Skip to main content

မြန်မာနိုင်ငံအရေးကို အာဆီယံနည်းလမ်းဖြင့် ဖြေရှင်းနိုင်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူပြော

မြန်မာနိုင်ငံအရေးကို အရှေ့တောင်အာရှနိုင်ငံများအသင်းအဖွဲ့ (အာဆီယံ) ၏ နည်းလမ်းဖြင့် ဖြေရှင်းနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာ (Xinhua) သတင်းဌာနနှင့် မကြာသေးမီကပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။

ယမန်နေ့မှ အဆက်

Mr. Che Hong Liang ။ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် သွေးထွက်သံယို ဖြစ်မှုများက မကြာခဏဖြစ်ပွားနေခြင်းကြောင့် အခြေအနေတည်ငြိမ်အေးချမ်း စေရန်နှင့် ပြည်သူလူထုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ယုံကြည်မှုပြန်လည်ရရှိစေရန် မည်ကဲ့သို့သော ဆောင်ရွက်မှုများ ရှိကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်း။ ဖြေကြားရာ ယခုမေးမြန်းသည့် မေးခွန်းတွင် အပိုင်း (၂)ပိုင်ပါရှိပြီး ဒုတိယ အပိုင်းဖြစ်သည့် ပြည်သူလူထုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု ယုံကြည်မှု ပြန်လည်ရရှိရေးအပိုင်းကို မိမိ အနေဖြင့် ဦးစွာကြားလိုကြောင်း၊ ယခုလက်ရှိ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင် ပြောကြား ခဲ့သည့် မိန့်ခွန်းထဲကအတိုင်း ကိုးကားပြီးပြောလိုကြောင်း၊ ၂၀၁၃ ခုနှစ်က တရုတ်ဗဟိုပါတီ သင်တန်းကျောင်း နှစ် ၈၀)ပြည့် အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းအတွင်းက ကောက်နုတ် ချက်တစ်ခုကို ကိုးကားလိုကြောင်း၊ မစ္စတာရှီကျင့်ဖျင်က “အနှစ်မပါတဲ့ ပြောစကားတွေက တိုင်းပြည်ကို ထိခိုက်နစ်နာစေပါတယ်။ အလုပ်ကို ပင်ပင်ပန်ယန်း ကြိုးကြိုးစားစာလုပ်လို့ တိုင်းပြည်ကို စည်ပင်ဝဖြိုးစေပါတယ်” ဟု ပြောကြားခဲ့ကြောင်း၊ တရုတ် သမ္မတကြီးက ဆက်လက် ပြောကြားရာတွင် တရုတ်သမိုင်းက နာမည်တစ်ခုကို ကိုးကားလိုကြောင်း၊ “ကျောင်ခူဝေါ” ဆိုသည့် သမိုင်းဆိုင်ရာသင်ခန်းစာများကို စွဲမြဲသင့်ကြောင်း၊ “ကျောင်ခူဝေါစကားနှင့် ပတ်သက်ပြီး နှစ်မျိုးရှိပြီး “ကျောင်ခူဝေါနှင့် “ကျောင်ခူအို" ဟုရှိကြောင်း၊ ဘီစီ ၂၆၀ တွင် ကျောင်နိုင်ငံရဲ့ စစ်ဘက် အရာရှိတစ်ယောက်ဖြစ်ပြီး လက်တွေ့ တိုက်ပွဲအတွေ့အကြုံ၊ ဆမရှိကြောင်း၊ ၎င်းဂ္ဂိုလ်အား “ထိုင်ရာမထ သေနင်္ဂ ဗျူဟာရှင်“ဟု ပြောကြားခဲ့ကြောင်း၊ အဆိုပါပုဂ္ဂိုလ်သည် လက်တွေ့ တိုက်ပွဲ မရှိဘဲ စာရွက်ပေါ်တွင်ပဲ တိုက်ပွဲတိုက်တတ်ပြီး လက်တွေ့ကြုံရသည့်အခါ ၎င်း၏ စစ်သည် လေးသိန်းလောက် အဖမ်းခံရပြီး အသတ်ခံရခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသမ္မတကြီး သတိပေး သွားသည့်အရာက ထိုအကြောင်းအရာဖြစ်ကြောင်း အနှစ်မပါသည့်ပြောစကားက တိုင်းပြည် တည်ဆောက်လို့မရကြောင်းနှင့် ကြိုးကြိုးစားစား တည်ဆောက်ရမည်ဖြစ်ကြောင်း။

