Skip to main content

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များ ရုပ်သိမ်းကြောင်း အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ပါသည်။ ၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကိုသော်လည်းကောင်း၊ နိုင်ငံသားတိုင်း တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးတို့ကိုသော်လည်းကောင်း ထိခိုက်စေသည့် အကြောင်းအရာများကို ပုံနှိပ်ဆောင်ရွက်ခဲ့သည့် ဦးလပြည့်ဝေး(လပြည့်လင်းပုံနှိပ်မီဒီယာ)၏ ပုံနှိပ်ခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်နှင့် ထုတ်ဝေခဲ့သည့် ဦးဝင်းဇော်လတ် (တိုးမြစ်စာအုပ်တိုက်)တို့၏ ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်တို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ ရုပ်သိမ်းလိုက်သည်။ ယင်းပုံနှိပ်ခြင်းလုပ်ငန်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းတို့သည် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ မည့်သည့်ထုတ်ဝေစာကိုမျှ ပုံနှိပ်ဆောင်ရွက်ခြင်းနှင့်ထုတ်ဝေဆောင်ရွက်ခြင်းမပြုရန် ကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန