စာနယ်ဇင်းသမား (သို့မဟုတ်) နှောင်ကြိုးမဲ့နိုင်ငံရေးသမားဆိုသည်မှာ
အခုတလော ကျွန်မတို့နိုင်ငံရဲ့ အဖြစ်အပျက်တွေကို ကြည့်ပြီး နိုင်ငံသားတစ်ဦးအနေနဲ့ စိတ်မကောင်း ဖြစ်စရာ တွေ မြင်တွေ့နေရပါတယ်။ လူတိုင်းလူတိုင်းဟာ မိမိ ယုံကြည်ချက်၊ ခံယူချက်၊ ရပ်တည်ချက်တွေကို လွတ်လပ် စွာဆောင်ရွက်နိုင်ပေမယ့် အခြားသူတွေရဲ့ ယုံကြည်ချက်၊ ခံယူချက်၊ ရပ်တည်ချက်တွေကို အနိုင်ကျင့်လွှမ်းမိုးပြီး အကျပ်ကိုင်တွန်းအားပေးတာမျိုးကတော့ အတော်ကို ( အရုပ်ဆိုး အကျည်းတန်လွန်းပါတယ်။ ။
ပြောသမျှ စကားလုံးတိုင်းမှာ ဒီမိုကရေစီစကား လုံးကို ရေလဲသုံးပြောနေပေမယ့် ပြုကျင့်မှုတွေ ကတော့ ဒီမိုကရေစီမဆန်ဘဲ အဓမ္မဝါဒီဆန်နေတဲ့အတွက်ပြောစရာစကားတွေကို သိုသိပ်ဖုံး ဖိထားခဲ့ ရပါတယ်လို့ ဆိုရမှာပါပဲ။ ပြောလည်းပြောချင်တယ် ပြောလည်း မပြောရဲဘူး ဆိုသလိုပေါ့။
မြင်ရတွေ့ရ စိတ်မချမ်းသာ
အခုတော့ အရဲစွန့်ပြီး ပြောကြည့်မိပါပြီ။ ဒီမိုကရေစီ ရဲ့ သဘောတရားတွေကို ပြည့်ပြည့်စုံစုံ မပြောလိုပေမယ့် လူတိုင်းနားလည်ထားကြတဲ့ သဘောတရားတစ်ခုက “မတူကွဲပြားမှုကို လက်ခံနိုင်ခြင်း”ပါပဲ။ ကိုယ်နဲ့ အမြင် မတူ၊ အတွေးမတူ၊ အလုပ်မတူခြင်းကို နားလည်လက်ခံ ပြီး အပြန်အလှန် ရပ်တည်နိုင်ခွင့်ကို လေးစားအသိ အမှတ်ပြုတဲ့သဘောလို့ ကျွန်မနားလည် ထားမိပါတယ်။
အခုတော့ ဒီလိုမဟုတ်။ ကျွန်မတို့ငယ်ငယ်က ကြုံတွေ့ခဲ့ရတဲ့ စစ်အေးတိုက်ပွဲ သဘောတရားတွေလို မိမိနဲ့ ဆန့်ကျင်ဘက်တွေအပေါ် နားလည်လက်ခံမှု ကင်းမဲ့ပြီး တိုက်ကွက်ဖော်နေတဲ့ပုံစံကို တွေ့နေရပါတယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း တပ်မတော်က နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော် တာဝန်အရပ်ရပ်ကို ဆောင်ရွက်နေချိန်ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်မှုတွေကို မကျေမနပ်နဲ့ ဆန္ဒပြနေကြပါတယ်။ အဲဒီလိုဆန္ဒပြတာကို အပြစ်မပြောလိုပေမယ့် ဆန္ဒမပြ လိုသူ တွေကို အတင်းအဓမ္မပြအောင်လုပ်၊ ဝန်ထမ်းတွေနဲ့ တိုက်ကွက်ဖော်၊ အစိုးရအုပ်ချုပ်မှုယန္တရား ပျက်ပြား အောင် ကြံစည်ကြိုးပမ်း၊ မိမိတို့ရဲ့ ဆန္ဒမတူတဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေကို အွန်လိုင်း ပေါ်မှာ မဟုတ်မမှန်တာ တွေတင်ပြီး အရှက်တကွဲ အကျိုးနည်းအောင်လုပ်၊ သူတို့က ဟီးရိုးတွေ လုပ်ပြီး မိမိနဲ့ အမြင်မတူသူတွေ၊ အလုပ်မတူသူတွေကို ဗီလိန်တွေဖြစ်အောင် လုပ်နေတာ တွေကို တော့ ကျွန်မ ဘယ်လိုမှ ခံစားကြည့်လို့မရတော့ ပါဘူး။ သူတို့ပါးစပ်ကပြောနေတဲ့ ဒီမိုကရေစီ ဆိုတဲ့စကားနဲ့ ပြုကျင့်နေတဲ့ အပြုအမူတွေဟာ ကျွန်မတို့ လူ့အဖွဲ့ အစည်းအတွက် လွန်စွာ စိတ်ပျက်အားလျော့စရာတွေ ဖြစ်နေပါတယ်။
စာနယ်ဇင်းကောင်စီဆိုတာဘာလဲ
စာနယ်ဇင်းကောင်စီဆိုတာ စာနယ်ဇင်းလွတ်လပ် ခွင့်လို့ ကျင့်သုံးနေတဲ့ နိုင်ငံ တော်တော်များများမှာ တွေ့ရတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ ဒီမိုကရေစီနိုင်ငံအများစုမှာ စာနယ်ဇင်း ကောင်စီဆိုတာ ရှိကြပါတယ်။ ဒါကိုစာနယ်ဇင်းလွတ်လပ်ခွင့်ရဲ့ အင်္ဂါရပ်တစ်ခုလို့လည်း ပြောဆိုခဲ့ ကြပါတယ်။
စာနယ်ဇင်းကောင်စီဆိုတာ ဘာကြောင့် ဖွဲ့ရတာလဲ လို့ မေးရင်တော့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အကော အကွယ်ပေးဖို့နဲ့ စာနယ်ဇင်းသမားများရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်တယ်လို့ ဆိုကြရမယ်ထင်ပါတယ်။
ဒါပေမယ့် စာနယ်ဇင်းကောင်စီဟာ စာနယ်ဇင်း သမားများရဲ့ အခွင့်အရေးနဲ့ အကျိုး စီးပွားကိုသာကာကွယ်ရမှာမဟုတ်ဘဲ ပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ နှစ်နာမှုတွေကိုလည်း ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ဘယ်အစိုးရရဲ့ လက်အောက်ခံအဖွဲ့အစည်း မဟုတ်သလို ဘယ်ပါတီ အဖွဲ့အစည်းရဲ့ လောင်းရိပ်အောက် မှာ ရှိနေရတဲ့အဖွဲ့ အစည်းမဟုတ်ပါဘူး။ ။
စာနယ်ဇင်းသမားတွေကို သတင်းအချက်အလက် တွေ လွတ်လပ်မျှတစွာ ရယူဖြန့်ချိ ပေးနိုင်ဖို့ လိုအပ်တဲ့ ကျင့်ဝတ်စည်းကမ်းတွေ သတ်မှတ်ပေးမယ်။ ကျင့်ဝတ်နဲ့ မညီတဲ့ ပြဿနာတွေ ပေါ်ပေါက်လာရင် ညှိနှိုင်းဖြေရှင်း ပေးမယ်။ ဒါဟာ စာနယ်ဇင်းကောင်စီရဲ့ အဓိကတာဝန်ပါပဲ။ အဲဒီလို ဆောင်ရွက်နိုင်မယ်ဆိုရင် စာနယ်ဇင်းသမားများရဲ့ ဂုဏ်သိက္ခာမြင့်မားပြီး ပြည်သူလူထု ယုံကြည်မှုတွေ ပိုမိုရရှိလာမယ်။ စာနယ်ဇင်းလောကအတွက် အကျိုးစီးပွားတွေ တစ်ဖက်တစ် လမ်းက ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါ တယ်။ ဒါဟာ ကျွန်မ ယုံကြည်ချက်။