“ထိုင်ရာမထ၊ သေနင်္ဂဗျူရှင်" ဆိုသည့် ထိုင်ရာမထသည့် ပညာရှင်များကို မလိုချင်ကြောင်းနှင့် လက်တွေ့အလုပ် လုပ်မည့်လူငယ်များကို လိုသည်ဟု အဓိပ္ပာယ်ဖြစ်ကြောင်း၊ မိမိပြောကြားလို သည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဦးဆောင်နေရသူများသည် နိုင်ငံဖွံ့ဖြိုးရေး၊ လုံခြုံရေး ကို မည်ကဲ့သို့ဆောင်ရွက်ရမည်ကို လက်တွေ့ကော၊ စာတွေကော အတွေ့အကြုံရှိပြီးသူဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မိမိနိုင်ငံအနေဖြင့် တပ်မတော်အစိုးရ လက်ထက်တွင် အနောက် နိုင်ငံကြီးများနှင့် အပေါင်းအပါနိုင်ငံများက ပိတ်ဆို့မှု မျိုးစုံလုပ်ဆောင်ခဲ့ကြောင်း၊ အခုလိုပိတ်ဆို့မှု များကြားက ဖွံ့ဖြိုးရေးအတွက်ပါ ထိထိရောက်ရောက် ကူညီပေးသည့် နိုင်ငံသည် တရုတ်နိုင်ငံပဲ ဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံပေါင်းစုံက ပိတ်ဆို့နေသည့်ကြားက တပ်မတော်အစိုးရ အနေဖြင့် ရန်ကုန် - မန္တလေးအထိ အမြန်လမ်းမကြီးကို ဖောက်လုပ်ခဲ့ကြောင်း၊ မည်သည့် ဒီမိုကရေစီ အစိုးရလက်ထက်မှာမှ ဖောက်ခဲ့တာ မဟုတ်ကြောင်း၊ နေပြည်တော်ဆိုသည်မှာ တပ်မတော်အစိုးရ လက်ထက်တွင် တည်ဆောက်ခဲ့ကြောင်း၊ လွှတ်တော်အဆောက်အအုံများ အပါအဝင် ပါတီစုံ ဒီမိုကရေစီစနစ်အတွက် အခြေခံအဆောက်အဦများကို တပ်မတော်အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ကြောင်း၊ ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်၏ အခြေခံ အဆောက် အဦများ၊ ယခုလုပ်နေသည့် လွှတ်တော်၊ သမ္မတအိမ်တော် စသည်များကို တပ်မတော်အစိုးရ လက်ထက်တွင် တည်ဆောက်ခဲ့ကြောင်း။

