Skip to main content

ဝန်ထမ်းနဲ့ CDM

လူသားတိုင်းသည် စိတ်ခံစားမှုကိုယ်စီ ရှိကြသည်။ ယုံကြည်ချက်၊ ခံယူချက်အပေါ် မူတည်ပြီး စိတ် ခံစားချက်များရှိသကဲ့သို့ ပတ်ဝန်းကျင်စေ့ဆော်မှုကြောင့်လည်း စိတ်ခံစားမှုများ ပြောင်းလဲတတ်ကြ သည်။ စိတ်ခံစားချက်ကြောင့် ချစ်ခြင်း၊ မုန်းခြင်း၊ နှစ်သက်ခြင်း၊ သက်ဝင်ယုံကြည်ခြင်း၊ မလိုမုန်း ထားခြင်း၊ ဆန့်ကျင်ခြင်း၊ ပေါင်းစုခြင်း၊ ဒေါသဖြစ် ခြင်း စသည်တို့ ကိန်းအောင်းလာတတ်ကြသည်။ စိတ်ခံစားချက်ကိုသာ ဦးစားပေး၍ အမှားနှင့် အမှန်ကို ခွဲခြားသိမြင်နိုင်သော ဉာဏ်ပညာဆိုသည့် ချွန်းအုပ်ပြီး မဆောင်ရွက်နိုင်ပါက စစ်မှန်သည့် ကောင်းကျိုးချမ်းသာ ရရှိမည်မဟုတ်ပါ။ အဖြေမှန်နှင့် ဝေးသထက်ဝေးနေမည်သာ စိုက်ပျိုးသည့်အပင်ကို ပြန်လည်ရိတ်သိမ်းရမည် ဖြစ်သည်။ အချဉ်ပင်စိုက်ပြီး အချိုသီး စားချင် ၍မရပါ။ ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက် အားလုံးသည် အကြောင်းတရားများဖြစ်ပြီး ရရှိ လာသည့် ရလဒ်သည် အကျိုးတရား ဖြစ်ပါသည်။ ရလဒ်ကောင်းခြင်း၊ ဆိုးခြင်းသည် လုပ်ဆောင် ခဲ့သမျှ အကြောင်းအရာများအပေါ်တွင်သာ မူတည်ပါသည်။ ထို့ကြောင့် ရလဒ်တစ်ခု ပေါ်ထွက်လာလျှင် စိတ်ခံစားချက်ကို ဦးစားပေးပြီး အလိုဆန္ဒနှင့် မကိုက်ညီ၍ လက်သင့်မခံနိုင်ဟု ငြင်းပယ်ဆန့်ကျင် နေပါက အဖြေမှန်နှင့် ဝေးသထက်ဝေးနေမည်သာ ဖြစ်သည်။ ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားသုံးသပ်ပြီး ပကတိ အမှန်တရားရလဒ်ကို လက်ခံကြရပါမည်။ အကြောင်းတရားများ ကို မျက်ကွယ်ပြုပြီး အကျိုး တရားကိုသာ ဦးတည်ပုံဖော်နေသရွေ့ ပကတိအမှန် တရားကို ဥပေက္ခာပြုသည့် အဓမ္မဝါဒီများ ဖြစ်မှန်းမသိ ဖြစ်နေကြမည်မှာ သေချာပါသည်။ အကြောင်း တရားများမရှိခဲ့ဘဲ မည်သည့်အကျိုးတရားမျှ မဖြစ်နိုင်သည်ကို သတိချပ်စေလိုပါသည်။ ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်ကို ပြန်လည်သုံးသပ်ကြည့်သင့်သည်။ ပါတီ စုံဒီမိုကရေစီစနစ်အရ ငါးနှစ်တစ်ကြိမ် ရွေးကောက် ပွဲကျင်းပပြုလုပ်ပြီး ပြည်သူများ၏ ဆန္ဒနှင့်အညီ အစိုးရတစ်ရပ်ကို ရွေးချယ်ကြသည်။ ပါတီစုံဒီမို ကရေစီစနစ်၏အသက်မှာ ရွေးကောက်ပွဲ တရား မျှတရေးပင် ဖြစ်သည်။ တပ်မတော်နှင့် နိုင်ငံရေး ပါတီများက ရွေးကောက်ပွဲမသမာမှုများ ရှိခဲ့သည် များကို တိုင်ကြားခြင်း၊ ပြည်တွင်းပြည်ပ မီဒီယာ များကို ဖိတ်ခေါ်၍ ခိုင်မာသော အထောက်အထား များဖြင့် ရှင်းလင်းအသိပေး ဆောင်ရွက်ခဲ့ကြသည်။ မဲမသမာမှုများကို ဖြေရှင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ သန့်ရှင်းပြီး တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်ဆိုပါက ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ရှင်းလင်းချေပ ရမည်ဖြစ်သည်။ ကော်မရှင်က မရှင်းလင်းနိုင်ပါက သမ္မတက ရှင်းလင်းပေးရန် တာဝန်ရှိပါသည်။ မဲမသမာမှုများကို မသိကျိုးကျွန်လျစ်လျူရှုပြီး အစိုးရဖွဲ့၍ နိုင်ငံတော်အာဏာကိုရယူရန် ဦးတည်ဆောင် ရွက်ခဲ့ခြင်းသည် ဒီမိုကရေစီစနစ်၏ အနှစ်သာရကို ဖျက်ဆီးခဲ့ခြင်းပင် ဖြစ်သည်။ စာမေးပွဲ တစ်ရပ်တွင် ရမှတ်အပြည့်ရသော်လည်း စာခိုးချဖြေဆိုထား သည်ကို အထောက်အထားခိုင်လုံစွာဖြင့် မိပါက စာမေးပွဲ ကျရှုံးမည့်အပြင်ကျောင်းမှထုတ်ပယ်သည့် ပြစ်ဒဏ်ခံရတတ်သည်ကို အားလုံး သိရှိလက်ခံကြပြီး ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံတော်သမ္မတတို့က မဲမသမာမှုများကို ဖြေရှင်း ခြင်းမပြုဘဲ ဒီမိုကရေစီကျင့်စဉ်နှင့် မလျော်ညီသော နည်းလမ်းများဖြင့် နိုင်ငံတော်အချုပ်အခြာ အာဏာကို ရယူရန်အတွက် တတိယအကြိမ် လွှတ်တော် ခေါ်ယူကာ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေး ကိုသာ အဓမ္မနည်းလမ်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လာကြသည်။ ထိုသို့ မလွှဲမရှောင်နိုင် သော အခြေအနေဖြစ်ပေါ်လာပြီး မည်သို့မျှ ညှိနှိုင်းအဖြေ ရှာ၍ မရတော့သဖြင့် တပ်မတော်သည် ၁-၂-၂၀၂၁ ရက်နေ့မှစတင်၍ နိုင်ငံတော်အာဏာအရပ်ရပ်ကို ခေတ္တလွှဲပြောင်းရယူခဲ့သည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့ သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရေး ပေါ်ကာလပြဋ္ဌာန်းချက်နှင့်အညီ စစ်မှန်သော ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပကာ ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ကမ္ဘာသိကြေညာခဲ့ပြီး ကတိကဝတ် ပြုခဲ့ပြီး ဖြစ်သည်။ အာဏာသိမ်းခြင်းမဟုတ်ဘဲ အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ခေတ္တလွှဲပြောင်းရယူခဲ့ခြင်းသာ ဖြစ်ကြောင်း အတိအလင်းကြေညာခဲ့ပြီး ဖြစ်ပါသည်။ CDM ဆိုသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး နိုင်ငံတော်ယန္တရား လည်ပတ်နိုင်ရေး မြန်မာ့တပ်မတော်က ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်သည်။ ထိုသို့ မလွှဲသာ၍ ဆောင်ရွက်ခဲ့သည်ကို လျစ်လျူရှုပြီး တပ်မတော်က နိုင်ငံတော်အာဏာသိမ်းသည်ဟု မဟုတ်မမှန်စွပ်စွဲကာ သွေးထိုး လှုံ့ဆော်၊ ဆူပူအကြမ်းဖက်မှု များဖြင့် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားပျက်ပြားအောင် စနစ်တကျ အကွက်ချပြီး စီစဉ်လာကြသူ အချို့ကြောင့် ဆန္ဒပြမှုများရှိလာခဲ့ သည်။ ဌာနဆိုင်ရာဝန်ထမ်းများကို အဓိကဦးတည် 09 Civil Disobedience Movement (CDM) ပြုလုပ်လာကြသည်။ လုပ်ငန်းခွင် မဝင်ရောက်ရေးအတွက် ဝန်ထမ်းများကို လှုံ့ဆော်စည်းရုံးကြသည်။ ဝန်ထမ်းများ လုပ်ငန်းခွင် မဝင်ရောက်လျှင် အစိုးရယန္တရား ပျက်ယွင်းမည်ဖြစ်သည့်အတွက် ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ရောက်နိုင်ရေး နည်းမျိုးစုံဖြင့် ဆောင်ရွက်ကြသည်။ CDM ဆိုသည်မှာ ကာလတို