Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူမှု တတိယတစ်လတာခရီး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ ပထမဆုံး ပြည်ပခရီးစဉ်သွားရောက်ခဲ့တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါ နိုင်ငံတော်အကြီးအကဲတစ်ယောက် ပြည်ပခရီး စဉ် သွားရောက်တယ်ဆိုတာ ထူးခြားတဲ့ဖြစ်စဉ် မဟုတ်ပါဘူး။ သို့သော် ဒီခရီးစဉ်ဟာ ထူးခြားတဲ့ ခရီးစဉ်လို့ ပြောနိုင်ပါတယ်။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပြီး ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးအောင် ကြိုးပမ်းပေးဖို့၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူများရဲ့ လူနေမှု ဘဝ မြင့်မားအောင်ဖော်ဆောင်ပေးဖို့၊ နိုင်ငံတော်ကို အရေးပေါ်အခြေအနေတွင် စေတနာ၊ မေတ္တာ အပြည့်အဝနဲ့ တိုင်းပြည်ကို တာဝန်ယူပေးနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်း စဉ်တွေကို နိုင်ငံတကာအလယ်မှာ ထင်သာမြင်သာ ရှိစေခဲ့တဲ့ ခရီးစဉ်တစ်ခုဖြစ်တဲ့အတွက် ထူးခြား တဲ့ ခရီးစဉ်လို့ ဆိုနိုင်ပါတယ်။

အာဆီယံဒေသအတွင်း ရေရှည်ကြံ့ကြံ့ခံနိုင်မှု

ရေးကြိုးပမ်းမှုလုပ်ငန်းစဉ်များမှာ မြန်မာနိုင်ငံအနေ နဲ့ ဆက်လက်ပံ့ပိုးသွားမယ်ဆိုတာကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အာဆီယံနိုင်ငံ့ ခေါင်းဆောင်များထံ သတင်းစကားပါးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ဦးတည် ချက်များအောင်မြင်စေဖို့၊ အာဆီယံပဋိညာဉ် စာတမ်းနဲ့ အရှေ့တောင်အာရှချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) ပါ အခြေခံ မူများနဲ့အညီ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို လည်း ထပ်လောင်း ပြောကြားနိုင်ခဲ့ပါတယ်။

ယုံကြည်စိတ်ချရတဲ့ အစိုးရ

အခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု များနဲ့ ရှေ့ဆက်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေအကြောင်းကို အာဆီယံနိုင်ငံ့ ခေါင်းဆောင် များကို ကိုယ်တိုင် ရှင်းရှင်းလင်းလင်းပြောကြားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိ တိုင်းပြည်အရေးကို ကိုင်တွယ်ဖြေရှင်းနေရတဲ့ နိုင်ငံစီမံအုပ်ချုပ်ရေး ကောင်စီရဲ့ အရေးပါမှု၊ နိုင်ငံတကာနှင့် ဒေသတွင်း တိုင်းပြည်များရဲ့ အသိအမှတ်ပြုမှု၊ အာဆီယံရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မှန်ကန်တဲ့ ရပ်တည်ချက် သဘောထားကိုလည်း မြင်တွေ့နိုင်ခဲ့ရတဲ့ ခရီးစဉ်တစ်ခုဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ချက်

