Skip to main content

လူနာတွေအနေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အစစအရာရာ အားကိုးပြီးလာတာပါ၊ အခုကာလက ငွေရေးကြေးရေး အကျပ်အတည်းရှိတဲ့ အချိန်ဆိုတော့ ပြည်သူ့ဆေးရုံတွေကပဲ လူနာတွေအတွက် အားကိုးစရာရှိတာပါ ကိုထွန်းထွန်းစိုး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အထူးကုပြင်ပလူနာဌာနအပါအဝင် အခြားသော သက်ဆိုင်ရာ ဆေးကုသမှုဌာနများ ပြန်လည်ဖွင့်လှစ်ကာ ပြင်ပလူနာ၊ အတွင်း လူနာများအား ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ကင်ဆာဝေဒနာရှင်များ၊ နှလုံးရောဂါ၊ ဦးနှောက် နှင့် အာရုံကြောဆိုင်ရာ ရောဂါဝေဒနာရှင်များအနေ ဖြင့် အထူးကု ပြင်ပလူနာဌာနရှိ နှလုံးဆေးကု၊ နှလုံး နှင့် သွေးကြောခွဲစိတ်၊ ဦးနှောက်နှင့် အာရုံကြော ဆေးကု၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကု၊ ကင်ဆာ ဆေးပညာ၊ ဓာတ်ရောင်ခြည်ဆေးကု စသည့်ဌာန တို့တွင် လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ် နိုင်ပြီဖြစ်ပြီး အရေးပေါ် အထွေထွေခွဲစိတ်ကုသခြင်း များနှင့် နှလုံးနှင့်ပတ်သက်၍ အရေးပေါ်ဆေးကုသမှု (ဥပမာ) နှလုံးခုန်စက် (Pacemaker) လဲလှယ်ပေး ခြင်းများကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြန်လည် လုပ်ဆောင်ပေးလျက်ရှိသည်။ သို့ဖြစ်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ဆေးဝါးကုသမှု ခံယူနေကြသည့် လူနာများနှင့် လူနာစောင့်များအား ဆေးကုသပေးမှုနှင့် စပ်လျဉ်းပြီး တွေ့ဆုံမေးမြန်း ထားသည်များကို တင်ပြလိုက်ရပါသည်။ ကင်ဆာရောဂါ ဆေးကုဌာနတွင် လာရောက် ဆေးကုသမှုခံယူနေသည့် ဒေါ်သိန်းလှ (မကွေးတိုင်း ဒေသကြီး တောင်တွင်း ကြီးမြို့နယ်) ကျွန်မက အသက် (၆၅ နှစ်)ရှိပါပြီ။ မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးကလာတာပါ။ မျက်လုံးက အဖုအပိမ့်ကြီး ထွက်နေတာပါ။ ပထမတစ်ခါ ခွဲပြီး သားပါ။ မျက်စိတစ်ခါခွဲပြီး ကင်ဆာဖြစ်တယ်ဆိုလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှတ်လိုက်တာပါ။ ဆေးရုံကြီးကို လွှတ်နေတာကြာပါပြီ။ ကိုဗစ်ကလည်း ဖြစ်နေတော့ မလာဖြစ်ခဲ့ဘူး။ အခု ကန်တော်ကြီး မျက်စိဆရာဝန်က ဖုန်းဆက်ပြီး ဒီကိုသွားဆိုပြီး လွှတ်လိုက်လို့ ရောက်လာတာ တစ်ပတ် လောက် ရှိသွားပြီ။ ပထမတော့ ဆေးကုသဖို့အတွက် ဓာတ်မှန် ရိုက်ခိုင်းတယ်။ ဒီနေ့က ပြန်ချိန်း လို့ လာရတာပါ။ ကိုယ်လိုတဲ့အချိန်လေး ဒီလိုလေး ကင်ဆာဆေးသွင်း ရမယ်ဆိုတော့ ဝမ်းသာ တာပေါ့။ ကင်ဆာဆေး မသွင်းရသေးခင်က ကိုယ့်ဝေဒနာ ပျောက်ပါ့မလား ဆိုပြီး စိတ်ဆင်း ရဲခဲ့ရတယ်။ အခုတော့ စိတ်ချမ်း သာတယ်။ ဓာတ်မှန်တွေ၊ အမ်ထရာဆောင်းတွေ ရိုက်တော့ အပြင်မှာရိုက်တဲ့စရိတ်တွေ ကုန်တယ်။ ဒီမှာတော့ မပေးရဘူး၊ စေတနာနဲ့ကြည့်ပေးပါတယ်။ အရင်က မျက်စိကို ကန်တော်ကြီးဆေးရုံမှာ ပြနေတာ။ အသားစယူပြီး ဓာတ်ခွဲစစ်ဆေးတဲ့အခါ ကျမှကင်ဆာလို့သိရတာ။ ဆရာဝန်က ကင်ဆာဆေးသွင်းဖို့ ပြောတယ်။ ဖုန်းလည်း ဆက်ပေး တယ်။ အဲဒါနဲ့ ဒီကိုရောက်လာတာပါ။ ဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးကုသမှု ခံယူနေ သည့်ကိုနိုင်မင်းထွဋ် (ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်) ကျွန်တော်က လှိုင်သာယာမြို့နယ်မှာ နေပါ တယ်။ အပြင်းဖျားပြီးတော့ ဦးနှောက် အမြှေးပါး ရောင်ရောဂါနဲ့ ဒီကိုရောက်လာတာပါ။ ဆေးရုံကို အဖေ လိုက်ပို့ပေးတာပါ။ ဒီမလာခင် လူမှုဖူလုံရေးဆေးခန်းမှာ သွားပြခဲ့သေးပါတယ်။ အဲဒီကနေ တစ်ဆင့် ဒီကိုရောက်လာတာပါ။ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်လောက်ကစပြီး နေမကောင်းဖြစ်တာပါ။ တဖြည်းဖြည်းနဲ့ သက်သာ လာပါပြီ။ ဆရာဝန်၊ ဆရာမတွေကလည်း တစ်ခုခုဆိုတာနဲ့ဂရုစိုက်ပေးကြ ပါတယ်။ ဒီမှာက အဆင်ပြေပါတယ်။ ။ ဆေးရုံကတော့ ဘယ်နေ့ဆင်းရမယ် မသိပါဘူး။ ဆေးစစ်ချက်တွေက မရသေးတဲ့အတွက်ပါ။ အပြင် ကနေ ဝယ်ရတဲ့ဆေးဝါးကုန်ကျစရိတ်တော့ ရှိပါ တယ်။ ကျန်တဲ့ ဆေးဝါးတွေကတော့ မဝယ်ရပါဘူး။ ဆေးရုံက ပေးတာတွေလည်း ရှိပါတယ်။ ဆေးရုံမှာ အချိန်ပြည့် ကြည့်ရှုပေးမယ့် ဆရာဝန်တွေ ရှိနေတာ ကိုက လူနာတွေအတွက် ကံကောင်းတာပါ။ ကျွန်တော်ဆို ဆရာဝန်တွေမရှိရင် သေရမှာ။ ဘာလို့လဲဆိုတော့ သတိသုံးရက် လွတ်သွားတယ်။ အခုလို ကြည့်ရှုကုသပေးတဲ့ သူရှိလို့သာ အသက် ပြန်ရှင်ရတာပါ။ ဆေးကုသဆောင်တွင် ဆေးဝါးကုသမှုခံယူနေသည့် ဒေါ်ချို (ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်) ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှာ နေပါတယ်။ လယ်ထဲကို ထမင်းသွားပို့ရင်းအပြန် မြွေကို သွား တက်နင်းမိရင်း