တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိရာ တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း သတင်းမှန်အကြိမ် ၃၀ ရရှိပြီး သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိအမှုတွဲ ၅၇ မှု၊ ဖမ်းဆီးရမိမှုခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၉၈ ဒသမ ၀၃၀ သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။
Dec 21, 2025
တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီ စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဥသျှစ်ကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Dec 21, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
Dec 21, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လှေလှော်အားကစားနည်းမှ Rowing ပြိုင်ပွဲ အမျိုးသားတစ်ယောက်လှော် ပင်လယ်ကမ်းခြေကမ်းရိုးတန်းလှေလှော် Beach Spring ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိသော ဝေယံမိုး၊ အမျိုးသမီးကိုယ်အလေးချိန်ပေါ့ တစ်ယောက်လှော် LW1X ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော နီလာဝင်း၊ အမျိုးသား ၁၀ တက် လှော်မီတာ ၂၀၀ ပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးပေါင်းစပ် ၂၀ တက်လှော်မီတာ ၂၀၀ ပြိုင်ပွဲ၊ အမျိုးသမီး ၁၀ တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲ၊ အမျိုးသား ၁၀ တက်လှော်မီတာ ၅၀၀ ပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုလေးဆုရရှိ ခဲ့သော နဂါးလှေအားကစားအဖွဲ့၊ လက်ဝှေ့အားကစားနည်းမှ Women's Fly 50kg ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော မြမိုးသူ၊ Women's Bantam 54kg ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော ထားထားနွယ်၊ Women's Feather 57kg ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော ဆုမြတ်နိုး၊ Women's Welter 66kg ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော ကေသွယ်ငြိမ်း၊ Men's Light60kg ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော နုတ်မာရ်တို့နှင့်အတူ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
Dec 21, 2025
မဲခေါင်-ဂင်္ဂါစီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်းမန္တလေး၌ အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသည့် သင်တန်းသူအိပ်ဆောင် တစ်ထပ်ဆောင်လွှဲပြောင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က အဆိုပါသင်တန်းကျောင်း၌ ကျင်းပသည်။
Dec 21, 2025
အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများအား တားဆီးကာကွယ်ရေးတွင် AI ၏ အခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ Learning & Training Center ခန်းမ၌ ကျင်းပသည်။
Dec 21, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ (တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းအင်အား ၃၆၀၀ ကျော် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။
Dec 21, 2025
ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုပ်ရှင်၊ ဂီတအနုပညာရှင်များနှင့်အတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ကျောက်မဲမြို့နှင့် သီပေါမြို့နယ်တို့မှ ပြည်သူများအား ယနေ့တွင် ဆက်လက်ဖျော်ဖြေတင်ဆက်ကြသည်။
Dec 21, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (West Yangon Technological University- WYTU) ရောက်ရှိပြီး ပါမောက္ခချုပ်နှင့်အတူ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မှာကြားချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်သွားရန် ပြောကြားသည်။
နောက်ဆုံးရသတင်းများ
Dec 21, 2025Latest News
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး
Dec 21, 2025Latest News
တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီ စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော
Dec 21, 2025Latest News
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်
Dec 21, 2025Latest News
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လှေလှော်အားကစားနည်းမှ Rowing ပြိုင်ပွဲ အမျိုးသားတစ်ယောက်လှော် ပင
Dec 21, 2025Latest News
မဲခေါင်-ဂင်္ဂါစီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်းမန္တလေး၌ အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသည့် သင်တန်းသူအိပ်ဆောင် တစ်ထပ်ဆောင်လွှဲပြေ
ဆောင်းပါးကဏ္ဍ
Dec 20, 2025လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်အနက် အသက် ၁၅ နှစ်နှင့်အထက် အလုပ်လုပ်ကိုင်နိုင်သော အသက်အပိုင်းအခြားရှိ လူဦးရေ ၆၆ ဒသမ ၉ ရာခိုင် နှုန်းရှိကြောင်း သိရပါသည်။ စွမ်းရည်မြင့်သော လုပ်သားထုဖြစ်နေမှသာလျှင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
Dec 18, 2025မြန်မာနိုင်ငံအစိုးရအဆက်ဆက်ဟာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ စဉ်ဆက်မပြတ်တိုက်ဖျက်လျက်ရှိတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းမှာလည်း နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးတားဆီးရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် တစိုက်မတ်မတ် နှိမ်နင်းလျက်ရှိရာမှာ ဘိန်းစိုက်ပျိုးမှုအပါအဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းတွေကို တရားဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန်တိုက်ဖျက်လျက်ရှိပါတယ်။
Dec 18, 2025“နိုင်ငံကိုဖိုးသုညတွေ၊ မယ်သုညတွေနဲ့ တည်ဆောက်လို့မရဘူး”ဆိုတဲ့စကားကို ခေတ်အဆက်ဆက် နိုင်ငံ့အကြီးအကဲတွေ ပြောခဲ့ကြတာ နှစ်ပေါင်း ၇၀ ကျော်လောက်ကြာခဲ့ပါပြီ။ ဒီစကားဟာ တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ဖို့အတွက် အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ မရှိမဖြစ်လိုအပ်တယ်လို့ ဆိုလိုတာဖြစ်တယ်ဆိုတာ လူတိုင်းသိကြပြီးသားပါ။
Dec 17, 2025၁၉၀၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင်ပေါ်ပေါက်ခဲ့သည့် သမဝါယမလုပ်ငန်းစနစ်သည် ယခုအခါ သမဝါယမဦးစီးဌာန၏ ဦးဆောင်မှုအောက်တွင် (၁၂၁)နှစ်မြောက် အထိမ်းအမှတ်သို့ ဂုဏ်ယူဝင့်ကြွားစွာ ရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာအဘိဓာန် အရ “ အများစုပေါင်း၍ လုပ်ကိုင်ကာ တရားသဖြင့်ရသည့် အကျိုးအမြတ်ကို မျှတစွာခံစားသည့် လုပ်ငန်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုသော ဤလုပ်ငန်းစဉ်သည် နှစ်ပေါင်း ၁၀၀ ကျော်ကြာတိုင်းပြည်၏ စီးပွားရေးအခြေခံကို ခိုင်မာအောင် အားဖြည့်ပေးခဲ့ သည်။ သမဝါယမ၏ အနှစ်သာရကို F.W Raiffeisen က “အများအကျိုးကို တစ်ဦးစီကဆောင်ရွက်၍ တစ်ဦးစီအတွက် အများကဆောင်ရွက်သည်”(One for all – All for One) ဟူသော ဆောင်ပုဒ်ဖြင့် တန်ဖိုးထားဖော်ညွှန်းခဲ့သကဲ့သို့ ကျွန်ုပ်တို့နိုင်ငံ၏ သမဝါယမဦးစီးဌာနသည်လည်း ထိုမူအတိုင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Dec 17, 2025ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Dec 16, 2025ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