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တစ်စောင်ကို မတ်လ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာမှာ ထာဝရ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်သွားမယ့် ညှိနှိုင်း ဆွေးနွေးမှု အစီအမံများပါရှိသကဲ့သို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလ ပြည်သူများ စိတ် အေးချမ်းသာစွာ ကုသိုလ်ယူခြင်းနဲ့ ပွဲတော်ကျင်းပ ခြင်း အစီအမံများ ပြုလုပ်နိုင်အောင် တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဧပြီ ၁ ရက် ကနေ ၃၀ ရက်အထိ ရပ်ဆိုင်းပေးမယ်ဆိုတာကို ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။ ထို့အတူ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးကနေ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး နှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် တစ်စောင်ကို ဧပြီ ၃၀ရက်မှာ ထပ်မံထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန် မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါကာလများအတွင်း ညှိနှိုင်းဆွေးနွေးမှုများနဲ့ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်း သွားကြဖို့ တိုက်တွန်းထားတာကို မြင်တွေ့ရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးကို ရောက်ရှိနေကြတဲ့ နိုင်ငံသားတွေကို ပြန်လည် ဖိတ်ခေါ်တဲ့ သတင်းထုတ်ပြန်ချက်ကို ဧပြီ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအချို့ရဲ့ သွေးဆောင်ဖြားယောင်းမှု အမျိုးမျိုးကို ယုံစားပြီး ကျောင်းသား ကျောင်းသူအချို့၊ လူငယ်လူရွယ်အချို့နဲ့ နိုင်ငံ့ဝန်ထမ်းအချို့ စတဲ့ပြည်သူတွေဟာ EAO များ တည်ရှိရာနေရာတွေနဲ့ ပြည်ပနိုင်ငံတွေကို စိုးရိမ်စိတ်တွေနဲ့ ရှောင်တိမ်းနေကြတာတွေရှိလာ တဲ့အခါ လုံခြုံမှု၊ ဘဝအာမခံချက်နဲ့ လူမှုစီးပွားရေး တွေထိခိုက်ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အရပ်ရပ် က မိမိတို့ဒေသအသီးသီးကို ပြန်လာနိုင်ဖို့ ဖိတ်ခေါ်ထားတာကိုလည်း ဝမ်းမြောက်ဖွယ်မြင်တွေ့ ရပါတယ်။ ထို့အတူ ဧပြီလအတွင်း CDM လှုပ်ရှားမှု၊ ဆန္ဒပြမှုမှာပါဝင်ခဲ့ပေမယ့် နိုင်ငံရေးအသွေး အရောင် မရှိဘဲသွေးထိုးမြှောက်ပင့်မှုတွေကြောင့် ပါဝင်ခဲ့ရတဲ့ နုနယ်သေးတဲ့ ကျောင်းသား ကျောင်းသူများကို အနာဂတ်အရေးအတွက် ရင်ဝယ်သားကဲ့သို့ သဘောထားကာ မိဘအုပ်ထိန်းသူ တွေထံကို ပြန်လည်လွှဲပြောင်းပေးခဲ့တာတွေကိုလည်း ပြည်သူ များမြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပြည်တွင်းနေရပ်စွန့်ခွာသူတွေကို ပြန်လည်နေရာချထားပေးဖို့နဲ့ ယာယီခိုလှုံရာစခန်းတွေ ပိတ်သိမ်း ဖို့အတွက် အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးတစ်ရပ်ကို ဧပြီ ၂ ရက်က ကျင်းပခဲ့ပါတယ်။ ဒေသအသီးသီးက IDPs တွေအတွက် ကာကွယ်စောင့်ရှောက် ထောက်ပံ့မှုတွေကို ဆက်လက် ပေးသွားမယ်ဆိုတာ သိရှိရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ နေရပ်စွန့်ခွာသူတွေကို ဘေးကင်း လုံခြုံပြီး မှီခိုကင်းတဲ့ လူမှုပတ်ဝန်းကျင်တွေ ပြန်လည်တည်ဆောက်ပေးဖို့ စီစဉ်မှုတွေ ညီအစ်ကို မောင်နှမများအတွက် ဝမ်းမြောက်ကြိုဆို ဖွယ်သတင်းကောင်းပင်ဖြစ်ပါတယ်။

အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC)တို့နဲ့ ဧပြီ ၂၆ ရက်မှာ အတွက် ခြေလှမ်းစိပ်စိပ် ဆောင်ရွက်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

အစည်းအဝေးများအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို NCA လမ်းကြောင်းအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ့်ကိစ္စရပ်တွေ၊ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်းတွေ၊ ကျေးရွာချင်းဆက် လမ်းတွေ တိုးတက်လုပ်ဆောင်ပေးဖို့ ကိစ္စရပ်တွေနဲ့ ဒေသတွင်းက ပြည်သူတွေနဲ့ တပ်ဖွဲ့ဝင် မိသားစုတွေအတွက် အလုပ်အကိုင်အခွင့်လမ်းတွေ ဖော်ဆောင်ဖို့၊ ဒေသနဲ့ကိုက်ညီမယ့် စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ပေးဖို့၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးစတဲ့ ဒေသဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးညှိနှိုင်း ခဲ့ကြတာကိုလည်း မြင်တွေ့ရပါတယ်။