ဒီနေ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသမိုင်း ကို ပြန်ကြည့်ရင် ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ(ယာယီ)က အစပြုခဲ့တယ်လို့ ဆိုရမယ်ထင်ပါ
တယ်။ ၂၀၁၄ ခုနှစ်က စတင်ပြဋ္ဌာန်းလိုက်တဲ့ သတင်း မီဒီယာဥပဒေနဲ့အတူ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး မီဒီယာ သမားများရဲ့ အခွင့်အရေးတွေရရှိဖို့၊ အစိုးရနဲ့ မီဒီယာ အဖွဲ့အစည်းတွေကြား ညီညွတ်မျှတတဲ့ ဆက်ဆံရေးတွေ ဖြစ်ပေါ်လာစေဖို့အတွက် ဆွေးနွေးပွဲတွေ၊ အစည်းအဝေး တွေ အကြိမ်ကြိမ်ဆောင်ရွက် ခဲ့ကြတာ ကိုလည်း ကျွန်မ တွေ့မြင်ခဲ့ရပါတယ်။ အမှန်အတိုင်းပြောရရင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ဝင်များအား လစာမရရှိကြဘဲ မီဒီယာသမားများအကျိုးနဲ့ မီဒီယာလောကဖွံ့ဖြိုးတိုးတက် ဖို့အတွက် စိတ်၊ စေတနာထက်သန်စွာနဲ့ ကြိုးပမ်းခဲ့ကြ တာကို ကျွန်မတို့ ငြင်းပယ်လို့ မရနိုင်ပါဘူး။
တကယ်တော့ သတင်းမီဒီယာကောင်စီဝင်တွေဟာ နိုင်ငံနဲ့ ပြည်သူအကျိုး၊ စာနယ်ဇင်း သမားတွေရဲ့ အကျိုးကို ကိုယ်ကျိုးမဖက်ဘဲ စိတ်စေတနာကောင်းတွေနဲ့ ကြိုးပမ်း ဆောင်ရွက် ခဲ့ကြသူတွေ ဖြစ်တယ်။ ကျွန်မ လေးစားအားကျ ရသူတွေ ဖြစ်ပါတယ်။ ။
သတင်းမီဒီယာဥပဒေပါ သတင်းမီဒီယာကောင်စီ ရဲ့ အဓိကလုပ်ငန်းတာဝန်တွေကို ပြန်ကြည့်ရင်...၊
> သတင်းမီဒီယာကို စောင့်ကြည့်ခြင်းနဲ့ အရည်အသွေးမြှင့်တင်ပေးဖို့၊
> သတင်းမီဒီယာ လုပ်ငန်းသုံးပစ္စည်းတွေကို ပြည်ပမှတင်သွင်းရာမှာ အဆင်ပြေချောမွေ့အောင် သက်ဆိုင်ရာဌာနများနဲ့ ညှိနှိုင်း ပေးဖို့၊
> သတင်းမီဒီယာဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲတွေ၊ ဟောပြောပွဲတွေ စီစဉ်ကျင်းပပေးဖို့၊
> သတင်းဆိုင်ရာထူးချွန်သူတွေကို ဆုချီးမြှင့်ရေးအတွက် စာနယ်ဇင်းအဖွဲ့အစည်းများနဲ့
ညှိနှိုင်းဆောင်ရွက်ပေးဖို့၊
> သတင်းမီဒီယာလုပ်ငန်းတိုးတက်ရေးအတွက် စီမံချက်များ ရေးသားဆောင်ရွက်ဖို့ဆိုတဲ့အချက်တွေ တွေ့ရမှာ ဖြစ်ပါတယ်။ ။
အခုတော့ ဘယ်လို ပယောဂတွေ၊ ဘယ်လိုအခြေ ( အနေတွေ ဆိုက်ရောက်ခဲ့သည်မသိ။ ကောင်စီဝင်အချို့ နုတ်ထွက်ကြပြီဆိုတဲ့သတင်းကကျွန်မအတွက် အင်မတန် စိတ်မကောင်းဖြစ်ခဲ့ ရပါတယ်။ အဲဒီတာဝန်တွေကို ဘယ်သူ တွေက ထမ်းဆောင် ကြမှာပါလဲ။
