Skip to main content

SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြေညာချက်

ဆင်းကတ်များ မှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်/ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက် မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကတ်များကို ပိတ်သိမ်းမည်ဖြစ်ပါသဖြင့် သုံးစွဲသူများ အနေဖြင့် မိမိတို့၏ ဆင်းကတ်မှတ်ပုံတင်သည့် အမည် / နိုင်ငံသား စိစစ်ရေးကတ်အမှတ်တို့ကို မှန်/မမှန် စစ်ဆေးပြီး၊ ပြင်ဆင်ရန်လိုအပ်ပါက (၃၁-၁-၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ပြင်ဆင်ပါရန် အသိပေးနှိုးဆော် အပ်ပါသည်။ မိမိတို့၏ အမည် / နိုင်ငံသားစိစစ်ရေး ကတ်အမှတ် တို့ မှန်မမှန် စစ်ဆေးသိရှိနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အတွက် *601# ၊ Atom အတွက် *979*3*3# ၊ Ooredoo အတွက် *666# ၊ Mytel အတွက် *966# သို့ခေါ်ဆို၍ ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်းဆိုင်များ၊ Application များနှင့် Website တို့တွင် ဆောင်ရွက်နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန