Skip to main content

ရိုးသားဖြောင့်မတ်ခြင်းနှင့် နိုင်ငံရေး

နိုင်ငံရေးဟုဆိုလျှင် ရိုးသားဖြောင့်မတ်ခြင်းသည် သော့ချက်တစ်ခုဖြစ်တော့၏။ နိုင်ငံရေးသမားတို့ သည် ရိုးသားဖြောင့်မတ်ရမည်။ နိုင်ငံရေးပါတီ တို့သည် ရိုးသားဖြောင့်မတ်ရမည်။ လိမ်လည်လှည့်ဖြားခြင်းကို အခြေခံသော နိုင်ငံရေးသည် ယိုယွင်းပျက်စီးခြင်းသို့ ဦးတည်သည် ဖြစ်၏။ နိုင်ငံရေးသမားတို့သည်လည်း ပျက်စီး လိမ့်မည်တည်း။ နိုင်ငံရေးပါတီတို့သည်လည်း ပျက်စီးလိမ့်မည်တည်း။ နိုင်ငံသည်လည်း ယိုယွင်း ပျက်စီးလိမ့်မည်တည်း။ နိုင်ငံရေးပါတီများသည်လည်းကောင်း၊ နိုင်ငံ ရေးသမားများသည်လည်းကောင်း ဦးစွာပထမ အနေဖြင့် နိုင်ငံသားများအပေါ် ရိုးသားဖြောင့်မတ် ရန် မဖြစ်မနေလိုအပ်ပေသည်။ နိုင်ငံသားတို့၏ ယုံကြည် ကိုးစားမှုကို ရိုးသားဖြောင့်မတ်ခြင်းအားဖြင့်သာ ရယူအပ်ပေသည်။ မိမိတို့အမှန်တကယ် တည်နိုင်သော ကတိကဝတ် များပြုခြင်း၊ မိမိတို့ကိုင်စွဲ ထားသော မူဝါဒများနှင့် ခံယူထားသော ယုံကြည် မှုများကို နိုင်ငံသားများအား အမှန် အတိုင်းအသိပေး ခြင်း၊ ကတိကဝတ်များကို လက်တွေ့ကျကျ အမှန် တကယ် အကောင်အထည်ဖော်ခြင်း၊ နိုင်ငံသားတို့ က၎င်းတို့၏ဆန္ဒမဲများဖြင့် စိတ်ချယုံကြည်စွာ အပ်နှံတာဝန်ပေးလိုက်သော မိမိတို့၏ လုပ်ငန်း တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်း၊ နိုင်ငံ သားတို့၏ မျှော်လင့်ချက်များကို အလေးထား လျက် ၎င်းတို့၏ စားဝတ်နေမှုဆိုင်ရာ လိုအပ်ချက် များကို အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေး ရန် ကြိုးစား လုပ်ကိုင်ဆောင်ရွက်ခြင်း စသည်တို့ သည် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ၏ နိုင်ငံသားများအပေါ် ရိုးသား ဖြောင့်မတ်ခြင်းကို အထင်အရှားပြဆိုသော ကိစ္စရပ်များတည်း။ နိုင်ငံသားများအပေါ်လိမ်ညာလှည့်ဖြား အခြားတစ်ဖက်တွင် မိမိတို့အမှန်တကယ် မတည်နိုင်သော ကတိကဝတ်များဖြင့် နိုင်ငံသား တို့ထံမှ တန်ဖိုး ရှိလှသောဆန္ဒမဲများကို ရလိုဇောဖြင့် မဲဆွယ်ခြင်း၊ မိမိတို့ကိုင်စွဲထားသော မူဝါဒများနှင့် ခံယူထားသော ယုံကြည် ချက်များကို အမှန်အတိုင်း မတင်ပြခြင်း သို့တည်းမဟုတ် မူဝါဒယုံကြည်ချက် များကို နိုင်ငံသား တို့နှစ် သက်သဘောကျစေရန် ဖော်ပြပြောဆိုလျက် လက်တွေ့တွင်မူ ဖော်ပြထား သည့် မူဝါဒများ၊ ယုံကြည်ချက်များနှင့် ဆန့်ကျင် ဘက်လုပ်ရပ်များကို ရှေ့နောက်မညီစွာ လုပ်ကိုင် ခြင်း၊ ကတိကဝတ်များကို မေ့လျော့ခြင်း သို့တည်း မဟုတ် အကောင်အထည်ဖော်ရန် ပျက်ကွက်ပြီး တန်ဖိုးရှိလှသော