အဲဒီလို သတင်းမီဒီယာကောင်စီဝင်အချို့ နုတ်ထွက် ကြတာကတော့ ရိုးရိုးသားသားမှ ဟုတ်ရဲ့ လားလို့ စိတ်ထဲ ထင်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တာဝန်ယူစဉ် ကာလမှာ စာနယ်ဇင်း လောက တိုးတက်အောင်လုပ်ခဲ့ကြ တာကို ကျွန်မမျက်မြင်ပဲဖြစ်ပါတယ်။ တကယ် လို့သာ သတင်းမီဒီယာကောင်စီကြီးမရှိတော့ရင်ဆိုတဲ့အတွေးမျိုး ကျွန်မစိတ်ထဲရောက်ရှိပြီး အလွန် စိုးရိမ်မိပါတယ်။ အထူးသဖြင့် သတင်းမီဒီယာသမားများရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ၊ အကျိုး စီးပွားတွေကို ဘယ်သူတွေကဆောင်ကြဉ်းပေးကြမှာလဲ။ သတင်းမီဒီယာသမားများ ဘက်က မားမား မတ်မတ်ရပ်တည်ပေးမယ့် အဖွဲ့အစည်း ကြီးက ဘယ်မှာလဲ။
အမှန်အတိုင်းပြောရရင် သတင်းမီဒီယာကောင်စီဝင် တွေဟာ အခြားအဖွဲ့ အစည်းတွေလို ဖွဲ့စည်းတာဝန် ပေးအပ်ထားတာမဟုတ်ဘဲ နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်း ကြီးတစ်ခုဖြစ်တဲ့အတွက် ကောင်စီဝင်တွေဟာ သိက္ခာ သမာဓိ ပြည့်ဝသူများလည်း ဖြစ်ပါတယ်။ ။
ယခုလိုအခြေအနေမှာ စုပေါင်းပြီး နုတ်ထွက်ခဲ့ကြတဲ့ အတွက်ကျွန်မစိတ်မကောင်းဖြစ်ရသလို ဖြစ်နိုင်မယ်ဆိုရင် တစ်ဦးချင်း တစ်ယောက်ချင်းကို ကိုယ်တိုင်တွေ့ဆုံစကား ပြောချင်မိပါတယ်။ ဒီနေ့အချိန်ဟာ သတင်းမီဒီယာ လောက တိုးတက်ဖို့အတွက် ကျွန်မတို့အားလုံး စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရမယ့်အချိန်၊ သတ်မှတ်ထားတဲ့ကျင့်ဝတ်တွေကို လေးစား လိုက်နာပြီး ပြည်သူတွေအတွက် သတင်းအချက်အလက်တွေကို ဖြန့်ဝေဆောင်ရွက်ပေးရမယ့် အချိန်အခါတစ်ခုပဲ ဖြစ်ပါ တယ်။
ဝိုင်းဝန်းဆောင်ရွက်ကြရအောင်
ကျွန်မကြီးပြင်းခဲ့ရတဲ့ဘဝတစ်လျှောက် လေးစား အားကျခဲ့ရတဲ့ သတင်းစာဆရာကြီးတွေ များစွာရှိခဲ့ပါ တယ်။ သူတို့ပြောဆိုရေးသားခဲ့ကြတဲ့ အကြောင်းအရာ တွေဟာ စာနယ်ဇင်းသမား တိုင်းအတွက် လွန်စွာတန်ဖိုး ရှိတဲ့အရာတွေပဲဖြစ်ပါတယ်။ အထူးသဖြင့် ဆရာကြီးလူထုစိန်ဝင်း သက်ရှိထင်ရှားရှိခဲ့စဉ်က စာနယ်ဇင်းတွေ အပေါ် ပြည်သူတွေရဲ့ ယုံကြည်ကိုးစားခံ ရဖို့အတွက် အကြံပြုရေးသားခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။ ။