ဆောင်ရွက်ရသည့်သဘော ဖြစ်သည်။ ကာလတိုအတွင်း မဆောင်ရွက်နိုင်ပါက အောင်မြင်စရာ အကြောင်းမရှိနိုင်ပါ။ ယခုလည်း မည်သည့်ဝန်ကြီးဌာနမှ လုပ်ငန်းများ ရပ်တန့်သွားခြင်းမရှိဘဲ ပုံမှန် ဆောင်ရွက်လျက် ရှိကြပါသည်။ လိုရာပုံဖော် ဒီမိုကရေစီကျင့်စဉ်အရ လူတိုင်းသည် မိမိ သဘောဆန္ဒအလျောက် လွတ်လပ်စွာ ပြောဆိုခွင့်၊ လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့် ရှိကြသည်။ ထိုလွတ်လပ်မှု များသည် သူတစ်ပါးအား ထိပါး၍မရပါ။ မိမိနှင့် သဘောထား အယူအဆ မတူသူများကိုလည်း ကွဲလွဲ ခွင့်ပေးရသည်။ တားဆီးထိပါးခြင်း မပြုရပါ။ သို့ရာတွင် CDM ဆောင်ရွက်သူများသည် ဒီမိုကရေစီလူ့အခွင့်အရေးကို လိုရာပုံဖော်ကာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသည့် ဝန်ထမ်းများအား အုပ်စုဖွဲ့ အတင်းအကျပ်ဖိအားပေးခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အရှက်ရစေရန် ပြုမူပြောဆိုခြင်း များအထိ ဥပဒေများကို ချိုးဖောက်မှုပြုသည်များ ရှိလာခဲ့ပါသည်။ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည့် ဝန်ထမ်းများသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေကြသူများ ဖြစ်ပါသည်။ ဝန်ထမ်း တိုင်းသည် မည်သည့်ပါတီ၊ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အတွက် တာဝန်ထမ်းဆောင်နေကြသူ များ မဟုတ်ပါ။ CDM တွင် ပါဝင်ကြသော ဝန်ထမ်း အနည်းစုသာ ရှိပါသည်။ ထိုသို့ CDM တွင် ပါဝင်နေ သည့်ဝန်ထမ်းများသည်လည်း ဌာနဆိုင်ရာစည်းကမ်း၊ ဥပဒေများနှင့်အညီ အရေးယူခံကြရမည် ဖြစ်ပါသည်။ ဆွဲဆောင်စည်းရုံးမှုကြောင့် CDM တွင် ပါဝင်နေကြသူ ဝန်ထမ်းအချို့ကိုလည်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခွင့် ပြုထားပြီးဖြစ်သဖြင့် သတ်မှတ်ရက်အတွင်း ပြန်လည်ဝင်ရောက်ကာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပါက ဌာနဆိုင်ရာ အရေးယူခြင်းမှ သက်သာခွင့်ရရှိကြမည် ဖြစ်ပါသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ် အကောင်အထည်ဖော်လျက် ရှိပါသည်။ ရှေ့ လုပ်ငန်းစဉ်(၅)ရပ်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟု အတိအလင်း ကတိပြုကြေညာ ထားရှိပြီးဖြစ်ပါသည်။ သို့ဖြစ်၍ ပါတီစုံဒီမိုကရေစီ စနစ်ကို လိုလားနှစ်သက်သော ပြည်သူများအနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်မသွားစေရန် အတွက် ဒီမိုကရေစီစံနှုန်းများကို အလေးဂရုပြု လိုက်နာပြုမူကြဖို့ လိုအပ်ပါသည်။ ယခုကာလသည် ဒီမိုကရေစီစနစ် ဆိတ်သုဉ်းသွားခြင်း မဟုတ်ပါ။ ဒီမိုကရေစီစံနှုန်းနှင့် ကျင့်စဉ်များ စစ်မှန်အားကောင်းပြီး စည်းကမ်းတကျဖြစ်စေရန် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေခြင်းသာ ဖြစ်ပါသည်။ ချစ်ခြင်း၊ မုန်းခြင်းဖြင့် နိုင်ငံတည်ဆောက်၍မရပါ။ သွေးထိုးလှုံ့ဆော် မြှောက်ပင့် စည်းရုံးပြီး