နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ဧပြီ ၂၅ ရက်မှ ၂၆ ရက်အထိ တရားဝင်ခရီးစဉ်လာရောက်သည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့်ရောက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
Apr 26, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ ယနေ့တွင် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ဧရာဝတီတံတား (ရတနာပုံ) ကို အားဖြည့်ပြုပြင်ခြင်းပြီးစီး၍ Load Test စစ်ဆေးပြီး ၂၅ တန်မှ ၄၅ တန်သို့ တိုးမြှင့်၍ ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုပေးနေမှု၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများအတွက် အသစ်ပြန်လည်တည်ဆောက်နေသည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
Apr 26, 2026
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးသွင်အောင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၃၇)၌ မြန်မာ့ဆေးဝါးလုပ်ငန်းရုံးချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
Apr 26, 2026
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အစည်းအဝေးခန်းမ၌ကျင်းပသည့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့် သွင်းကုန်တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Apr 26, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နေပြည်တော်သို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ပညာရပ်ဆိုင်ရာ ရလဒ်ထွက်ပေါ်မည့် ရက် (၁၀၀) အစီအစဉ်အတွက် မှာကြား
Apr 26, 2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ ပရိဝုဏ်လှပတင့်တယ်ရေး ဆောင်ရွက်နေမှုများကိုကြည့်ရှုသည်။
Apr 26, 2026
အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိပတ္တမြားခန်းမ၌ ကျင်းပသည်။
Apr 26, 2026
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်၍ “နယ်စပ်ဖြတ်ကျော် အလုပ်သမားရေးရာနှင့်စပ်လျဉ်း၍ အဆင့်မြင့်ကိုယ်စားလှယ် စကားဝိုင်းဆွေးနွေးပွဲ”ကို ယမန်နေ့က ဖိလစ်ပိုင်နိုင်ငံ မက်ထရိုမနီလာမြို့၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်သည်။
Apr 26, 2026
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးထွန်းလူ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ မြန်မာအမျိုးသားလေကြောင်းပျံသန်းမှုလုပ်ငန်းဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
နောက်ဆုံးရသတင်းများ
Apr 26, 2026Latest News
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ဧပြီ ၂၅ ရက်မှ ၂၆ ရက်အထိ တရားဝင်ခရီးစဉ်လာရောက်သည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝ
Apr 26, 2026Latest News
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ ယနေ့တွင် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ဧရာဝတီတံတား (ရတနာပုံ
Apr 26, 2026Latest News
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးသွင်အောင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၃၇)၌ မြန်မာ့ဆေးဝါးလုပ်
Apr 26, 2026Latest News
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင
Apr 26, 2026Latest News
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နေပြည်တော်သို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သည့်
ဆောင်းပါးကဏ္ဍ
