Skip to main content

သူငယ်ချင်းသို့

မောင်နိုင်

သူငယ်ချင်း အောင်အောင် ... ဒီအချိန်မှာ မင်းလည်း အလုပ်တာဝန်တွေများနေမယ်ဆိုတာ ငါသိနေတယ်။ မင်းတို့အလုပ်မှာ Civil Disobedience Movement- CDM လုပ်ကြတယ်ဆိုတဲ့ သတင်းကို လူမှုကွန်ရက်မှာ ဖတ်လိုက်ရတယ်။ ဖတ်မိလိုက်တဲ့နေ့မှာ အဲဒီ သတင်းကို မယုံခဲ့ဘူး။ ဒီသတင်းက မင်းတို့အလုပ်ကို သက်သက် အများ အထင်အမြင်သေးအောင်လုပ်တာပါပဲဆိုပြီး ပေါ့ပေါ့ပဲ ထားမိလိုက်တယ်။

နောက်ရက်ကျတော့ ပုဂ္ဂလိကမီဒီယာမှာ သတင်းပါလာတာ တွေ့ရ တယ်။ မရှေးမနှောင်းမှာပဲ မင်းတို့ရဲ့ ရန်ကုန်ရုံးခွဲအဖွဲ့ တွေကပါ CDM မှာ ပါဝင်နေကြသလို လမ်းလျှောက်ဆန္ဒပြကြတာတွေလည်း လူမှုကွန်ရက် စာမျက်နှာ အတော်များများမှာ တွေ့လိုက်ရတယ်။ ပြင်ပမီဒီယာတွေနဲ့မင်းတို့ ရန်ကုန်ရုံးအဖွဲ့က ကြိုတင်ပြီး ချိတ်ဆက်ထားသလားတောင် ထင်ရတယ်။ ဘာကြောင့်လဲဆိုတော့ အစအဆုံးကို ပုံတွေကြည့်လိုက်ရလို့ပဲ။

CDM လုပ်တာက မင်းတို့ရုံးချည်းပဲတော့ မဟုတ်ပါဘူး။ ငါ့နယ်ရုံးမှာလည်း တစ်ယောက်စနှစ်ယောက်စတော့ ရှိတယ်ကွ။ ခု CDM လုပ်ကြတဲ့ ဝန်ထမ်းတွေကို ကြည့်လိုက်ရင် မင်းလည်း သတိထားမိမှာပါ။ အများစုက လည်း မပါဘဲ ဘယ်နေလိမ့်မလဲ။

ငါတို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်လမ်းကြောင်း ၁၀ နှစ်လောက်မှာ ငါလည်း ပါတယ်၊ မင်းလည်းပါတယ် လူတိုင်းလိုလိုပေါ့ကွာ။ လူ့အခွင့်အရေးတို့၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့ရသမျှအခွင့်အရေးကို ဒီမိုကရေစီစံနှုန်းနဲ့ အပြည့် ကို လိုချင်ခဲ့ကြတာ။ ဒါပေမယ့် ငါတို့က ကိုယ်တိုင်လိုက်နာရမယ့် လူ့ကျင့်ဝတ် တွေကျ မသိချင်ယောင်ဆောင်ကြတာက ခပ်များများ မဟုတ်လား။

မနေ့ကတော့ငါ့ရုံးက Mလုပ်ကြတဲ့ ကလေးတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ရင်း သူတို့နဲ့ M ထဲ ပါရတဲ့အကြောင်းဆွေးနွေးဖြစ်ခဲ့တယ်။ မင်းလည်း သိရအောင် ငါပြောပြဦးမယ်။

ငါ့ရုံးက ကလေးတွေနဲ့က တရင်းတနှီးဆက်ဆံရေးရှိတော့ စကားပြော ရာမှာ ပေါ့ပေါ့ပါးပါးရှိပြီး အဆင်ပြေတယ်။ စကားဝိုင်းထဲမှာ နှစ်ယောက် ပါတယ်။ ငါနဲ့ဆို သုံးယောက်ပေါ့ကွာ။