“စာနယ်ဇင်းဆိုတာ လူတစ်စုအတွက် အသင်းအဖွဲ့ တစ်ခုအတွက် မဖြစ်စေရဘူး၊ နိုင်ငံတစ်နိုင်ငံလုံး ဒါမှ မဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် ဖြစ်စေရမယ်”ဆိုတဲ့ ပြောဆိုမှုတွေဟာ ကျွန်မတို့ စာနယ်ဇင်းသမား တွေအတွက် သတိပြုကြရမယ့် ဆုံးမစကားတွေပဲဖြစ်ပါ တယ်။
ကျွန်မ မှတ်သားမိတဲ့စကားတွေထဲမှာ “ဓမ္မဓိဋ္ဌာန် ကျမှုဆိုတဲ့ ဂုဏ်ထူးဆောင်စကားလုံးဟာ တကယ်တမ်းကျတော့ စိတ်ကူးယဉ်ကမ္ဘာထဲမှာသာ ရှိနေတယ်ဆိုတာ ကိုလက်တွေ့လုပ်ကိုင်နေတဲ့ စာနယ်ဇင်းသမားတိုင်းလိုလို သိရှိခဲ့ကြပါတယ်။ ပုဂ္ဂလဓိဋ္ဌာန်ဖြစ်မှုကနေပြီး ဓမ္မဓိဋ္ဌာန် ဖြစ်မှုကို ပြောင်းလဲသွားအောင် လုပ်ဆောင်ရေးဆိုတာ စာနယ်ဇင်းသမားတိုင်း တစ်သက်လုံး အဆက်မပြတ် ကြိုးပမ်းအားထုတ်နေရတဲ့ကိစ္စ ဖြစ်ပါတယ်” ဆိုတဲ့ စကား ကတော့ ကျွန်မနေ့စဉ်သတိထားနေရတဲ့ စကားလုံးပါပဲ။
တစ်နည်းအားဖြင့် ကျွန်မတို့ စာနယ်ဇင်းသမား တွေဟာ လူသားတွေပဲဖြစ်လို့ တစ်ခါတလေ ဖြစ်စဉ် ဖြစ်ရပ်များကို ဓမ္မဓိဋ္ဌာန်ကျကျ မရှုမြင်ဘဲ ပုဂ္ဂလဓိဋ္ဌာန် အစွဲနဲ့ ရှုမြင်လုပ်ကိုင် တတ်ကြပါတယ်။ အထူးသဖြင့် “အတ္တနောမတိ” ကင်းကင်းဖြင့် အရာရာကို ရေးသားရှုမြင် ဆင်ခြင်ကြဖို့ အဓိက လိုအပ်နေတာ ဖြစ်ပါတယ်။
အခုလည်း ကျွန်မ စိုးရိမ်မိတာတစ်ခုရှိနေပါတယ်။ အချို့သော သတင်းမီဒီယာကောင်စီတွေ နုတ်ထွက် တာကို ဝေဖန်စောကြော မပြုလုပ်လိုပေမယ့် အချို့သောကောင်စီဝင်တွေ နုတ်ထွက်ကြ တာကိုတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ သူတို့တွေဟာ ဖိစီးမှုတစ်ခုခု၊ ဝေဖန် ပြစ်တင်မှု တစ်ခုခုကြောင့်များ နုတ်ထွက်ခဲ့မိရင်တော့ ကျွန်မတို့ သတင်းမီဒီယာလောကအတွက် အနုတ် လက္ခဏာဆောင်တဲ့ အကျိုးရလဒ်လို့ ပြောရတော့မှာ ပါပဲ။
ဒီနေ့အချိန်မှာ နေရာတိုင်းလိုလိုဟာ “အစွဲ” တစ်ခုခု ကြောင့် ဓမ္မဓိဋ္ဌာန်နဲ့ ကင်းဝေး နေကြပါတယ်။ ပုဂ္ဂလဓိဋ္ဌာန် နဲ့ မိမိထင်ရာမြင်ရာယုံကြည်ရာကိုသာ ဇောင်းပေးပြောဆို နေကြပြီး အခြားတစ်ဖက်ရဲ့ မတူကွဲပြားတဲ့ အတွေးအမြင်တွေ၊ ယုံကြည်မှုတွေကို မျက်ကွယ်ပြုနေကြပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီကြီးကို ယခုထက် ပိုမိုအား ကောင်းခိုင်မာ ပြီး သတင်းမီဒီယာလောကအကျိုး... ပြည်သူများရဲ့ အကျိုးကို ဆောင်ကြဉ်းပေး စေချင်တာပါပဲ။ ယခုလက်ရှိဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း လေးစား အသိအမှတ်ပြု ထားပြီးဖြစ်တဲ့အတွက် နုတ်ထွက်ခြင်း မပြုဘဲ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့သာ တိုက်တွန်းချင် ပါ တယ်။
တကယ်လို့ အစွဲတစ်ခုခုကြောင့် နုတ်ထွက်ကြမယ် ဆိုရင်လည်း ဆရာကြီး လူထုစိန်ဝင်းရဲ့ “စာနယ်ဇင်း သမားဆိုတာ နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေးသမားများ လိုပဲနိုင်ငံ့ အရေး၊ နိုင်ငံသူနိုင်ငံသားများ အရေးကို တစ်နည်းတစ်ဖုံ ဆောင်ရွက်နေသူတွေဖြစ်တယ်။ နိုင်ငံရေး သမားကမှ သူ့ပါတီအဖွဲ့အစည်းရဲ့ အကျိုးကိုဆောင်ရွက်ရပါသေးတယ်။ စာနယ်ဇင်းသမားကတော့ စာဖတ်ပရိသတ်ပြည်သူလူထုရဲ့ အကျိုးတစ်ခု တည်းကိုသာ ကြည့်ပြီးလုပ်ဆောင်ရပါတယ်။ ဘယ် နိုင်ငံရေးပါတီ၊ ဘယ်အစိုးရအဖွဲ့အစည်းရဲ့ အသုံးချခံ လက်ကိုင်တုတ် လည်း အဖြစ်မခံရပါဘူး။ စာနယ်ဇင်းသမားဆိုတာ ဘယ်အနှောင် အဖွဲ့မျိုးမှမခံတဲ့ နှောင်ကြိုးမဲ့ နိုင်ငံရေး သမားဖြစ်တယ်” ဆိုတဲ့စကားကို ပြန်လည်အမှတ်ရ စေချင်ပါတယ်။ ။
ကျွန်မအနေနဲ့ကတော့ သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ဖို့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ လိုအပ်တယ်။ သတင်းမီဒီယာကောင်စီတည်ရှိနေခြင်းဟာ သတင်းမီဒီယာသမားများရဲ့ အခွင့်အရေးတွေနဲ့ အကျိုး စီးပွားကို ကာကွယ်ပေးဖို့ဖြစ်တယ်။ သတင်းမီဒီယာ
ကောင်စီ အင်အားနည်းခြင်းဟာ အခြားဘယ်သူ့ကိုမှ မထိခိုက်နိုင်ဘဲ ကျွန်မတို့ သတင်းမီဒီယာ လောကကိုသာ ရိုက်ခတ်နိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်။
သတင်းမီဒီယာသမားဟာ လူသားတစ်ဦးဖြစ်တဲ့ ( အတွက် ကိုယ်ပိုင်ယုံကြည်မှု ကိုယ်ပိုင် တိမ်းညွတ် မှုတွေ ရှိကြမှာ ဖြစ်ပေမယ့် မိမိသတင်းမီဒီယာလောကအကျိုး အတွက် အရာရာ ချိန်ဆ တွေးတော ဆောင်ရွက်ပေးကြ ပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ဒါမှသာ ကျွန်မတို့အားလုံးဟာ ဆရာလူထုစိန် ဝင်းပြောတဲ့ “နှောင်ကြိုးမဲ့ နိုင်ငံရေး သမား” စစ်စစ်တွေအဖြစ် ဂုဏ်ယူနိုင်မှာ ဖြစ်ပါတယ်။
မိုးမိုးမြင့်