ကျောက်ဆည် ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီးတွင် မြန်မာတိုင်းရင်းဆေးနည်းပညာပိုမိုဖွံ့ဖြိုးရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီ းဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောက်ဆည်မြို့လူထုအခြေပြုဗဟိုဌာနတွင် (အခမဲ့) အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာတိုင်းရင်းဆေးနည်းပညာ သင်ကြားပေးမှုနှင့်ပတ်သတ်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ပတ်သတ်ပြီး တစ်စုံတစ်ခုဖြစ်လာပါက ငွေကြေးကုန်ကျမှုနည်းပြီး လျင်လျင်မြန်မြန်ကုသနိုင်ရေးအတွက် သင်ကြားပေးရခြင်းဖြစ်ကြောင်း မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ မြို့နယ်တိုင်းရင်း ဆေးမှူး ဒေါ်ဆွေဆွေမြင့် ရှင်းလင်းပြောကြားခဲ့ပြီး ယခင်က မီဖိုချောင်းသုံး ပစ္စည်းများအား ကျန်းမာ ရေးအတွက် အသုံပြု၍ရကြောင်း သိရှိသော်လည်း ယခုလို စနစ်တကျ သင်ကြားပေးသည့်အတွက် ဘယ်ရောဂါဖြစ်ပါကမီးဖိုချောင်းသုံးပစ္စည်းများထဲမှ ဘာပစ္စည်းနှင့် ဘယ်လိုကုသ၍ရကြောင်း တိတိကျကျသိရသဖြင့် ဗဟုသုတများစွာရရှိကြောင်း တောင်လွှဲကျေးရွာမှ သင်တန်းသူမစိုးစန္ဒာကျော်က ပြောပြ၍ သိရသည်။
အဆိုပါသင်တန်းအား မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့်နှင့် ဒု-လက်ထောက်တိုင်းရင်ဆေးမှူးဒေါ်ခင်မိုးအေးတို့က ဒီဇင်ဘာ(၂၉)ရက်နှင့် (၃၀)ရက်၊ (၂)ရက်အကြာသင်ကြားပေးခဲ့ကြောင်းနှင့် ဈေးတန်း၊ တံတားလည်၊ ညောင်ခြောက်ပင်၊ ကြက်မင်းတွန်၊ တံတားလည်၊ ရဲစု၊ ဖောင်းရွာရပ်ကွက်များနှင့် အင်တိုင်း၊ တောင်လွှဲ၊ ဒွေးလှကျေးရွာများမှ သင်တန်းသား/ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
သက်မောင်(ကျောက်ဆည်-ခရိုင်၊ ပြန်/ဆက်)