ပင်ယံဝင့်ကြွား ပန်းကလေးများ
လူကြီးဆိုတာ လူငယ်ဘဝကလာတာ။ ဆရာတိုင်း တပည့်ဖြစ်ဖူးတယ်။ စည်းကမ်းအစ စာသင်ကျောင်းကလို့ ဆိုတယ်။ အသိမကြွယ် လူမမည်များ ပင်ယံထက်ဖြား ဝင့်ကာကြွားလို့ လှပဝေဆာပွင့်လာဖို့လိုတယ်။ ရနံ့ရယ်မွှေးရောင်စုံအသွေး ကြည်နူးစိတ်တွေ မွေးဖွားစေသော လောကကို အလှဆင်လိုစိတ်တွေ ကိန်းအောင်းသက်ဝင်ဖို့ရာ ရောက်ရာဘဝ ကျရာကဏ္ဍက ပါဝင်ထမ်းရွက်ပါမှ လူသားပီသတဲ့ လူဖြစ်ရကျိုးနပ်သူ လူအများက လေးစားခံရသူဖြစ်မှာ အသေ အချာပါ။
လူတိုင်း လူကောင်းဖြစ်လိုကြပါတယ်။ လူတိုင်း အေးချမ်းစွာ ဘဝကို ဖြတ်သန်းလိုကြပါတယ်။ လူ့ဘဝ အကျိုးပေးဆိုတာ ကိုယ်စိုက်တဲ့ အသီး ကိုယ်ရိတ်သိမ်း ခူးဆွတ်ရမှုပါပဲ။ ငယ်စဉ်အခါ ပညာရှာတဲ့ကိစ္စဟာ ဘဝတစ်ခုလုံးအတွက် ဗဟို ချက်မပါ။ ကုန်လွန်သွားတဲ့အချိန်တွေ အလဟဿတွေ ရတတ်ကြပါတယ်။ ရိုးရှင်းတဲ့ဘဝ ဖြစ်တည်မှု ပတ်ဝန်းကျင်မှာ ယထာဘူတကျကျ ရှင်သန် တတ်ဖို့ အရေးကြီးပါတယ်။
သားသမီး ပညာသင်ကြားရေးမှာ မိဘက အခရာပါ။ ဆရာကတော့ စာသင်ခန်း ရောက်လာတဲ့ တပည့်ကို ဒုတိယမိဘလို တာဝန်ယူကြရတဲ့သူတွေ ဖြစ်လို့ မြန်မာ့ဓလေ့မှာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ယနေ့လူငယ် နောင်ဝယ် လူကြီးဆိုကြရာတွင် ပညာမဲ့အချိန်လူကြီးများရဲ့ မဟာတာဝန်ကြီးတစ်ခု ဖြစ်ပါတယ်။
ကျောင်းသူ ကျောင်းသား ပြည့်အင်အား
၅၅ သန်း လောက်လူဦးရေရှိတဲ့ နိုင်ငံမှာ ယနေ့ အခြေခံ ကျောင်းသူ ကျောင်းသားက ၉သန်းကျော် ရှိပါတယ်။ ဒီကလေးတွေကို သင်ကြားပေးနေတဲ့ ဆရာ ဆရာမက ၄ သိန်းကျော် ရှိပါတယ်။
ကျောင်းသူ ကျောင်းသားနဲ့ ဆရာ ဆရာမ ပေါင်းရင် ၁၀ သန်းလို့ ပြောရမှာပါ။ လူဦးရေ ၁၀ သန်းနဲ့ ပတ်သက်နေတဲ့ မိဘဆွေမျိုးပေါင်းစပ်လိုက်ရင် တစ်နိုင်ငံလုံး သန်းငါးဆယ်ကျော်သော နိုင်ငံ အင်အားဖြစ်သွားတာ အသေအချာပါ။ ဒါကြောင့် ပညာရေးကိစ္စဟာ တစ်ဦးစီအရေးမှသည် နိုင်ငံ့အရေး၊ နိုင်ငံ့အနာဂတ် ဖြစ်ပါတယ်။ လူတိုင်းပညာ သင်ကြားရေးနဲ့ ကျောင်းသူကျောင်းသား ကိစ္စများကို (မသိလိုက်မသိဘာသာ ကင်းကွာလျစ်လျူရှုထားလို့ မရပါဘူး။ ပြည့်အင်အားဟာ ပြည်တွင်းမှာသာ ရပ်ဝန်းဆီသို့ အရောက်လှမ်းရင်း မိမိဘဝလှပအောင် ပုံဖော်ကြရမှာ ဖြစ်ပါတယ်။ မိမိဘဝလှပပါမှ မိမိမိသားစု၊ မိမိပတ်ဝန်းကျင်၊ မိမိရပ်ရွာ ဒေသအကျိုးသယ်ပိုးထမ်းရွက်ကြနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ယူသင်ကြားလိုစိတ်များဖြင့် ပြည့်အင်အားအရောင်တင် မြေတောင် မြှောက်ကြရမှာ ဖြစ်ပါတယ်။
မွေခံထိုက်စေ
မိဘ ဆရာတွေဟာ ကျင့်ဝတ်စည်းကမ်း ညီလေလေ၊ သာယာမျှတ အေးချမ်းလှတဲ့ ဘဝနဲ့ ပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်နိုင်လေလေ ဖြစ်ပါတယ်။ အဖိုးထိုက်သူအလေးအမြတ် ဦးညွတ် တန်ဖိုးထား အရိုအသေပေးရမယ့်သူလို့ သားသမီး တပည့်တွေက သတ်မှတ်ခံယူမှု မြင့်မားလာတဲ့ ပတ်ဝန်းကျင်ဟာ လူလိမ္မာ လူယဉ်ကျေး လူတာဝန်သိများ ပေါများရာ အရပ် ဖြစ်လာမှာ အသေအချာပါ။ အပြန်အလှန်ကိုးစားယုံကြည်မှုနဲ့ မေတ္တာပေါင်းကူး တံတား သစ္စာ ခံယူချက်တွေ မွေးဖွားနိုင်ကြဖို့ လူကြီးတွေက တာဝန်သိမှုနဲ့ စံနမူနာပြကြရမှာ ဖြစ်ပါတယ်။ ထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးကျင့်ဝတ်ကို အပြည့်အဝ စောင့်ထိန်း လိုက်နာစေရေး ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေ နှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်အချက်ကတော့ အတတ်သင်စေဆိုတဲ့ သားသမီး ကို ပညာသင်ကြားစေရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် သမီးတွေဖြစ်စေဖို့ ကိုယ်စီ တာဝန်ကျေပွန်ကြရေးဟာ အထူးအရေးကြီး လှပါတယ်။
အခြေခံအရင်းအမြစ်
ပညာရေးဟာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးရဲ့ အခြေခံရင်းမြစ် ဖြစ်ပါတယ်။ အခြေခံပညာကို ခိုင်မာစွာ တည်ဆောက်နိုင်မှ နိုင်ငံတိုးတက် ဖွံ့ဖြိုးမှုမြန်ဆန်မှာ ဖြစ်ပါတယ်။ လူပြိန်းကြိုက် စကားလုံးဆန်းတွေ၊ လက်တွေ့မကျတဲ့ မှိုင်းတိုက်မှုတွေ၊ စိတ်ကူးယဉ်အရူးထ တရားနည်းလမ်းမကျ မှုတွေနဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တိုးတက်အောင်မြင် တဲ့ လူမှုအသိုက်အဝန်း မဖော်ဆောင်နိုင်ပါ။
လက်တွေ့ဘဝနဲ့ ကိုက်ညီပြီး စည်းကမ်းနည်း လမ်းကျ ဥပဒေဘောင်အတွင်းက သမားရိုးကျ နည်းလမ်းတွေကသာ ကောင်းမွန်လှပသာယာ အေးချမ်းတဲ့ဘဝတွေကို ဖြစ်တည်စေနိုင်မှာပါ။ လူငယ်တိုင်း လူငယ်တို့ဘဝတာဝန်တွေ ကျေပွန်စေဖို့ ဆရာနဲ့ မိဘ အတူတကွ ပူးပေါင်းကြရမှာ အဓိက အကြောင်းတရား ဖြစ်ပါတယ်။ မြင့်မြတ် ဖြူစင်တဲ့ စိတ်နဲ့ပြုပြင်ထိန်းကျောင်း မျှဝေ သင်ကြားမှုဟာ ဆရာကောင်းတစ်ဦးရဲ့ မူလဘူတ ဆရာစိတ်ထားဖြစ်ပါတယ်။ ဆရာ ဆရာမ တွေဟာ ပညာရေးရဲ့ ပဲ့ကိုင်ရှင်တွေပါ။ ဆရာနဲ့ မိဘ နားလည်မှု အပြည့်အဝ ပူးပေါင်းနိုင်မှ ကလေး တွေရဲ့ ပညာရေးနဲ့ အခြေခံစိတ်ထားတွေကောင်းနိုင်မှာ ဖြစ်ပါတယ်။
ကလေးတွေ ပညာတတ်မြောက် အသိတရား တွေ တိုးတက်မြင့်မားပါမှ နိုင်ငံတော်စည်ပင်သာယာ တိုးတက်ကြီးပွားနိုင်မှာဖြစ်ပါတယ်။ ကလေးတွေ ဟာ နိုင်ငံတော်အတွက် ရတနာတွေပါ။ ကလေး၊ မိဘ၊ ဆရာ ပူးပေါင်းပြီး အပြန်အလှန် ယုံကြည် ကိုးစားတဲ့ သင်ကြား သင်ယူထောက်ပံ့ ဖြည့်ဆည်း မှုဟာ နိုင်ငံသားတာဝန်၊ လူသားတာဝန်ကျေပွန်မှု အသိတရားပြည့်ဝမှု၊ အပြန်အလှန်လေးစားတန်ဖိုး ထားမှုတွေနဲ့ ကိုယ်စီတာဝန်ကျေပွန်နိုင်ကြပါစေ။ ပင်ယံထက်မှာ ပွင့်လန်းဝေဖြာ မွှေးကြိုင်လာမယ့် ပြုစုမှုအစုံအလင်နဲ့ စဉ်ဆက်မပြတ် ပျိုးထောင်နိုင် ကြပါစေကြောင်း ဆန္ဒပြုတင်ပြလိုက်ရပါတယ်။
ကြိုင်သင်း