Skip to main content

ဇာတိမာန်၊ အတိတ်တဘောင်နှင့် တို့လူမျိုး

ဘိုးရာဇာ ဇာတိမာန် နယ်ချဲ့တဲ့ ဂုတ်သွေးစုတ်အမျိုးယုတ်ကောင် တွေကို တန်ခိုးနုပ်အောင် အမျိုးပြုတ်အောင်ပင် ခုတ်ကျူငုတ်မကျန်အောင်ဆော်.... ။ အဖနိုင်ငံဂုဏ်ကို ကယ်တင်ခဲ့တဲ့ အောင်ဆန်းနော် တေဇနော် ဗိုလ်ချုပ်နော် မြန်မာတွေသွေးတစ်စက် ရာပြည်ထောင် အသက်နဲ့လဲလို့ အဖက်မတန်ပေါင် နော် ဘုန်းတန်ခိုးအာနုဘော်လွှမ်းမိုးလို့ကမ္ဘာလုံးကျော် ပြိုင်ဖက်ကင်းတဲ့ကောလိအတွင်းဝယ် တစ်ဦးတည်း မင်းမဟော် ရှည်ပါစေ ရှည်ပါစေ ရှည်ပါစေ အသက်ရာကျော်...။ တကယ်တော့နယ်ချဲ့ကို တိုက်ထုတ်ခဲ့တဲ့ သမိုင်းကရှည်လျားလှပါတယ်။ သူရဲကောင်းပေါင်း များစွာလည်း ပေါ်ထွက်ခဲ့ပါတယ်။ ၁၈၈၆ ခုနှစ်က စခဲ့တဲ့ နယ်ချဲ့ တော်လှန်ရေးသမိုင်းမှာ တိုင်းရင်း သားခေါင်းဆောင်တွေလည်း အမြောက်အများပါ။ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေနဲ့ ပထမကျောင်းသား သပိတ်တွေက ၁၉၀၀ နဲ့၁၉၂၀ ပြည့်နှစ်များအတွင်း အကြီး အကျယ်နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းတွေ ပေါ့။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမားအရေး တော်ပုံဆိုတာ ကလည်း တကယ့်အထင်ကရသမိုင်း တစ်ခုပါ။ ၁၉၃၈ ခုနှစ် အထွေထွေသပိတ်ကြီးဖြစ် ချိန်မှာတော့ ဗိုလ်ချုပ် အောင်ဆန်းဟာ အသက် ၂၃ နှစ်ပဲရှိပါသေးတယ်။ ၁၉၃၉-၄၅ခုနှစ်ကတော့ အားလုံးသိပြီးဖြစ်ကြတဲ့အတိုင်း ဒုတိယကမ္ဘာစစ် ကြီးပေါ့။ ဒီစစ်ကြီးကြောင့် မြန်မာတွေဟာ ဂျပန်နဲ့ ထိတွေ့ရတယ်၊ အမေရိကန်နဲ့ ထိတွေ့ရတယ်။ အဆုံးမှာ အင်္ဂလိပ်ကိုယ်တိုင်က လွတ်လပ်ရေး ပေးဖို့အထိ ဖြစ်လာခဲ့ရတယ်ပေါ့။ တကယ်တော့ ကျွန်တော်တို့အနေနဲ့ တုတ်တုတ်ချင်း၊ ဓားဓားချင်း ဆိုတာထက် နယ်ချဲ့ ဆီကလွတ်လပ်ရေးရခဲ့တာဟာကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးချိန်ခွင်လျှာ ပြောင်းသွားခဲ့တဲ့အပေါ်မှာလည်း အထူးမူတည်ခဲ့ပါ တယ်။ သို့သော်လည်း ဘယ်လိုဖြစ်ဖြစ် လူမျိုးရဲ့ ဇာတိသွေး ဇာတိမာန်အတွက် သမိုင်းကတော့ အလွန်အရေးကြီး လှတာကို ရှေးမြန်မာ ကျွန်တော် တို့ ဘိုးဘေးတွေက ကြိုသိခဲ့သလိုကြိုလည်း