Apr 25, 2026မင်္ဂလာအပေါင်း ပြည့်ဝမွှမ်းထုံသော ကျက်သရေမင်္ဂလာပြည့်ဝလှသည့် မြန်မာတို့၏ နှစ်သစ်ကူးသင်္ကြန်အခါသမယတွင် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ၌ အနာဂတ်အတွက် အားတက်ဖွယ်ရာ အလင်းသစ်များ စတင်ထွန်းလင်းလာပြီဖြစ်သည်။ ၂ဝ၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပြည်ထောင်စုလွှတ်တော်ကတိသစ္စာပြုပွဲအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းနှင့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြားသည့် မိန့်ခွန်းလမ်းညွှန်ချက်များက နိုင်ငံတော်တည်ဆောက်ရေးတွင် “ပညာရေး” ကို အဓိကအသက်သွေးကြော အဖြစ်သတ်မှတ်ကာ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် မဟာဗျူဟာမြောက် ခြေလှမ်းသစ်များကို ဖော်ဆောင်ခြင်းဖြစ်သည်။
Apr 25, 2026ပြီးခဲ့တဲ့နှစ်လယ်ပိုင်း ဆောင်းဦးရာသီမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ဗီယက်နမ်နိုင်ငံတို့ နယ်နိမိတ်ထိစပ်နေတဲ့ဒေသကို လေ့လာခွင့်ရခဲ့ပါတယ်။ နယ်စပ်ဆိုတဲ့အတိုင်း တစ်ဖက်က ဗီယက်နမ်နယ်နိမိတ်စည်းရိုးနဲ့ တရုတ်နယ်နိမိတ်တံတိုင်းတွေဟာ ဆောင်းဦးမှာကျရောက်တဲ့ နှင်းမြူတွေအကြား ငွားငွားစွင့်စွင့် တည်ရှိနေတာပေါ့။ နှစ်နိုင်ငံကို ခြားနားထားတဲ့ ယွမ်မြစ် (ဗီယက်နမ်အခေါ် ဟောင်မြစ်) က အားမာန်အပြည့်နဲ့ စီးဆင်းနေပါတယ်။ မြစ်အပေါ်မှာတော့ နှစ်နိုင်ငံ နယ်စပ်ဂိတ်တည်ရှိပါတယ်။
Apr 24, 2026စာရေးသူ ယခုရက်ပိုင်းအတွင်း နားထဲစွဲစွဲမြဲမြဲရှိနေအောင် နားထောင်မိနေသော သီချင်းများက (ဆရာ) မြင့်မိုးအောင်ရေးသားပြီး (ဦး)ဇော်ဝင်းထွဋ်သီဆိုထားသည့် “မျှော်လင့်ချက်ကမ်းခြေ”နှင့် (ဆရာ) ထူးအိမ်သင်ကိုယ်တိုင်ရေးသားသီဆိုထားသော “ရာဇဝင်များရဲ့သတို့သမီး”တို့ ဖြစ်ပါသည်။
Apr 23, 2026စာရေးသူတို့အဖွဲ့ အောင်မြန်မာကျေးရွာဆိပ်ကမ်းကခွာတော့ ည ၇ နာရီဝန်းကျင်ရှိပြီဖြစ်သည်။ ပင်လယ်ပြင်တစ်ခုလုံး မှောင်အတိ။ စာရေးသူတို့ ညအိပ်ရပ်နားမည့် အောင်ဘာကျေးရွာရှိရာ တစ်ဖက်ကမ်းကိုမျှော်ကြည့်မိတော့ မီးရောင်တစ်လက်လက်ဖြင့် အမှောင်ယံကြား ဝင့်ဝင့်ကြွားကြွားရှိနေသော ရွာကလေးကိုလှမ်းမြင်ရသည်။ ခွာခဲ့သည့်ဆိပ်ကမ်းကို လည်ပြန်ကြည့်မိပြန်တော့ မှောင်ပိတ်ပိတ် ပင်လယ်ကမ်းနဖူးရှိ အောင်မြန်မာရွာလေးသည်လည်း မီးရောင်တဖိတ်ဖိတ်ဖြင့် လင်းလက်လျက်။ ဟိုဘက်ကမ်း၊ သည်ဘက်ကမ်း… ကမ်းနဖူးပေါ်ရှိ ရွာလေးနှစ်ရွာကို ညအမှောင်ထဲ လင်းထိန်တောက်ပနေတာ မြင်ရသည်ကပင် စာရေးသူအဖို့မှာ ကြည်နူးစရာ။ ကြည်နူးရသည့် အကြောင်းရင်းကလည်း ရှိသည်ဆိုရမည်။
Apr 23, 2026တောင်သူဦးကြီးများ၏ သီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာအစားထိုးသုံးစွဲမှု နည်းပညာများစွာရှိသည့်အနက် နည်းပညာအသစ်တစ်ခုအနေဖြင့် စားမြုံ့ပြန်တိရစ္ဆာန်အစာအဖြစ် ပဲမျိုးရင်းဝင်အပင်များ စိုက်ပျိုးထုတ်လုပ်ပြီး ပူးတွဲဆောင်ရွက်အသုံးပြုနေခြင်းအကြောင်းကို ဆက်လက်ရေးသား ဆွေးနွေးလိုပါသည်။ (တကယ်တော့ နိုင်ငံတကာတွင် ဆောင်ရွက်နေသည်မှာ ကြာလှပါပြီ။)
Apr 22, 2026နိုင်ငံတစ်နိုင်ငံအတွက် ပညာရေးကဏ္ဍဟာ ပင်မရေသောက်မြစ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်တွေ အများကြီးလိုအပ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ပညာတတ်တွေများကြသလို ပညာတတ်တွေများတဲ့ နိုင်ငံတွေဟာ အခြားနိုင်ငံတွေထက် ပိုပြီးတိုးတက်ကြပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းမှာ ပညာရေးကဏ္ဍကိုအလေးထားပြီး ပညာရေးရင်းနှီးမြှုပ်နှံမှုတွေကို ဆောင်ရွက်နေကြပါတယ်။