နိုင်ငံသားတို့၏ ယုံကြည်မှုကို စော်ကား မော်ကားပြုမူခြင်း၊ နိုင်ငံသားတို့က ယုံကြည်စိတ်ချစွာအပ်နှင်းထားသော တာဝန်များ ကို မကျေပွန်ခြင်း၊ လုပ်ပိုင်ခွင့် များကို အလွဲသုံးစား ပြုခြင်း၊ နိုင်ငံသားတို့၏ အခြေခံအကျဆုံး မျှော်လင့် ချက်ဖြစ်သော စားဝတ်နေမှု ကိစ္စများကို အဆင့် အတန်းမီရေး ဆောင်ရွက်ပေးရန်ပျက်ကွက်ခြင်း စသည်တို့မှာကား နိုင်ငံရေးပါတီများ၊ နိုင်ငံရေး သမားများက နိုင်ငံသားများအပေါ်လိမ်ညာလှည့်ဖြား ခြင်း၊ ကောက်ကျစ် စဉ်းလဲခြင်းကို ရှင်းရှင်း လင်းလင်း ဖော်ပြသောကိစ္စရပ်များတည်း။ ။ ဒီမိုကရေစီဟူသည် နိုင်ငံသားများထံမှ အာဏာအရပ်ရပ် စီးဆင်းရမည်ဆိုသောသဘော အရ နိုင်ငံသားတို့ ကိုယ်စား နိုင်ငံရေးပါတီများ၊ နိုင်ငံ ရေးသမားများက အရာခပ်သိမ်းကို တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်လျက် ထိုတာဝန်များကို ရိုးသားဖြောင့်မတ်စွာ ထိရောက်စွာထမ်းဆောင်နိုင် မှသာ နိုင်ငံသားတို့က ယုံကြည်လျက် အပ်နှင်း လိုက် သောအာဏာတို့သည် အဓိပ္ပာယ်နှင့် အနှစ်သာရ ပြည့်ဝနိုင်ပြီး ဒီမိုကရေစီစနစ်၏ ကောင်းကျိုး ကိုနိုင်ငံ တော်သည်လည်းကောင်း၊ နိုင်ငံသားတို့သည်လည်း ကောင်း ခံစားရရှိနိုင်မည်ဖြစ်ပေသည်။ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးသမားများသည် နိုင်ငံသားတို့ ပေးအပ်လာသောအာဏာများကို အထက်တွင်ဖော်ပြ ခဲ့သလား၊ မရိုးမဖြောင့် အလွဲသုံးစားပြုလျက် နိုင်ငံ သားများကို မထီမဲ့မြင်စော်ကားမော်ကား ပြုသည် ရှိသော် ဒီမိုကရေစီ စနစ်၏ အနှစ်သာရသည် ကောင်း ကျိုးထက် ဆိုးကျိုးများကိုဖြစ်ပေါ်စေမည်မုချတည်း။ နိုင်ငံရေးသမားတို့၏ အရည်အသွေး သတ်မှတ် ချက်များတွင် ရိုးသားဖြောင့်မတ်ခြင်းသည် တစ်ချက် အပါအဝင် ဖြစ်သင့်ပေ၏။ ရိုးသားဖြောင့်မတ်ခြင်း မရှိသူများသည် နိုင်ငံရေးသမားအလုပ်နှင့် လုံးဝ သင့်တော်အပ်စပ်မှုမရှိပါ။ အထူးသဖြင့်နိုင်ငံသား များအပေါ် မရိုးမဖြောင့် လုပ်ကိုင်တတ်သူတို့သည် နိုင်ငံရေးကျင့်ဝတ်များကို မစောင့်စည်းသူများတည်း။ ရိုးသားဖြောင့်မတ်ခြင်းကို တန်ဖိုးမထား ဖျက်လိုဖျက်ဆီးပြုသူများသာ ဖြစ်လိမ့် သမားများကို နိုင်ငံတော်အာဏာ၏ မူကြောင့်ဖြစ်စေ၊ မျက်စိလည်၍ဖြစ်စေ၊ သည် ဆုတ်ယုတ်ပျက်စီးမည်ဖြစ်ပြီး နိုင်ငံသားတို့ထံမှရယူထားသည့်လုပ်ပိုင်ခွင့်အာဏာ များနှင့်မထိုက်တန်သူများတည်း။ ဒီမိုကရေစီစနစ်၏ အနှစ်သာရများကိုဖျက်ဆီးသူများတည်း။ နိုင်ငံတော် ကို ဖျက်ဆီးသူများတည်း။ နောက်ထပ်အလေးထားသင့်သည့်အကြောင်း အရာတစ်ရပ်သည်ကား ဥပဒေစည်းကမ်းများကို