ပြင်ဆင် ပေးခဲ့ကြပါတယ်။ ဒီအထဲမှာ အထက်ပါသီချင်းကလည်း အပါအဝင် တစ်ခုပေါ့။ ဘယ်အချိန်ဆိုဆို၊ ဇာတိမာန်ကို တက်ကြွ စေခဲ့တာကိုး။ အတိတ်တဘောင် မဟာရာဇဝင်မှာ ပုဂံမင်းဆက်မတိုင်မီ ကြောင်ဖြူမင်းရဲ့ အဘိုးဟာ မင်းမဖြစ်မီက ဇနပုဒ် ကနေနေပြည်တော်ကိုနေ့စဉ်အလုပ်သွားလုပ်နေရတဲ့ သာမန်လူတစ်ဦးပါ။ သို့သော် နေ့စဉ်သွားနေကျလမ်း က အပင်ကြီးတစ်ပင်ကိုရောက်တိုင်း သူ့ပါလာတဲ့ နေ့လယ်စာကို ရုက္ခစိုးထံ အမြဲဆက်ကပ်ပါတယ်။ ရုက္ခစိုးဟာ ဒီပုဂ္ဂိုလ်ကို ဘယ်လိုကျေးဇူးဆပ်ရမလဲ တွေးနေချိန်မှာပဲ ပုဂံမှာအုပ်ချုပ်နေတဲ့မင်းဟာ မင်းကျင့်တရားနဲ့မညီလို့ ဘယ်နေ့ဘယ်ရက် မင်းလောင်းပေါ်မယ်၊ မင်းလောင်းဟာ ဘယ်လို အဝတ်အစား၊ မြင်းဘာရောင်စီးပြီး နေပြည်တော်ကို ဘယ်အရပ်ကဝင်မယ်စတဲ့ တဘောင်ပေါ်ပါတယ်။ ဒါနဲ့ရုက္ခစိုးလည်း အဲဒီပုဂ္ဂိုလ်ကို တဘောင် အတိုင်း ကူညီမှိုင်းမပေးလိုက်တာ မင်းဖြစ်ပါရောလို့ရေးသား ဖော်ပြထားပါတယ်။ တစ်ခါအလောင်းစည်သူမင်းဟာလှေနဲ့တိုင်းခန်း လှည့်လည်လာစဉ် မြစ်အတွင်းတူရိယာအစုံအလင် နဲ့ ရေသူကျောက် ရုပ်တွေကို မြင်တဲ့အခါ ဒါတွေ ဘာတွေလဲ မှူးကြီးမတ်ရာတွေကို မေးပါတယ်။ မှူးမတ်များက ဒီအရုပ်တွေဟာ မင်းကြီးရဲ့ ဘေးတော် အနော်ရထာမင်းက ထုလုပ်ထားခဲ့ကြောင်းနဲ့ မင်းကျင့်ဝတ်နဲ့ အညီအုပ်ချုပ်တဲ့ မင်းလာကြည့် တဲ့အခါ အလိုလို ကခုန်တီးမှုတ်ကြစေသားလို့ ဆုတောင်းခဲ့တာလို့ လျှောက်တင်ကြပါတယ်။ အလောင်းစည်သူလည်း ငါလိုမင်းကြွလာတာ မမြင် ကြဘူးလားမေးတဲ့အခါ ရေသူရုပ်တွေက အလိုလို ကခုန်တီးမှုတ်ကြတယ်လို့ ဖော်ပြထားပါတယ်။ ဘာဖြစ်ဖြစ် ပဒေသရာဇ်မြန်မာ မင်းတွေဟာ နိုင်ငံရဲ့ သမိုင်းကိုကောင်းစေချင်၊ လှစေချင်တဲ့စိတ်ရှိခဲ့တာကို မြင်တွေ့နိုင်ပါတယ်။ မှန်သည်၊ မှားသည်။ ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည် ထား၊ ဒါတွေဟာ မဟာရာဇဝင်ပါသမိုင်းမှတ်တမ်းတွေ ဖြစ်ပြီး၊ ကျွန်တော်တို့လူမျိုးရဲ့ ယုံကြည်မှုနဲ့ အကျင့် စရိုက်တွေ ဖြစ်ကြပါတယ်။ သာကီဝင်မင်းမျိုးတွေ အနေနဲ့ ကျွန်တော်တို့ဟာ ကိုယ့်သမိုင်းနဲ့ကိုယ် ရှိခဲ့ကြောင်းကို မဟာရာဇဝင်မှာ ဖော်ပြခဲ့ပါတယ်။ တို့ဂျင်နရေးရှင်းဇီ ဒီကနေ့ ဂျင်နရေးရှင်းဇီးဆိုသော လူငယ်တွေမှာ ဒီအရာတွေက ပြန်ပေါ်လာပါတယ်။ စိတ်ခံစားမှု အမြင့်ဆုံးနဲ့သီချင်းတွေကို တက်ကြွစွာဆိုကြမယ်၊ အတိတ်တဘောင်တွေနဲ့ သမိုင်းကို တခေတ်ဆန်း လို ကြတယ်ဆိုတာတွေက ဒီကနေ့မှာ အထင်းသား ပြန်တွေ့မြင်လာကြပါတယ်။ ကယ်တော့ဒီအမူ အကျင့် စရိုက်လက္ခဏာတွေဟာ ကျွန်တော်တို့ရဲ့ ရှေးအမျိုးသားရေး စရိုက်လက္ခဏာတွေပါ။ သို့သော်လည်း ဒါတွေကို မှန်ကန်တဲ့ဘက်မှာ သေချာစွာ ဆန်းစစ်တွေးဆပြီး အသုံးချနိုင်ကြဖို့ အထူးလိုအပ်ပါတယ်။ ဒါကသမိုင်း အမှန်ကိုသိဖို့ အဓိက လိုအပ်တာဖြစ်ပါတယ်။ ဒါမှသာအစွန်းမရောက်ဘဲ နိုင်ငံကောင်း စားရေးကို ပါဝင်ဆောင်ရွက်လာနိုင် ကြမှာ ဖြစ်ပါတယ်။ ဒီနေ့သီချင်းတစ်ပုဒ်က ကမ္ဘာမကြေဖို့ဆိုတာ နယ်ချဲ့ ကိုပါ။ နယ်ချဲ့ သမိုင်းမှာ သခင်ကိုယ်တော် မှိုင်းနဲ့ သခင်အောင်ဆန်း၊ ပုဂံဗိုလ်ချို၊ ဗိုလ်မြတ် ထွန်း၊ ဝန်းသိုစော်ဘွား၊ ဆရာစံ၊ သခင်ဖိုးလှကြီး၊ ဦးဥတ္တမ၊ ဗိုလ်အောင်ကျော် စသဖြင့်နဲ့ ဝိုင်အမ် ဘီအေလိုအသင်းကြီးကစလို့ရဲဘော်သုံးကျိပ် ဗမာ့ တပ်မတော် စတဲ့အများကြီးပါ။ ပေတစ်ရာပေါ်မှာ ကျခဲ့တဲ့ သွေးတွေဆိုတာ နယ်ချဲ့ ဆန့်ကျင်ရေး သမိုင်းမှာကျခဲ့ရသော မြန်မာ့သွေးတွေကိုပါ။ အရေးကြီးပြီ၊ သွေးနီးကြဖို့ဆိုတာ နယ်ချဲ့ကို တိုက်ဖို့ စစ်မထွက်မီဆိုခဲ့ကြတဲ့ စစ်ချီတေးပါ။ ကားတပ်ကြီးပျက်လို့ တပ်ပျက်ကြီးကား တော့မယ်ဆိုတဲ့ ကလေးကလား အတိတ်နိမိတ် တွေ၊ အခြားသော တဘောင်အယူအဆတွေဟာ တကယ်အဓိပ္ပာယ်မဲ့စေသော အချင်းချင်းသွေးကွဲ မှုတွေပါ။ တကယ်တော့လည်း နယ်ချဲ့ကို တွန်းလှန် မြေကျရသော သွေးနဲ့ အချင်းချင်း သွေးကွဲပြီး ( တိုက်ကြ ခိုက်ကြရန်ဖြစ်ကြလို့ဘယ်နေရာ၊ ဘယ် ပေါ်မှာဖြစ်ဖြစ် ကျရတဲ့သွေးဟာ ဘယ်လိုမှ မနှိုင်း ယှဉ်အပ်ပါဘူး။ ဒါကြောင့် ယနေ့လူငယ်တွေ ( အနေနဲ့ ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ရဲ့ သမိုင်းက ဇာတိသွေး၊ ဇာတိမာန်နဲ့ အတိတ် တဘောင်တွေကို တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေး အတွက် ကောင်းတဲ့ဘက်မှာသာ တန်ဖိုးရှိရှိနဲ့ တက်ကြွစွာရယူ အသုံးချသွားနိုင်ကြပါစေရန် ရည်သန်ပြီး ရေးသားတင်ပြလိုက်ရပါတယ်။