CDM မှာ ပါသွားတဲ့ ပထမတစ်ယောက်ဆိုရင် ဒီကလေးကသူများတွေ  CDM လုပ်ပြီး လေးရက်လောက်မှ ပါသွားတာ။ သူ့ရဲ့ CDM မှာ ပါဝင်ပုံကတော့ အများစကားနားယောင်တာတို့၊ ဘေးလူတွေက တိုက်တွန်းတာ မျိုးမဟုတ်ဘဲ သူ့ချစ်သူကောင်မလေးက ရုံးမသွားနဲ့ သူဖေ့စ်ဘွတ်တင်တဲ့ ပို့စ်အတိုင်း လိုက်တင်ဆိုတာနဲ့ ရုံးလည်းမသွား၊ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း Copy Paste တွေချည်းပဲလုပ်နေတော့တာ။ ကိုယ့်ကိုယ်နဲ့ သူများ စိတ်ပေါ့ကွာ။

ဒုတိယတစ်ယောက်ကတော့ သူ့သူငယ်ချင်းတွေကလည်း ရုံးမသွားဘူး။ သူလည်း ဒါကြောင့်ရုံးမတက်ဘူး။ကျွန်တော်တို့ကို အလုပ်မလာလို့ ဖြုတ်လို့ မရဘူး။ အလုပ်မလာတဲ့သူက အများကြီး။ ဘယ်လိုဖြတ်မှာလဲဆိုပြီး လူမှုကွန်ရက်က မတိမကျမရေမရာတဲ့ သတင်းအချက်အလက်တွေနဲ့ ကိုယ့် လုပ်ရပ်အမှားကို အမှန်ထင်ပြီး ရှေ့တိုးရင်းတိုးရင်း အတော်လေးကို စည်းကျွံ နေတဲ့သူ။

ငါလည်း သူတို့နှစ်ယောက်ကို စည်းရုံးသိမ်းသွင်းဖို့ထက် အတွေးအမြင် လေးတစ်ခု ရစေချင်ရုံနဲ့ ခုလိုဆိုင်ထိုင်ရင်း စကားပြောဖြစ်တာပါ။ ခေတ် လူငယ် ဆိုတာကလည်း သူတို့မှန်တယ်ထင်တာကို ဇွတ်လုပ်တတ်ပြီး စိတ်သဘော ထားချင်း မတူရင် ဘာစကားပြောပြော နားထဲမဝင်ကြတာက အများသား မဟုတ်လား။

ဒါပေမယ့်လည်း ငါ့ဌာနကလူငယ်ခြေတက်တွေ၊ နောင်တစ်ချိန် ငါ့ဌာနကို ဦးစီးဦးဆောင်ကြရမယ့် ညီငယ်တွေဖြစ် နေတော့လည်း သောက်လက်စ လက်ဖက်ရည်ကို အကုန်မော့ပြီး သူတို့နှစ်ယောက်ကို လွယ်လွယ်နားလည်အောင် ဥပမာနဲ့ နှိုင်းပြ ပြောပြခဲ့တယ်။

မင်းတို့နေတဲ့ရပ်ကွက်ကို မီးလင်းအောင် မီးခလုတ်ဖွင့်ပေးမယ့် ဝန်ထမ်းက ရုံးမတက်ရင် မီးမှောင်နေမှာက ဘယ်သူတွေလဲ။ မီးအလင်းရောင်မရှိရင် နေ့စဉ်လူမှုဘဝမှာ ဘယ်လောက်ထိ အဆင်မပြေဖြစ်မလဲ။ အဲဒီဝန်ထမ်းက အစိုးရတာဝန်ကို ထမ်းဆောင်တာလား၊ မင်းတို့ရပ်ကွက်ရဲ့ မီးလင်းရေးတာဝန် ကို ထမ်းဆောင်တာလား။ ကျောင်းဆရာဆရာမဟာ ဘယ်သူ့ကို စာသင်တာ လဲ။ အစိုးရကိုလား၊ မင်းတို့ ညီငယ် ညီမငယ်တွေကိုလား။ ဆေးရုံက ဆရာဝန်က အစိုးရကို ဆေးကုတာလား။ ရပ်ရွာပြည်သူကို ဆေးကုတာလား၊ ဒီလိုလေးတွေ မင်းတို့စဉ်းစားကြည့်စမ်းပါ။ ဒီလိုပဲ နိုင်ငံ့ဝန်ထမ်းဆိုတာ ပြည်သူတွေအတွက် ဝန်ဆောင်မှုကို ကျရာနေရာကနေ ထမ်းရွက်နေကြရတာ။ မင်းတို့ တွေးသလို၊ လူမှုကွန်ရက်မှာ စည်းလွတ်ဝါးလွတ် ပြောဆိုစည်းရုံး နေကြသလို CDM လုပ်တာ ဘယ်သူတွေကို အရင်ဆုံး ထိခိုက်စေမလဲလို့ ငါ့စကားအပြီးမှာ စကားဝိုင်းက ခဏငြိမ်သက်သွားတယ်ကွာ။