ဧပြီ ၂ ရက်ကနေစတင်ပြီး လူမှုကွန်ရက်ကနေ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်သူတွေကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ တာကိုလည်းမြင်တွေ့ရပါတယ်။ နေ့စဉ် နိုင်ငံပိုင် သတင်းစာများ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတို့မှာ အရေးယူထားရှိသူတွေရဲ့ အမည်၊ လိပ်စာနဲ့ ဓာတ်ပုံ၊ လူမှုကွန်ရက်သုံးစွဲတဲ့အကောင့်တွေကို ဖော်ထုတ်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ အဲဒီအထဲမှာ ထင်ရှားသူအချို့၊ အနုပညာရှင်အချို့နဲ့ နိုင်ငံ့ဝန်ထမ်း ဆရာဝန်တွေလည်း ပါဝင်ခဲ့ပါတယ်။ နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် ဆူပူအုံကြွမှုနဲ့ ပြည်သူ အထိတ်တလန့်ဖြစ်အောင် လှုံ့ဆော်သူ ပြန့်ပြုသူတွေကို နေ့စဉ်ဖော်ထုတ်နေတာကိုလည်း မြင်တွေ့ရပါတယ်။

နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို လုံခြုံစွာကာကွယ် စောင့်ရှောက်နိုင်ရန်နဲ့ ကာကွယ်ရေးစွမ်းရည် ထက်မြက်မြင့်မားစေရန် အမြဲမပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ တပ်မတော် (ရေ) မှ ရေငုပ်သင်္ဘောစစ်ရေယာဉ် အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များနဲ့ စစ်နည်းဗျူဟအဆင့် ဝေဟင်းရေပြင်၊ ရေအောက် စစ်ဆင်မှုနဲ့ ပစ်ခတ်မှုလေ့ကျင့်ခန်း လေ့ကျင့်ခြင်း တွေကိုလည်း ဧပြီ၄ ရက်မှာ စတင်ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ ဧပြီ ၁ဝ ရက်မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်လေ့ကျင့်မှုတွေကို သွားရောက်ကြည့်ရှု ခဲ့ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးကို တာဝန်ယူထားရတဲ့ တပ်မတော်အတွက် မြန်မာ့ရေပိုင်နက်က အလွန်ကျယ်ပြန့်ပြီး ကမ်းရိုးတန်းအရှည် ရေမိုင် ၃၀၀ ခန့်ရှည်လျားတဲ့ အတွက် ယခုလို တပ်မတော် (ရေ)ရဲ့ လေ့ကျင့်မှုသည် အလွန်အရေးကြီးပါတယ်။ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာသူတွေကို ထောက်ပံ့ပေးအပ်ခဲ့တဲ့အပြင် အစီအမံများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ထောက်ပံ့သင်ကြားမှုများ ပြုလုပ်ပေးသွား ဖို့ရှိတာ ကိုလည်း သိရှိရပါတယ်။ ဧပြီ ၁ဝ ရက်က ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထား ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်စခန်းများမှ နေရပ် စွန့်ခွာသူများအား ထောက်ပံ့ခြင်း အခမ်းအနားမှာ အဲဒီအစီအမံတွေကို ထည့်သွင်းပြောကြား ခဲ့တာဖြစ်ပါတယ်။ ထို့အတူ စစ်တွေ၊ အမ်း၊ ကျောက်ဖြူနဲ့ မြောက်ဦးမြို့နယ်တို့ကို သွားရောက် ပြီး တိုက်ပွဲရှောင်စခန်းမှ တာဝန်ရှိသူများ၊ ဒေသခံ များနဲ့ တွေ့ဆုံညှိနှိုင်း ထောက်ပံ့ပေးခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ချက်တစ်စောင်ကို ဧပြီ ၂၀ ရက်က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ တရားမဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)နဲ့ ယင်းကော်မတီကဖွဲ့စည်းသော အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် မတ် ၂၁ ရက် က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်တာကြောင့် ယင်းအသင်းက ဖွဲ့စည်းတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့ (NUG) နဲ့ ယင်းအဖွဲ့တွင် ပါဝင်သူများ သည်မတရားအသင်းနဲ့ မတရားအသင်းဝင်တွေဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မတရား အသင်းဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တရမဝင် စင်ပြိုင်အစိုးရ ဖွဲ့စည်းတဲ့အခါမှာလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ခဲ့တာကို မြင်တွေ့ရပါ တယ်။ စင်ပြိုင်အစိုးရဖွဲ့စည်းရာမှာ ပါဝင်သူ ၂၆ ဦး ကိုလည်း တရားဥပဒေနဲ့အညီ သက်ဆိုင်ရာ တရားရုံးတွေနဲ့ ရဲစခန်းအသီးသီးမှာ တရားစွဲဆိုတာ၊ အမှုဖွင့် အရေးယူတာတွေကို ဆောင်ရွက် ခဲ့တာကိုဧပြီ ၂၂ရက်က သိရှိရပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနဲ့ မညီညွတ်တဲ့အတွက် မှတ်ပုံတင်ခွင့်မရရှိတဲ့ အသင်းဖြစ်ပါတယ်။ အဆိုပါအသင်းဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆန္ဒပြ အကြမ်းဖက်မှုတွေနဲ့ စပ်လျဉ်းပြီး ထိခိုက်သေဆုံးသူစာရင်းတွေကို ဆိုရှယ်မီဒီယာတွေနဲ့ ကောလာ ဟလများအပေါ် အခြေခံထုတ်ပြန်နေတဲ့အတွက် မမှန်ကန်တဲ့ကိန်းဂဏန်းတွေဖြစ်နေ ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်နေတာဟာ ဆူပူအကြမ်း ဖက်မှုတွေကို ပိုမိုဖြစ်ပေါ်စေဖို့ လှုံ့ဆော်ရာရောက်တဲ့အတွက် ပြည်သူတွေ စိုးရိမ်ပူပန်မှု မြင့်တက်နေရခြင်းကို ဥပဒေနဲ့အညီ အရေးယူသွားဖို့ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာ ကိုလည်း ဧပြီ ၂၆ ရက်က မြင်တွေ့ရပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် CDM လှုပ်ရှားမှုတွေ မှာပါဝင်ခဲ့ရသော်လည်း ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံ ပျက်စီးရာ ပျက်စီးကြောင်းကို ကိုယ်တိုင် ကိုယ်ကျ ဆောင်ရွက်ခြင်းမရှိသူများ၊ စိတ်လှုပ်ရှားလွယ် မှုကို အသုံးချခံရခြင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ဖိအားပေးခြိမ်းခြောက်အကျပ်ကိုင်ခံရခြင်း၊  လူ့ဂုဏ် သိက္ခာထိခိုက်စေမည့် Social Punishment ပြုလုပ်ခံရမည်ကို စိုးရိမ်ခြင်း၊ မမျှော်မှန်းနိုင်သည့် အခြေအနေများကို စိုးရိမ်ပူပန်ခြင်း စတဲ့အကြောင်း တစ်ရပ်ရပ်ကြောင့် ပါဝင်ခဲ့ကြပြီး အရေးယူခံခဲ့ရတဲ့ နိုင်ငံ့ဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင် လိုပါက ကန့်သတ်ချက်အချို့နဲ့ ပြန်လည်တာဝန် ထမ်းဆောင်ခွင့်ပြုနိုင်ရန်အတွက်လည်း ဖြေမှု များကို ပြုလုပ်ပေးမယ့် အသိပေး ထုတ်ပြန်ချက်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် အသိပေးခဲ့ပါတယ်။