တန်ဖိုးထား လိုက်နာခြင်းနှင့် ရိုးသားဖြောင့်မတ်ခြင်း အကြားဆက်နွှယ်မှုတည်း။ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများသည် တည်ဆဲဥပဒေများနှင့် စည်းမျဉ်း၊စည်းကမ်းများကို တိတိကျကျလေးလေး စားစားလိုက်နာကြရန် မဖြစ်မနေ လိုအပ်ပေသည်။ ဥပဒေများသည် ကာလံဒေသံအရအပြောင်းအလဲ များပြုလုပ်ရန် လိုအပ်သည်မှာမှန်သော်ငြား တည်ဆဲ ဥပဒေများကို လိုက်နာရေး၊ လေးစားရေးမှာ သီးခြား ကိစ္စတည်း။ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို နိုင်ငံသားတိုင်းက တန်ဖိုးထားလေးစားကြရန်၊ လိုက်နာကြရန်ဆိုသည်မှာ နိုင်ငံတစ်ခုတွင် အရေးကြီး ဆုံးကိစ္စဖြစ်သော နိုင်ငံရေးစနစ်ပီပြင်ရေး၊ ခိုင်မာရေး ကိစ္စရပ်၏သော့ချက်ဖြစ်သော တရားဥပဒေစိုးမိုးရေး ကိုတည် ဆောက်ခြင်း မည်ပေသည်။ ဥပဒေပြုကြ သည့် နိုင်ငံတော်အာဏာကိုရယူလျက် နိုင်ငံကို တည်ဆောက်ကြ မည့်ဥပဒေများနှင့်ပတ်သက်လျှင် တာဝန်အရှိဆုံးဖြစ်သည့် နိုင်ငံရေးပါတီများ၊ နိုင်ငံ ရေးသမား များကမှ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်း များကို လေးစားရကောင်းမှန်း၊ တန်ဖိုးထားရ ကောင်းမှန်း၊ လိုက်နာစောင့်ထိန်းရကောင်းမှန်းမသိဘဲ နိုင်ငံတစ်ခုကို မည်သို့အောင်မြင်အောင်တည်ဆောက်မည်နည်း။ နိုင်ငံရေးစနစ်ကောင်းတစ်ခု မည်သည့်နည်းနှင့် ပေါ်ပေါက်လာနိုင်မည်နည်း။ နိုင်ငံရေးပါတီများ နိုင်ငံရေးသမားများကမှ ဥပဒေ များနှင့် စည်းမျဉ်းစည်ကမ်းများကိုလေးစားလိုက်နာ မှုမရှိပါက နိုင်ငံသားများက ဥပဒေစည်းကမ်းများကို လေးစားလာကြရန်၊ လိုက်နာကြရန်မည်သို့မည်ပုံ ဆွဲဆောင် သိမ်းသွင်း ရန် ဖြစ်နိုင်ပါမည်နည်း။ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများသည် ရာထူးနေရာများကိုရယူရန် အားထုတ်ကြရာတွင် နိုင်ငံသားများနှင့် နိုင်ငံရေးအရ သဘောတူညီချက် (Political contract between citizens and politicians) သည် စာရွက် ပေါ်တွင် ချရေးပြီး လက် မှတ်ထိုးထားကြသည် မဟုတ်သော်ငြား အနှစ်သာရ အားဖြင့် အသေအချာ ရှိနေကြောင်း သဘောပေါက်ရန် လိုအပ်ပေသည်။ ထိုသဘောတူညီချက်များတွင် နိုင်ငံသားများအပေါ် ရိုးသားဖြောင့်မတ်ရန်၊ နိုင်ငံတော်ကိုတန်ဖိုးထားရန်အပြင် တည်ဆဲဥပဒေများကို အလေးအနက် လိုက်နာကြရန်ဆိုသည့်ကိစ္စသည် အပါအဝင်ဖြစ်၏။ အာဏာရသည့်အခါ၊ လုပ်ပိုင်ခွင့်ရ သည့်အခါဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို မလိုက် နာလိုပါဟု အစက နဦးကတည်းက တင်ကြို ငြင်းဆန်ထားကြသည်ရှိသော် ထိုနိုင်ငံရေးပါတီ၊ ထိုနိုင်ငံရေး သမားတို့ကို