ယခု နိုင်ငံတော်ကို စီမံအုပ်ချုပ်နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များက အဆိုပါခေတ်များတွင် လက်တွေ့လုပ်ငန်းများ၌ ပါဝင်ခဲ့ကြသည့် သူများဖြစ်ကြောင်း၊ ထို့ကြောင့် “ကျောင်ခူဝေါ” လို “ထိုင်ရာမထ၊ သေနင်္ဂဗျူဟာရှင်” တစ်ယောက်မှ မပါဝင်ကြောင်း၊ လက်တွေ့ကျကျ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် မည်ကဲ့သို့ လုပ်ကိုင် ဆောင်ရွက်မည်ကို အပတ်စဉ် ကောင်စီအစည်းအဝေး၊ အစိုးရအဖွဲ့ ညှိနှိုင်းအစည်း အဝေးများတွင် သတင်းထုတ်ပြန်ပေး လျက်ရှိကြောင်း၊ ယခင် ဒီမိုကရေစီအစိုးရ လက်ထက်တွင် အစိုးရက မည်ကဲ့သို့ ဆောင်ရွက်မည်ကို ပြည်သူများ မသိရကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်မည်၊ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို ပြည်သူသိအောင် အပတ်စဉ်၊ နေ့စဉ် သတင်း ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ လက်တွေ့အပိုင်းတွင် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် မြန်မာနိုင်ငံအနှံ့ကို သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ အောက်ခြေဖြင့် ထိတွေ့ လျက်ရှိကြောင်း၊ ဥပမာအနေဖြင့် မိမိပြောရရင် လှိုင်သာယာမြို့နဲ့ ရွှေပြည်သာမြို့မှာ မီးရှို့ခံရ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်တိုင် ၎င်းစက်ရုံတွေအထိ ရောက်အောင် သွားခဲ့ပြီး ပိုင်ရှင်များ၊ အလုပ်သမားများနှင့် တွေ့ခဲ့ရကြောင်း၊ သူတို့ပြောပြသည့် အခက်အခဲ များကို မိမိတို့နားထောင်ပြီး လက်ငင်းဖြေရှင်းပေးခဲ့ကြောင်း၊ အဲဒီခေါ်သွားသည့်အထဲမှာ သူ့သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများ ပါဝင်ပါကြောင်း၊ ပိုင်ရှင်များနှင့် တွေ့ဆုံပြီး အခက်အခဲများ ကို ဖြေရှင်းပေးခဲ့ပါကြောင်း၊ အလုပ်သမားများနှင့် တွေ့ဆုံပြီး အခက်အခဲများကို ဖြေရှင်းပေးခဲ့ပါ ကြောင်း၊ ထိုကိစ္စများက လက်တွေ့ဖြစ်ကြောင်း၊ မိမိတို့ နောက်ထပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအတွက် မိမိတို့ ဘယ်လိုဆောင်ရွက်သွားမလဲ ဆိုတာက ဒီနေရာမှာတော့မိမိတို့အနေနဲ့ တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်ပြည်သူ လူထုကို မေတ္တာရပ်ခံလိုပါကြောင်း။

မိမိတို့နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေဆဲ နိုင်ငံဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ အဓိက ထုတ်ကုန် သည် စိုက်ပျိုး/မွေးမြူရေး ထုတ်ကုန်ဖြစ်ပါကြောင်း မိမိတို့နိုင်ငံနှင့် တရုတ်နိုင်ငံသည် နယ်စပ် ကုန်သွယ်မှုမှာ အများဆုံးဖြစ်ပါကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မတ်လ နှစ်လတာ အတွင်းမှာ တရုတ် နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစာရင်းအရ မိမိတို့ ကုန်ရိကန် ဒေါ်လာ ၃၀ သန်း ရှိပါကြောင်း၊ သွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၄ သန်း စုစုပေါင်း ပမာဏ ၆၀၉ သန်း လောက် ရှိပါကြောင်း၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ အနေဖြင့် တရုတ်ပြည်သူလူထုနဲ့ ဆက်လက်ကူညီပေးပါလို့ မိမိမေတ္တာ ရပ်ခံလိုပါကြောင်း၊ ခုနက ပြောသည့် ဒုတိယပိုင်းအနေနဲ့ အကြမ်းဖက် သွေးထွက်သံယိုမှုများ ရှိနေဆဲဆိုသည့်အပိုင်းကို ရှိနေသည်ဆိုတာကို မိမိတို့ဝန်ခံပါကြောင်း၊ အဓိက ကတော့ NLD ပါတီဝင်တချို့နဲ့ NLD ပါတီ အစွန်းရောက်သူများက မိမိတို့နိုင်ငံမှာဆန္ဒပြမှုများကို လက်တွေ့ကြည့်ရင် သိနိုင်ပါများက ဆန္ဒပြ နေတယ်၊ ဘယ်နေရာမှာ ဆန္ဒပြနေတယ်ဆိုတာ ဖွနေတာရှိပေမယ့်၊ တကယ့်လက်တွေ့မှာတော့ ဆန္ဒပြမှုတွေ လျော့နည်းလာကြောင်း သို့သော် ဗုံးထောင်မှုများ၊ ဗုံးခွဲမှုများ၊ မိုင်းခွဲမှုများ၊ မီးကွင်း ပစ်မှုများ စသည့် အကြမ်းဖက်လုပ်ရပ်များ ပိုမိုလုပ်ဆောင် လာသည်ကို တွေ့ရကြောင်း၊ ၎င်းတို့ကို ငြိမ်ဝပ်ပိပြားရန်၊ တရားဥပဒေစိုးမိုးရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ပြီး ပဋိပက္ခများ လျော့နည်းရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း။