စုပေါင်းခွန်အားခြေလှမ်းများ

နိုင်ငံတော်ရဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ တတိယ တစ်လတာ နိုင်ငံတော်တာဝန်ထမ်းဆောင်စဉ်မှာ ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူများဘဝ မြင့်မား ရေးနဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်း မှန်မှန်ထားရှိပြီး အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတာ ကို မြင်တွေ့နေရပြီဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်သဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ဧပြီ ၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဘာသာရေးနဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုအတွက် ဗုဒ္ဓဘာသာအပြင် အခြားသော ဘာသာဝင်များ အားလုံးသက်ဆိုင်ရာ ဘာသာရေး လုပ်ငန်းများကို စိတ်အေးချမ်းသာစွာ ဆောင်ရွက် နိုင်ရန်၊သယံဇာတထုတ်ယူသုံးစွဲခြင်းထက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရန်၊ ပြည်ပသို့ တင်ပို့နိုင်ရန်တို့  အပါအဝင်ဒေသများအတွင်း လူ့စွမ်းအား အရင်းအမြစ် တိုးတက်လာစေရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

ထို့အတူ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို မိမိတို့အနေနဲ့ ဖော်ဆောင်ပေးနိုင်မှသာ ပြည်သူ လူထုကယုံကြည်စိတ်ချမှုရရှိတဲ့ အစိုးရတစ်ရပ်ဖြစ် လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဆိုတာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အစိုးရအဖွဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ အပါအောင် တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနဲ့ တွေ့ဆုံစဉ်လေးလေးနက်နက်ပြောကြားခဲ့တာကို မြင်တွေ့ရပါတယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့၊  ပြည်သူများ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အသိအမြင်များ နိုးကြားသိမြင်နိုင်အောင် ဖော်ဆောင်သွားကြ ရမယ်ဆိုတာကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ အခမ်း အနကို ဧပြီ ၆ ရက်က ကျင်းပခဲ့တာဖြစ်ပါတယ်။