အဖျက်အမှောင့် လုပ်ဆောင်နေကြသူများသည် နိုင်ငံတော်အကျိုးစီးပွားအတွက် ဆောင်ရွက်နေကြခြင်းမဟုတ်ဘဲ ပုဂ္ဂလိက အကျိုးစီးပွားအတွက် ဆောင်ရွက်နေကြသူများ ဖြစ်သည် ကို အထူးဂရုပြုကြရပါမည်။ ယိုသူမရှက်၊ မြင်သူရှက် CDM တွင် ပါဝင်ဆောင်ရွက်နေသည့်ဝန်ထမ်း အချို့သည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲရှိကြသူများလည်း ပါဝင်နေကြမည် ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းသည် ကျင့်ဝတ်စည်းကမ်းနှင အညီ ဌာနဆိုင်ရာလုပ်ငန်း တာဝန်များကို နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် ထမ်းဆောင်ကြရမည် ဖြစ်ပါသည်။ တာဝန်ကျေပွန်စွာထမ်းဆောင်နေကြသည့် ဝန်ထမ်းများကို CDM တွင် ပါဝင်ခြင်းမရှိသဖြင့် ဝေဖန်တိုက်ခိုက် ခြိမ်းခြောက်ကြသူများလည်း ရှိပါသည်။ ကိုယ်ရေး ကိုယ်တာ အရှက်ရစေရန် မဟုတ်မမှန်သော အကြောင်းများဖြင့် လုပ်ကြံဖန်တီးပြီး လူမှုကွန်ရက် တွင် ဖော်ပြကြသည်များလည်း ပြုလုပ်ကြပါသည်။ အင်မတန် သေးသိမ်နုံချာသည့် လုပ်ရပ်များဖြစ်ပြီး ဒီမိုကရေစီကျင့်ဝတ်နှင့် ဆန့်ကျင်ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ ဆင်ခြင်ဉာဏ်မရှိဘဲ အလိုမတူသူကို ရန်ပြုတိုက်ခိုက် ဆဲဆိုနေကြသူများသည် ယိုသူမရှက်၊ မြင်သူရှက် ဆိုသလို ဖြစ်နေပါသည်။ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် မိမိတို့ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင် နေကြသည့် ဝန်ထမ်းများသည် ဂုဏ်သိက္ခာ ရှိကြသူများ ဖြစ်ပါသည်။ CDM တွင် ပါဝင်သည့် ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်မညီ ဘဲ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို လျစ်လျူရှုကြ သူများ ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကျောသား ရင်သား မခွဲခြားဘဲ ဝန်ထမ်းများ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရန်၊ ကျင့်ဝတ်စည်းကမ်းနှင့်အညီ ဆောင်ရွက်ကြရန် အသိပေးထားရှိပါသည်။ အကြောင်းတရားများစွာရှိ၍ အကျိုးတရား ဆိုသောရလဒ်ကို ရရှိလာခြင်း ဖြစ်ပါသည်။ ဖြစ်တည်လာသော ကွင်းဆက်များကို ချိတ်ဆက် သုံးသပ်ပြီး ဘက်ပေါင်းစုံမှ ရှုမြင်နိုင်မှသာ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်မည် ဖြစ်ပါသည်။ တစ်ဖက်ဖက်ကို လျစ်လျူရှုပြီး အတ္တကိုအခြေခံ၍ လိုလားနှစ်သက်မှုကို ဦးစားပေး ရပ်တည်နေသူများဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ် ရရှိမည်မဟုတ် ပါ။ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်သော နိုင်ငံတော်ဖြစ်တည်လာစေရေးအတွက် ပြည်သူများ၊ ဝန်ထမ်းများ အားလုံးသည် ဆိုင်ရာကျင့်ဝတ်များကို လိုက်နာ၍ ဥပဒေနှင့်အညီ နေထိုင်ပြုမူ ဆောင်ရွက်သွားကြရမည်ဖြစ်ပေသည်။ ။ စွမ်းထက်နိုင် (အင်းတိုင်)