အကိုက်ခံရတာပါ။ ရေမြွေလောက်ပဲ အကိုက်ခံရတာ ထင်နေတာ။ မနက်ပိုင်း လောက်ကျတော့ လူကမနေနိုင်တော့ဘူး၊ တဖျဉ်းဖျဉ်းနဲ့ အဖျား တွေ တက်လာပါတယ်။ ဆေးရုံကို သွားပြတယ်။ ပေါင်ကို ကြိုးလေးနဲ့ စီးပြီးနေတာငါမနေနိုင်တော့ဘူး ဆိုပြီး ခြေထောက်ကလည်း တန်းတန်း ကြီး ဆွဲနေတာ။ ဆိုင်ကယ်ပေါ်မှာသတိမေ့သွားတာ။ အဲဒီကနေ ဝေါကိုသွား၊ ဝေါကနေ ပဲခူးကိုသွားခိုင်းတယ်။ ပဲခူးဆေးရုံမှာ သုံးရက်ကုပါတယ်။ တစ်ခါ ပဲခူးဆေးရုံ ကနေ ကျောက်ကပ်ဆေးရမယ်ဆိုပြီး ရန်ကုန်ဆေးရုံ ကြီးကို လွှတ်လို့ ရောက်လာတာပါ။ ကျောက်ကပ် တစ်ခါဆေး တစ်ခါသက်သာတယ်။ ဆေးရုံက ဆင်းရမယ့်ရက်တော့ မသိသေးဘူး၊ ကျောက်ကပ်ဆေးတာက အပြင်မှာ ဈေးကြီး တယ်။ ဒီမှာက သက်သာပါတယ်။ ဆရာဝန်၊ ဆရာမတွေ ကလည်း သဘောကောင်းပါတယ်။ ရှေ့တစ်ပတ်သောကြာနေ့က တစ်ခါဆေးတယ်။ တနင်္လာနေ့ တစ်ခါ ဆေးတယ်။ နောက်တစ် ခေါက်ဆေးရင် ဘယ်နေ့ဖြစ်မလဲမသိဘူး။ အခုချိန် ဆေးရုံတွေမှာသာ ဆရာဝန်တွေမရှိလို့ ဆေးကုသပေးမယ့်သူမရှိရင် သေသွားနိုင်တယ်။ အချိန်မီ ကုသခွင့်ရလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။အရိုးနှင့် ထိခိုက်ဒဏ်ရာကုဌာနတွင် ဆေးကုသမှု ခံယူနေသည့် ကိုထွန်းထွန်းစိုး (ဧရာဝတီတိုင်းဒေသ ကြီး ငွေဆောင်မြို့နယ်) ။ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကနေ ဆေး လာကုတာပါ။ ဆိုင်ကယ်မှောက်ပြီး ခြေထောက် ကျိုးသွားလို့ စတီးရိုးအစားထိုးဖို့ ပုသိမ်ဆေးရုံကြီးကနေ ဒီဆေးရုံကြီးကို လွှဲလိုက်တာပါ။ ဆရာဝန်တွေက လည်း ဂရုစိုက်ကြပါတယ်။ အခုတော့ မခွဲရသေးပါ ဘူး၊ ခွဲဖို့ရက်က မရသေး ပါဘူး။ ကျွန်တော်တို့က နယ် ကလာတာဆိုတော့ ကုန်ကျစရိတ်တွေ မတတ်နိုင်ပါ ဘူး။ ဒါက ကိုယ့်ပြည်သူ့ဆေးရုံကြီးဆိုတော့ အကုန် အကျလည်း သက်သာတယ်။ ပစ္စည်းကိရိယာလည်း စုံလင်တယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အစစ အရာရာ အားကိုးပြီး လာတာပါ။ ဟိုက လာတုန်း ကတော့ ဆရာဝန်တွေများ ရှိပါ့မလားဆိုပြီး အားငယ် စိတ်ဖြစ်မိတယ်။ ဒီကျတော့ ဆရာဝန်၊ ဆရာမတွေ ရှိတယ်။ လိုအပ်တာတွေလည်း စီစဉ်ပေးတဲ့အခါကျတော့ အားရှိတာပေါ့။ ဆေးရုံမှာက သူ့ဟာနဲ့သူ ဆရာဝန်တွေရှိတယ်။ ဆေးလာကုနေတဲ့ လူနာတွေ ရှိတယ်။ အခု ကာလက ငွေရေးကြေးရေး အကျပ် အတည်းရှိတဲ့ အချိန်ဆိုတော့ ပြည်သူ့ဆေးရုံတွေကပဲ အားကိုးစရာရှိတာပါ။ ( ခွဲစိတ်အရေးပေါ်ကုသဆောင်တွင် ဆေးဝါးကုသမှု ခံယူနေသည့် မစုပြည့်အောင် (ရန်ကုန်တိုင်းဒေသ ကြီး လှိုင်မြို့နယ်) လှိုင်မြို့နယ်မှာ နေတာပါ။ စနေနေ့က ခွဲစိတ် တာပါ။ ဖြစ်တာက ကြာသပတေးနေ့ လောက်ကပါ။ ဖြစ်ဖြစ်ချင်း ဆေးခန်း အရင်ပြပါတယ်။ ဆေးခန်းက ရန်ကုန်ဆေးရုံကြီးကို လွှဲတာနဲ့ ချက်ချင်းလာတာပါ။ ရောက်တာနဲ့ သွေးပေါင်ချိန်တွေတိုင်း သွေးစစ်ပြီး တာနဲ့ ချက်ချင်းခွဲပေးတာပါ။ ကုန်ကျ စရိတ်လည်း မရှိပါဘူး။ အခုသက်သာနေပါတယ်။ အခုနေ ပြန်တွေးမိတာက အဲဒီအချိန်တုန်းကသာ ခွဲစိတ် ဆရာဝန်တွေ မရှိရင်ဆိုပြီး နည်းနည်းတော့ ကြောက်မိတယ်။ အခုလို ခွဲစိတ်ကုသပေးတဲ့ ဆရာဝန်၊ ဆရာမတွေကို ကျေးဇူးတင်ပါတယ်။ နှလုံးဆေးကုသဆောင်တွင် နှလုံးခုန်စက်တပ်ဆင် သည့် မိခင်ဖြစ်သူအား လူနာစောင့်အဖြစ် လိုက်ပါ လာသည့် မမြင့်သက်ခိုင် (ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်) အလုံမြို့နယ်မှာ နေပါတယ်။ အမေက စဖြစ် တာက နှလုံးခုန်နှုန်းတွေကျတော့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနလာပြတော့ နှလုံးစက် ထည့်ရမယ်ဆိုတာနဲ့ နှလုံးစက် လာထည့်တာပါ။ အရင်ကဘယ်မှာမှမပြဖူးပါဘူး။ အပြင်ဆေးခန်းမှာပဲ ပြနေတာပါ။ ပြနေရင်းနဲ့ နှလုံးခုန်နှုန်းတွေကျလို့ ရန်ကုန်ဆေးရုံကြီးကို လွှဲပေးလိုက်ပါတယ်။ ဒီမှာက ဆေးဝယ်သောက်ရတာပဲ ရှိပါတယ်။ စက်လည်း ထည့်ပေးလိုက်တယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသရလို့ တော်သေးတယ်။ အပြင်ဆေးခန်း တွေမှာဆို မလွယ်ဘူး။ ဆေးရုံက ကုန်ကျစရိတ် သက်သာတယ်။ အပြင်မှာဆိုဈေးတအားကြီးတယ်။ မတတ်နိုင်ဘူး။ နှလုံးစက်က အပြင်မှာ သိန်း ၂၀ လောက်ရှိတယ်၊ ကျွန်မတို့အနေနဲ့ မတတ်နိုင်ဘူး။ ရန်ကုန်ဆေးရုံကြီးမှာ လာထည့်တာမှာ ကုန်ကျ စရိတ်တော့ မရှိဘူး။ ဒီမှာက ဆေးရုံတက်ကြည့်လို့ သိရတာပါ။ လိုလေသေးမရှိ ဂရုစိုက်ကြပါတယ်။ ဆရာဝန်တွေလည်း ပုံမှန်လှည့်ကြည့်ပေးကြပါတယ်။ ယခုအခါ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တစ်နေ့ လျှင် ပြင်ပလူနာဦးရေ ၅၀၀ ကျော်ခန့် လာရောက် ပြသလျက်ရှိပြီး အတွင်းလူနာဦးရေ ၁၇၀ ကျော် တက်ရောက်၍ ဆေးကုသမှု ခံယူလျက်ရှိသည်။ တွေ့ဆုံမေးမြန်း - စိမ်းခက်၊လင်းလတ်/ ဓာတ်ပုံ- ကိုနေ