အစိုးရတစ်ရပ်ဆိုတာ နိုင်ငံတော်ကို ကောင်းမွန် အောင်နဲ့ အာမခံချက်ပေးနိုင်အောင် လုပ်ဆောင်ရန် တာဝန်ရှိပါတယ်။ ဆူပူအကြမ်းဖက်မှုတွေကို နှိမ်နှင်းဖို့၊ Country Destructive Movement of ခေါ်ဝေါ်သင့်တဲ့ CDM လှုပ်ရှားမှုတွေကို အဆုံးသတ်ဖို့ အွန်လိုင်းနဲ့ တရားမဝင်မီဒီယာတွေကနေ သတင်းမှား၊ သတင်းတုများ ဖြန့်ဝေနေတာတွေကို ထိန်းချုပ်ဖို့၊ လူငယ်မောင်မယ်များ စာသင်ကြား ခွင့်အမြန်ဆုံးရရှိဖို့ ကြိုးပမ်းနေတဲ့ အခြေအနေတွေကို အဆိုပါ တွေ့ဆုံပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။ တွေ့ဆုံပွဲရလဒ်တွေအဖြစ် တပ်မတော်ဆေးတပ် ရင်းတွေကနေ အရေးပေါ်ဆေးကုသမှုပေးအပ်နေ တာတွေ၊ ပြည်သူ့ဆေးရုံတွေ ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးပမ်းနေတာတွေအပြင် တိုင်းပြည်အတွက် လိုအပ်ချက်တွေဖြစ်တဲ့ အခြေခံအဆောက်အအုံတွေ လမ်းပန်းဆက်သွယ်ရေးတွေနဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ကဏ္ဍအသီးသီး ဖော်ဆောင်မှုတွေကို အရှိန်မြှင့် ဆောင်ရွက် နေကြတာကို မြင်တွေ့နေရပြီဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဧပြီ ၁၀ ရက်မှာ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးမှာ တွေ့ဆုံခဲ့ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပုံမှန်အတိုင်း ပြန်လည်တည့်မတ်ပေးနိုင်ရေးတို့အတွက် ဆွေးနွေးပြောကြားခဲ့ပြီး အတူလိုက်ပါလာ တဲ့ ပြည်ထောင်စုဝန်ကြီးများက တိုင်းဒေသကြီးတွင်း အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး အစီအမံများနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအမံများကိုလည်း တစ်ပါတည်း ဆောင်ရွက်ခဲ့တာကို မြင်တွေ့ရ ပါတယ်။

ဧပြီ ၂၂ ရက်က ကျင်းပခဲ့တဲ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး (၅/၂၀၂၁)မှာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး မှာလည်း နိုင်ငံအတွက် အရေးတကြီးဆောင်ရွက်ရန် လိုအပ်ချက်တွေဖြစ်တဲ့ စီးပွားရေးကဏ္ဍမှာ ဈေး ကွက်ရရှိနိုင်မယ့်ထုတ်ကုန်တွေ ထုတ်လုပ်တင်ပို့ ရောင်းချနိုင်စေမယ့်နည်းလမ်းများ၊ နိုင်ငံ့ ဘဏ္ဍာများ အလေအလွင့်မရှိစေဖို့ အစီအမံများ၊ အားကစား ပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်ခြင်းနဲ့ စိတ်ဓာတ်အရည်အသွေး မြင့်မားလာစေဖို့ နည်းလမ်းများ၊ စာသင်ကျောင်းတွေကို မေလနဲ့မှုများနဲ့ စိုက်ပျိုးမွေးမြူရေးပညာရှင်များ မွေးထုတ်နိုင်ဖို့၊ ဥပဒေဘာသာရပ်တွေကို တက္ကသိုလ်များမှာ ထည့်သွင်းသင်ကြားဖို့နဲ့ စီးပွားရေးဘာသာရပ်တွေကိုလည်း အလားတူ တက္ကသိုလ်အဆင့်တွေမှာ အထူးပြုသင်ကြားပေးကြဖို့အတွက် အစီအမံများ ရေးဆွဲခဲ့ကြပါတယ်။

နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် အရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေးကို လည်း ဦးစားပေးဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပန်းခင်းစီမံချက်ဟာ ၁၈ လတာကာလ ကြာမြင့်မှာ ဖြစ်တဲ့အပြင် လူဦးရေ ၃ ဒသမ ၈ သန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်နိုင်ဖို့ စီမံချက်အသစ်တစ်ရပ်လည်း ဖြစ်ပါတယ်။ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေး အတွက် အဆင့်ဆင့်သော တာဝန်ရှိတဲ့ဌာနတိုင်းက ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်တယ် ဆိုတာကိုလည်း စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး မှတ်တမ်းများအရ သိရပါတယ်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၉/၂၀၂၁) ကို ဧပြီ ၂၆ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေး အတွင်း တင်ပြဆွေးနွေးချက်တွေအပေါ် ပြန်လည်ဆွေးနွေးရာမှာ အဖွဲ့အစည်းတစ်ခုကို ဥပဒေ ကြောင်းအရ အရေးယူမည်ဆိုပါကအကြောင်းအရာ၊ အချက်အလက်တိကျခိုင်မာရန်လိုကြောင်း၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိတဲ့ ဝန်ထမ်းတွေကို ချီးမြှောက်ခြင်းမှာ ကောင်းမွန်တဲ့ကိစ္စ ဖြစ်ကြောင်း ကြိမ်သတိပေးသော်လည်း မလိုက်နာတဲ့ အနုပညာ ရှင်တွေကို အရေးယူသွားနိုင်ရေး၊ ဖြည်းဖြတ်ပတ်ဝန်းကျင် မထိခိုက်စေဘဲဆိုလာစနစ်အသုံးပြုပြီး အင်းတော်ကြီးကန်အပါအဝင် ရေပြင်ကျယ်တဲ့ ကန်တွေမှာ လျှပ်စစ်ထုတ်လုပ်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်း အဖြေရှာပေးခဲ့ပါ တယ်။ ဒါ့အပြင် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးရာမှာ နိုင်ငံသား ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက် ပေးရန်နဲ့ မှတ်ပုံတင် ပြုလုပ်ဖို့ ကျန်ရှိနေသူတွေအားလုံး စနစ်တကျ လုပ်ဆောင်ပေးနိုင်ရန် တို့ကိုလည်း ဆွေးနွေးညှိနှိုင်း ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။

ဒေသတွင်းနိုင်ငံများနဲ့ ဆက်ဆံရေး

(၂၅) ကြိမ်မြောက် အာဆီယံ လူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများရမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနဲ့အဖွဲ့က ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ကြပြီး ပြည်သူများအတွက် လူမှုစီးပွားဆိုင်ရာ ဆောင်ရွက်ချက်သည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပါတယ်။

ဧပြီ ၁ ရက်မှာ ကျင်းပတဲ့ (၁၇) ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ပါတယ်။ ပဉ္စမအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးမှာ အတည်ပြုကြမယ့် စာရွက်စာတမ်းကိစ္စ သဘောတူညီမှုများကို ဆွေးနွေးအတည်ပြုခဲ့ကြသလို စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဘေးကင်းလုံခြုံတဲ့ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ဖို့၊ ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍနဲ့ စွမ်းအင်ကဏ္ဍတို့မှာ တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ကြမည့် လုပ်ဆောင် ချက်များကို မြန်မာနိုင်ငံအနေနဲ့ဆွေးနွေးပြောကြားခဲ့ပါတယ်။

အာဆီယံနဲ့ ဗြိတိန်တို့အကြား ကိုဗစ် - ၁၉ အပါအဝင် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ ကြံ့ကြံ ခံနိုင်တဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးများ ပြန်လည်ထူထောင်ရေးနဲ့ ရာသီဥတုဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးညှိနှိုင်းတဲ့ OASEAN - UK Open – Ended Trolka Dialogue သို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဗီဒီယိုကွန်ဖရင့်နဲ့ ဧပြီ ၈ ရက်မှာ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ် -၁၉ ကပ်ရောဂါ ထိန်းချုပ် ကာကွယ် နိုင်ဖို့နဲ့ ကိုဗစ် - ၁၉ အလွန် မြန်မာ့စီးပွားရေးကဏ္ဍ မြင့်မားစေဖို့အတွက် ရှေ့ဆက်သွားမယ့် လုပ်ငန်း စဉ်မူဝါဒအတွင်း ထည့်သွင်းရေးဆွဲပြီး အထူးလုပ်ငန်းတစ်ရပ်အနေနဲ့ ဆောင်ရွက်နေတာကို အာဆီယံနဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ တာဝန်ရှိသူများထံ ပြောကြားနိုင်ခဲ့တဲ့ အခမ်းအနားတစ်ရပ် ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ကနောင်