Skip to main content

အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လုံခြုံ၍စွမ်းရည်ပြည့်ဝသော အမျိုးသားငွေပေးချေမှု စနစ်တစ်ရပ်ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိရာ နည်းပညာများ တိုးတက်လာသည်နှင့် အမျှ မိုဘိုင်းငွေပေးချေမှုများမှတစ်ဆင့် ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်ကြပြီဖြစ်ပါသည်။

သို့ရာတွင်မသမာသူများမှ အချက်အလက်များမှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ မိုဘိုင်းငွေပေးချေမှု အချို့အား အသုံးချ၍ မသမာသည့်နည်းလမ်းဖြင့် တရားမဝင်ငွေလွှဲပြောင်းမှုများနှင့် ငွေကြေး လိမ်လည်မှုများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုသို့ ငွေကြေးလိမ်လည်မှုများ ကြောင့် အများပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် ဆက်သွယ် ဆောင်ရွက်သူများအနေဖြင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များအား မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းထားမှသာလျှင် ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများ ဆောင်ရွက်ရာတွင်လည်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်လျက် ရှိပါသည်။

ယခုအခါ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြား အသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂) သန်းကျော်အား National Database တည်ဆောက်၍ စာရင်းသွင်းပြီးဖြစ်ပါသည်။ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ တွင်ဆောင်ရွက်ရသည့် အီလက်ထရောနစ်စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်သူများအား Gm??ig33896€ (Electronic - Know Your Customer (e-KYC)) Sc&:0830 Ecosm စံနှုန်းများနှင့်အညီ မိုဘိုင်းငွေကြေးစာရင်းများတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်၊ ဆင်းမ်ကတ်နံပါတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ National Database နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်(SIM Registration Database)များရှိ အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ် ပါသည်။ ထို့ကြောင့် အသုံးပြုသူများအနေဖြင့် ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာ သိရှိခြင်း (KYC) အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်သွားရန်လိုအပ်ပါသည်။ အချက်အလက် ဖြည့်သွင်းခြင်းအား သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့် မိုဘိုင်းငွေကြေး စာရင်းများအား အပြီးတိုင် ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက် လျက်ရှိသော ဘဏ်ဦးဆောင်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိသည့် မိုဘိုင်းပေးဝန်ဆောင်မှုလုပ်ငန်း များ၊ မိုဘိုင်းဘဏ်လုပ်ငန်းဆောင်ရွက်ခွင့် ရရှိထားသောဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေ သည့်လုပ်ငန်းများ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့်စနစ် ဝန်ဆောင်မှုလုပ်ငန်းစသည့် မိုဘိုင်းငွေပေးချေမှု အသုံးပြုသူ များအနေဖြင့် နီးစပ်ရာကိုယ်စားလှယ် (Agent) များ/ ဘဏ်များသို့ သွားရောက်၍ မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား အဆင့် ၂ (Level 2)အဆင့်သို့ ဆက်လက်ထုတ်ပြန်မည့် သတ်မှတ်ရက်မတိုင်မီ အဆင့်မြှင့်တင်ရန် လိုအပ်ပါသည်။ မိုဘိုင်းငွေကြေးဝန်ဆောင်မှု ပေးသူ များအနေဖြင့် KYC အား Level 1 မှ Level 2 သို့ အဆင့်မြှင့်တင်နိုင်ရေးအတွက် သုံးစွဲသူများထံသို့ SMS ပေးပို့ခြင်းအား ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဆင့် ၂ (Level 2) သို့ တိုးမြှင့်လိုခြင်း၊ မရှိသော မိုဘိုင်းငွေကြေး စာရင်းပိုင်ရှင်များအနေဖြင့် မိမိတို့လက်ကျန်ငွေများအား အသုံးပြုနိုင် မည့်နည်းလမ်းများကို ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်