(၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၂)ကြိမ်မြောက် တပ်မတော်(ကြည်း ၊ ရေ ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းစစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Feb 23, 2026
မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်
Feb 23, 2026
မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများ ပြည်ပတွင်နေထိုင်စဉ်ကာလအတွင်း အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများမှတစ်ဆင့် အခက်အခဲများကို တင်ပြတောင်းခံလာပါက လိုအပ်သည့်ကူညီစောင့်ရှောက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်သတင်းပို့သည့် မြန်မာနိုင်ငံသားများနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာဌာနများက လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိသည်။
Feb 23, 2026
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပါကစ္စတန်နိုင်ငံသား ၁၁ ဦးအား ယနေ့တွင် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး အိန္ဒိယနိုင်ငံသား နှစ် ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခံကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။
Feb 23, 2026
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၂ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို လုပ်ငန်းလုပ်ကိုင်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
Feb 23, 2026
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ဗထူးတပ်မြို့ရှိ နယ်မြခံတပ်ရင်း/ တပ်ဖွဲ့များ၊ သင်တန်းကျောင်းများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
Feb 23, 2026
တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်
Feb 23, 2026
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် အမျိုးသားလွှတ်တော်ထုတ်ပြန်
Feb 23, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ပြည်သူ့လွှတ်တော်ထုတ်ပြန်
နောက်ဆုံးရသတင်းများ
Feb 23, 2026Latest News
(၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၂)ကြိမ်မြောက် တပ်မတော်(ကြည်း ၊ ရေ ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းစစ်ရေးပြကွင်း၌ ကျင်းပပြု
Feb 23, 2026Latest News
မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်
Feb 23, 2026Latest News
မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများ ပြည်ပတွင်နေထိုင်စဉ်ကာလအတွင်း အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများမှတစ်ဆင
Feb 23, 2026Latest News
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ
Feb 23, 2026Latest News
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပ
ဆောင်းပါးကဏ္ဍ
Feb 23, 2026ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းနေထိုင်မှုသည် ယနေ့ကာလတွင် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများအပေါ် သက်ရောက်မှုရှိနေသော အကြောင်းအရာတစ်ရပ်ဖြစ်သည်။ နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပသို့ လူအများ ရွှေ့ပြောင်းနေထိုင်ရခြင်းနှင့် ပတ်သက်၍ အကြောင်းရင်းများစွာရှိသော်လည်း ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မတူညီမှု၊ ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းရရှိလိုမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ ပြည်တွင်းပဋိပက္ခများနှင့် လူမှုစီးပွားအကျပ်အတည်းများ၏ တွန်းအားရှိနေမှု၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှု စသည့်အခြေအနေအရပ်ရပ်တို့သည် ရွှေ့ပြောင်းနေထိုင်မှုကို ပိုမိုများပြားစေသည်။ နိုင်ငံတကာရွှေ့ပြောင်းသွားလာနေထိုင်မှုဆိုင်ရာအဖွဲ့ (IOM) ၏ ၂ဝ၂၄ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းရွှေ့ပြောင်းနေထိုင်သူဦးရေ ၂၈၁ သန်းခန့်ရှိပြီး ယင်းသည် ကမ္ဘာ့လူဦးရေ၏ ၃ ဒသမ ၆ ရာခိုင်နှုန်းခန့်ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ငါးစုအတွင်း နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားအရေအတွက် တိုးလာခဲ့သည်။ အမျိုးသားရွှေ့ပြောင်းလုပ်သားအရေအတွက်သည် အမျိုးသမီးရွှေ့ပြောင်း လုပ်သားအရေအတွက်ထက် ပိုမိုများပြားနေကြောင်း သိရသည်။
Feb 23, 2026မြေနံ့သင်းသော လေပြေညင်းနှင့်အတူ စပါးနှံတို့ ဝင်းဝါမှည့်ဝင်းနေသည့် လယ်ကွင်းပြင်များသည် မြန်မာ့မြေ၏ ဂုဏ်ကျက်သရေပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်မှု၊ ဖွံ့ဖြိုးမှုနှင့် ပြည်သူတို့၏ အခြေခံအကျဆုံးသော စားနပ်ရိက္ခာဖူလုံမှုတို့မှာ တောင်သူလယ်သမားတို့၏ ကြမ်းတမ်းသော လက်ဖဝါးများပေါ်တွင် အခြေခံထားပါသည်။
Feb 22, 2026မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ဖွင့်ပွဲအခမ်းအနားကို ၆-၂-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။ စာရေးသူလည်း ကြုံတုန်းကြုံခိုက်မို့ ထိုနေ့ညနေပိုင်းက သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ လှပခံ့ညားလွန်းလှသည့် တံတားကြီးပါလား။ မြင့်မားခံ့ထည်လွန်းလှသည်။ မိမိတို့တစ်နိုင်ငံလုံးအတွက် ဂုဏ်ယူဖွယ်ရာ တံတားကြီးတစ်စင်းပင်။ မြန်မာနိုင်ငံ၌ တည်ဆောက်ပြီးစီးခဲ့သည့် တံတားများထဲတွင် ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကင်းလွတ်အမြင့်ဆုံး သံမဏိကြိုးဆိုင်းတံတား(Cable Stayed Bridge)အမျိုးအစားဖြစ်ကြောင်း သိရသည်။
Feb 21, 2026၁၉၉၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်ဖြင့် စာပေနယ်သို့ ကျွန်တော် စတင်ဝင်ရောက်ခဲ့သည်။ ထိုစဉ်က ရေးခဲ့သော ဆောင်းပါး၏ အမည်မှာ “လက်ကမ်း၍ကြိုပါမည်” ဟူ၍ဖြစ်၏။ မည်သူတို့ကို လက်ကမ်း၍ ကြိုခဲ့ပါသနည်း၊ မည်သည့်အဖွဲ့အစည်းကို ဇောစေတနာရည်သန်၍ ရေးခဲ့ပါသနည်း ဆိုရပါမူ ဦးခွန်ဆာ ခေါင်းဆောင်သည့် MTA ခေါ် လွယ်မော်လက်နက်ကိုင်အဖွဲ့အား ဖိတ်ခေါ်ရေးသားခဲ့ခြင်းဖြစ်ပါသည်။ တပ်မတော်သားဘဝဖြင့် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဦးခွန်ဆာ၏ မွေးရပ်ဇာတိဖြစ်သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်းရှိ နောင်လိုင်ကျေးရွာ၌ စခန်းထိုင်ခဲ့ဖူးသည်။
Feb 21, 2026လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့ ကိုပြည့်၊ အင်းစိန်နဲ့ လှိုင်သာယာဆက်သွယ်ထားတဲ့ အောင်ဇေယျကြိုးတံတားအဆင်းအနီး ဖုန်းအလုခံလိုက်ရပါတယ်။ စက်ရုံက အချိန်ပိုဆင်းပြီးအပြန် ည ၉ နာရီဝန်းကျင်မှာ ဖြစ်ပါတယ်။ ညအချိန်မှောင်နေတာကြောင့် ဆန့်ကျင်ဘက်အရပ်က လူနှစ်ဦးလာတာကိုသာ မြင်လိုက်ရပြီး မျက်နှာကိုလည်း သဲသဲကွဲကွဲမမှတ်မိ လိုက်ပါဘူး။
Feb 20, 2026နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး သို့မဟုတ် စီမံခန့်ခွဲရေးနှင့် တရားစီရင်ရေးဟု အာဏာကြီးသုံးရပ် ပိုင်းခြားကျင့်သုံး ဆောင်ရွက်ကြပါသည်။ ဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက် မရှိမဖြစ်အရေးကြီးသောအရာဖြစ်ပါသည်။ ဥပဒေများသည် တရားမျှတမှု၊ မှန်ကန်မှု၊ ခေတ်နှင့်လျော်ညီမှုရှိသောအခါ နိုင်ငံနှင့် ပြည်သူများသည် ဖွံ့ဖြိုးတိုးတက်ပြီး ဥပဒေ၏အကာအကွယ်နှင့် အနှစ်သာရ အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်ပါသည်။