Mr. Che Hong Liang ။ ယခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာခဲ့ပြီး အရေးပေါ်ကာလအပြီးတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေမည် ဖြစ်ပြီး အနိုင်ရပါတီကို အာဏာလွှဲ ပြောင်ပေးမည်ဟု ပြောကြားခဲ့သည်ကို သိရကြောင်း၊ အရေးပေါ် အခြေအနေ ကြေညာပြီး ဘက်ပေါင်းစုံမှ အစီအစဉ်များ ပြန်လည်ကောင်းမွန်လာစေရန် မည်သို့သော လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသလဲ၊ ထိရောက်မှုအခြေအနေ မည်သို့ရှိပါသလဲ၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်ကဲ့သို့ဆောင်ရွက်မှုမျိုးကို ဆောင်ရွက်ရန် ရှိပါသလဲ မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်း ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ခိုင်ခိုင်မာမာ အာမခံပြီးဖြစ်ကြောင်း၊ အရေးပေါ် ကာလ ပြဋ္ဌာန်းချက်များအတိုင်းဆောင်ရွက်ပြီးနောက် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပြီး ပြည်သူက ရွေးချယ်သောသူကို နိုင်ငံတော်ဘာန်ကို လွှဲပြောင်းပေးမည်ဟု ကမ္ဘာသိ အာမခံပြီးဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်သွားမည် မဟုတ်ကြောင်း၊ နစကအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အနှစ်ချုပ်ပြောရမည် ဆိုပါက ပထမဦး ဆုံး UEC ကို ဖွဲ့စည်းပြီး UEC က မဲ မသမာမှုများနှင့် ပတ်သက်ပြီး စစ်ဆေး လျက်ရှိကြောင်း၊ နံပါတ်(၂)အချက်မှာ COVID-19 ကာကွယ်ရေးကို အရှိန်အဟုန်မပျက် လုပ်ဆောင် လျက်ရှိကြောင်း၊ နံပါတ်(၃) အချက်မှာ COVID-19 ကြောင့် ထိခိုက်ခဲ့ရသော စီးပွားရေးများကို အမြန်ဆုံးကုစားနိုင်ရန် ဆောင်ရွက်နေကြောင်း နံပါတ်(၄) အချက်မှာ ငြိမ်းချမ်းရေးအတွက် NCA ပါ အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နံပါတ်(၅)အချက်မှာ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်ညီ ဆောင်ရွက် ပြီးစီးပါကရွေးကောက်ပွဲလုပ်ဆောင်ပေး မည်ဖြစ်ပြီး နိုင်ငံ့တာဝန်ကို လွှဲပြောင်းပေးမည် ဖြစ်ကြောင်း။

ထို့အပြင် ဦးတည်ချက် (၉) ရပ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလော ဆောင်ရွက် ချက်အနေဖြင့် COVID-19 ကာလတွင် ကျောင်းပိတ် ထားရသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ တည်ထောင်နိုင်ရန်အတွက် ပညာတတ်များ၊ လူသားအရင်းအမြစ်များ နှစ်စဉ် မွေးထုတ်ပေးနေမှုသည် နစ်နာလျက်ရှိကြောင်း၊ ထို့ကြောင့် ယခုဇွန်လဆန်းတွင် အခြေခံ ပညာ ကျောင်းများ ဖွင့်လှစ်ပြီးတက္ကသိုလ်များ၊ ကောလိပ်များ၌ နောက်ဆုံးနှစ် သင်တန်းများဖြစ်သော ပါရသင်တန်းများ မဟာဘွဲ့သင်တန်းများ စသည်တို့ကို စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဤသည်မှာ ပညာရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည်ကို ရှင်းလင်းပြောကြားသည်။

