နွားထိုးကြီး ဇန်နဝါရီ ၂
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ (Talk Show) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင့်လွင်ဦးနှင့် ပညာရေးဌာနမှ ဆရာ ဦးအောင်ချစ်ဦးတို့မှ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုး ပမ်းမှုသမိုင်း အကြောင်းများ၊လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ဖို့အတွက် နိုင်ငံသားတိုင်းတွင် တာတန် ရှိကြောင်း၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသာရေးစိတ်ဓာတ်ခိုင်မာစွာ တည်ဆောက်နိုင်ရေး၊ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ထောင်ရေး စသည့်အကြောင်း အရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန်းအောင်ဇော်