ဘယ်နိုင်ငံသားတို့က ၎င်းတို့ ကိုယ်စား နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွား များကို စီမံခန့်ခွဲရန် ခွင့်ပြုပါမည်နည်း။ ထို့ကြောင့် နိုင်ငံရေးပါတီများ သည်လည်းကောင်း၊ နိုင်ငံရေး သမားများ သည်လည်းကောင်း ဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများကို ပြောင်ကျကျဖြစ်စေ၊ မလိမ့်တစ် ပတ်ဖြစ်စေချိုးဖောက်ခြင်းသည် မရိုးဖြောင့်ခြင်းသာ ဖြစ်ကြောင်း မှတ်ယူရမည်တည်း။ ဥပဒေများနှင့်စ ည်းမျဉ်းစည်းကမ်းများကို တရိုတသေ တလေးတစား လိုက်နာကြခြင်းသည်လည်း ရိုးသားဖြောင့်မတ်ခြင်း ဖြစ်ကြောင်း မှတ်ယူရလိမ့်မည်ဖြစ်သည်။ နိုင်ငံတော်၏ အထိန်းအကွပ် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာခြင်းကား နိုင်ငံသားတို့၏ ယုံကြည်မှုကို အလွဲသုံးစားပြုခြင်း၊ ကျေးဇူးသစ္စာစောင့်သိရန် ပျက်ကွက်ခြင်း၊ မရိုးမသားပြုမူခြင်းဖြစ်ရုံမျှမက နိုင်ငံတော်အပေါ် သစ္စာဖောက်ခြင်း၊ မရိုးမသား ပြုခြင်းလည်းမည်သည်ဖြစ်ကြောင်း အထူးတလည် ရှင်းလင်း ဖော်ပြနေဖို့ပင် လိုအပ်မည်မဟုတ်ပေ။ ဥပဒေစည်းကမ်းများကို ချိုးဖောက်လိုသောနိုင်ငံရေး သမားများ၏ လက်တွင် နိုင်ငံတော်၏ ဂုဏ်ကျက် သရေသည်လည်း အကြီးအကျယ် ထိခိုက်ညှိုးနွမ်း လိမ့်မည်ဖြစ်ကြောင်းကို အထူးတလည် ရှင်းလင်း ဖော်ပြနေဖို့ မလိုအပ်။ ဥပဒေစည်းမျဉ်းတို့သည်နိုင်ငံ တော်၏ အထိန်း အကွပ် လည်းဖြစ်ပေ၏။ နိုင်ငံရေး စနစ်၏ အထိန်းအကွပ်လည်း ဖြစ်ပေ၏။ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးသမားများ၏ အထိန်းအကွပ် လည်းဖြစ်ပေ၏။ အခြားသော အင်စတီကျူးရှင်းများ တောင့်တင်းခိုင်မာစွာ ရပ်တည်နိုင်ရေး ကောင်း မွန်စွာ သက်ဝင်ရှင် သန်ရေး အတွက် အထိန်းအကွပ် လည်းဖြစ်ပေ၏။ နိုင်ငံသားတို့၏ အထိန်းအကွပ် လည်း ဖြစ်ပေ၏။ သို့ပေသောကြောင့် နိုင်ငံရေးပါတီ များနှင့် နိုင်ငံရေးသမားများသည် ဥပဒေများနှင့် စည်းမျဉ်း စည်းကမ်းများကို တန်ဖိုးထားလေးစား လျက် အလေးအနက်လိုက်နာကြမှသာ နိုင်ငံတော် အပေါ်တွင် လည်းကောင်း၊ နိုင်ငံသားများအပေါ်တွင် လည်းကောင်း ရိုးသားဖြောင့်မတ်ရာရောက်မည် ဖြစ်ကြောင်း သတိရှိကြရန်သင့်၏။ ထို့ကြောင့်နိဂုံးချုပ်လျှင် နိုင်ငံရေးပါတီများ နှင့် နိုင်ငံရေးသမားများ၏ ရိုးသားဖြောင့်မတ် မှုသည် နိုင်ငံရေး စနစ်ကောင်းမွန်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊နိုင်ငံသားတို့၏ လူမှုဘဝများ အဆင့်မီ တိုးတက် ကောင်းမွန်ရေးတို့အတွက် အခြေခံလိုအပ်ချက်တည်း။ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများသည် ရိုးသားဖြောင့် မတ်သည့် စိတ်အခံကိုကောင်းစွာတည်ဆောက်နိုင်ကြလျှင် ဒီမိုကရေစီနိုင်ငံရေးစနစ်၏ အနှစ်သာရဖြစ်သော နိုင်ငံသားများ၏ ဆန္ဒသဘောထားများကို တန်ဖိုး ရှိစေရန် အားဖြည့်သလိုရှိမည်ဖြစ်၏။ နိုင်ငံတော် အာဏာအရပ်ရပ်၏ အနှစ်သာရနှင့်အဓိပ္ပာယ်ကို ပြည့်ဝစေလျက် မဏ္ဍိုင်သုံးရပ်၏ လုပ်ငန်းဆောင် များသည် ဒီမိုကရေစီ၏ အနှစ်သာရကို ဖြောင့်သော နိုင်ငံရေးပါတီများ၊ နိုင်ငံရေး နိုင်ငံရေးရေချိန်နိမ့်နေသေးသော ချယ်ပြီး တာဝန်ပေးမိပါက အရာခပ်သိမ်း ညှိုးနွမ်းစေမည်ဖြစ်။ တာများသည် ကောင်းမွန်ပြည့်ဝပြည့်စုံနေလိမ့် မည်ဖြစ်၏။ ရိုးသားဖြောင့်မတ်ခြင်းကို တန်ဖိုး မထားနိုင်ကြသော နိုင်ငံရေးပါတီများ၊နိုင်ငံရေး သမားများသည် ဒီမိုကရေစီ၏ အနှစ်သာရကို ဖျက်လိုဖျက်ဆီးပြုသူများသာ ဖြစ်လိမ့်မည်တည်း။ အဘယ်ကြောင့်ဆိုသော် မရိုးဖြောင့်သော နိုင်ငံ ရေးပါတီများ၊နိုင်ငံရေးသမားများကို နိုင်ငံတော် အာဏာ၏ မူလပိုင်ရှင်များဖြစ်ကြသော နိုင်ငံသား တို့က နိုင်ငံရေးရေချိန်နိမ့်နေသေးသောကြောင့် ဖြစ်စေ၊ မျက်စိလည်၍ဖြစ်စေ၊ ဆုံးဖြတ်ချက် မှားယွင်းမိ၍ဖြစ်စေ မဲပေး ရွေးချယ်ပြီး တာဝန် ပေးမိပါက အရာခပ်သိမ်းသည်ဆုတ်ယုတ်ပျက်စီး မည်ဖြစ်ပြီး နိုင်ငံတော်၏ ဂုဏ်သရေ ကိုလည်း ထိခိုက်ညှိုးနွမ်းစေမည်ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် နိုင်ငံရေးပါတီများသည်လည်း ကောင်းနိုင်ငံရေးသမားများသည်လည်းကောင်း ရိုးသားဖြောင့်မတ်ခြင်း တည်းဟူသော ဂုဏ်ပုဒ်ကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့် တိုက်ရိုက် ဆက်နွှယ်နေသော အကြောင်းခြင်းရာဖြစ်ကြောင်း နားလည်သဘောပေါက်လျက် နိုင်ငံသားတို့၏ ရှေ့မှ ဦးဆောင်လမ်းပြလျက် နိုင်ငံတော်ကိုလည်းကောင်း၊ နိုင်ငံရေးစနစ်ကိုလည်းကောင်း တည် ဆောက်ကြရသည့် အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များ ဖြစ်သည်နှင့်လျော်ညီစွာ မိမိတို့၏ကိုယ်ကျင့် ကောင်းကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံ စေရန်ကျင့်ကြံ လျက် ရိုးသားဖြောင့်မတ်ကြရန် မဖြစ်မနေလိုအပ် ပါကြောင်း သတိပေးလိုရင်း ဖြစ်ပေတော့သည်။ ပိုက်တင် (၉-၁၁-၂၀၂၀ရက်နေ့ထုတ်ရတနာပုံသတင်း စာတွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ပိုက်တင်၏ “ရိုးသားဖြောင့် မတ်ခြင်း နှင့် နိုင်ငံရေး” ဆောင်းပါးကို ရတနာပုံသတင်းစာအယ်ဒီတာအဖွဲ့နှင့် ဆောင်းပါးရှင်တို့၏ ခွင့်ပြု ချက်ဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာတည်း)