Mr. Che Hong Liang ။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ထိရောက်မှုအခြေအနေမည်မျှရှိပါသလဲ မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း ။ ထိရောက်မှု အခြေအနေသည် မြင်တွေ့နေရသည့် အတိုင်းဖြစ်ကြောင်း၊ သတင်းထောက် များအနေဖြင့်လည်း မြန်မာနိုင်ငံတွင် မြင်နေ၊ တွေ့နေရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလဆန်းပိုင်း၊ ဆော်လနှင့် ယခုအခြေအနေများသည် မတူတော့ သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ အဓိကမှာ ဆန္ဒပြမှုများနှင့် ပတ်သက်လာပါက အကြမ်းဖက်မှုများ ရှိကောင်းရှိ လာနိုင်ကြောင်း၊ သို့သော် ဆန္ဒပြမှုများနှင့် ပတ်သက်၍ လျော့နည်းသွားသည်ကို လက်တွေ့ တွေ့ရမည်ဖြစ်ကြောင်း၊ ထို့အပြင် စီးပွားရေးလုပ်န်းများနှင့် ပတ်သက်ပြီး တချို့ ပိတ်သိမ်းလိုက် ရသော စက်ရုံများရှိကြောင်း ရပ်ဆိုင်းလိုက်ရသော လုပ်ငန်းများရှိကြောင်း၊ ထိုလုပ်ငန်းများ နှင့်ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းများသည် အောက်ခြေအဆင့် လှိုင်သာယာ၊ ရွှေပြည်သာကဲ့သို့ နေရာမျိုးတွင်စီပွားရေး လုပ်ငန်းများ၊ စက်ရုံများ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်နေသည်ကို တွေ့နိုင် မည်ဖြစ်ကြောင်း၊ ထို့အပြင် ကုန်သွယ်ရေး ဆိပ်ကမ်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ယခင်က ရပ်တန့်နေမှုများရှိကြောင်း၊ ယခုတွင် ပြန်လည် လည်ပတ်လာနေသည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း၊ သို့သော် မိမိ ဝန်ခံချင်သည်မှာ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ မလည်ပတ်နိုင်သေးကြောင်း။

ဆက်လက်၍ ကြိုးစားအားထုတ်လျက်ရှိကြောင်း၊ ဘဏ်များနှင့်ပတ်သက်ပြီး တချို့ပုဂ္ဂလိကဘဏ် များတွင် CDM လုပ်ဆောင်နေသော ဝန်ထမ်းများကြောင့်၊ ပုဂ္ဂလိကဘဏ်များတွင် ငွေရေး ကြေးရေး အကျပ်အတည်းဖြစ်စေရန် လုပ်ဆောင်နေသည့် လုပ်ငန်းများရှိကြောင်း မနေ့က ဗဟိုဘဏ်မှ အမိန့်ကြေညာစာ ထုတ်ပြန်ကြောင်း၊ အဓိက အနှစ်ချုပ်မှာ ဘဏ်များတွင်ဘဏ်စာရင်း အသစ်ဖွင့်ပြီး ပါက ထိုဘဏ်များ၌ ငွေကို စာရင်းသစ်တွင် မိမိအပ်ထားသလောက် အကန့်အသတ်မရှိ ထုတ်နိုင် သည်ကို ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ဆောင်ခဲ့ရသည့်အကြောင်းမှာ ငွေပေး၊ ငွေချေစနစ် များတွင် ကြန့်ကြာနေသည့်အတွက် ငွေပေး ငွေချေစနစ်များတွင် မြန်အောင်၊ စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

Mr. Che Hong Liang ။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ အခြေအနေသည် ဆိုးရွားနေဆဲဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် ကပ်ရောဂါ ထိန်းချုပ်ရေး အခြေအနေမှာ မည်သို့ရှိပါသလဲ၊ နောင်အခါတွင် ရေဂါထိန်းချုပ်ရေး၊ ကာကွယ်ဆေးထိုးနှံရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်မှုများရှိပါသလဲ မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း။ မြန်မာနိုင်ငံ၌ COVID-19 ဒုတိယလှိုင်းအပြီးတွင် ထပ်မံ၍ ဆိုးဆိုးရွားရွား မဖြစ်သေးကြောင်း၊ သို့သော် တချို့နိုင်ငံများတွင် တတိယလှိုင်းမှာ ပြင်းပြင်းထန်ထန် ဖြစ်နေသည် ကို သိရသည့်အတွက် မိမိတို့လည်း တော်တော်လေး စိုက်ရမည့် အခြေအနေမျိုးဖြစ်ကြောင်း၊ ယနေ့ထိ COVID-19 ကာကွယ်ဆေး ၃ ဒသမ ၅ သန်း ရရှိပြီးဖြစ်ကြောင်း၊ ရောက်ရှိရန် ကျန်ရှိသည့် ၂၈ သန်းကို သတ်မှတ်ကာလအတွင်း အသုတ်လိုက်ရရှိနိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဦးစားပေး အစီအစဉ်အနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ပြီလ ၂၁ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံခြင်း ၁ဒသမ ၅၄ သန်း၊ ဒုတိယအကြိမ် ထိုးနှံခြင်း ဝ ဒဿ ၃၄ သန်း စုစုပေါင်း ၁ ဒသမ စစ သန်းမှာ ပထမအသုတ်တွင် ထိုးနှံပြီး ဖြစ်ကြောင်း၊ ကျန်ရှိသော ၁ ဒသမ ၆၂ သန်းကိုလည်း ထိုးနှံနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်နေကြောင်း၊ ထူးခြားချက်မှာ ယခင်က အိန္ဒိယနိုင်ငံက ထုတ်သည့် COVIDကာကွယ်ဆေးကို ဝယ်ယူဆောင်ရွက်ခဲ့ကြောင်း တပ်မတော်က တာဝန်ယူပြီး နောက်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် COVID-19 ကာကွယ်ဆေးကို တရုတ် နိုင်ငံကထုတ်သည့် Sinopharm ကို ခွင့်ပြုခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံက ထုတ်သည့် Covaxin တို့ကို ခွင့်ပြုခဲ့ကြောင်း ထိုဆေးများကို အားလုံးထိုးနှံနိုင်ရန်အတွက် ၈ သန်း ခန့်လိုအပ်နေသေးကြောင်း၊ ထိုဆေးများကို စာချုပ်ချုပ်ဆို၍ ဝယ်ယူသွားမည် ဖြစ်ကြောင်း။

တရုတ်နိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါ မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားစဉ်ကတည်းက အစောဆုံးကူညီခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း တတ်နိုင်သရွေ့ တပ်မတော် အနေဖြင့် တရုတ်နိုင်ငံ၌ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန် တပ်မတော်မှ လေယဉ်တစ်စီး စေလွှတ်ပြီး တတ်နိုင်သည့်အကူအညီကို သွားရောက်ဆောင်ရွက်ခဲ့ကြောင်း တရုတ်နိုင်ငံနှင့် အပြန် အလှန် မြန်မာနိုင်ငံ၌ COVID-19 နှင့် ပတ်သက်သော ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် လိုအပ်သည့် ဆေးဝါးများ၊ ကိရိယာများကို လှူဒါန်းသည့်အပြင် ဆေးဘက်ဆိုင်ရာ ပညာရှင်များ မြန်မာနိုင်ငံသို့ စေလွှတ်ပြီး အတွေ့အကြုံများကို မျှဝေပေးခဲ့ကြောင်း၊ ထိုအတွေ့အကြုံများသည် တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း အထူးကျေးဇူး တင်ရှိကြောင်း၊ မကြာမီရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး ၅ သိန်း ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ ဆက်လက် ကူညီပေးရန်လည်း ပြောလို ကြောင်း တရုတ်နိုင်ငံအနေဖြင့် ဆေးဘက်ဆိုင်ရာပညာရှင်များ၊ COVID-19 နှင့်ပတ်သက်ပြီး တရုတ် နိုင်ငံသည် အတွေ့အကြုံ၊ ထိန်းချုပ်ကုသရေးတွင် ကမ္ဘာသိ အတွေ့အကြုံရှိကြောင်း ကမ္ဘာသိ ထိန်းချုပ်ကုသနိုင်သည့်အတွက် COVID-19 ကုသရေးနှင့်ပတ်သက်ပြီး အတွေ့အကြုံ၊ ဆေးဘက် ဆိုင်ရာ ပညာရှင်များ လာရောက်၍ အတွေ့အကြုံများ မျှဝေပေးနိုင်ပါက မိမိတို့အတွက် ပိုမို၍ အကျိုးရှိမည်ကို ပြောလိုကြောင်း ရှင်းလင်းပြောကြားသည်။

