလျှို ဖန်တီးလာကြသည်။ ငွေစက္ကူတွေ ဖျက်သိမ်းတော့မည်။ ဘဏ်တွေ ပြိုလဲတော့မည်။ စက်သုံးဆီ တွေ၊ စားနပ်ရိက္ခာတွေ ပြတ်လပ်တော့မည်။ လေယာဉ်တင်သင်္ဘောကြီး ရောက်လာတော့မည်။ R2P ဝင်တော့ မည်။ ကုလသမဂ္ဂတပ်တွေ ရောက်လာ တော့မည်။ တိုင်းရင်းသားတပ်တွေ ဝင်နေပြီ။ ဖက်ဒရယ် တပ်မတော်ကြီး ရောက်လာတော့မည်။ တပ်မတော် စခန်းများကို သိမ်းပိုက်လိုက်ပြီ။ တပ်တွင်းပုန်ကန်မှု တွေဖြစ်နေပြီ။ တပ်မတော်ခေါင်းဆောင်တွေ ထွက်ပြေးပုန်းအောင်းနေပြီ။ နေပြည်တော်ကို သိမ်းပိုက်လိုက်ပြီ။ ပြည်သူ့ကာကွယ်ရေးတပ်တွေ မြို့များအားလုံးတွင် ဖွဲ့စည်းလိုက်ပြီ။ တပ်မတော်က ညှိနှိုင်းနေရပြီ။ ဝန်ထမ်းတွေကို ဖမ်းဆီးနေပြီ စသည် ဖြင့် မဟုတ်မမှန်သတင်းများ၊ ကောလာဟလသတင်း များကို နေ့စဉ်မပြတ် တစ်မျိုးပြီးတစ်မျိုး မရိုးအောင် ဖြန့်ဝေနေသည်။ အသုံးချ လက်သုံးစကား မမှန်မကန်သတင်းများ၊ ကောလာဟလသတင်း များကြောင့် အေးချမ်းစွာ နေထိုင်လိုကြသော ပြည်သူ များ အထိတ်တလန့်ဖြစ်ကြရသည်။ အစိုးရကို မကျေ နပ်သူများ၊ စိတ်ခံစားလွယ်သူများက ဝမ်းမြောက် ဝမ်းသာဖြစ်ကြသည်။ မြန်မာပြည်သူ ပြည်သားများ သည် ကောလာဟလသတင်းစကားများကို အယုံ လွယ်သည်မှာ သမိုင်းကြောင်း ရှည်ကြာခဲ့ပြီ ဖြစ်သည်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တစ်စုံတစ်ယောက်က အစပြု ပေးလိုက်သည့် မမှန် သတင်း၊ ထင်မြင်ယူဆချက်တစ်ခုသည် တစ်ယောက် မှအစ တစ်မြို့လုံး၊ တစ်နိုင်ငံလုံး ပျံ့နှံ့လွယ်လှသည်။ ကောလာဟလဟူသည်မှာ ကောင်းခြင်း၊ ၊ မကောင်းခြင်းနှစ်မျိုးရှိရာ မကောင်းသည့်ဘက်ကသာ တွင်တွင်ဖြစ်ပေါ်နေသည်။ ကောလာဟလကို ဇနပ္ပဝါဒ၊ ဇနုဿတိဟု ပါဠိ၌ ဖွင့်ဆိုထားရာ ရွာသူ တို့၏ ဓလေ့စကား၊ ရွာသူတို့၏အသိဟူ၍ သာမန်မျှ သာ အဓိပ္ပာယ်ဖော်ထားသည်။ ယခု ဖြစ်ပျက်နေသော ကောလာဟလများမှာ ရွာသူတို့၏ ဘာသာဘာဝ ပြောသည့်အဆင့် စကား မဟုတ်တော့ပေ။ ပညာတတ် အချို့၊ နိုင်ငံရေးသမားအချို့၊ တိုင်းတစ်ပါးလက်ပါးစေ အချို့၊ နိုင်ငံသားသစ္စာဖောက်အချို့၏တွင်တွင်ကျယ်ကျယ် ပက်ပက်စက်စက် လက်သုံးစကား၊ အသုံး ချ ပစ္စည်း ဖြစ်လာသည် တိုင်းပြည်ကို ပျက်စီးစေလိုသော ယုတ်မာသောရည်ရွယ်ချက်ဖြင့် သတင်းလိမ်၊ သတင်းမှား၊ ကောလာဟလစကားများကို လူမှု ကွန်ရက်စာမျက်နှာများမှ လျင်လျင်မြန်မြန် ဖြန့်ဝေလျက်ရှိသည်။ မြန်မာတို့၏ လူမှုဘဝတွင် အရင်ဦးသူပြောစကားက မှန်စတမ်းဆိုသည့် အဆင်အခြင်နည်းသောအတွေးသည် ယုန်သူငယ် စိတ်ကူးပမာ ဖြစ်နေသည်။ သေနတ်အစစ်ဖြင့် တစ်ချက်ပစ်ခတ်လျှင် လူတစ်ယောက်သာ ထိမှန် နိုင်သော်လည်း