Skip to main content

မြန်မာနိုင်ငံစာရေးဆရာအသင်း၏သဘောထားထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန် - နေပြည်တော် - လွိုင်ကော်- ရန်ကုန် ခရီးစဉ်ပြေးဆွဲသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ လေယာဉ်မှတ် XY-AML၊ လေယာဉ်အမျိုးအစား ATR-72 (600) သည် ခရီးသည် ၆၃ ဦး တင်ဆောင်၍လွိုင်ကော်လေဆိပ်သို့ ၈ နာရီ ၄၅ မိနစ်ခန့်၌ ဆင်းသက်ရန်ပြုလုပ်လျက်ရှိစဉ် အမြင့်ပေ ၃၅ဝဝ ခန့်၊ လေယာဉ်ပြေးလမ်း၏မြောက်ဘက် ၄ မိုင်ခန့်အကွာသို့ရောက်ရှိစဉ် ကယားပြည်နယ်အတွင်းရှိ KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက် (စိစစ်ဆဲ) ဖြင့်ပစ်ခတ်ခဲ့ရာ လေယာဉ်၏ဘယ်ဘက်ဝမ်းဗိုက်အားထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့သည်။

နယ်မြေတည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်အတွက် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူများကို မကြာခဏ ချောင်းမြောင်းပစ်ခတ်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်နေခြင်းများအား မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း