Mr. Che Hong Liang ။ ယခုလိုအချိန်ပေး၍ ဖြေကြားပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း ။ ထပ်မံပြောလိုသည်မှာ CDM လုပ်နေသည့်ကာလ မြန်မာနိုင်ငံတွင် အစိုးရဆန့်ကျင်ရေးဟူ၍ CDM ဟု အမည်တပ်၍ အလုပ်မဆင်းမှုများရှိကြောင်း၊ အလုပ်မဆင်းမှု များထဲမှ ကျန်းမာရေးကဏ္ဍက အဆိုးဆုံးဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် တပ်မတော်အနေဖြင့် တပ်မတော်ဆေးပညာရှင်များ၊ တပ်မတော်ဆေးရုံများမှ ပြည်သူလူထုကို ကုသပေးနေမှုများ ရှိကြောင်း၊ နေပြည်တော်နှင့် အနီးတစ်ဝိုက် တစ်နိုင်ငံလုံးတွင် ကုသပေးနေမှုများရှိကြောင်း၊ ထို့အပြင် ဖွင့်လှစ်နိုင်သော ဆေးရုံ၊ ဆေးခန်းများကို တပ်မတော်သား ဆရာဝန်များဖြင့် သွားရောက် ကုသပေးနေမှုများရှိကြောင်း ဖွင့်နိုင်သည့် ဆေးခန်း ဆေးရုံများကို တပ်မတော်သား ဆရာဝန် များဖြင့် သွားရောက်ကုသလျက်ရှိပါကြောင်း၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ပြီလ ၂၇ ရက်နေ့ထိ အရပ်သား ပြည်သူလူထု ပြင်ပလူနာ ၁၆၀၀၀၀ ကျော် ကုသပေးခဲ့ပါကြောင်း၊ အတွင်း လူနာ ၃၀၀၀ ကျော်ရှိပါကြောင်း၊ အကြီးစား ခွဲစိတ်ကုသလူနာ ၇၈၁၁ ဦး အသေးစား ခွဲစိတ်ကုသလူနာ ၃၉၉၉ ဦး ရှိပါကြောင်း၊ ကလေးမွေးဖွားရန်အတွက် ခွဲစိတ်ကုသလူနာ ၄၀၇၁ ဦး ရှိပါကြောင်း၊ သာမန် အရပ်သား ပြည်သူလူထု၏ ကလေးငယ်ပေါင်း ၁၀၃၅၄ ဦး မွေးဖွားပေးနိုင်ခဲ့ပါကြောင်း။

မိမိတို့ ပြည်သူလူထုနှင့် လက်တွေ့ ဆောင်ရွက်နေသည်များကို တပ်မတော် ဆေးရုံကြီးများတွင် ကြည့်နိုင်ပါကြောင်း မိမိတို့ လိုက်ပြမည်ဖြစ်ပါကြောင်း၊ မေးမြန်းလိုသည်များ ပြည်သူလူထုနှင့် ထိတွေ့ပြီး မေးမြန်းလိုပါက ကြိုက်နှစ်သက်သူများကို မေးမြန်းနိုင်ပါကြောင်း၊ မိမိတို့ဆောင်ရွက် ချက်များကို ပုံနှင့်တကွ ပြသလိုပါကြောင်း၊ လှိုင်သာယာနှင့် ရွှေပြည်သာတွင် ဖျက်ဆီးခံရသည့် စက်ရုံများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သွားရောက်ကြည့်ရှုပြီး စက်ရုံပိုင်ရှင်များကို မေးမြန်းနေသည့် ပုံများ ဖြစ်ပါကြောင်း၊ အထည်ချုပ်စက်ရုံဖြစ်ကြောင်း ၎င်းစက်ရုံလည်း အများအပြား ပျက်စီးပါကြောင်း၊ မိမိတို့ သွားရောက်စဉ် အချိန်က စက်ရုံအတွင်းမှ အပ်ချုပ်စက် များကို ပြောင်းရွှေ့နေပါကြောင်း၊ ၎င်းတို့ အာမခံထားသည့် ပြည်တွင်း၊ ပြည်ပ အာမခံငွေများ ပြန်ထုတ်နိုင်ရန် လုပ်ငန်းပြန်စနိုင်ရန် ဝန်ကြီးများနှင့် တစ်ပါတည်း ညှိနှိုင်းပြီး အာမခံငွေကြေး အမြန်ဆုံး ရရှိနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြည်ပရှိမည့် အာမခံကြေးများ အမြန်ဆုံးရရှိနိုင်ရန် မိမိတို့အနေဖြင့် ထောက်ခံချက်များဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

လှိုင်သာယာနှင့် ရွှေပြည်သာတွင် ပွင့်ပွင့်လင်းလင်းဆိုရလျှင် တရုတ်နိုင်ငံပိုင် စက်ရုံနှင့် တရုတ် လူမျိုးပိုင်စက်ရုံများဟု ပြောဆိုကြပါကြောင်း၊ ၎င်းတို့တွင် အာမခံငွေကြေးများ ရှိပြီးဖြစ်ကြောင်း၊ အမှန်တကယ်နစ်နေသည်မှာ မြန်မာပြည်သူလူထုသာ နစ်နာပါကြောင်း ၎င်းပြည်သူလူထု တစ်သောင်းကျော်၊ နှစ်သောင်းကျော် အလုပ်ပြုတ် သွားပြီး စားစရာမရှိဖြစ်ကြပါကြောင်း၊ ထို့ကြောင့် ထိုနေ့တွင် လှိုင်သာယာနှင့်ရွှေပြည်သာမှာ စက်ရုံများကြည့်ပြီး ဒေသခံပြည်သူလူထုကို တပ်မတော် အနေဖြင့် နစကအနေဖြင့် ဆန်အိတ်နှင့် ဆီများကို လက်တွေ့လှူခဲ့ပါကြောင်း၊ အခြားသိလိုသည် များရှိက မေးမြန်းနိုင်ပါကြောင်း၊ မိမိအနေဖြင့် ဖြေနိုင်သည်များ ဖြေကြားပေးမည်ဖြစ်ပါကြောင်း ဖြေ ကြားသည်။

Mr. Che Hong Liang ။ နောင်အချိန်များတွင် မေးခွန်းများ မေးစရာရှိပါက ထပ်ပြီးဆက်သွယ်၍ ရနိုင်မလား သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်း။ ထပ်ပြီး ဆက်သွယ်၍ရပါကြောင်း၊ မိမိအနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားပြီး ဖြေကြားပေးမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံအစိုးရ၊ တရုတ်နိုင်ငံအစိုးရ မြန်မာ ပြည်သူလူထုနှင့် တရုတ်ပြည်သူ လူထုတစ်ဦးနှင့်တစ်ဦးပိုမိုနားလည်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ လာစေရေး ဆင်ဟွာသတင်းဌာနက တစ်ဖက်တစ်လမ်းက ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါ ကြောင်း ဖြေကြားသည်။