ငါလည်း ရေနွေးကြမ်းတစ်ခွက် ငဲ့သောက်ပြီးမင်းတို့ စိတ်ကြိုက် ဆုံးဖြတ်ပါကွာ။ ရုံးပြန်တက်ကြမှာမဟုတ်လားဆိုတဲ့ ငါ့စကားတောင် မဆုံးလိုက်သေးဘူး။ ပထမတစ်ယောက်က ကျွန်တော့်ကောင်မလေးနဲ့ ဒီရက်ထဲ ညှိကြည့်ဦးမယ်လို့ ငါ့ကိုပြန်ပြောရင်း စကားဝိုင်းထဲက ထထွက်သွားတယ်။

ဒုတိယတစ်ယောက်ကတော့ကျွန်တော်တို့က နိုင်ငံအတွက် လုပ်နေ တာနော်။ ပါတီနိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။ လွယ်လွယ်နဲ့ အလုပ်ဖြုတ် လို့ရမလား။ ခုဆို ကျွန်တော်တို့ CDM သမားတွေအတွက် ထောက်ပံ့ဖို့ လုပ်နေ

တာပဲ။ ဘာမှ ကြောက်နေစရာမလိုပါဘူးဆိုပြီး ငါ့ကို ပြန်ပြောလိုက် ဖုန်းငံ့သုံးလိုက်နဲ့ပေါ့ကွာ။

ငါလည်းဒီမယ်ညီလေး ပါတီနိုင်ငံရေးပဲလုပ်လုပ်၊ အမျိုးသားနိုင်ငံရေး  ပဲလုပ်လုပ် နိုင်ငံ့အရေးဟာ နိုင်ငံရေးပါပဲ။ ဒါပေမယ့် နိုင်ငံရေးလုပ်ချင်ရင်

ခုလို CDM လုပ်မှ၊ လမ်းထွက် ဆန္ဒပြမှ မဟုတ်ပါဘူးကွာ။ နိုင်ငံ့အတွက် | အလုပ်ကြိုးစားတယ်၊ ပြည်သူတွေ အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားရင် နိုင်ငံရေးပါပဲ။ ဒါကြောင့် ကိုယ့်ဘဝနစ်မွန်းထိပါးခံရမယ့် CDM မှာ ဆက်ပါဝင်မလား၊ တာဝန်ကျေလို့ရတဲ့ လစာထက် လူအများရဲ့ ပေးစာကမ်းစာနဲ့ ဘဝကို မျောမလား။ စဉ်းစားပေါ့ကွာဆိုပြီး ပြောလိုက်တယ်။

လာမယ့် ရုံးဖွင့်ရက်တွေမှာငါ့ဌာနက ကလေးတွေ ရုံးပြန်တက်ကြလိမ့် မယ်ဆိုတာ ယုံကြည်နေတယ်။ သူတို့ကို လည်း ဝန်ထမ်းစည်းကမ်းတွေနဲ့ အရေးယူရတာတွေ မလုပ်ချင်လို့ လက်ဖက်ရည်သောက်ရင်း နည်းနည်းပါးပါး

ပြောပြရတာပေါ့ကွာ။ ခေတ်ပညာတတ်လူငယ်တွေဆိုတော့ ဘဝရှေ့ရေး တွေးမိကြမှာပါ။ လူဆိုတာ မှားတတ်ကြတဲ့သူတွေပဲလေ။ မှားတာကို မှားမှန်းသိပြီး အမှန်ပြင်လာမယ့် လူငယ်တွေကို ငါတို့ကလည်း နွေးထွေးစွာ ကြိုဆိုဖို့ လက်ကမ်းထားရမှာပဲ မဟုတ်လား။

ပြောရင်းနဲ့ စာလည်းအတော်ရှည်သွားပြီး အားလုံးတည်ငြိမ်အေးဆေး သွားရင် မင်းရှိနေတဲ့နေပြည်တော်ကို ငါလာလည်ဦးမယ်။ ငါ့ရဲ့ နယ်မြို့လေး ကိုလည်း လာလည်ဖို့ မင်းကို ဖိတ်တယ်ကွာ။

သတိရခြင်းများနဲ့ ... မင်းရဲ့ သူငယ်ချင်း မောင်နိုင်