ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ခရမ်းမြို့တွင် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီက ခရမ်းမြို့ အမှတ် (၁၂) ရပ်ကွက် ခရမ်းချောင်းဘေးရပ်ကွက် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာပြည်ဗုဒ္ဓဘာသာပုညကုသလအသင်းကြီး (၁၀၀)ကြိမ်မြောက် ပိဠကတ်တော်အကြိုလှူဒါန်းပွဲနှင့်အမှုဆောင်အသစ်ဩဝါဒခံယူပွဲကျင်းပ

မြန်မာပြည်ဗုဒ္ဓဘာသာပုညကုသလအသင်းကြီး(B.B.M.A)၏ (၁၀၀)ကြိမ်မြောက်ပိဠကတ်တော်အကြိုလှူဒါန်းပွဲနှင့် အမှုဆောင်အသစ်ဩဝါဒခံယူပွဲကို ယမန်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် (၁၄)လမ်းရှိ အသင်းကြီး၏ရုံးခန်းမ၌ ကျင်းပသည်။

သာယာဝတီမြို့လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့​သည်။

နွားထိုးကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ ငလျင်ဘေးအန္တရာယ် Talk Show ဆွေးနွေးပွဲပြုလုပ်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်နှင့်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က အခြေခံပညာကျောင်းသား၊‌ ကျောင်းသူများ လက်ဝယ်အ‌ရောက် ဖြန့်ဝေပေးခဲ့သည်။

လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show) ကျင်းပ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မတ္တရာမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို  ဒီဇင်ဘာလ ၃၀ ရက်နေ့က မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်သာမြို့နယ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရိုက်နှိပ်ထုတ်ဝေသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီက ကျောင်းသား၊ကျောင်းသူများ၊ ပြည်သူ လူထုထံသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ ဆုချီးမြှင့်ပွဲကျင်းပ

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌  ကျင်းပသည်။

ကျောက်ဆည်မြို့ လူထုအခြေပြုဗဟိုဌာတွင် မြန်မာတိုင်းရင်းဆေးနည်းပညာ ပိုမိုဖွံ့ဖြိုးရေး (အခမဲ့) သင်ကြားပေး

မန္တလေးတိုင်းဒေသကြီးတွင် မြန်မာတိုင်းရင်းဆေးနည်းပညာပိုမိုဖွံ့ဖြိုးရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီ းဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောက်ဆည်မြို့လူထုအခြေပြုဗဟိုဌာနတွင် (အခမဲ့) အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