ပါးစပ်သေနတ်ဖြင့် ပစ်ခတ်၍ လူပေါင်း အယောက်တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းမက ထိမှန်ပျက်စီးစေနိုင်သဖြင့် ပါးစပ် သေနတ်ကောလာဟလကျည်ဆန်ပစ်ခတ်ခြင်းကို အသိဉာဏ်ကျည်ကာဖြင့် ကာကွယ်နိုင်ရမည် ဖြစ်သည်။ - နိုင်ငံရေးအစွန်းရောက်များ၊ ဆင်ခြင်တုံတရား နည်းသူများက တိုင်းပြည်ပျက်စီးစေရန်အတွက် မမှန်သတင်းများဖြင့် လုပ်ကြံဖျက်ဆီးရာတွင် အဓိကတွန်းအားပေးနေသူများမှာ ပြည်တွင်းနှင့် ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများဖြစ်သည်။ မဖြစ်နိုင်သည်များကို နှပ်ကြောင်းပေးခြင်း၊ နည်းနည်းကို ပြဲပြဲ၊ တစ်စိတ်ကို တစ်အိတ်၊ မဟုတ် ကို အဟုတ်လုပ်ကာ လျောမွေးကို ဗာရာဏသီ ချဲ့ကြသည်။ ။ ဘဝပျက်ခဲ့ရသူများ ကောလာဟလသတင်းများကို ယုံစားမှု ကြောင့် တိုင်းပြည်ပျက်စီးစေခြင်း လမ်းစဉ်လော၊ တိုင်းပြည်ကယ်တင်ရေးလမ်းစဉ်လာဟု ခွဲခြား နိုင်စွမ်းပင် မရှိတော့ချေ။ တစ်စုံတစ်ရာဖြစ်သည့် ကောလာဟလသတင်းကိုကြားသည်နှင့် ငိုချင်ရက် လက်တို့၊ အညှီရှိရာ ယင်အုံဆိုသလို ဖြစ်နေကြ သည်။ အုပ်စုဖွဲ့၊ သင်းဖွဲ့၊ ဂိုဏ်းဖွဲ့ကြသည်။ ထပ်မံ ပွားကြသည်။ ထပ်ဆင့်လှုံ့ ဆော်ကြသည်။ အမှန် တကယ်တွင် ချစ်ခြင်း၊ မုန်းခြင်းကြောင့် ကောလာ ဟလကို ယုံစားကြသည်။ ကောလာဟလကို ယုံစားသောကြောင့် စည်းလုံးမှုပျက်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ် ခဲ့သော မမှန်သတင်း ကောလာဟလဖြစ်စဉ်များ အရ ပြည်သူများ အကျိုးစီးပွား မဖြစ်ထွန်းဘဲ အကျိုးပျက်စီးခြင်းသာ ဖြစ်စေခဲ့သည်။ တစ်ဆင့် စကား တစ်ဆင့်ကြားရသည့် ကောလာဟလ သတင်းစကားကြောင့်ဘဝပျက်ခဲ့ရသူ၊ ဘဝမဲ့ခဲ့ရသူ အမြောက်အမြားရှိသည်။ မိမိတို့၏ အကျိုးစီးပွား၊ တိုင်းပြည်၏ အကျိုး စီးပွားမပျက်စီးစေရန်၊ ဖြစ်ထွန်းစေရန် အတွက် ကောလာဟလမမှန်သတင်းလား၊ အမှန်သတင်း လားကို ပြည်သူများအနေဖြင့် ဆင်ခြင်နိုင်ကြ စေရန် မေတ္တာရပ်ခံအပ်ပါသည်။ မမှန်သတင်းများကိုယုံစားသည့် လူအ၊ လူညံ့ များ မဖြစ်စေလိုရင်း စေတနာဖြစ်ပါသည်။ ကမ္ဘာ နှင့် ယှဉ်ကြည့်လျှင် ကိုယ့်လူမျိုးတွေ အယုံလွယ် သည်။ အသိဉာဏ်နည်းသည်။ ညံ့နေသည်။ ရိုင်းနေ သည်ဟု အထင်ခံရသည်ကိုရှက်တတ်ဖို့လိုပါသည်။ ယနေ့အချိန်အခါတွင် ကောလာ ဟလ ထုတ်လွှင့် သမျှကို ကိုယ်ပိုင်စဉ်းစားဉာဏ်မသုံးဘဲ ယုံစား လိုက်ပါနေကြသည်မှာ မိမိတွင် ပင်ကိုအရည် အချင်းမရှိသလို ဖြစ်နေပါသည်။ အမှန်နှင့် အမှား ခွဲခြားဆင်ခြင်တတ်ခြင်းဖြင့် ဂုဏ်ယူနိုင်ကြစေရန် ဆန္ဒပြုလိုက်ပါသည်။ ။

 

ငြိမ်းချမ်းမောင်