၁။ အပူချိန်လွန်ကဲမှုကြောင့် မေလမှ ဇူလိုင်လအတွင်း မွေးမြူရေး(ဥရောပ)ပျားအုံများတွင် အတောင်လိပ်ရောဂါကျရောက်တတ်ပြီး အဆိုပါအတောင်လိပ်ရောဂါ ကျရောက်မှုကြောင့် သက်ငယ်ပျားများ (Nurse Bees) ဆုံရှုံးကာ ပျားအုံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်ပါသည်။
၂။ သို့ဖြစ်ပါ၍ ပျားမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် အတောင်လိပ်ရောဂါကျရောက်မှုမှ ကာကွယ်နိုင်ရန် အောက်ဖော်ပြပါအချက်များကို ဂရုပြုလိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
(က) မေ၊ ဇွန်၊ ဇူလိုင်လများတွင် အပူချိန်မြင့်မားသည့်အတွက် ပျားအုံများကို အရိပ်ကောင်းမွန်သည့်နေရာများတွင် ချထားမွေးမြူရန်။
(ခ) ကပ်ပါးမွှားရောဂါကင်းစင်ရေး ဆောင်ရွက်ရန်။
(ဂ) ပျားသောက်ရေလုံလောက်စွာ ရရှိရေးဆောင်ရွက်ရန်။
(ဃ) ပျားအုံများ လေဝင်လေထွက် ကောင်းမွန်အောင် ဆောင်ရွက်ရန်။
(င) ပျားအုံများအတွင်း သားလောင်းနှင့် သားထိန်းပျားများ အချိုးအစားညီမျှအောင် ဆောင်ရွက်ရန်။
(စ) သကြားနှင့်ရေကို သတ်မှတ်ထားသည့် အချိုးအစားဖြင့် ဖျော်စပ်ပြီး ဆားအနည်းငယ်ထည့်၍ တိုက်ကျွေးရန်။
(ဆ) ပျားသလက်ဘောင်အသစ်များဖြင့် မွေးမြူနိုင်ရေး ဆောင်ရွက်ရန်။
(ဇ) ရောဂါကျရောက်ဖြစ်ပွားနေကြောင်းသိရှိပါက နီးစပ်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးတာဝန်ခံရုံးနှင့် မြန်မာနိုင်ငံပျားလုပ်ငန်းအသင်းထံသို့ ဆက်သွယ်အကြောင်းကြား၍ ပူးပေါင်းဆောင်ရွက်ရန်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန